နောင်တရဖို့ နောက်ကျသွားပြီ
Vol. 32 Ch. 616
ရှဲ့ချောင် အိမ်ပြန်ရောက်ပြီဆိုသည့် အကြောင်းကြားသည်နှင့် သင်ခန်းစာတစ်ချို့ သင်ရန်နှင့် မုန့်စားကြရန် လာခဲ့ကြသည်။
“မိန်းကလေး ချွင်းအာ၊ နင့်ရဲ့ အချက်အပြုတ်စွမ်းရည်က တကယ်ကောင်းတာပဲ၊ ငါ့အိမ်က စားဖိုမှူးကို နင့်ဆီကနေ တစ်ချို့တစ်လေ သင်လို့ရအောင် ခေါ်လာလို့ရလား” ဖန်းမုရွှယ်က အမြန်ဆုံး တုံ့ပြန်တဲ့သူပင်။ သူမ ရှေ့က စားစရာများကို ကြည့်ပြီး ချွင်းအာကို ကြင်နာစွာ ပြုံးပြလိုက်၏။
တခြားသူများကလည်း ထိုစကားကို ကြားတော့ မျှော်လင့်တကြီး စောင့်စားနေကြလေသည်။
ရှဲ့ချောင် ဘေးက အစေခံကပါ ထူးခြားတဲ့သူတစ်ယောက်ပဲ !
အဆာပြေမုန့်နဲ့ လက်ဖက်ရည်လုပ်တဲ့ နေရာမှာကောင်းရုံတင်မဟုတ်ဘူး, ဝိုင်ကို ဘယ်လိုဖောက်ရ
မလဲဆိုတာပါ သိတယ် !
ဝိုင်ရဲ့ ရနံ့ဟာ သင်းပျံ့လှ၏။ ရှဲ့ချောင်က သူတို့ကို နည်းနည်းသာ မြည်းခိုင်းပြီး ထပ်ပြီး မသောက်ခိုင်းတော့တာ စိတ်မကောင်းစရာပင်။ တကယ်ကို ဝမ်းနည်းစရာပဲဟု တွေးမိကြသည်။
“ဒါတွေအကုန်လုံးက ကျွန်မရဲ့ သခင်မလေးက သင်ပေးထားတာပါ၊ ကျွန်မရဲ့ အရည်အချင်းက ကောင်းတယ်လို့ ပြောလို့မရသေးပါဘူး” ချွင်းအာက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလျက် “သခင်မလေးဆီကနေ ဟင်းချက်နည်းတွေကို ရဖို့က မလွယ်တော့၊ ဒီ အစေခံကလည်း အပြင်လူတွေကို လက်လွှတ်စပယ် သင်ပေးလို့မရလို့ပါ…”
ထိုစကားကြောင့် လူတိုင်း စိတ်ပျက်စွာဖြင့် သက်ပြင်းချမိသော်လည်း သူတို့ နားလည်ကြသည်။
ဒီအဆာပြေမုန့်ပြုလုပ်သည့်နည်းလမ်းများက အမှန်တကယ်ကို အဖိုးတန်သည်။
သူတို့က မေးကြည့်ဖို့ ကြိုးစားခဲ့ကြရုံသာ။
“ဒီ မုန့်တွေက.. ညီအစ်မရှဲ့ လုပ်တာလား၊” ချင်လျို့က အဓိကအချက်ကို ဖမ်းဆုပ်လိုက်နိုင်သည်။
“နင်တို့သခင်မလေး မလုပ်နိုင်တဲ့အရာရော ရှိသေးရဲ့လား”
“သူ မလုပ်နိုင်တာ!” ချွင်းအာသည် ခေါင်းစောင်းလျက် ခဏလောက် တွေးကြည့်လိုက်ပြီးနောက်
“သခင်မလေးက အရာရာတိုင်းကိုသိတယ်၊ သူ မ
လုပ်နိုင်ဘူးဆိုရင်တောင် အမြန် သင်ယူတတ်တာ !”
လူတိုင်းရဲ့ နှုတ်ခမ်းထောင့်စွန်းတို့ လှုပ်သွားကြသည်။
အဲ့လိုမျိုးပြောတာက နည်းနည်း လွန်ရာ မကျဘူးလား?
ဖန်းမုရွှယ်၏ အကြည့်တို့က ချွင်းအာ လက်ထဲက ကျောက်စိမ်းပုတီးတစ်စုံဆီ ရောက်သွားခဲ့၏။
“မိန်းကလေး ချွင်းအာ၊ နင့်လက်ထဲ ကျောက်စိမ်းလက်ကောက်က အရမ်းလှတာပဲ၊ ရှဲ့သခင်မလေး လက်ဆောင်ပေးတာလား”
ရှဲ့ချောင်က အစေခံတွေကိုလည်း ရက်ရောတာပဲ
လား ?
ကျောက်စိမ်းစေ့တစ်ခုချင်စီတိုင်း၏ အရည်အသွေးက အင်မတန်ကောင်းမွန်၏။ ဒါတင်မက ၎င်းအပေါ်၌ ထွင်းထုထားသည့် ပုံစံလည်း ရှိပုံရသည့်အပြင် လက်ရာကလည်း ကောင်းနေသည်။ ထိုလက်ကောက်က ငွေစပေါင်းများစွာ တန်လောက်သည်။
ချွင်းအာမျက်နှာတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နေ၏။ ဒီလက်ကောက်က သူမ သခင်မလေးကိုယ်တိုင် ပုံဖော် ထွင်းထုထားတယ်ဆိုတာ ပြောပြချင်နေသည်။
သို့သော် ပန်းပုထွင်းထုခြင်းနှင့် ပန်းချီဆွဲခြင်းနှင့် ပတ်သက်ပြီး ပြောပြလို့မရဘူးဆိုတာ သိတာကြောင့် “ကျွန်မ သခင်မလေးက အရမ်းရက်ရောတာ။ဒီ ကျောက်စိမ်းလက်က နတ်ဘုရားရုပ်ထုရှေ့
မှာ သန့်စင်ထားတဲ့ဟာ၊ အန္တရာယ်ကင်းပြီး အသက်ရှည်စေနိုင်တယ် !”
ထိုအခိုက်အတန့်၌ အနှီလူတစ်စုမှာ သူတို့ဘေးနားက အစေခံတွေကို ကြည့်မိလိုက်ကြသည်။
ယှဉ်ကြည့်လိုက်ရင် သူတို့က နည်းနည်း ကပ်စီးနဲ့ရာကျမနေဘူးလား ?
ထိုလူတစ်စုဟာ စိတ်ထဲကနေ ရေရွတ်လိုက်ကြ၏။
သူတို့ အိမ်ပြန်ရောက်တဲ့ အခါကျရင် သူတို့ရဲ့ အစေခံတွေကို.. ရက်ရက်ရောရော ဆုချရမည်ဟု။
သူတို့ရဲ့ အရည်အချင်းက ရှဲ့ချောင်ကို မယှဉ်နိုင်
တာ ကိစ္စမရှိပေမဲ့ ကြင်နာမှုမှာပါ ရှုံးနေတယ်ဆိုရင် အသုံးမကျတဲ့သူတွေ ဖြစ်သွားမှာပေါ့ !
ရှဲ့ချောင်ကတော့ သူမ ထွက်သွားကတည်းက သူမ သူငယ်ချင်းတွေ အတွေးများစွာရှိနေပြီဆိုတာကို မသိခဲ့ချေ။
ထိုစဉ် သူမ လုသခင်မကို မြင်လိုက်၏။
လုသခင်မရဲ့ ပုံစံကြောင့် သူမ ပို၍ပင် ထိတ်လန့်သွားခဲ့ရသည်။
လုသခင်မက ဟောင်းနွမ်းနေသည့် အဝတ်တစ်စုံကို ဝတ်ထား၏။ အရင်ကဆိုလျှင် သူမ လှည့်တောင် ကြည့်လိမ့်မည်မဟုတ်။ သူမ၏ ခေါင်း၌ ငွေဆံထိုးတစ်ချောင်းကိုသာ ထိုးထားကာ တခြား လက်ဝတ်ရတနာများ မဝတ်ဆင်ထားခဲ့ချေ။
ရှဲ့မိသားစုကနေ ထွက်သွားတုန်းက ပစ္စည်းတွေ အများကြီး ယူသွားခဲ့တာ မဟုတ်လား ?
လုသခင်မလည်း ဘာပြောလို့ပြောရမှန်းမသိဖြစ်နေ၏။
သူမ နားဝေတိမ်တောင် ဖြစ်သွားခဲ့ပြီး ဒီကို တစ်ချက်ကြည့်ဖို့ လာချင်ခဲ့သည်။ အခု ရှဲ့ချောင်ကို မြင်လိုက်သည်နှင့် သူမ နည်းနည်း ရှက်သွားခဲ့၏။
“သခင်မလေး၊ .. ငါ- ငါ သခင်မလေး ဘယ်လိုနေလဲ လာကြည့်တာ”
“ကောင်းပါတယ်” ရှဲ့ချောင်ရဲ့ လေသံက ဂရုမစိုက်ဟန်ဖြင့်။ တမင်တကာ အရေးတယူလည်း မ
လုပ်ခဲ့သလို စိတ်အားထက်သန်နေတာမျိုးလည်း မဟုတ်။
“အရင်က ဖြစ်ခဲ့တာတွေအတွက် ငါ တောင်းပန်ပါတယ်.. ဒါတွေအကုန် ငါ့အမှားပါ၊ အကုန်လုံး ငါ့အမှားပါ.. ငါ့ရဲ့ကလေးကို ကောင်းကောင်း မသင်ပြပေးမိခဲ့ဘူး..” လုသခင်မ မျက်ရည်သုတ်လိုက်သည်။
ရှဲ့ချောင်က တိတ်တဆိတ်နှင့်သာ ကြည့်နေ၏။ သူမက လုသခင်မအတွက် လက်ဖက်ရည်ခွက် ဖြည့်ပေးဖို့တောင် စေခိုင်းလိုက်သေးသည်။
လုသခင်မဟာ ပိုပြီး ဖော်ရွေလာပုံရသည်။သို့သော်… သူမ ကလေးနဲ့ သင့်မြတ်လိမ့်မည်မဟုတ်။ ရှဲ့ချောင် ခန့်မှန်းချက်အရ သူမ ဖေဝမ်ယွဲ့ဆီကနေ နာကြည်းခံနေရသည့်ပုံပင်။
ကိုယ်စိုက်ပျိုးတဲ့အရာကို ကိုယ်ရိတ်သိမ်းရတာပဲ၊ အခုမှ နောင်တရနေဖို့က နောက်ကျသွားပြီမဟုတ်လား ?
•••••