← Chapters

အသက်ကယ်တဲ့ကျေးဇူးကို မဆပ်နိုင်

Vol. 32 Ch. 609

အသက်ကယ်တဲ့ကျေးဇူးကို မဆပ်နိုင်

Vol. 32 Ch. 609

သူမ အဖေက မဆင်မခြင် မပြုမူခဲ့တဲ့အတွက် သူ စိတ်သက်သာရာရဖို့ ငွေတချို့ သုံးတာလောက်တော့ ရှဲ့ချောင် စိတ်ထဲထားမနေချေ။

သူဟာ အသက်ဆယ်နှစ်ကျော်လောက်ကတည်းက ဓားပြတစ်ယောက် ဖြစ်လာခဲ့ပြီး မဆင်မခြင် ပြုမူလေ့ရှိတာကို သူမ နားလည်သည်။ အခု သူ အရာရှိတစ်ယောက် ဖြစ်လာပြီးတဲ့နောက် နေရာတိုင်းမှာ ထိန်းချုပ်ပြုမူခဲ့တာတောင် အခြားသူတွေရဲ့ အထင်မြင်သေးခြင်းကို ခံနေရသေးသည်။ သူ စိတ်ထိခိုက်ရပါသည်။

သူရဲ့‌သားသမီးတွေနဲ့ မျိုးဆက် အတွက်သာ မဟုတ်လျှင် မြိုတော်မှာနေပြီး ဖိနှိပ် ထိန်းချုပ်ခံ

နေမယ့်အစား တောင်ထိပ်ကိုသွားပြီး အုပ်ချုပ်သူ လုပ်နှင့် ပြီးလောက်လေပြီ။

ထို့ကြောင့် များသော အားဖြင့် သူမ အဖေကို အလျှော့ပေးထားခဲ့၏။

“ မြို့တော်ထဲမှာ အကြံသမားတွေများလိုက်တာမှ ရေလို့တောင် မရဘူး, အဖေကလေ နည်းနည်း ရူးမိုက်တယ် သိလား။ အဖေ့ကို လှည့်စားဖို့က အလွယ်လေးရယ်၊ အဖေက အဲဒီကိစ္စကို ကြင်နာမှုကြောင့် လုပ်ခဲ့တာတော့ မှန်ပေမဲ့ အဲ့လူရဲ့နောက်ကြောင်းကိုရော စုံစမ်းခဲ့လို့လား” ရှဲ့ချောင်က ဖြေးဖြေးချင်းစီ ပြောနေ၏။ အလွန်ကို ကျိုးကြောင်းဆီလျော်တဲ့ လူတစ်ယောက်ပုံပေါ်နေသည်။ 

ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်သွား၏။ “သူက ဒီအတိုင်း အဖေဆီကို ရောင်းစားခံခဲ့ရတဲ့

ဆင်းရဲသား မိန်းကလေးတစ်‌ယောက်ပါပဲ”

“ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ။ လင်းသခင်မနဲ့ တကယ်ပဲ တူတယ်ပေါ့”  ရှဲ့ချောင် ထိုအကြောင်းကို များများစားစား စဉ်းစားမနေ။

ကမ္ဘာကြီးက ကြီးလွန်းသည်။ ဆင်တူတဲ့လူတွေ ဆင်တူတဲ့အရာတွေ ရှိတယ်ဆိုတာက ပုံမှန်ပင်။

“သူတို့ နှစ်ယောက်စလုံးက ခေါင်းမာပြီးတော့ သနားစရာကောင်းကြတယ်။ သူတို့မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖျစ်ညှစ် ပြုံးပြပြီး တခြားသူတွေကို ခစားဖို့ တွန်းအား ပေးခံထားကြရတာ။ အဲဒါက ဟိုးအရင် လင်းသခင်မ အဖေ့ကို စတွေ့တုန်းကလိုပဲ” ရှဲ့နျိုရှန်း ထပ်ပြောသည်။

လင်းသခင်မက သူ့အတွက် သားတစ်ယောက်နှင့်

သမီးတစ်ယောက်ကို မွေးပေးခဲ့တာဖြစ်၍ သူ ဒီအကြောင်းတွေကို မှတ်မိနေခဲ့သည်။

ရှဲ့ချောင် ဘာမှထပ်မပြောခဲ့။

ဘာနေနေ သူ့ကို ငွေတုံး ထပ်ပေးမှာမှာမဟုတ်ချေ။

သို့သော် သူမ အဖေရဲ့ ခန္ဓာကိုယ်ကနေ အရက်နံ့ ခပ်ရေးရေး ရလိုက်၏။

“ အဖေ ပိုက်ဆံမရှိတော့ဘူးဆို? ဝိုင်ကိုဘယ်က ပိုက်ဆံနဲ့ သောက်လာခဲ့တာလဲ”  ရှဲ့ချောင် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

အိမ်တွင် ဝိုင်အရက် တချို့ရှိသည်ဆိုသော်လည်း သူမ ခြံဝန်းထဲက ဖောက်ထားသည့်ဝိုင်တွေက

လွဲလျှင် ကျန်တာတွေက သာမန်တွေချည်းသာ။ သူတို့မှာ.. သစ်သီး၊ ပန်းတို့ရဲ့ မွေးရနံ့မျိူး မရှိပေ။

ထိုအကြောင်းကို ပြောလိုက်သည့်နှင့် ရှဲ့နျိုရှန်းက ပြုံးဖြဲဖြဲ ရယ်နေလေသည်။

“အဖေ သမီးအတွက် ‌ယောကျာ်းကောင်းတစ်ယောက် ရှာတွေ့ထားတယ်! အဲ့ဒီကောင်လေးက ဒီဝိုင်နဲ့ လေးစားသမှုပြခဲ့တာ !”

“အဟွတ်!” ရှဲ့ချောင်ခမျာ အသက်ရှုရပ်လို့နီးနီး။

သူမ ရင်ဘတ်ကို အမြန် ပုတ်လိုက်ရင်း 

"အဖေ ဘာပြောလိုက်တာ?"

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က သမီးအိမ်မှာမရှိ

တုန်း၊ အဖေ့ကို လေးစားမှုပြခဲ့တဲ့ အဲ့ဒီကောင်လေးပဲ။ သူက အဖေကို ထမင်းဝယ်ကျွေးတယ်၊ ဝိုင်လည်း ဝယ်တိုက်တယ်။ တကယ် မဆိုးဘူး”

ရှဲ့နျိုရှန်း ရယ်လိုက်၏။ 

“သူက သင်ယူဖို့ကိုလည်း စိတ်အားထက်သန်သေးတာ.. အဖေ သူ့ကို ဓားသိုင်းသင်ဖို့ ပြောလိုက်တော့.. သူ တကယ် သင်ခဲ့တယ်လေ..သိပ်ပြီး မကောင်းဘူးဆိုပေမဲ့ စိတ်ပါလက်ပါရှိတယ်.. တကယ်ကို ကောင်းတဲ့ ကောင်လေးတစ်ယောက်ပဲ..”

ရှဲ့ချောင် ထိုင်ချလိုက်သည်။

သူမ မေ့လဲသွားမှာ စိုးရိမ်မိလို့ပင်။

ရှဲ့နျိုရှန်းသည် သူ့သမီးရဲ့ ဒေါသထွက်နေတဲ့ပုံစံ

ကို မြင်ပြီး “စိတ်မပူနဲ့ အဖေ သူ့ကို လက်ထပ်ဖို့ကိစ္စ သဘောမတူခဲ့ရသေးဘူး.. ဆုံးဖြတ်ဖို့အတွက် သမီးပြန်လာတာကို စောင့်ရမယ်လေ..”

ရှဲ့ချောင် လက်ဖက်ရည် နှစ်ငုံသောက်ချလိုက်သည်။

“အဖေက မင်္ဂလာပွဲကို သဘောမတူပဲနဲ့ လက်ဆောင်ကိုတော့ လက်ခံခဲ့တယ်ပေါ့” ရှဲ့ချောင် လက်ထဲ ဓားတစ်ချောင်း ရှိမနေတာ ကံကောင်းသည်။

“ လက်ဆောင် မဟုတ်ပါဘူး..အဲ့ကောင်လေးက ပြောသေးတယ်.. သူ့အသက်ကို ကယ်ပေးခဲ့တာအတွက် ပြန်ဆပ်လို့တောင် မရဘူးတဲ့.. သူကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ တိုကင်ပြားတချို့လည်း ပေးခဲ့သေးတယ်..”

ရှဲ့ချောင် ‌ဒေါသထွက်နေကို ကြည့်ပြီး သူ့အသံက ပို၍ပင် နူးညံ့လာသည်။ “အဲဒါက‌ ဝိုင်လေး နည်းနည်းရယ်..ပြီးတော့ အဲ့ကလေးက အဖေ မူးသွားမှာ စိတ်ပူပြီး သစ်သီးဝိုင်ပဲ တိုက်ခဲ့တာ..စွပ်ပြုတ်တစ်ပွဲနဲ့ ဘာမှတောင်ကွာမနေဘူး”

ပြောရမယ်ဆိုလျှင် သူ့မှာ မကျေနက်ချက်တွေ ရှိနေဆဲ ? 

“ဘာကို အသက်ကယ်တဲ့ကျေးဇူးလဲ" ရှဲ့ချောင် မျက်မှောင်ကြုတ်နေလျက်။

“တစ်ယောက်ယောက်က သူ့‌ပုံစံ ဟန်ဆောင်ခဲ့တာ..”

“ဝမ်လန်ချန်းလား?” ရှဲ့ချောင်ရဲ့ မျက်ခုံးတို့ ပြေလျော့သွားခဲ့၏။

“ အဲ့လူက လူလိမ်တစ်ယောက် မဟုတ်တာ အဖေ ကံကောင်းတယ်မှတ်။ အဲ့လိုမဟုတ်ဘဲ ဝိုင်မှာ  အဆိပ်ခပ်ထားလို့ကတော့ အဖေ အခုချိန် ငရဲမင်းနဲ့ တွေ့နေရလောက်ပြီ!”

ဝမ်လန်ချန်းက စာရင်းအင်းပညာ၌ ထိပ်တန်းတစ်ယောက်ပေ။

သို့သော် အဲဒီလူက သူမ တံခါးကို တကယ်ကြီး လာခေါက်လိမ့်မယ်လို့တော့ မထင်ထားခဲ့။

“သူက ကျေးဇူးတင်လို့ လက်ဆောင်ပေးတာဆိုရင် ဘယ်လို ဖြစ်ပြီး အဖေ့ပါးစပ်ကနေ အနာဂတ် သားမက်လောင်း ဆိုပြီး ထွက်လာရတာလဲ” ရှဲ့ချောင် အလွန် ပဟေဠိဖြစ်နေသည်။

“သူက သမီးကို တကယ် လက်ထက်ချင်နေတာလေ.. ဒီရက်တွေထဲ အဖေလည်း သူ့ကို သေသေချာချာ လေ့လာကြည့်ထားတယ်.. သူက နည်းနည်း အားနည်းတယ်ဆိုပေမဲ့ တခြား ချို့ယွင်းချက် ဘာမှ မရှိဘူး သူက ကျင့်ဝတ်ထုံးတမ်းတွေလည်း သိတယ်၊ ကြည့်လို့လည်း သိပ်မဆိုးဘူး..တော်တော်များများကိုလည်း သိတယ်။ အဖေ့ဆို သူနှုတ်ကနေ ထွက်လာတဲ့စကားတစ်လုံးလေးတောင် နားမလည်ဘူး။ သမီး အဲ့‌လူနဲ့ အရင်က တွေ့ဖူးပြီးသားဆို.. သူ့ပုံစံနဲ့ သမီး ကျေနပ်သင့်တယ်လို့ အဖေထင်တာပဲ” ရှဲ့နျိုရှန်းရဲ့အတွေးအမြင်များမှာ အလွန်ကို ရှင်းလင်းလှသည်။

•••••

All Chapters