← Chapters

ထွက်သွားကြစမ်း 

Vol. 32 Ch. 610

ထွက်သွားကြစမ်း 

Vol. 32 Ch. 610

ရှဲ့ချောင် ဝမ်လန်ချန်း၏ ပုံစံအား မြင်ယောင်ကြည့်လိုက်၏။

သူဟာ ဘယ်ရှု့ထောင့်ကပဲကြည့်ကြည့် အကောင်းဆုံးပညာသင်ကျောင်းသားတစ်ယောက်ရဲ့ သွင်ပြင်ရှိသည်။ အင်အားရှိတဲ့ လူတစ်ယောက်ရဲ့ အရှိန်အဝါမျိုး သူ့မှာမရှိပေမဲ့  အကောင်းဆုံး ပညာသင်ကျောင်းသားတစ်ယောက် အဖြစ် မွေးဖွားလာသူ ဖြစ်သည်။ အမျိုးသမီးတစ်ယောက်သာ သူ့နဲ့ လက်ထပ်နိုင်ခဲ့မယ်ဆိုလျှင် ထိုထိမ်းမြားမှုမှာ ကောင်းမွန်တဲ့ အရာတစ်ခု ဖြစ်လာပေမည်။

“အဖေ အခွင့်အရေးရှာပြီး အဲဒီ သခင်လေးဝမ်ကို သေချာ ရှင်းပြလိုက်ပါ။ သူက ပါရမီရှိတဲ့လူတစ်ယောက်၊ အမျိုးသမီးကောင်းတစ်ယောက်နဲ့  ကျိန်းသေပေါက် လက်ထပ်နိုင်မှာ။ သူ ဇနီး‌ကောင်းတစ်‌ယောက်ကို အမြန်ဆုံးရှာတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်လို့” ရှဲ့ချောင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“သမီး သူ့ကို သဘောမကျဘူးလား”  ရှဲ့နျိုရှန်း မျက်မှောင်ကြုတ်သွားမိသော်လည်း သူ့သမီးကို လက်ထပ်ဖို့အရေး အတင်းအဓ္ဓမလည်း မတိုက်တွန်းချင်။ “ကောင်းပြီး အဖေ သူ့ကို ပြောလိုက်မယ်”

“ အဖေ ဝိုင်တွေ ဘယ်လောက် သောက်လိုက်တာလဲ။ နောက်နေ့ကျ အဲ့လက်ဆောင်တွေကို ပြန်ပို့ဖို့ အိမ်တော်ထိန်းကို ပြောလိုက်။ နောက်ပြီး သမီးတို့မိသားစုကနေပြီးတော့လည်း သူ ထိပ်တန်းပညာသင်တစ်ယောက် ဖြစ်တာကို ဂုဏ်ပြုတဲ့အနေနဲ့လက်ဆောင် တချို့ ပို့ရမယ်။ နောက်ကျလို့ရှိရင် အသက်ကယ်ပေးတဲ့ကျေးဇူးဆိုပြီး  တခြားသူတွေကို ဖိအားမပေးနဲ့” ရှဲ့ချောင် သူမ အဖေကို ပြောလိုက်၏။

သူမဘဝကို တကယ် စိုးရိမ်မိသည်။

ရှဲ့နျိုရှန်း နာခံစွာနဲ့ပဲ ခေါင်းညိတ်ခဲ့ပြန်သည်။

သူ့သမီး သူ့ကို ငွေစတချို့ပေးဖို့ မျှော်လင့်နေခဲ့သေးပေမဲ့ မပေးခဲ့ချေ။

ရှဲ့ချောင်က ရှင်းပြပြီးသည်နှင့် ပြန်သွားခဲ့သည်။ 

သူ့ရဲ့ မျှော်လင့်ချက် အပြည့်နှင့် နှလုံးသားသည်လည်း ဗလာကျင်းသွားခဲ့ရ၏။ သူ သပ်ပြင်းခပ်ဖွဖွချမိရင်း အလွန်ကို သူရဲဘောကြောင်လွန်းသည်ဟု ခံစားလိုက်ရသည်။

သူ့သမီးနှစ်ယောက်က သူ့ကို သေလုနီးပါး ထိန်းချုပ်ထားသည်။ ဒီကမ္ဘာပေါ်မှာ သူ့လောက် သနားစရာကောင်းတဲ့ဓားပြ ရှိမှာမဟုတ်လောက်ချေ။

ရှဲ့နျိုရှန်းမှာ မကျေမနပ်ချက်များ ပြည့်လို့နေသည်။ သူ ဝမ်လန်ချန်းဆီ လူလွှတ်ပြီး ဆုံနေကျ နေရာမှဆုံဖို့ စာတစ်စောင် ပို့ခိုင်းခဲ့၏။

လေးနာရီ ကြာပြီးနောက် ဝမ်လန်ချန်းသည် ငွေတိုက်ထဲကနေ ‌ထွက်လာခဲ့ကာ လက်ထဲတွင်လည်း ကျောက်စိမ်းဆံထိုးတစ်ခု ကိုင်ထားခဲ့၏။

သူ့လက်ထဲက ကျောက်စိမ်းဆံထိုးကို ကြည့်ပြီး လက်သီးခပ်ဖွဖွ ဆုပ်လိုက်ကာ မျှော်လင့်ချက်များသည်လည်း သူ့မျက်နှာထက်မှာ ပေါ်လာလေသည်။

သို့သော် သူလှည့်လိုက်သည့်အခါ တစ်စုံတစ်ခုကို သူ့ရင်ဘတ်ကို ဝင်တိုက်လိုက်၏။ အကြောင်းတစ်ခုကြောင့် သူ စုတ်ပြဲသံကိုသာ ကြားလိုက်ပြီး ထိုလူအား အဝေးကို တွန်းထုတ်ပစ်လိုက်မိသည်။

ဝမ်လန်ချန်းမြင်လိုက်ရသည်က ပြဲနေသော အဝတ်များအောက်က.. ဖြူဖွေးနေတဲ့အသားရေ။

“အားး” မိန်းမပျိုက အလျင်စလို အော်ဟစ်လာသည်။

“လူရမ်းကား!” 

ဝမ်လန်ချန်းမှာ အနည်းငယ် ကြောင်အ နေမိ၏။

သူ့ဆံထိုးက .. အဲ့တစ်ယောက်ရဲ့ အဝတ်တွေကို ဖြဲလိုက်မိတာလား?

သူ မချွန်ထက်သည့် ဆံထိုးကို ကြည့်ပြီးနောက် မှုန်ရီနေတဲ့မျက်ဝန်းနဲ့ အမျိုးသမီးကို ကြည့်လိုက်သည်။ သူ့မျက်နှာက ချက်ချင်းဆိုသလို ရှက်သွေး

ဖြာပြီး နီသွားခဲ့ကာ အမြန် ခေါင်းငုံပြီး တောင်းပန်လိုက်၏။ “ကျွန်တော်  တောင်းပန်ပါတယ် မိန်းကလေး.. တမင် ရည်ရွယ်ပြီး လုပ်လိုက်တာ မဟုတ်ပါဘူး”

သူ့ခမျာ အထစ်ထစ် အငေါ့ငေါ့ ဖြစ်လုနီးနီး။

ဖေဝမ်ယွဲ့သည် ထိုလူကို ကြည့်ပြီး ချက်ချင်းဆိုသလို ငိုချင်းချတော့သည်။

“ နောင်ကျရင် ကျွန်မ တစ်ယောက်ယောက်ကို ဘယ်လိုလုပ်ပြီး လက်ထက်နိုင်တော့မှာလဲ.. ဟင့်~~”

သူမဟာ ရင်ဘတ်ကို ဆုပ်ကိုင်ထားရင်း တုန်ယင်နေသည်မှာ အလွန် သနားစရာကောင်းပုံပေါ်နေလျက်။

အနာဂတ်မှာ သူမ ဘယ်လိုလုပ် လက်ထပ်နိုင်တော့မှာလဲ ?

ဝမ်လန်ချန်းသည်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိ။ သူတကယ်.. မမြင်သင်တဲ့အရာကို မြင်လိုက်ပေမဲ့ ဘာလို့ ဒီမိန်းကလေးရဲ့ အင်္ကျီတွေက အဲ့လောက် ပြဲလွယ်နေရလဲဆိုတာကို သူ နားမလည်နိုင်။ဝင်တိုက်မိရုံလေးနဲ့ ပြဲသွားခဲ့တာ..

နောက်ပြီး ဒီမိန်းကလေး သူ့ကို အရင်ဝင်တိုက်ခဲ့ပြီး….လူရမ်းကားဆိုပြီးတောင် ခေါ်နေသေးသည်။ သူရော အနာဂတ်မှာ ဘယ်လို နေသွားရတော့မှာလဲ?

ဝမ်လန်ချန်း၏ မျက်နှာထက်တွင် မျက်ရည်များဖြင့် ပြည့်နေသည်။ သူ့ရဲ့ ကယ်တင်ရှင် ရှဲ့သခင်မလေးကို တွေးမိသည့်အခါ ပို၍ပင် မတရားသလို

ခံစားလိုက်ရတော့သည်။

သူမသာ ဒီအကြောင်း သိသွားလို့ရှိရင် သူ့ကို တဏှာရူးဆိုပြီး ထင်နေလောက်မလား ?

သူ တွေးနေစဉ်မှာပင် လူပေါင်းများစွာက သူ့ကို ဝိုင်းအုံထားနှင့် လေပြီ!

တုတ်တုတ်ခိုင်ခိုင်နှင့် ယောကျာ်းတချို့က လူအုပ်ထဲကနေ ပေါ်လာ၍ “ကလေးမ မင်းကို အနိုင်ကျင့်တာ ဒီကောင်လား။ ဒီလို တဏှာရူးက ထပ်တလဲလဲ ပြစ်မှုကျူးလွန်တတ်တဲ့သူပဲနေမှာ၊ မိန်းကလေး ဘယ်နှယောက်တောင် သူ့ဆီကနေ အမြတ်ထုတ်ခံနေရပြီးပြီလဲ မသိဘူး !”

“ဟင့်..”ဖေ့ဝမ်ယွဲ့က ဆက်ငိုနေဆဲ။

“ကျွန်တော် မလုပ်ခဲ့..” ဝမ်လန်ချန်း မျက်မှောင် ကြုတ်သွားသည်။

“ အမယ်လေး..အဲဒါ ထိပ်တန်းကျောင်းသားသစ်မလား.? ငါသူ့ကို ဒီလမ်းပေါ်မှာ မြင်းပေါ်ကနေထိုင်ပြီးသွားတုန်းက တွေ့ဖူးတယ်! ဆိုတော့ သူက အဲ့လို လူစားမျိုးပေါ့လေ !”

“မိန်းကလေးရဲ့ ခန္ဓာကိုယ်ကိုလည်း ကြည့်ပါဦး၊ သူ ထွက်ပြေးဖို့ လုပ်နေတာလို့တော့ မပြောနဲ့နော်..”

ဝမ်လန်ချန်းခမျာ ခေါင်းပြတ်နေသည့် ယင်ကောင်ပမာ။ သန်သန်မာမာ လူတစ်‌စုက စီကနေ တွန်းပုတ်ခြင်းကို ခံနေရ၏။ သူ ဒေါသထွက်ပေမဲ့လည်း ပြန်တိုက်ခိုက်ဖို့ရာ အင်အားရှိမနေပေ။ သူ သခင်ကြီးရှဲ့ နဲ့ ချိန်းဆိုထားတာကိုသတိရပေမဲ့

တစ်လက်မလေးတောင် မရွေ့နိုင်ခဲ့ချေ။

“မင်း ဘာလုပ်နေတာလဲ” ရှဲ့နျိုရှန်း ပေါ်လာခဲ့သည်။

ဝမ်လန်ချန်း၏ မျက်လုံးများမှာ နီရဲနေလျက်။ သူရဲ့ မိသားစုဝင်တစ်ယောက်ကို တွေ့သွားသည့် အတိုင်းပင်။ “ရှဲ့သခင်ကြီး ကျွန်တော့်ကို ကယ်ပါဦး”

ရှဲ့နျိုရှန်းက သူ့ကို ဝိုင်းထားကြတဲ့ လူတွေကို လွယ်လွယ်ကူကူပင် ကန်ထုတ်ပစ်ခဲ့၏။ 

“မင်းတို့က နန်းတွင်းရုံးတော်က လူတစ်ယောက်ကို ထိခိုက်အောင် လုပ်လို့ရမယ်လို့ ထင်နေကြတာလား၊ အားလုံး ထွက်သွားကြစမ်း !” 

•••••

All Chapters