ဘာဖြစ်လို့လဲ
Vol. 32 Ch. 613
ဘယ်က သမီးရည်းစားလဲ? သူ ဘာလို့ အဲ့အကြောင်းကို အရင်က မကြားမိတာလဲ ?
“မင်း …” ရှဲ့နျိုရှန်းမှာ အနည်းငယ် နှေးဖင့်နေ၏။
ဝမ်လန်ချန်းလောက် သူ မသွက်လက်ပေမဲ့ သူ့ကို အမှီလိုက်နိုင်ဖို့ အကောင်းဆုံး ကြိုးစားရှာသည်။
သို့သော် သူ နားမလည်နိုင်ဆဲပင်။
“အဲ ကောင်မလေးက ကိုယ်လုပ်တော် လုပ်ဖို့ ဆန္ဒရှိပါ့မလား” ရှဲ့နျိုရှန်း မနေနိုင်တော့ဘဲ တီးတိုးမေးလိုက်၏။
ဝမ်လန်ချန်းက ပြုံးလျက် “ကျွန်တော်က သူ့ဖြူစင်မှုကို ဖျက်ဆီးခဲ့ပါတယ်ဆိုပြီး ပြောခဲ့မှတော့ သူ ကိုယ်လုပ်တော်တစ်ယောက် မလုပ်ချင်
ရင် ဆံပင်ရိတ်ပြီး သီလရှင် ဝတ်လိုက်ရုံပဲရှိတာပေါ့၊ ကျွန်တော့်ဘက်က အရင်စမှားခဲ့တယ်ဆိုရင်တောင် ကျွန်ဝောာ့်ဘက်က သူ့ကို ကိုယ်လုပ်တော် အဖြစ်ပဲ လက်ခံဖို့ ဆန္ဒရှိတယ်ဆိုရင် သူ ဇနီးနေရာကို ငမ်းငမ်းတက် လိုချင်ရဲဦးမှာတဲ့လား။ အဲဒီလိုဆိုရင် ကောလဟာလတွေက သူမ ဘက်မှာ ရှိမှာမဟုတ်တော့ဘူး”
ဝမ်လန်ချန်းဆိုတဲ့ သူက မိဘတွေမရှိတော့ဘူးဆိုပေမဲ့ လက်ရှိမင်းဆက်ရဲ့ အမှုထမ်းတစ်ယောက် ဖြစ်နေတုန်းပဲ မဟုတ်လား ?
ဖေသခင်မလေးသည်တော့ သူမ အဖေက ဆုံးသွားပြီဖြစ်၍ အမေကလည်း ကွာရှင်းပြီးနောက်မှာ တစ်ယောက်တည်း နေနေရတဲ့အပြင် သူမသည်လည်း တော်ဝင်ကျောင်းတော်မှ နှင်ထုတ်ခြင်းခံထားရသည်လေ၊ သာမန် မိသားစုတစ်စုက သူ့လို မိန်းကလေးတစ်ယောက်ကို လက်ထပ်ရဲလိမ့်မည်မဟုတ်။
သူ သူမကို ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာဖို့ ပြောတာ ဘာမှားလို့လဲ။
ရှဲ့နျိုရှန်းဟာ တစ်ဖက်လူ၏ မိသားစု အဆင့်အတန်းကို တော်ရုံကြည့်ခဲသည်။ အခု ဝမ်လန်ချန်းက သတိပေးမှသာ ယုတ္တိရှိသည်ဟု ထင်မိတော့သည်။
“ကိုယ်လုပ်တော် တစ်ယောက်ယူရတာ လွယ်တယ် မလား ဝေါယာဉ်က တံခါးရှေ့ကို ရောက်လာမယ်၊ တံခါးကို ဖြတ်လိုက်ပြီဆိုတာနဲ့ သူ မင်းစကားကိုပဲ နားထောင်ရတော့မှာဟုတ် ? “
ရှဲ့နျိုရှန်း ကျေနပ်သွားကာ “အဲဒီ ငမိုက်မက သူ့ဟာသူ ကျင်းတူးပြီး ခုန်ချတာပဲ၊ အသက်ရှင်ရတာ ပင်ပန်းနေလို့ထင်တယ် !”
သူသာ တစ်ယောက်ယောက်ကို သဘောမကျဘူးဆိုလျှင် တစ်ဖက်လူက ဘယ်လောက်ပဲ သနားစရာ ကောင်းနေပါစေ သူ တစ်စက်လေးတောင် ကရုဏာသက်လိမ့်မည်မဟုတ်။
ဝမ်လန်ချန်း ရှက်ရွံစွာပြုံးလိုက်သည်။ သိမ်မွေ့သော်လည်း အန္တရာယ်ပေးတတ်သည့် လူတစ်ယောက်လိုပင်။
စီစဉ်ထားတဲ့ မင်္ဂလာပွဲကိစ္စကတော့….
သူ မွေးရပ်မြေကနေ ထွက်လာခဲ့ချိန်က မိသားစုမှ အကြီးအကဲများက သူ့အတွက် မင်္ဂလာပွဲ စီစဉ်ပေးလိုကြောင်း တကယ် ပြောခဲ့ကြသည်။
သို့သော် ထိုအချိန်က သင့်တော်တဲ့ ကြင်ယာဖက်
လည်း မရှိသလို သူလည်း အနည်းငယ် စောင့်ဆိုင်းချင်သေးတာကြောင့် ငြင်းဆိုခဲ့သည်။ အခု သူက စာအကြောင်းပြန်လိုက်ပြီး ဖြစ်၍ မိသားစုရှိ လူကြီးများက သူ့အတွက် မိန်းမကောင်းတစ်ယောက် ချက်ချင်းရှာပေးကြမှာပင်။
ဝမ်မိသားစုများက ချမ်းသာသူများမဟုတ်ကြသည့်အပြင် သူ့မှာ မိဘရော မောင်နှမသားချင်းရော မရှိ။သို့သော် ဒီနှစ်တွေထဲမှာ မိသားစုဝင်တွေဆီကနေ အနိုင်ကျင့်ခံရတာမျိုး တစ်ခါမှ မရှိခဲ့။
အကြောင်းရင်းမှာ မိသားစုထဲ၌ နှစ်တစ်ရာကျော်ကြာသည့်တိုင် အခြေခံပညာသင်နိုင်သည့် ကလေးတစ်ယောက်မှ မရှိခဲ့ရာ သူ့အပေါ် မျှော်လင့်ချက်ကြီးကြလေသည်
ထို့ကြောင့် မိသားစုဝင်များသည် သူ့ရဲ့ကြွယ်ဝချမ်းသာမှုများကို လုယူတိုက်ခိုက်ခြင်း မပြုကြ
ရုံမက စောင့်ပင်စောင့်ရှောက်ပေးကြသေးသည်။
သူ့ရဲ့ အနာဂတ်ဇနီးလောင်းအတွက်လည်း…
မိသားစုဝင်များသည် မဆင်မခြင် ပြုကြလိမ့်မည်မဟုတ်။ သူတို့ရွေးချယ်ပေးထားသည့် ဇနီးလောင်းသည် အင်မတန် မွန်မြတ်ပြီး သိမ်မွေ့တဲ့ မိန်းမကောင်းတစ်ယောက် ဖြစ်ပေလိမ့်မည်။
တစ်ခဏ အကြာ၌ ဖေဝမ်ယွဲ့ နိုးလာခဲ့၏။
ဝမ်လန်ချန်းသည် အရှေ့ကို ညင်ညင်သာသာ လျှောက်သွား၍ “ငါ ဒီနေ့ မင်းကို မရိုင်းပျမိခဲ့သင့်ဘူး၊ ဒါပေမဲ့ ငါမင်းကို ကိုယ်လုပ်တော်တစ်ယောက် အဖြစ် ယူဖို့ ဆန္ဒရှိတယ်။ မင်းရဲ့ ကျန်နေတဲ့ ဘဝကို အဖော်မဲ့ပြီး ခိုကိုးရာမရှိ ဖြတ်သန်းသွားရမှာမျိုး အဖြစ်မခံနိုင်ဘူး”
ဖေဝမ်ယွဲ့၏ မျက်လုံးအိမ်တို့ ကျဉ်းမြောင်းသွားသည်။
“ကိုယ်လုပ်တော် ?!”
“ဘာဖြစ်လို့လဲ” ဝမ်လန်ချန်က ပြုံးလျက် “ဖေသခင်မလေး အိမ်မှာစောင့်နေလိုက်ပါ၊ အချိန်ကျရင် မင်းကို ကြိုဖို့ လူလွှတ်လိုက်မယ်။ရပါတယ် မင်းဆန္ဒမရှိဘူးဆိုရင်လည်း ငါ အတင်းဖိအား မပေးပါဘူး”
ပြောပြီးသည်နှင့် ဝမ်လန်ချန်းသည် ပူပင်ကြောင့်ကြကင်းမဲ့သည့်ဟန်ဖြင့် ထွက်သွားတော့သည်။
ရှဲ့နျိုရှန်းသည်လည်း ကျေနပ်နေ၏။ သူက လက်ခုပ်ပင် တီးလိုက်သေးသည်။ “သိပ်ကိုကောင်းတယ် !”
ဝမ်လန်ချန်းသည် အသုံးမကျသည့် ပညာသင်ကျောင်းသားတစ်ယောက်ဟု သူထင်ခဲ့သည်။ အရေးကြုံသည့် အခါမျိုး၌ ဒီလိုမျိုး ပြတ်သားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ကျစ်, စိတ်မကောင်းစရာပဲ၊ ဒီလို ကောင်လေးမျိုးက ဘာလို့များ သူ့သားမက် မဟုတ်ရတာလဲ !
“သား, ငါမင်းကို ဓားရှည် ဘယ်လို သုံးရမလဲ သင်ပေးမယ်၊ မင်းက အခု ဇနီးရော ကိုယ်လုပ်တော်ရော ယူတော့မှာ မင်းရဲ့ ခန္ဓာကိုယ်ကို မလေ့ကျင့်ထားလို့မရဘူး” ရှဲ့နျိုရှန်းသည် ဝမ်လန်ချန်းကို ကြည့်လေလေ သူ့ကို ပိုပြီး သဘောကျလာ လေလေဖြစ်နေသည်။
ဒီကလေးက သူ့သားထက်တောင် ပိုကောင်းတယ်!
ရှဲ့ဖင်းကန်း ၊အဲဒီ သူရဲဘောကြောင်တဲ့သူက သူ့ကို သတ်ပဲ သတ်ချင်နေတာ၊ စဉ်းစားဉာဏ်ကို မရှိဘူး !
ဝမ်လန်ချန်သည် ခေါင်းလှည့်၍ ရှဲ့နျိုရှန်းကို ကြည့်လိုက်၍ လိမ်လိမ်မာမာနှင့် ဝက်ဝံပေါက်လေးတစ်ကောင်ပမာ ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ် ဦးလေး”
ရှဲ့နျိုရှန်းသည် ထိုစကားကြောင့် ပီတိဖြာသွားက ပို၍ပျော်သွားလေသည်။
ဘယ်လောက် သိတတ်လိုက်လဲ !
ရှဲ့နျိုရှန်းက ပျော်နေသော်လည်း ဆေးပေးခန်းထဲတွင် ရှိနေသည့် ဖေဝမ်ယွဲ့ရဲ့ မျက်နှာကတော့ အကျည်းတန်နေလေပြီ။
•••••