သံယောဇဉ် ဖြတ်တောက်ခြင်း
Vol. 32 Ch. 615
ဝမ်လန်ချန်းသည် ကိုယ့်စကားကိုယ်တည်တဲ့သူတစ်ယောက် ဖြစ်၏။ ဖေဝမ်ယွဲ့၏ လိပ်စာကို ရပြီးသည်နှင့် နောက်တစ်နေ့တွင် ကိုယ်လုပ်တော်အဖြစ်ယူကြောင်းစာရွက်စာတမ်းကို ခြံဝန်းငယ်လေးဆီ သွားပို့ခဲ့သည်။
လုသခင်မဟာ သူ့သမီးက အမြဲတမ်း ဖမ်းရခက်တဲ့သူဆိုတာသိသည်။ ဘာကို အလုပ်ရှုပ်လို့ ရှုပ်နေမှန်းလည်း မသိ။
အခု စာရွက်ကို မြင်သည့်အခါ သူမ ခေါင်းကိုက်နေလေပြီ။
သူမ အလွန် ဒေါသထွက်နေ၏။
သူမ သမီးကတော့ ထိုစာရွက်မှာ တကယ်ကြီး လက်မှတ်ထိုးခဲ့သည်။
လက်မှတ်ထိုးပြီးသွားရင် နောက်သုံးရက်နေရင် ထမ်းစင်နဲ့ လာခေါ်တာ ခံရတော့မှာမလား ?
“နင် စိတ်ရော မှန်သေးရဲ့လား။ ငါတို့မှာ ငွေရှိတယ်၊ ငါတို့ရဲ့ ဂုဏ်သတင်းဆိုးကြောင့်ဆိုရင်တောင် သာမန်အရပ်သားတစ်ယောက်ရဲ့ ဇနီးဖြစ်နိုင်သေးတဲ့ဟာကို, နင်က ကိုယ်လုပ်တော်တစ်ယောက် လုပ်မယ်ပေါ့။ နင်ဟာလေ ဦးနှောက်ကို မရှိဘူး” လုသခင်မမှာ နေ့ရက်တိုင်း နောင်တတရားနဲ့ ဖြတ်သန်းနေရတဲ့ထဲ အခုဆိုလျှင် ထိုနောင်တက ထိပ်ဆုံးကို ရောက်သွားလေပြီ။
ဒီ မသိတတ်တဲ့ သမီးက ကောင်းကောင်းမွန်မွန်ကို နေခွင့်မပေးဘူး !
သူမ မှားသွားတယ် ! တကယ်ကို မှားသွားတယ် !
“အမေ၊ သမီးကရော လုပ်ချင်လွန်းလို့ လုပ်တယ်ထင်နေတာလား၊ အဲဒါတွေအကုန် သမီးရဲ့ လမ်းကို လာပိတ်နေတဲ့ ရှဲ့ချောင် ကြောင့် ! ဝမ်လန်ချန်းက ရှဲ့ချောင်ကို လက်ထပ်ချင်နေတာလေ။ အဲဒါကြောင့် သူ သမီးရဲ့ ခန္ဓာကိုယ်ကို မြင်ပြီးသွားတာတောင် ကိုယ်လုပ်တော် အဖြစ်ပဲ ယူတာပေါ့။ သမီးကို တစ်ခါပြီးတစ်ခါ အရှက်ခွဲနေတာ သူပဲ။”
လုသခင်မ သူမကို ပါးရိုက်လိုက်သည်။ “နင်က ခေါင်းမာနေတုန်းပဲလား”
ဘဝကို ပင်ပင်ပန်းပန်း နေရတဲ့ အချိန်ကျမှ သူမ သက်တောင့်သက်သာနဲ့ နေခဲ့ရတဲ့ အချိန်ကို ပြန်တွေးမိသည်။
သူမ စဉ်းစားမိလေလေ သူမ အတိတ်မှာ မှားခဲ့တယ်ဆိုတာ ခံစားမိလေလေပင်။
ရှဲ့ချောင် သူတို့သားအမိနှစ်ယောက်ကို ဘယ်နေရာမှာများ အမှားလုပ်မိလို့လဲ ?
သူတို့ ပထမဆုံး တွေ့ကြတဲ့အချိန်။ သူမက သူတို့ကို ကြည့်လည်း မကြည့် စကားလည်း မပြောချင်ပေမဲ့ တရိုတသေနဲ့ ဦးညွှတ်ပြီး သူမက(လုသခင်မ) တတိယဇနီးဖြစ်နေတာတောင် ‘အမေ’ ဆိုပြီး ခေါ်ခဲ့တာ !
ဒါတွေအကုန် သူမကြောင့်…. ဘယ်အရာကကိုယ့်
အတွက် ကောင်းလဲဆိုတာ မသိခဲ့လို့။ သူမ သမီးကိုသာ အလိုလိုက်ဖျက်ဆီးပြီး ရှဲ့နျိုရှန်းရဲ့ သမီးကို အရေးတယူမရှိခဲ့တာ !
ရှဲ့ချောင်ရဲ့ ပစ္စည်းတွေကို ပျောက်စေမိခဲ့တယ်။ ရှဲ့ချောင်ရဲ့ အကြံပေးချက်တွေကို လစ်လျူရှုပြီး သူ့ သမီးကိုတောင် ပစ္စည်းခိုးဖို့ ခွင့်ပြုပေးမိခဲ့တယ်…
“ယွဲ့အာ၊ သမီးက အမေ့သမီးပါ၊ သမီးအတွက် အကောင်းဆုံးကိုပဲ ဖြစ်စေချင်တာပေါ့ ! ဝမ်လန်ချန်းရဲ့ စိတ်နေစိတ်ထား ဘယ်လို ရှိလဲဆိုတာ အမေမသိဘူး၊ ဒါပေမဲ့ သမီးလည်း ရှဲ့ချောင် အကြောင်းသိနေတာပဲ၊ သူ့ပုံစံက အားနည်းတယ်ဆိုပေမဲ့ မြင့်မြတ်တဲ့သူတစ်ယောက် မဟုတ်လား၊ သူ့ ယောကျာ်းက ကိုယ်လုပ်တော်တစ်ယောက်ရှိနေတာကို သည်းခံနိုင်မယ်လို့ မထင်ဘူး”
သူမ ဒီလို ခံစားရတဲ့အကြောင်းက ရှဲ့ချောင်ဟာ… စင်ကြယ်မှုကို သဘောကျတဲ့သူတစ်ယောက် ဆိုတာ သိနေတာကြောင့်ပင်…
အိမ်မှာဆိုလျှင် တခြားသူများ ထိကိုင်ပြီးသည့်အရာများကို တော်ရုံအသုံးပြုတတ်သူ မဟုတ်။
သူမတွင် လက်ကိုင်ပုဝါ တစ်ထည် အမြဲတမ်းရှိတတ်ကာ သူမ လက်ကို တစ်ချိန်လုံး သုတ်နေတတ်သည်။ သာမန်အရာများနှင့် ပတ်သက်လျှင်တောင် ဇီဇာကြောင်နေသည့်သူက သူမလူကို အဲလိုမျိုး လုပ်ခွင့်ပေးမယ်တဲ့လား ?
“အမေ ဒီထက်ပိုပြီး ဂရုစိုက်နေစရာ မလိုဘူး!” ဖေဝမ်ယွဲ့က ပြောရင်းဆိုရင်းနှင့် ငွေစ တစ်ရာကို သူမ အမေဆီ ပစ်ပေးလိုက်ကာ
“နောင်ကျရင် အမေ့ကို ဂရုစိုက်နိုင်မှာ မဟုတ်တော့ဘူး၊ ဒီငွေတွေက အမေ့အတွက်၊ အနာဂတ်မှာ အမေ့မှာဘာပြဿာနပဲ ရှိရှိ သမီးကို လာမရှာပါနဲ့”
လုသခင်မခမျာ အရိုက်ခံရတုန်းကထက်ပင် ပိုပြီး နာကျင်သွားရတော့သည်။
သူမက သမီးဖြစ်သူကို ငွေများအကုန် ပေးထားသည်။ အခု သူ့သမီးက သူ့ကို ငွေစတစ်ရာသာ ပြန်ပေးနေ၏။
သူတောင်းစားတစ်ယောက်ကို အဝေးတွန်းထုတ်ဖို့ ကြိုးစားနေသလိုမျိုး မဟုတ်ဘူးလား ?
သူ့ကို အတင်းပေးစားမိလို့လား၊ သူနဲ့ သံယောစဉ် အကုန်ဖြတ်ခဲ့လို့လား ?
သို့သော်လည်း လုသခင်မ သူမကို မတားနိုင်ခဲ့။ ဖေဝမ်ယွဲ့ ပြောဆိုပြီးသည်နှင့် သူမ အမေကို လစ်လျူရှုထားကာ ဝမ်အိမ်ဝောာ်ကိုသွားရန် အတွက်သာ ပြင်ဆင်နေတော့သည်။
သူမ သမီးက သူမကို လုံးဝ ဂရုမစိုက်ချေ။ လုသခင်မမှာ နောင်တတရားများဖြင့် ပြည့်နေ၏။သူမလည်း ဘာတွေးနေမိမှန်းမသိဘဲ၊ ရှဲ့အိမ်တော်ကို သွားခဲ့လေသည်။
နေ့လည်ခင်း၌ ရှဲ့ချောင်သည် ဖန်းမုရွယ်နှင့် တခြားသူများကို စာသင်ပေးနေ၏။
အိမ်ထောင်ထိန်း အသစ်က လုသခင်မကို မြင်လိုက်သည်နှင့် အိမ်ကို ဖောက်ထွင်းသွားသည့်ရန်သူကို မြင်လိုက်ရသည့်ပမာ။သူမကို အထဲ ပေး
ဝင်လိုစိတ် လုံးဝ မရှိခဲ့။
သို့သော် လုသခင်မက ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့၏။
အိမ်တော်ထိန်းသည် သူမ ပြဿနာမီးမွှေးရှာပြီး မျက်စိဆံပင်မွေး စူးစရာ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ရှဲ့ချောင်ဆီ သွားပြီးတင်ပြလိုက်သည်။
“နင်တို့ ဒီအခန်းကို အရင်ကျက်ထားကြ၊ ငါ ချက်ချင်း ပြန်လာခဲ့မယ်” ရှဲ့ချောင်သည် ချင်လျို့နှင့် တခြားသူများကို ပြုံးပြလိုက်၏။ ဆရာမတစ်ယောက်နှင့် အလွန်တူပေသည်။
သူတို့ လိမ်လိမ်မာမာနှင့် ခေါင်းညိတ်လိုက်ကြသည်။
ရှဲ့ချောင်ရဲ့ သင်ခန်းစာက ပိုကောင်းတယ်!
ရှဲ့ချောင်မရှိသည့် အချိန်ဆိုလျှင် သူတို့မိသားစုတွေကို ဆရာတစ်ယောက် ငှားပေးဖို့ တောင်းဆိုရသည်။ သို့သော် ထိုဆရာ၏ သင်ခန်းစာများမှာ ပို၍ ရှုပ်ထွေးကာ ရှဲ့ချောင်သည်တော့ ပို၍ သိပုံပေါ်သည်။ တစ်ခုချင်းစီတိုင်းအား သေသေချာချာ ရှင်းပြသည့်အတွက် သူတို့ကို နှံနှံ့စပ်စပ် သိလာစေသည်။
•••••