ငွေပြတ်လပ်ခြင်း
Vol. 32 Ch. 608
ရှဲ့ချောင် အရင်တစ်ခါ ဝင်ပူးခံခဲ့ရတဲ့ အကြောင်းရင်းက သူမ လမ်းမှာ ကြာနေခဲ့တာကြောင့် ဖြစ်၏။ ထိုအချိန်က ဖန်းမုရွှယ်နှင့် တခြားသူတွေအတွက် သူမကိုယ်သူမ
မတော်တဆ ဖော်ပြမိခဲ့ပြီး အဆောင်စာရွက်များစွာကို အသုံးပြုခဲ့သည်။ သို့သော် ဒီတစ်ခါတော့ မတူတော့ချေ။
လမ်းခရီးဟာ ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး ကျောင်းတော်ကို ရောက်ရှိခဲ့သည်။
ကျောင်းတော်ထဲမှ ယန်စွမ်းအင်က အလွန်အားကောင်းသဖြင့် ရှဲ့ချောင် ဘေးကင်းလုံခြုံမှုကို ခံစားလိုက်ရ၏။
အရာအားလုံး အဆင်ပြေနေ၍ ကျောက်ရွှမ်ကျင်းက ပို၍ပင် စိတ်အေးလက်အေး ဖြစ်နေသည်။ သူရဲ့ သူလျှိုတွေကို ပြန်ခေါ်ခဲ့ကာ နန်းတွင်းရုံးတော်၌ လတ်တလော ဖြစ်ပျက်ခဲ့သည်များကို လူလွှတ်ပြီး စုံစမ်းခဲ့သည်။
ရလဒ်က သူမျှော်လင့်ထားသည့်အတိုင်းပင်။
ထိုအမတ်တွေက တစ်စုံတစ်ခုကို ကိုက်ထားပြီးရင် လက်မလွှတ်ချင်ကြသည့် ငတုံးများလိုလုပ်နေကြသည်။
သူ ဒေါသမထွက်ခဲ့။ နန်းတော်ထဲကို တန်းပြီး သွားခဲ့သည်။
ချင်းမင်ပွဲတော် အပြီး၌ ရှဲ့ချောင် ရှဲ့အိမ်တော်ကို ပြန်ခဲ့၏။ သူမ အိမ်မှာမရှိတာလည်း တော်တော်ကြာနေလေပြီ။ အိမ်ပြန်ရောက်သည့်အခါ အိမ်တော်ထိန်းရဲ့ စိတ်အေးလက်အေး ဖြစ်နေတဲ့ ပုံစံက်ု ကြည့်ပြီး မိသားစုထဲမှာ ဘာမှ ကြီးကြီးမားမား ပြဿနာ မရှိခဲ့ဘူးဆိုတာကို သိလိုက်သည်။
ရှဲ့နျိုရှန်းက အိမ်မှာ ရှိနေတတ်ပေမဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေ၏။ သူပုံစံက စိတ်ဓာတ်ကျနေသည့် ပုံနှင့်။
ရှဲ့ချောင်ကို မြင့်သည့်အခါ သူ့ရဲ့ကယ်တင်ရှင်ကို မြင်လိုက်သလိုပင်။
“သမီးကြီး.. အဖေရဲ့ သမီးလေး.. အဲဒီ ရုပ်ဆိုးဆိုးကလေးမကို အဖေ့ရဲ့ လစဉ် အသုံးစရိတ်လေး တိုးပေးဖို့ စကားကောင်းလေး ပြောပေးပါဦး” ရှဲ့နျိုရှန်း၏ ဆံပင်တို့မှာ ကတုံးဖြစ်လုနီးနီး။
“ရှီအာကလည်း အဖေ့ရဲ့ သမီးပဲလေ” ရှဲ့ချောင် မျက်ခုံးလှုပ်သွား၏။
“ တစ်လ ငွေစငါးဆယ်က အဖေ သုံးလို့ မလောက်ဘူးလား.. နောက်ပြီး.. အဖေ လောင်းကြေးလည်း အများကြီး နိုင်ထားသေးတယ် မဟုတ်ဘူးလား”
“ဘယ်လိုလုပ် သိတာလဲ!” ရှဲ့နျိုရှန်း နှလုံးခုန် မြန်သွားရ၏။
'ဒီကောင်မလေးက အကြားအမြင်ရနေတာလား၊ ဒီလောက် ကိစ္စသေးသေးလေးကိုတောင် ဘယ်လိုသိနေတာလဲ !’
“ အဖေ့အကြောင်း သမီးမသိတာ ဘာရှိလို့လဲ” ရှဲ့ချောင်ရဲ့ နှုတ်ခမ်းတို့ ကွေးညွတ်သွားသည်။
သူမနှင့် သူမ အစ်ကိုက အိမ်တော်ထိန်းကို ရာထူးတိုးပေးထားတာ ဖြစ်သည်။ ဒီမိသားစု၌ ယုံကြည်ချင်စရာ မကောင်းဆုံးသူမှာ သူမ အဖေဖြစ်တာကို သူသိသည်။ထို့ကြောင့် သူ ဘာပဲလုပ်လုပ် အိမ်တော်ထိန်းက မောင်နှမတွေကို ဖုံးကွယ်ထားမှာမဟုတ်ပေ။
သူမ အဖေ လောင်းကြေးနိုင်တုန်းက သူမ ထိုကိစ္စကို မျက်ကွယ်ပြုထားခဲ့၏။
ရှဲ့နျိုရှန်း သက်ပြင်းချလိုက်သည်။သူ့ကြည့်ရတာ နုံးချည့်နေပုံနှင့်။ “ပမာဏက ဘာမှမဟုတ်ဘူး။ လွန်ခဲ့တဲ့ရက်တုန်းက အဖေ့မိတ်ဆွေတစ်ယောက်ကို အဖော်ပြုပြီး ဆောင်ကြာမြိုင်ကို အရက်သွားသောက်ခဲ့တယ်။ အဲ့မှာ မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး သူ့ပုံစံက အတော်လေး သနားစရာကောင်းနေတာနဲ့ သူ့ကို ဝယ်လိုက်တာ။ အခု အဖေ့ဆီမှာ ငွေတပြားတောင် မကျန်တော့ဘူး။ ဒါတောင် အဲဒီ ပြည့်တန်ဆာပွဲစားဆီမှာ ငွေစ ၂၀၀ အကြွေးကျန်နေတုန်းပဲ”
ရှဲ့ချောင် ထိတ်လန့်သွားရသည်။
ရှဲ့နျိုရှန်းကို ကြည့်ရင်း သူ့မရဲ့မျက်လုံးထဲ၌ ထိတ်လန့်မှုများနှင့် ပြည့်နေလျက်။ သူမ အံကြိတ်ရင်း စကားတစ်လုံးချင်းစီ ပြောလိုက်၏။
“ အဖေ၊ အဲ့လို ပြဿနာရှာဖို့ ဆောင်ကြာမြိုင်ကို သွားခဲ့တာလား”
ရှဲ့နျိုရှန်း ဇနီးတစ်ယောက် ထပ်ရှာတာကို သူမ ဂရုမစိုက်။ တရားဝင်လက်ထပ်တာဖြစ်နေသ၍ အဆင်ပြေသည်!
သူမ အမေရဲ့ နောက်ဆုံးမှာကြားချက်အရ သူမက လိမ်လိမ်မာမာနှင့် အမေအသစ် ဖြစ်လာတဲ့သူကို ကောင်းကောင်းမွန်မွန် ခေါ်ရမည်။ သူမက အဖေဖြစ်သူရဲ့ လက်ထပ်ပွဲကို တမင်တကာ ဖျက်ဆီးပစ်မည့် လူစားမျိုးမဟုတ် !
ဒါပေမဲ့ သူမ အဖေက ဆောင်ကြာမြိုင်ကို သွားပြီး ပြဿနာရှာခဲ့တာ သူ့ဘဝက ကောင်းကောင်းကြီး ဖြတ်သန်းခဲ့ပြီးပြီဟု ထင်နေပုံပင် !
“ဘာမှ မဟုတ်ဘူးနော် ! အဖေ အဲ့ကို သီချင်းလေးဘာလေး နားထောင်ဖို့သွားခဲ့ရုံပဲ” ရှဲ့နျိုရှန်းက အတော်လေး သဘောထားကြီးသည်။
“အဲဒီ မိန်းကလေးက လင်းသခင်မနဲ့တူနေတာလေ၊ အဖေလည်း သူ့ကို အဲ့ဒီလိုနေရာမျိုးမှာ ပျက်ဆီးသွားတာမျိုး အဖြစ်မခံနိုင်ဘူး၊ သမီးရော အဲ့လို မထင်ဘူးလား”
ရှဲ့ချောင် သရော်လိုက်ချင်နေသည်။
“အဖေ့ငွေတွေက အကုန်သုံးလို့ကုန်သွားပြီ။ ဒုတိယသမီးက ငွေတွေကို အရမ်းကာကွယ်နေတာ၊ သူ့ကို ဖြားယောင်းကြည့်သေးပေမဲ့ နည်းနည်းလောက်ပေးဖို့တောင် ငြင်းနေတယ်လေ၊ ဘာ
နေနေ အဲ့ငွေတွေက အဖေရှာထားတဲ့ဟာတွေပဲကို” ရှဲ့နျိုရှန်းသည်လည်း ဒီကိစ္စကို တွေးပြီး ဒေါသထွက်နေ၏။
“ဒါဆို.. အဖေ ညီမလေးကို အိမ်မှာ အနိုင်ကျင့်နေတာပေါ့” ရှဲ့ချောင်ရဲ့လေသံက ဂရုမစိုက်သည့်ဟန်ဖြင့်။
ရှဲ့နျိုရှန်းကို ကြည့်လိုက်ချိန် သူမရဲ့ အကြည့်တို့က အေးစက်သွားသည်။
ရှဲ့နျိုရှန်း ရင်တုန်သွားသည် “မဟုတ်ဘူး ! သူက အဖေ့ကလေးပဲလေ! သူ့ကို ဒုက္ခပေးတာမျိုး ဘာလို့ လုပ်မှာလဲ !”
“ အိမ်မှာ စားစရာလည်း ရှိတယ်! လှုမှုရေးပိုင်းကို ဂရုစိုက်ပေးမဲ့ အိမ်တော်ထိန်းလည်း ရှိတယ်။
အဖေရဲ့ လစဉ် အသုံးစရိတ်ကို အကုန်သုံးပစ်လိုက်ပြီဆိုမှတော့ နောက်လ အထိ စောင့်ရမယ်လေ၊ ရှီအာရဲ့ စည်းမျဉ်းတွေက ကောင်းတယ်လို့ သမီးကတော့ ထင်တယ်” ရှဲ့ချောင် ခဏလောက် တွေးလိုက်ပြီး ဆက်၍ “အဖေပြောတဲ့ အမျိုးသမီးက ဘယ်မှာနေနေတာလဲ။ အိမ်မှာနေနေတာလား”
“ ဘာလို့ အိမ်မှာနေရမှာလဲ။ အဖေ သူ့ကို ဝယ်ပြီးတော့ သူ့ဘဝနဲ့သူ နေလို့ရအောင် ငွေစ ငါးဆယ် ပေးလိုက်တယ်” ရှဲ့နျိုရှန်းက လေးနက်နေသည့် ပုံဖြင့်။
သူ ထိုအမျိုးသမီးကို ဝယ်ခဲ့စဉ်က စက်ဆုပ်စရာ အတွေးတွေ ရှိနေခဲ့မှာမဟုတ်ဘူးလို့တော့ သူမ ယုံကြည်မိသည်။
•••••