← Chapters

စိတ်ပျက်စရာကောင်းသော ဘဝ

Vol. 32 Ch. 614

စိတ်ပျက်စရာကောင်းသော ဘဝ

Vol. 32 Ch. 614

ဖေဝမ်ယွဲ့တစ်ယောက် သူမ နားကြားမှားတာလို့တောင် ထင်မိသွားသည်။

ကိုယ်လုပ်တော် ဖြစ်လာဖို့လေးနဲ့ သူမ ဂုဏ်သတင်းကို ဖျက်ဆီးမလား ! ဟုတ်မနေဘူး !

တစ်‌နေ့မှာ အဆင့်နိမ့် ကိုယ်လုပ်တော် တစ်ယောက် ဖြစ်လာရလာလိမ့်မယ်လို့ တစ်ခါမှတောင် မတွေးဖူးဘူး!

ဝမ်လန်ချန်းလို အမတ်ငယ်တစ်‌ယောက် မပြောနဲ့ ရှဲ့နျိုရှန်းလို အဆင့်သုံးအမတ်တစ်ယောက်ကို လက်ထပ်တယ်ဆိုရင်တောင် ကိုယ်လုပ်တော် မဖြစ်ချင်ဘူး !

သူအမေလို တစ်ခါ လက်ထပ်ထားပြီးသားသူတောင် ဇနီးတစ်ယောက် ဖြစ်နိုင်သေးတာ၊ သူမလို အပျိုစင်တစ်ယောက်က ကိုယ်လုပ်တော်တစ်‌ယောက် ဖြစ်ဖို့ပဲ တန်တယ်ပေါ့ !

ထိုအခိုက်အတန့်၌ ဖေဝမ်ယွဲ့မှာ သူမ ရင်ထဲက ‌ဒေါသနဲ့ အမုန်းတရားများကို မချုပ်တည်းထားနိုင်ခဲ့ချေ။

သူမ ဒီလောက် စတေးထားတာတောင် ရလဒ်က ဒါပဲတဲ့လား ?!

ဝမ်လန်ချန်းက သူမကို ကိုယ်လုပ်တော် အဖြစ်ပဲ ယူချင်တာ ဆိုရင် ဘယ်သူက တရားဝင် ဇနီး ဖြစ်မှာလဲ ရှဲ့ချောင်လား ?

ဖေ့ဝမ်ယွဲ့၏ မျက်နှာမှာ ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် ပို၍ပင် ဆိုးရွားသွားတော့သည်။သူမကိုယ်သူမ သေသေသပ်သပ် ဖြစ်အောင် လုပ်၍  အမြန် ထထွက်သွားခဲ့၏။ အပြင်ဘက်တွင် ပွဲကြည့်ဖို့ စောင့်ဆိုင်းနေသည့်သူများ ရှိနေကြဆဲ။  သူမ ပိုလို့တောင် ရှက်သွားခဲ့သည်။

သူမ အိမ်မပြန်ခဲ့။ အဲဒီအစား စားသောက်ဆိုင်တစ်ဆိုင်ရှိ သီးသန့်အခန်းထဲသို့ သွားခဲ့၏။ ထိုအခန်းထဲ၌ အိမ်တော်ထိန်းတစ်ဦးထိုင်နေလေသည်။

“ဘယ်လိုလဲ၊ ဖေသခင်မလေး အကုန်လုံး ပြီးမြောက်သွားပြီလား” တစ်ဖက်လူက မေးလာသည်။

ဖေဝမ်ယွဲ့၏ မျက်နှာမှာ သုန်မှုန်နေလျက် “ဝမ်လန်ချန်းက ကျွန်မကို သူ့ကိုယ်လုပ်တော်ဖြစ်စေချင်တာတဲ့လေ !”

“ဟန်လင်းကျောင်းတော်မှာ အလုပ်လုပ်‌နေတဲ့ အတော်ဆုံး ပညာသင်ကျောင်းသား၊ သူ့ရဲ့ အဆင့်အတန်းက မနိမ့်ဘူး၊ ဖေသခင်မလေးလို အဆင့်အတန်းမျိုးနဲ့ဆိုရင် သူ့ရဲ့ ကိုယ်လုပ်တော်ပဲ ဖြစ်စေချင်တာ အဓိပ္ပာယ်တော့ ရှိပါတယ်” အိမ်တော်ထိန်းက ပြုံးလိုက်၏။ သူ မအံ့ဩသွားခဲ့ချေ။

ဒီကမ္ဘာပေါ်ရှိတဲ့ လူတိုင်း အချင်းချင်း လက်ထပ်ဖို့အတွက် တူညီတဲ့ အဆင့်တန်းတစ်ခုရှိကြရမည်

လေ။

ဧကရာဇ်သည် အိမ်ရှေ့စံမင်းသား၏ အဆက်အသွယ်များအား ပို၍များပြားစေချင်ခဲ့၏။ 

တော်ဝင်စားမေးပွဲ ဖြေဆိုသည့် ကျောင်းသားများထဲ၌ ၊ဝမ်လန်ချန်းသည် အိမ်ရှေ့စံရွေးချယ်ခဲ့သည့်သူ ဖြစ်ကာ သစ္စာရှိပြီး နာခံတတ်တဲ့သူတစ်ယောက် ဖြစ်သည်။ သူသည် အမတ်တစ်ယောက် ချက်ချင်းဖြစ်လာခဲ့၍ အဆင့်ခြောက်ရာထူးပင် ပေးအပ်ခြင်းခံခဲ့ရသည်။ နောက် သုံးနှစ်ကနေ ငါးနှစ်လောက်နေရင်… သေချာပေါက် ရာထူးတိုးခံရမှာပင်။

အမတ်ပေါင်းများစွာက သူတို့ရဲ့ တရားဝင်သမီးကို သူနဲ့ လက်ထပ်စေချင်နေကြသည်။

သို့သော် သူတို့ သမီးက ဝမ်လန်ချန်းကို လက်ထပ်လိုက်တာနဲ့ သူတို့က အိမ်ရှေ့စံလက်အောက် ရောက်သွားတော့မည်ဆိုသည်အား သိနေကြ၍သာ လက်ထပ်ဖို့ အရေးကို အလျင်မလိုခဲ့ကြခြင်းပင်။

“ဝမ်လန်ချန်းက အချစ်ရေးနဲ့ ပတ်သက်လာရင် သစ္စာရှိတဲ့သူတစ်ယောက်လို့ ကျုပ်သခင်က အစက ထင်နေခဲ့တာ။ ဖေသခင်မလေးသာ ကံကောင်းရင်  တရားဝင်ဇနီးတစ်ယောက် ဖြစ်နိုင်လောက်တယ်ပေါ့၊ ကံဆိုးချင်တော့ ဖေသခင်မလေးရဲ့ ဘဝက ချို့တဲ့နေသေးတဲ့ပုံပဲ”

အိမ်တော်ထိန်းက ပြောလိုက်သည်။

သူရဲ့စကားလုံးတွေက ဖေဝမ်ယွဲ့ကို အောင်မြင်စွာ ရန်စလိုက်နိုင်သည်။

သူမ မျက်နှာက ဒေါသကြောင့် ပို၍ပင် နီလာကာ “ရှင့်သခင်က လုပ်နိုင်စွမ်းရှိတာပဲကို၊ သူ့အာဏာ သုံးလိုက်လို့မရဘူးလား”

တစ်ဖက်လူက ပြုံးလျက် “ဖေသခင်မလေးသာ ကျုပ်ကို ပိုက်ဆံပေးပြီး သစ္စာရှိမှုကို ပြခဲ့တာမဟုတ်ရင်၊ ဒီလိုမျိုး ကောင်းတဲ့ကိစွက ဖြစ်လာမှာတောင် မဟုတ်ဘူး၊အခု မင်းက ဝမ်လန်ချန်းရဲ့ ကတိကို ရလာပြီးပြီဆိုမှတော့၊ လိမ်လိမ်မာမာနဲ့ အိမ်ပြန်ပြီးပဲ မင်္ဂလာဆောင်ဖို့ကို စောင့်နေသင့်တယ်။ဝမ်သခင်လေးရဲ့ ဘေးမှာ ရှိနေရင် သူ့ကို လေ့လာလို့ရမယ်၊ ရိုးရိုးရှင်းရှင်းပဲဟာ နားဝေတိမ်းတောင် ဖြစ်မနေပါနဲ့”

ဖေဝမ်ယွဲ့ လက်သီးဆုပ်လိုက်၏။

“ ကျွန်မ ကိုယ်လုပ်တော်မဖြစ်ချင်ဘူး !” ဖေ့ဝမ်ယွဲ့

ဟာ ‌နောက်ဆုံးထိ ရှေ့နောက်မစဉ်းစားဘဲ ပြောနေဆဲ။

“သခင်မလေး သေချာ စဉ်းစားပြီးသွားပြီလား၊ မင်းက တော်ဝင်ကျောင်းတော်ကနေ နှင်ထုတ်ခံထားတာက ၊ဂုဏ်သိက္ခာကလည်း စွန်းထင်းသွားပြီ။ အမတ်တွေဆီကနေ မင်း ဘယ်လောက်ပဲ မျက်နှာသာရအောင် ကြိုးစားကြိုးစား အလွန်ဆုံးမှ ကိုယ်လုပ်တော် တစ်‌ယောက်ပဲ ဖြစ်နိုင်မှာ၊ ဝမ်လန်ချန်းက ပညာတတ်၊အရည်အချင်းရှိ  ကြည့်ကောင်းတဲ့သူတစ်ယောက်၊ အရေးကြီးဆုံးက‌ သူက ငယ်ရွယ်ပြီးတော့ အနားမှာလည်း ဘယ်သူမှမရှိသေးဘူး၊ တခြားသူတွေထက် သူက ပိုကောင်းတယ် မဟုတ်လား”

“မင်း သဘောမကျဘူးဆိုရင်တော့… မြို့တော်မှာ မရှင်သန်နိုင်မှာ စိုးရိမ်မိတယ်” အိမ်တော်ထိန်းက ထပ်ပြောလိုက်သည်။

ဖေဝမ်ယွဲ့မှာ ရေခဲဂူထဲကို ကျသွားသလိုပင် ခံစားလိုက်ရသည်။

သူမ ဘဝက ဘာလို့ ဒီလောက်တောင် စိတ်ပျက်စရာ ကောင်းနေရတာလဲ?

သူမ ငယ်ငယ်ကတည်းက အများကြီး ခံစားခဲ့ရသည်။ မြို့တော်ကို ရောက်လာတော့လည်း တခြားသူတွေဆီကနေ အနိုင်ကျင့်ခံရပြန်သည်။

အခု သူမမှာ ရွေးချယ်စရာ မရှိတော့ဘူးဆိုတာ သိလိုက်ရ၏။ ရှဲ့မိသားစုက သူမကို သည်းမခံနိုင်ဘူးဆိုပေမဲ့၊ ရှဲ့နျိုရှန်းဟာ မေတ္တာတရားကြီးမားတဲ့သူ ဖြစ်နေတဲ့အတွက် သူမနဲ့ သူမအမေကို မြို့တော်က မောင်းမထုတ်ခဲ့။သို့သော်၊ အခုတော့ ဒီလူက…

သူမသာ သူ့ကို ကလန်ကဆန် လုပ်မိလျှင် မြို့တော်ကနေ နှင်ထုတ်ခံရတာထက် ဆိုးရွားတဲ့ ကိစ္စရပ်တွေ ဖြစ်လာမှာပင်…

ဖေဝမ်ယွဲ့ အခြေအနေကို ဘယ်လို ဆုံးဖြတ်ရမလဲ သိသည်။

“ကောင်းပြီ၊ ကျွန်မ သူ့ရဲ့ ကိုယ်လုပ်တော်ပဲ လုပ်လိုက်မယ်….”

“မနက်ဖြန်ကျရင် မင်းကို လိမ်းဆေးတချို့ လာပို့လိမ့်မယ်၊ ကိုယ်လုပ်တော် တစ်ယောက်အတွက် မျက်နှာက အရေးကြီးဆုံးပဲ၊ မျက်နှာသာ ပျက်ဆီးသွားရင် မင်းက ဘာမှမဟုတ်တော့ဘူး…”

ပြောပြီးသွားတဲ့‌နောက် သူ ဖေဝမ်ယွဲ့ကို ပြန်သွားစေခဲ့သည်။

•••••

All Chapters