← Chapters

အံ့အားသင့်စရာ

Vol. 32 Ch. 606

အံ့အားသင့်စရာ

Vol. 32 Ch. 606

မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ စိတ်ထဲ၌ ဆရာမမော့ အသုံးပြုခဲ့တဲ့ အဆောင်စာရွက်များဖြင့်သာ ပြည့်နေသည်။

အငြိုးကြီးဝိဉာဉ်များရဲ့ ခေါင်းထက်ကို ပစ်ချလိုက်သည့် လျှပ်စီးကြောင်းများကြောင့် မီးပွားများ လွင့်စင်လို့သွားသည်။ မူလက ကြည့်ရဆိုးနေပြီးသား ဦးခေါင်းခွံမှာ ပို၍ပင် အကျည်းတန်သွားခဲ့ကာ သူ့ရဲ့မျက်နှာထက်ပင် အရုပ်ဆိုးသွားသည် !

အငြိုးကြီးဝိဉာဉ် သုံးကောင်က သူ့လို ပညာသင်ကျောင်းသားများပင် !

ဝိဉာဉ်တစ်ကောင်ရဲ့သက်တမ်းဟာ ရှည်လျားပြီး ဘယ်အချိန်မှာ မတော်တဆ ဖြစ်မလဲဆိုတာလည်း အတပ် မပြောနိုင်။အဲဒီလိုနဲ့ မကောင်းဆိုးဝါး ဝိဉာဉ်ဟာ စိတ်လွတ်သွား၏။ ကံကောင်းလျှင် ဆရာမနဲ့တွေ့ပြီး မိုးကြိုးပစ်ခံရပြီးနောက် ပြန်ဝင်စားနိုင်မယ်။ ကံမကောင်းလျှင်တော့… ဝိဉာဉ်အားလုံးက မနှစ်မြိုတဲ့ အရုပ်ဆိုးဆိုး မကောင်းဆိုးဝါးတစ်ကောင်သာ ဖြစ်လာမည်!

သို့ဖြစ်ရာ အသက်ရှည်ရှည်နေဖို့ကို စဉ်းတောင် မစဉ်းစားနှင့် !

သူ့ဝိဉာဉ်ရဲ့ အစွဲအလမ်းက ပျောက်ကွယ်သွားလိမ့်မည်ဟု ရှဲ့ချောင် မထင်ထားခဲ့။

ဘယ်လောက် အံ့ဩစရာ ကောင်းလိုက်လဲ !

အရင်က ဝိညာဉ်ပေါင်းများစွာကို သူမ လက်ခံခဲ့တယ်ဆိုပေမဲ့  တစ်ကောင်ချင်းစီတိုင်းက  သူမအတွက် အလွန်အရေးပါသည်။

အခု ဒီ စိတ်ရှုပ်စရာကောင်းတဲ့ ဝိဉာဉ်က အသိတရားရသွားပြီဖြစ်သဖြင့် ဖောက်သည်တစ်ယောက် ဖြစ်လာလေပြီ။ ဒါပေါ့ သူမရဲ့ ဖောက်သည်ကို ယဉ်ယဉ်ကျေးကျေးဆက်ဆံရမှာ။

ရှဲ့ချောင် ဝိဉာဉ်အား ချက်ချင်း လှည်းထဲကို ခေါ်လိုက်၏။ ပေါက်ကွဲလုမတတ် မျက်နှာကို ကြည့်နေပေမဲ့… သူမကတော့ ပြုံးနေဆဲပင်။ “အခုတော့ ရှင် သဘောပေါက်သွားပြီ၊ ရှင် တော်တော်လေး ကံကောင်းတယ်။ ချင်းမင်ပွဲတော်လည်း ရောက်

တော့မှာဆိုတော့ မရဏတံခါး ဖွင့်တော့မယ့် အချိန်ပဲ။ ရှင် ထွက်သွားတဲ့အချိန်ကျရင် ကျွန်မ ငွေစက္ကူတွေ များများ မီးရှို့ပေးမယ်၊ အိမ်ပုံ လှည်းပုံ ပုံစံငယ်တွေရော.. ရှင် လိုချင်တာ အားလုံးရ‌စေရမယ်, တခြားတောင်းဆိုချင်တာမျိုးရော ရှိသေးလား”

ရှဲ့ချောင်ဟာ ပြုံးနေသည့်အချိန်တိုင်း အပြစ်ဆိုဖွယ်မရှိ။

မကောင်းဆိုးဝါးဝိဉာဉ်ဟာ ရှဲ့ချောင် ဒေါသထွက်တာကိုလည်း မြင်ထားဖူးသည်ဖြစ်ရာ အခု သူမ ကြင်နာပြနေတာကို မြင်ရသည့်အခါ ပို၍တောင် ကြောက်မိနေလေသည်။

“ဆရာမက အရင်ကတည်းက ကျွန်တော့်အပေါ် ကောင်းခဲ့ပြီးသားပါ.. အရမ်းကြီး.. ညှာတာပေးနေဖို့ မလိုပါဘူး..ကျွန်တော် .. လန့်လာပြီ” 

ရှဲ့ချောင် တခစ်ခစ်ရယ်မိသွားသည်။

သူမ အမြဲတမ်း ညှာတာပေးတတ်တာပဲ မဟုတ်ဘူးလား ?

ရှဲ့ချောင်၌ ဘဝနှစ်ခုစာ မှတ်ဉာဏ်ရှိနေသော်လည်း သူမဟာ မျက်လုံးပိတ်သွားသည်နှင့် ပြန်ပွင့်လာပြီး မွေးဖွားလာခဲ့တာ ဖြစ်၍ ငရဲက ဘယ်လိုပုံစံမျိုးလဲဆိုတာ သူမ မသိ။

သူမထင်တာက အဲဒီမှာ ပြန်ဝင်စားဖို့ တန်းစီ‌နေကြတဲ့သူတွေ ရှိလောက်မယ်ဟု။ သူ ကံဆိုးခဲ့ရင်တောင် နည်းနည်းလောက် နှေးဖင့် သွားရုံသာ။ ဒါကြောင့်…

သူ့အတွက် ငွေစက္ကူစတွေ များများ မီးရှို့ပေးဖို့လိုသည်။ ဒီဝိဉာဉ်က စဉ်းစားချင့်ချိန်နိုင်စွမ်းလည်း ရှိတဲ့အတွက် သူ့ကို အလုပ်အကျွေးပြုမယ့်သူရှိအောင် အစေခံစက္ကူလည်း မီးရှို့ပေးရပေမည်။

သူမ မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ နာမည်နှင့် မူလနေရာကို  မေးလိုက်သည်။

မကောင်းဆိုးဝါးဝိဉာဉ်ရဲ့ အုတ်ဂူက ဝေးလွန်းသဖြင့် စက္ကူများကို လမ်း‌ဆုံနေရာတွင်သာ ‌မီးရှို့ပေးရလိမ့်မည်။ အချိန်ကျတဲ့အခါမှ မကောင်းဆိုးဝါးဝိဉာဉ်ဆီ စကားတချို့ ပါးပေးရမှာပင်။

သူမ အရှေ့က မကောင်းဆိုးဝါးဝိဉာဉ်ဟာ စိတ်ထဲ ပူပန်နေပေမဲ့ သူမရဲ့တောင်းဆိုချက်ကို နာနာခံခံနှင့် သဘောတူခဲ့သည်။

ရှဲ့ချောင်က လှည်းထဲကနေ တတွတ်တွတ်နှင့် ပြောနေသည်။ အပြင်က လူတွေကတော့ ဒါကို ကျင့်သားရနေကြလေပြီ။

သူတို့ မသက်မသာ ခံစားနေပေမဲ့ ဆရာမမော့ရဲ့ တည်ငြိမ်နေတဲ့ အသံအနေအထားရဲ့ သာမာန် ဝိဉာဉ်တစ်ကောင်နဲ့ စကားပြောနေတယ်ဆိုတာကို သိကြသည်။

ဆရာမမော့ကို ဆဲဆိုအောင် လုပ်သည့် မကောင်းဆိုးဝါးဝိဉာဉ်များကိုသာ သူတို့ကြောက်ရမှာဖြစ်သည်။

သူတို့ မြို့တော်ကို ပြန်ရောက်သည့်အခါ ချင်းမင်ပွဲတော်အချိန်အခါ ဖြစ်နေလေပြီ။

ရှဲ့ချောင်မှာ ခေါင်းငုံ့ထားနှင့် ပြီဖြစ်ကာ တတ်နိုင်သမျှ  မမော့မိအောင် နေနေ၏။

“ဆရာမမော့ နေလို့မကောင်းလို့လား” ရှဲ့ချောင် လှည်းထဲက ထွက်လာသည့်အခါ ကျို့ဝေ့ကျုံးနှင့် တခြားသူများမှာ အလွန် စိတ်ပူ‌နေကြသည်။

ဒီအမှု အဆင်ပြေပြေနှင့် ဖြေရှင်းလိုက်နိုင်ခြင်းမှာ ဆရာမမော့ရဲ့ အကူအညီကြောင့်ဖြစ်ရာ သူမကို ကောင်းကောင်း ဂရုစိုက်ကြရလိမ့်မည်။

ဒါပေမဲ့ အခုက ဘာဖြစ်နေတာလဲ ?

သူမက နုံးချည့်နေတဲ့ ပုံစံနဲ့ ‌နေပူပူအောက်မှာ ရေမလောင်းထားတဲ့ ပန်းပွင့်တစ်ပွင့်ပမာ။

လုံးဝကို အားအင် ရှိမနေချေ။

“ဘာမှ မဖြစ်ပါဘူး၊ဒီအတိုင်း… ရှင့် ခေါင်းပေါ်မှာ ယောကျာ်းတစ်ယောက် လှဲနေတာ.. ဒေါသထွက်ပြီး စိတ်မရှည်တဲ့ ပုံနဲ့မလို့…  မကြည့်ချင်လို့”  ရှဲ့ချောင် ခပ်တိုးတိုးနှင့် ပြောလိုက်၏။

ကျို့ဝေ့ကျုံး၏ နှုတ်ခမ်းထောင့်တို့ လှုပ်သွားရသည်။

တခြား အစောင့်တစ်ယောက်တော့ ပျော်နေလေသည်။ “မဖြစ်နိုင်တာ အစ်ကိုကျို့ မဟုတ်တာ တစ်ခုခုလုပ်ခဲ့လို့များ တစ်ယောက်ယောက်က အစ်ကို့ကို လာရှာတာလား”

၎င်းဟာ စနောက်လိုက်ခြင်းသာ။

ကျောက်ရွှမ်ကျင်း ခနဲ့တဲ့တဲ့ရယ်လိုက်၏။ ၎င်းဟာ အကြင်နာကင်းမဲ့သည့်ပုံပေါက်၏။

ပြောလိုက်သည့် အစောင့်ဟာ ရုတ်တရက်…

သူတို့ရဲ့ သခင်အနားမှာ တစ်ခုခုက အမြဲတမ်းရှိနေတတ်တယ်ဆိုပြီး တာအိုဆရာတော်တစ်ယောက် ပြောခဲ့ဖူးတယ်..

ဒါဆို သူ ခုနက မတော်တဆ လူမှားပြီး ထိလိုက်မိသလို ဖြစ်သွားတာလား..?

သူ ချက်ချင်း ဒူးထောက် လိုက်လေသည်။

•••••

All Chapters