ဘာလို့ သေရမှာကြောက်နေရမှာလဲ
Vol. 32 Ch. 611
ရှဲ့နျိုရှန်း၏ ကြမ်းကြုတ်သည့် အကြည့်က အတော်လေး ထိရောက်သည်။ ချက်ချင်းဆိုသလို၊ အနားတွင်ဝိုင်းနေကြသည့် လူများ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြ၍ ဝမ်လန်ချန်းနောက်ဆုံးတော့ အသက်ရှူချောင်သွားခဲ့သည်။
ဝမ်လန်ချန်းနှင့် ရှဲ့နျိုရှန်းတို့ တွေ့ရန် စီစဉ်ထားကြသည့် စားသောက်ဆိုင်မှာ ဤ လမ်းမပေါ်တွင် ဖြစ်သည်။ ထိုကောင်လေးရဲ့မျက်နှာထက်က သနားစရာကောင်းသည့် အကြည့်ကြောင့် သူ့ကို ကူညီဖို့ ဆုံးဖြတ်ခဲ့သည်။
“ဘာဖြစ်တာလဲ” ရှဲ့နျိုရှန်း၏ မျက်ခုံးတို့ တွန့်ချိုးနေလျက်။ သူ ပြန်တည်ငြိမ်သွားပြီး ဖေဝမ်ယွဲ့ကို
မြင်သည့်အခါ သူ၏မျက်နှာထားမှာ ပို၍ပင်ဆိုးရွားသွားတော့သည်။
“မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ”
ဖေဝမ့်ယွဲ့က သူမရဲ့အဝတ်အစားတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။
ဘာလို့ ဒီကိုရောက်နေတာလဲ ? ယောကျာ်းကောင်းတစ်ယောက်ရှာဖို့ ရောက်နေတယ်ဆိုတာ အသိသာကြီးလေ !
ဘယ်သူမှ မကူညီနိုင်မှတော့ ကိုယ့်အားကိုယ်ကိုးတာ ဘာမှားလို့လဲ !
လူတိုင်းက ရှဲ့နျိုရှန်းနှင့် ဝမ်လန်ချန်းတို့ကြားမှာ အသက်ကယ်တဲ့ကျေးဇူးဆိုတာမျိုး ရှိတယ်ထင်
နေကြပေမဲ့ သူမကတော့ မယုံကြည်ပေ !
ရှဲ့နျိုရှန်းရဲ့ စိတ်နေစိတ်ထားက ဝမ်လန်ချန်းနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်တာကြောင့် ဝမ်လန်ချန်းဟာ ရှဲ့နျိုရှန်းတစ်ယောက် ရှဲ့ချောင်အတွက် ရွေးပေးထားတဲ့ အနာဂတ်ခင်ပွန်းလောင်းတစ်ယောက် ဖြစ်မယ်ဆိုတာ သူမ သေချာသည်။
သူက တကယ်ကို ကောင်းတဲ့သူတစ်ယောက်!
ထိတ်တန်းကျောင်းသား ၊ ငယ်ရွယ်ပြီးတော့ အလားအလာလည်း ကောင်းတဲ့သူ!
ရှဲ့ချောင်က ဒီလောက် အသက်တိုမယ့်လူဟာ ဘယ်လိုလုပ်ပြီး သူနဲ့ ထိုက်တန်မှာလဲ !
ရှဲ့နျိုရှန်းသည် ဖေဝမ်ယွဲ့အား မနှစ်မြို့သည့် အကြည့်ဖြင့် ကြည့်နေ၏။ ဝမ်လန်ချန်း၏ ဖြူစင်ရိုးသားသည့်မျက်နှာကို မြင်သည့်အခါ အရှေ့သို့လျှောက်သွားလိုက်၍ သူ့အား အနောက်မှာ ထားလိုက်ကာ “မင်း ငါ့သားလေးကို ဘယ်လုပ်လိုက်တာလဲ”
“သား” ဝမ်လန်ချန်းမှာ စွံ့အအသွားသည်။
'မဖြစ်နိုင်တာ၊ သားဆိုတာက … ငါ လက်ထပ်လို့မရဘူးဆိုတဲ့ သဘောမဟုတ်ဘူးလား’
ကျောက်စိမ်းဆံထိုးကို ကိုင်ထားတဲ့ ဝမ်လန်ချန်း၏ လက်တို့ ခဏတာ တုန်ယင်သွားခဲ့သော်လည်း နောက်တော့ ပြန်ပြီး တည်ငြိမ်သွားခဲ့သည်။
ရှဲ့သခင်မလေးက အိမ်ပြန်ရောက်ပြီးဒီအကြောင်းကို ကြားပြီးဖြစ်၍ သူ့ကို ငြင်းလိုက်တာဖြစ်လောက်သည်။
“ဦးလေးရှဲ့ သမီးလည်း တစ်ခါက ဦးလေးရဲ့ မယားပါ သမီးတစ်ယောက် ဖြစ်ခဲ့ဖူးတာပဲကို။ ဒီလိုမျိုး စော်ကားမလို့လား။ သူက ခုနကလေးတင် သမီးကို ဝင်တိုက်ခဲ့ပြီး သမီး အဝတ်အစားတွေကို ဖြဲ-ဖြဲပစ်ခဲ့တာ။ သမီးက မိန်းမပျိုလေး တစ်ယောက်မဟုတ်လား အနာဂတ်မှာ လက်ထပ်ရဦးမယ်လေ၊ အခုတော့ လမ်းပေါ်မှာ ဒီလောက် လူတွေအများကြီးက ဝိုင်းကြည့်နေကြတာ၊ သ-သမီး ဘာလိုလုပ်ရတော့မှာလဲ” ဖေ့ဝမ်ယွဲ့ ငိုနေ၏။
သူမက မိုးရေစက်များကြားထဲမှ သစ်တော်ပန်းပွင့်တစ်လို နူးညံ့အားနည်းတဲ့သူတစ်ယောက်။
ရှဲ့နျိုရှန်းကတော့ ငရဲမင်းတစ်ပါး ဆင်းသက်လာ
သလို ကြမ်းကြုတ်ရက်စက်သည့် ပုံစံဖြင့်။
သူတို့နှစ်ယောက်ကြားက ကွာခြားချက်က ဖေ့ဝမ်ယွဲ့ကို ပို၍ပင် သနားစရာ ကောင်းသွားစေသည်။လူပေါင်းများစွာသည် သူမအား ဂရုဏာသက်စွာဖြင့် ကြည့်နေကြလေသည်။
တကယ်တော့ သူတို့ ရှဲ့နျိုရှန်းကိုလည်း ဝေဖန် မပြောဆိုရဲကြ။
ဝမ်လန်ချန်းလို အားနည်းတဲ့ သခင်လေးတစ်ယောက်က ဒေါသထွက်ရင်တောင် အန္တရာယ်ပေးနိုင်မည့် လူမျိူးမဟုတ်။ သို့သော် ကောက်ကာ ငင်ကာကြီး ရောက်ချလာသည့် ရှဲ့နျိုရှန်းကတော့ မတူပေ။
သူတို့ လက်ညှိုးထိုး ပြောဆိုလို့ရမည့် လူမျိုး
မဟုတ်။
အစောက ဖေဝမ်ယွဲ့ လာဘ်ထိုးထားခဲ့သည့် သူများတောင် အခု ငြိမ်သွားခဲ့ချေပြီ။
“မင်းက ဒီလောက်ပါးလှပ်တဲ့ အင်္ကျီကို ဝတ်ထားမှတော့ ပြဲသွားတာတောင် နည်းသေး, လန်ချန်းက အဲ့လိုလုပ်တတ်တဲ့ လူစားမျိုးမဟုတ်ဘူး”
သူက ဝမ်လန်ချန်းနဲ့အတူတူ အမြဲသောက်လာခဲ့တာ၊ တစ်ချက်ကြည့်တာနဲ့ ဘယ်လိုကလေးမျိုးလည်း ဆိုတာ သိတယ် !
သူ့ကို ဆောင်ကြာမြိုင်ဆီလည်း ခေါ်သွားခဲ့ဖူးသည်။ ဆောင်ကြာမြိုင်ကို ရောက်သည်နှင့် ဝမ်လန်ချန်းက ထိုအမျိုးသမီးတွေရဲ့ သုံးမီတာ အကွာလောက်တွင်သာ နေသည်။ လက်ကိုလည်း
အင်္ကျီထဲဝှက်ထားပြီး ဆန့်တောင် မထုတ်ရဲ။ ဒါတင်မက သူ့ကို အကြိမ်ရေများစွာ သေရည်တိုက်ခဲ့ဖူးသည်။ သူ့ရဲ့ ဝိုင်အရသာခံနိုင်စွမ်းက အလွန်ကောင်း၏။
ပြောရမယ်ဆိုလျှင် ဒီ ဖေမိသားစုက မိန်းကလေးက သူအတွက် တွဲဖက်ကောင်းမဟုတ်။
သူမက ပစ္စည်းတွေ ခိုးခဲ့ရုံတင်မဟုတ်ဘဲ လူတွေကိုပါ လှည့်စားဖို့ ကြိုးစားနေတဲ့သူပင်။
ဖေဝမ်ယွဲ့၏ ကိုယ်ပေါ်က အဝတ်အစားများသည် တကယ်ကို ပါးလှပ်ကာ နူးညံ့သည့်ပုံပေါ်၏။ သို့သော် ရာသီဥတုက အေးနေဆဲဖြစ်ရာ သူမ အတ်အစားများက ပါးလွန်းနေလေသည်။
ဦးလေးရှဲ့၌ စူးရှတဲ့မျက်လုံးရှိလိမ့်မည်ဟု သူမ မ
ထင်ထားခဲ့။သူမ၏ နှလုံးသား တောင့်တင်းသွားခဲ့ကာ
“ဦးလေးရှဲ့က အရင်တုန်းကလည်း သမီးကို အထင်သေးခဲ့တယ်.. အခုကျတော့လည်း… ဦးလေး ဒေါသထွက်ရတဲ့ အကြောင်းက ညီမလေးရှဲ့ရဲ့ အိမ်ထောင်ဖက်ကို ခိုးသွားမှာ စိုးရိမ်လို့မလား၊ ကောင်းပြီလေ သမီးဘဝက ဦးလေးလက်ထဲမှာပဲ၊ သမီးရဲ့ ဖြူစင်မှုကို သက်သေပြဖို့ ဘာလို့ သေရမှာကြောက်နေတော့မှာလဲ ?!”
ဖေဝမ်ယွဲသည် စကားဆုံးသည်နှင့် ပြေးသွားလေ၏။
ဘန်းခနဲ မြည်သံနှင့်အတူ သူမ တံစက်မြိတ်အောက်က တိုင်လုံးကို ဝင်ဆောင့်ပစ်တော့သည် !
ဝမ်လန်ချန်းမှာ ထိတ်လန့်သွားရ၏။
ဖေ့ဝမ်ယွဲ့၏ နဖူးမှ သွေးများစီးကျလာပြီးနောက် သတိလစ်သွားတာကို မြင်လိုက်ရလေသည်။
•••••