ပြန်ဝင်စားလို့ရမလား
Vol. 32 Ch. 605
ပထမဆုံးအနေဖြင့် လီချင်းယွီ သူ့အဖိုးရဲ့ ဝမ်းနည်းစိတ်ကို ခံစားမိခဲ့သည်။
မိသားစုထဲ၌ ဈာပနများမှာ အတောမသတ်နိုင်။ ဘယ်သူ့ကို အပြစ်တင်လို့တင်ရမှန်းလည်း မသိ။
မကျေပ်မနပ်ချက်များကို ထုတ်ပြောစရာ နေရာက ရှိမနေ။ သူ့ နှလုံးသား တဆစ်ဆစ် နာကျင်နေခဲ့ရသည်။
သူ နတ်ဘုရားကို ရှာဖို့ဆိုပြီး ခရီးသွားမယ်ဟု ဆိုခဲ့ချိန်နှင့် ပညာမသင်ခဲ့တဲ့အချိန်ကို တွေးမိတဲ့အခါ သူ့မျက်နှာသူ ဖျက်ရိုက်ပစ်ချင်တော့သည် !
ထို့နေ့ညက လီချင်းယွီမှာ အိပ်လို့ မပျော်နိုင်ခဲ့။သူ့ အတွေးထဲ၌ အဖိုးဖြစ်သူရဲ့ အိုမင်းနေပြီဖြစ်တဲ့ သွင်ပြင်ကို မြင်ယောင်မိလိုက် ခုနက မြင်ခဲ့ရသည့် မကောင်းဆိုးဝါးဝိဉာဉ်တွေရဲ့ ကြောက်စရာ ပုံရိပ်တို့ကို တွေးမိလိုက် ဖြစ်နေခဲ့သည်။
နောက်တစ်နေ့ နံနက်၌ သူ့မျက်ကွင်းများ မည်းပြာနေလျက်။
သို့သော် ဘုရားကျောင်းဝန်းကျင်က လေထုက ပိုပြီး ကြည်လင်လာတာကိုတော့ ခံစားမိလိုက်သည်။
အရင်ကလောက် မှုန်ဝါးမနေတော့ချေ။
ဒါတင်မက နေလည်း ထွက်လာချေပြီ။
မိုးရွာနေခြင်းပင် ရပ်တန့်သွား၏။ ကောင်းသော လက္ခဏာတစ်ခုပေ။
သခင်ကြီးလီသည်လည်း သူ့လူတွေနဲ့အတူ အပြေးရောက်လာခဲ့၏။ အိမ်ရှေ့စံမင်းသား၊ သူ့မြေးနဲ့ ဆရာမော့တို့ အားလုံး အဆင်ပြေကြတာကို မြင်တော့မှသာ စိတ်သက်သာရာ ရပြီး သက်ပြင်းချနိုင်တော့သည်။
သခင်ကြီးလီက “ဆရာမော့ ကျုပ်တို့ ဒီ ဘုရားကျောင်းကို ဖြိုချပစ်လိုက်လို့ရမလား”
ရှဲ့ချောင် ခေါင်းညိတ်လိုက်သည်။
“ဖြိုချပစ်တာပေါ့၊ အထဲက ဗုဒ္ဓဆင်းတုတွေကိုလည်း ဖျက်ဆီးပစ်ရမယ်၊ နောက်ပြီး အဲ့ထဲမှာက အရိုးပြာမှုန့်တချို့လည်း ရှိနေတော့ ဖျက်ဆီးပြီးတဲ့အခါကျရင် သူတို့ကို ကောင်းကောင်း မြှပ်နှံပေးရမယ်။ ဒီနေရာက ဘာမှမရှိတော့ပဲ ညီသွားပြီဆိုရင် ကျွန်မတို့ လူခေါ်ပြီး မြေဖို့ခိုင်းရမယ်၊ အမြင့်ကြီး ဖြစ်စရာ မလိုဘူး၊ လက်တစ်ဝါးစာလောက်ဆိုရတယ်၊ ဒီပေါ်မှာ သုံးနှစ်လောက်ကြာ
ရင်တော့ တစ်ခုခု စိုက်လို့ရမှာပါ”
“နောက်တစ်ခုက သင်္ချိုင်း၊ အဲဒါတစ်ခုတည်းဆို ပြဿနာမရှိတော့ဘူး.. ဘုရားကျောင်းက ဖယ်ပစ်လိုက်ပြီဆိုတော့ အဲဒါကို ထပ်ရွှေ့နေစရာ မလိုတော့ဘူး.. ရှင် စိတ်ပူနေသေးတယ်ဆိုရင်တော့ ရှင့်ရဲ့မျိုးဆက်တွေကိုသာ သေချာဂရုစိုက်ခိုင်းလိုက်။ အုတ်ဂူပေါ်မှာ တောရိုင်းပင်တွေနဲ့ ရေညှိတွေတက်မနေစေနဲ့”
သခင်ကြီးလီလည်း အမြန် ခေါင်းညိတ်ပြသည်
ဒီရက်များအတွင်း၌ သခင်ကြီးလီတစ်ယောက် ကိုယ် အလေးချိန် အတော်လေး ကျသွားပုံရသည်။
“ကျုပ်မြေးရဲ့ ကပ်ဘေးက…”သခင်ကြီးလီမှာ
စိတ်ပူနေသည့် ပုံပင်။
“မရှိတော့ဘူး..ရှင် ပိုကောင်းချင်တယ်ဆိုရင်တော့..မကြာခင် ချင်မင်ပွဲတော်လည်း ရောက်တော့မှာမလား.. ရှင် ဒီမှာနေပြီးတော့ ပွဲတော် မတိုင်ခင်နဲ့ ပွဲတော် အပြီးမှာ ဒူးထောက်ပြီး ရှိခိုးမယ်ဆိုရင် ရှင့်ရဲ့ ဘိုးဘေးတွေက ကောင်းချီးပေးပြီး ဘေးကင်းစေမှာပါ” ရှဲ့ချောင် ပြောပြလိုက်၏။
ဘိုးဘေးများကို ဒူးထောက်ဂါရဝပြုခြင်းက ခန္ဓာကိုယ် အတွက် အကျိုးရှိသည်။ ဒါတင်မက ဒူးထောက်သူသာ စိတ်ရင်းမှန်မည်ဆိုလျှင် သူ့ရဲ့ စိတ်အခြေနေက ပြောင်းလဲသွားမည်။ စိတ်အခြေနေသာ ကောင်းနေပါက ခနွာကိုယ်သည်လည်း အလိုလို ကောင်းနေမှာပင်။
ဒါပေါ့.. သခင်ကြီးလီ သူမ စကားကို နားထောင်ခဲ့ပေသည်..
သူ့မြေးတစ်ယောက်တည်း ဒူးထောက်ဖို့ လိုရုံတင် မဟုတ်၊ သူကိုယ်တိုင်လည်း စိတ်ထဲကနေ လေးစားသမှုကို ပြသဖို့လိုသည်။ ဒါကြောင့် ဒီရက်တွေမှာ သူ ဒီမှာနေပြီး အုတ်ဂူကို ကိုယ်တိုင် စောင့်ရှောက်ရမည်!
“ဆရာမမော့.. ဒီမှာ နည်းနည်းလောက် ထပ်ပြီး နေချင်သေးလား။ ရွှင်းပြည်နယ်က ဟင်းခပ် အမွှေးအကြိုင်တွေက တော်တော်ကောင်းတာ.. ဆရာမမော့ ထပ်ဝယ်သွားပါဦးလား။ ကျုပ်တို့မိသားစုက ကုန်ကျငွေကို ရှင်းပေးပါမယ်” သခင်ကြီးလီက ထပ်ပြောလိုက်သည်။
“ရပါတယ်.. ကျွန်မ ချင်မင်ပွဲတော် မတိုင်ခင် မြိုတော်ကို ပြန်ရမှာမလို့ပါ”
ချင်မင်းပွဲတော်ကာလ၌ လမ်းမပေါ်တွင် မကောင်းဆိုးဝါးဝိဉာဉ်များ ပေါ်လာတတ်ကြသည်။
သို့သော် ဒီတစ်ကြိမ်တွင်တော့ သူမရဲ့အခြေအနေက ဆောင်းရာသီ အဝတ်အထည်ပွဲတော်တုန်းကထက် ပိုကောင်းနေလေရာ ဝင်ပူးခံရနိုင်ချေလည်း နည်းသွားသည်။
ထိုသို့ဆိုလျှင်တောင် သူမ အလုပ်များနေဦးမည်ပင်။
မကောင်းဆိုးဝါးဝိဉာဉ်များစွာကို ပြန်ဝင်စားဖို့ အတွက် ပို့ဆောင်ရမည်။
ကျောင်းတော်မှာလည်း ချင်လျို့နှင့် ဖန်းမုရွှယ်တို့ စာသင်ကြားမှုက မည်သို့မည်ပုံ ဖြစ်နေမှန်းမ
သိ။
ရှဲ့ချောင် အနေနဲ့ လွှတ်ထားလို့ မရတဲ့အရာများစွာ ရှိနေသဖြင့် သူမ ရွှင်းပြည်နယ်မှာ အနားယူနေလို့ မရနိုင်ပေ။
လီမိသားစုရဲ့အုတ်ဂူ အတွက် သူမ ဘာမှလုပ်ပေးစရာ မလိုတော့။
ထိုနေ့က ရှဲ့ချောင် ထိုတိရစ္ဆာန်များကို သခင်ကြီးလီဆီ အပ်နှံခဲ့ကာ လှည်းဖြင့် ပြန်သွားခဲ့သည်။
ပြန်လာသည့် လမ်းတစ်လျှောက်၌ သူမ တစ်ချိန်လုံး လှည်းထဲတွင်သာ နေပြီး စာအုပ်ဖတ်လိုက် အဆောင် ရေးဆွဲလိုက် လုပ်နေခဲ့၏။ အလာတုန်းကထက်ကို ပိုပြီး လွယ်ကူနေခဲ့သည်။
ကွာခြားသွားတာဆိုလို့ တစ်ချိန်လုံး ရောက်တတ်ရာရာ ပြောဆိုနေပြီး သူမကို လမ်းမပေါ် ကူညီပေးခဲ့သော စိတ်ရှုပ်စရာကောင်းတဲ့ဝိဉာဉ်က အသံတစ်သံမထွက်ရဲလောက်အောင် တိတ်ဆိတ်နေတာပင်။
“နင် ဘာလို့ ဘာစကားမှ မပြောတော့တာလဲ”
ထိုဝိဉာဉ်က သူမကို အများကြီး ကူညီပေးခဲ့သည်ဖြစ်ရာ သူ ရုပ်ဆိုးနေရင်တောင်မှ သူမ သူ့ကို သဘောကျလာဖို့ ကြိုးစားသင့်တယ်ဟု ရှဲ့ချောင် ခံစားရသည်။
စိတ်ရှုပ်စရာကောင်းတဲ့ ဝိဉာဉ်က အထစ်ထစ် အငေါ့ငေါ့နှင့် ဆိုလာသည်။ “ အမ်း.. ငါ ဓားပျံကို မလိုချင်တော့ဘူး.. ပြန်အမ်းငွေ ရနိုင်မလား”
“ဘာလို့လဲ” ရှဲ့ချောင် မျက်မှောင်ကြုတ်သွားသည်။
“ ငါရဲ့ ပန်းပုလက်ရာက မကောင်းလို့လား”
“မဟုတ်ဘူး မဟုတ်ဘူး!” ဝိဉာဉ်က ချက်ချင်း လက်ခါပြသည်။
“ငါ ဒီလောကကြီးကို မြင်ပြီးတော့ ဒီလောကမှာဆက်နေနေဖို့က ဝမ်းနည်းစရာကောင်းလွန်းတယ်လို့ တွေးမိလို့၊ တကယ်လို့ တစ်နေ့မှာ ငါသာ မတော်တဆ မကျေမနပ်ချက်တွေနဲ့ ဖုံးလွှမ်းသွားပြီးတော့ တစ်ခုခုဆီမှာ ပိတ်မိသွားခဲ့မယ်ဆိုရင် တစ်သက်လုံး ခံစားရပြီးတော့ ဘယ်တော့မှ လွတ်မြောက်နိုင်မှာမဟုတ်တော့ဘူးမလား၊ ငါ ပြန်-ပြန်ဝင်စားလို့ရမလား…”
ဆရာ့မမော့ဆီမှာ အဖမ်းခံလိုက်ရတဲ့ အငြိုးကြီးဝိဉာဉ်အကြောင်းတွေးမိတိုင်း သူ ကြက်သီးထလွန်းလို့ !
•••••