← Chapters

ရှင့်အမျိုးက ရှင့်ကိုတွေ့ဖို့ ရောက်

Vol. 32 Ch. 607

ရှင့်အမျိုးက ရှင့်ကိုတွေ့ဖို့ ရောက်

Vol. 32 Ch. 607

နေတယ်

အစောင့်စစ်သည်တစ်စု တုန်လှုပ်နေကြသည်မှာ အိမ်ရှေ့စံမင်းသားက သူတို့ကို  စားတော့မည့် အတိုင်း။ ရှဲ့ချောင် ကျောက်ရွှမ်ကျင်းအား မျက်လုံးထောင့်ကနေ ကြည့်ပြီး “မင်းက သူတို့ မျက်လုံးထဲမှာ အငြိုးကြီးဝိဉာဉ်တစ်ကောင်ထက်တောင် ကြောက်စရာကောင်းနေတာလား”

“ ကျွန်တော်က အမြဲတမ်း ကြင်နာတတ်တယ်၊ သူတို့ကကို နာခံလွန်းနေကြတာ” ကျောက်ရွှမ်ကျင်းက ဂရုမစိုက်ဟန်ဖြင့် ‌ပြောလိုက်၏။

အစောင့်စစ်သည်များက အလွန်ကို နာခံတတ်ကြသည်။

အိမ်ရှေ့စံမင်းသား ကြင်နာတတ်သည်က အမှန်

ပင်။ သူ့ရဲ့ ကြင်နာမှုတွေက ဆရာမမော့ဆီမှာပဲ ရှိနေရုံသာ။

အစောင့်များ သူ့နောက်ကို လိုက်နေချိန်၊ သူ့တို့ ကောင်းကောင်း ဆက်ဆံခံရသည်ဆိုသော်လည်း သူ့ရဲ့တောင်းဆိုချက်တွေက မြင်မားလွန်းသည်။

အိမ်ရှေ့စံသည် သူ့ရဲ့လက်အောက်ငယ်သားတွေကို သတ်ပစ်တတ်တဲ့ လူမျိုးမဟုတ်သော်ငြား ဆရာမမော့ အနားမှာ မရှိတဲ့ အချိန်ဆိုလျှင် သူဟာ ပြုံးလည်း မပြုံးသလို စကားလည်း မပြော။ လူများကို ကျောချမ်းစေသည်။ သူတို့ခမျာ စည်းမျဉ်းများအတိုင်း လိုက်နာရုံသာ ရှိပြီး စည်းမကျော်ရဲကြ။

“ထကြ၊ ဆရာတူ အစ်မမော့ကို မခြောက်မိစေနဲ့” ကျောက်ရွှမ်ကျင်း၏ နှုတ်ခမ်းတို့က အပြုံးတစ်ခု အဖြစ်ပင် ကွေးသွားသေးသည်။

အစောင့်များမှာ သူတို့ရဲ့ ဦးခေါင်းတွေ ကျိန်းစပ်သွားသလိုပင် ခံစားလိုက်ရကြရသည်။

အရှင့်သားက ဘာလို့ ရုတ်တရက်ကြီး အဲ့လိုမျိုး ‌ပြုံး‌နေရတာလဲ ?

သို့သော်  အမိန့်ပေးတဲ့အတိုင် နာခံစွာဖြင့် လုပ်ဆောင်နေကြဆဲ။

“ကိုယ်ရံ‌တော် ကျို့၊ ရှင့်နောက်ကို လိုက်နေတဲ့လူက သူ့သမီးကို စောင့်ရှောက်ပေးဖို့အတွက် တောင်းဆိုနေတာ၊ သူ့သမီးက မတရားခံနေရပေမဲ့ ကူညီပေးမဲ့သူမရှိ ဖြစ်နေတယ်တဲ့” ရှဲ့ချောင် ကျို့ဝေ့ကျုံးကို ပြောလိုက်သည် 

ကျို့ဝေ့ကျုံးသည့် အရှေ့နန်းဆောင်ရှိ အစောင့်

များရဲ့  တပ်မှူးဖြစ်သည်။အိမ်ရှေ့စံမင်းသား၏ အရှေ့၌ သူဟာပိုပြီးနာခံတတ်ကာ နှိမ့်ချတတ်သည့် ပုံပေါ်သည်။ ဘယ်သူကမှ ရန်စမဝံ့သည့် လူတစ်ယောက်ပင်။

“တကယ်ပဲ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင် ရှိနေတာလား” ကျို့ဝေ့ကျုံး အစက ထင်ထားသည်က ဆရာမမော့ စနောက်နေခြင်းသာ ဖြစ်လိမ့်မည်ဟု။

ရှဲ့ချောင် ခေါင်းညိတ်လိုက်၏။ “အခုက ချင်းမင်ပွဲတော်ဆိုတော့…ရှင့်ဆွေမျိုးက ရှင့်ကိုတွေ့ဖို့ရောက်နေတာ”

လူတိုင်းရဲ့ နှလုံးသား အေးစက်သွားရသည်။

ကျို့ဝေ့ကျုံး ခဏလောက် စဉ်းစားပြီးနောက် 

“သူက… ဘယ်လိုပုံစံမျိုးလဲ”

“အင်း..” ရှဲ့ချောင် မကောင်းဆိုးဝါးဝိဉာဉ်နှင့် အကြည့်ချင်းစုံလိုက်၏။ ကြည့်ပြီးတဲ့နောက် ကူကယ်ရာမဲ့စွာဖြင့် “သူက အကြီးဆုံး… ရှဲ့ဖင်းကန်းထက်တော့ ကြည့်ကောင်းတယ် ဒါပေမဲ့ သူလည်း ကြမ်းကြုတ်တာပဲ”

ထိုအချက်နဲ့တင် ကျို့ဝေ့ကျုံး ချက်ချင်း သဘောပေါက်သွားခဲ့၏။

“သူက ကျုပ်ဦးလေး ဖြစ်လောက်တယ်…သူ အသက်ရှင်စဉ်တုန်းက သုန့်အန်းရေတပ်ရဲ့ စစ်သူကြီးတစ်ယောက် ဖြစ်ခဲ့တာ… လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က၊ သူ ပျောက်ကွယ်သွားပြီးတော့ ကျုပ်ရဲ့ ဝမ်းကွဲပဲကျန်ခဲ့တယ်.. ကျုပ်မိသားစုက ရှုပ်ထွေးတော့ ဝမ်းကွဲကို စောင့်ရှောက်

ပေးဖို့က ခက်ခဲတယ်လေ.. သူ သုန့်အန်းမှာ အဘိုးအဘွားတွေနဲ့ နေနေတာကို…”

ကျို့ဝေ့ကျုံး ရှင်းပြပြီးတဲ့နောက်မှာ မျက်မှောင်ကြုတ်သွားပြန်၏။ “ဆရာမမော့ ကျုပ် ဝမ်းကွဲ ဘာဖြစ်သွားလဲဆိုတာ မေးလို့ရမလား.. ဦးလေးက ဘာလို့ မြို့တော်အထိ လာခဲ့ရလဲဆိုတာ..”

သူမ ဘာဖြစ်ခဲ့လို့လဲ ?

“ သူ ခရီးတစ်လျှောက် ခက်ခက်ခဲခဲ့နဲ့လာခဲ့ရတော့ အင်အား သိပ်ရှိမနေဘူး၊ အဲ့စကားပဲပြောပြီး ပျောက်သွားပြီ” 

ကျို့ဝေ့ကျုံးမှာ အခက်တွေ့နေ၏။

ဒီလောက် အဝေးကြီးမှာ ရှိနေတဲ့ ဝမ်းကွဲကို သူ ဘယ်လို ကူညီပေးရမှာလဲ ?

ရှဲ့ချောင် ‌အနေနဲ့ စကားကို လက်ဆင့်ကမ်းပေးဖို့သာ တာဝန်ရှိတာဖြစ်ပြီး အဲဒါနဲ့တင် လုံလောက်သည်။

အပြင်ဘက်၌ မကောင်းဆိုးဝါးဝိဉာဉ် များစွာရှိနေတဲ့အတွက် သူတို့ သူမကို မြင်တဲ့အခါ သိသာ နေမှာကို စိုးရိမ်ပြီး ကြမ္မာဥယျာဉ်ထဲကို အမြန်ဝင်သွားခဲ့ကာ အခမ်းအနားကို စတင်လိုက်သည်။

ကျောက်ရွှမ်ကျင်းသည်လည်း သူ့လူများကို ဦးဆောင်ပြီး ထွက်သွားခဲ့သည်။

ရှဲ့ချောင်သည် ဝိဉာဉ်များ လွတ်မြောက်စေဖို့

မန္တာန်ရွတ်နေ၏။ ဒီတစ်ခေါက်က ဆောင်းရာသီ အဝတ်အထည်ပွဲတော်တုန်းကထက် မကောင်းဆိုးဝါးဝိဉာဉ်များ ပိုများနေလေရာ သူမ စိတ်လည်း လှုပ်ရှားနေသလို ကြမ္မာဥယျာဉ်ထဲက အစီအရင်က မကောင်းဆိုးဝါးဝိဉာဉ်တွေကို အကြာကြီး ထိန်းမထားနိုင်မှာကို ကြောက်နေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သေဆုံးသူဝိဉာဉ်များအတွက် အရာအားလုံး အဆင်ပြေ‌ချောမွေ့ခဲ့၏။

သူမရဲ့ဖွဲ့စည်းပုံက ထူးခြားသည်။ သူတို့ သူမကို ဝင်ပူးတဲ့အခါ ဝိဉာဉ်များက သက်ရှိများကို အနှောင့်အယှက် မပေးနိုင်သဖြင့် သူမရဲ့ ကံကို ထိခိုက်စေခြင်းမရှိ။ ဒါကြောင့်လည်း ဝိဉာဉ်တွေကို သူမကို ရှာကြတာပင်။

အဆောင်စာရွက်များက တစ်လွှာပြီးတစ်လွှာ

တဖြည်းဖြည်းချင်း ဆုတ်ဖြဲခြင်းခံနေရ၏။

သို့သော် ဒီတစ်ခေါက်တော့ သူမ သေသေချာချာကို ပြင်ဆင်ထားခဲ့သည်။

အကြောင်းမှာ လွန်ခဲ့တဲ့ လပိုင်းအတွင်းက သူမရဲ့ ခန္ဓာကိုယ်နှင့် စွမ်းအင်က အရင်ကထက် သန်မာလာတာကြောင့်ဖြစ်သည်။ သူမ အချိန်ရတိုင်း အဆောင်စာရွက်များကို ရေးဆွဲသည်။ အဆောင်စာရွက်များစွာကို စုဆောင်းမိခဲ့ရာ ရေတောင်မရေနိုင်တော့။ နောက်ထပ် ဘာမှ ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပေ။

ဒါတင်မက သူမရဲ့ ခန္ဓာကိုယ်က ကောင်းနေပြီး သူမရဲ့ ဝိဉာဉ်ကလည်း အနည်းငယ် ပိုတည်ငြိမ်နေသည်။ သာမန် ဝိဉာဉ်တစ်ခုက သူမကိုယ်ထဲ ဝင်နိုင်လိမ့်မည်မဟုတ်။

ဆောင်းရာသီ အဝတ်အထည်ပွဲတော်တုန်းက ကြီးကြီးမားမား ဆုံးရှုံးခဲ့ရသည်များကို ပြန်စဉ်းစားမိသည့်အခါ သူမ ပိုပြီးဂရုစိုက်သင့်သည်ဟု ရှဲ့ချောင်ထင်မိသည်။

အဆောင်စာရွက်များကို သူ့မရဲ့အင်္ကျီအောက်ထဲထည့်ထားသဖြင့် သူမရဲ့ အဝတ်များက ဖောင်းပွနေလေရာ ကိုယ်အလေးချိန်တိုးလာသလိုမျိုး ဖြစ်နေလေသည်။

•••••

All Chapters