အခန်း (၆၁၇)
Vol. 32 Ch. 617
ရှဲ့ချောင်သည် လုသခင်မကို သဘောမကျလျှင်ပင် သူမရဲ့ ဧည့်သည်တွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်သူဖြစ်၏။ သူမရဲ့ အမြင်အရ အနှီလူဟာ နှင်ထုတ်ခံရပြီးသားဖြစ်၍ သူ့အနေနဲ့ ရှဲ့မိသားစုနဲ့ ပတ်သက်စရာ ဘာအကြောင်းမှမရှိ။ ရှဲ့ချောင် သူမကို ပစ်မှတ်ထားနေစရာ မလိုပေ။
သူမရဲ့ သဘောထားက အေးဆေးတည်ငြိမ်နေသော်လည်း လုသခင်မရဲ့ မျက်လုံးထဲမှာတော့ ကောင်းတာထက် ပိုနေလေသည်။
ရှဲ့ချောင်ဟာ သူမကို အရင်က အလွန်တရာ မုန်းတီးနေခဲ့သည်ဟု လုသခင်မ ထင်ခဲ့၏။ အခု သူမကို မြင်သည့်အချိန်တွင် မခံချင်အောင် ပြောလာလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူမ မလုပ်ခဲ့ချေ။
ရှဲ့ချောင် ပိုပြီး ယဉ်ကျေးပြလေလေ၊ လုသခင်မမှာ ပိုပြီး မသက်မသာ ခံစားရလေလေဖြစ်သည်။
သူမ အများကြီး လက်လွှတ်သွားခဲ့ရတယ်ဟုသာ ခံစားနေရလေသည်။
“သခင်မလေး၊ ငါကြားထားတာ.. စာရင်းအင်းမှာ ထိပ်တန်းတစ်ယောက် ဖြစ်တဲ့ ဝမ်လန်ချန်နဲ့ လက်ထပ်တော့မလို့ဆို “ လုသခင်မသည် သူမလက်တို့ကို ပွတ်နေလျက်၊ ပိုပြီး မသက်မသာ ဖြစ်နေလေသည်။
သူမ အလွန် ပျာယာခတ်နေကာ ဒီ ရင်းနှီးနေသော ပတ်ဝန်းကျင်ကို မနေနိုင်ဘဲ ကြည့်နေမိသည်။
သူမသာ အတိတ်က အမှားမလုပ်ခဲ့ဘူးဆိုလျှင် အခုချိန်၌ ဒီအိမ်ကြီးထဲမှာနေပြီး သခင်မတစ်ယောက်အနေနဲ့ သက်တောင့်သက်သာ နေနေရလောက်သည်။
အိမ်တော်ထိန်းဆီကနေ အခုလိုမျိုး မျက်စိတောက်ထောက် လိုက်ကြည့်ခံနေရမည်မဟုတ်။
ရှဲ့ချောင်သည် ထိုအမေးကြောင့်မျက်မှောင်ကြုတ်သွားခဲ့ကာ
“ဘယ်သူ့ဆီကနေ ကြားလာတာလဲ”
လုသခင်မ၏ အသံက နူးညံ့နေသည်။
“သခင်မလေး၊ ငါ ဒီကိုလာတာ သခင်မလေးဆီကနေ တခြားထပ်ပြီး မေးနေစရာ ရှိလို့မဟုတ်ဘူး… ငါ့သမီးယွဲ့အာက သခင်လေးဝမ်ရဲ့ ကိုယ်လုပ်တော် ဖြစ်လာတော့မှာလေ.. သခင်မလေးက အဲဒါကို စိတ်အနှောင့်အယှက် ဖြစ်မနေဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ သူ့ကို ဒီအတိုင်း ဇနီးတစ်ယောက်ပဲ ဖြစ်ခွင့်ပေးလိုက်လို့မရဘူးလား”
“ရှင် လူမှားနေပြီ.. ကျွန်မ ဝမ်လန်ချန်နဲ့ လက်မထပ်ပါဘူး” ရှဲ့ချောင်က တဲ့တိုးပင်ပြောသည်။ အခုချိန်၌ သူမ၏ စိတ်အခြေအနေ ကောင်းနေသောကြောင့်
“ရှင့်သမီးရဲ့ စရိုက်နဲ့ စိတ်နေစိတ်ထားကို တခြားသူတွေထက် ရှင် ပိုပြီးသိသင့်တာပေါ့၊ သူသာ တစ်ခုခုကို လုပ်ချင်နေပြီဆိုရင် သူ့ကို မြင်းရှစ်
ကောင် ဆွဲရင်တောင် တခြားသူတွေပြောတာကို နားထောင်မှာ မဟုတ်ဘူး။ သူ ဘာလို့ ကိုယ်လုပ်တော် ဖြစ်ချင်ရလဲဆိုတာ ကျွန်မ မသိပေမဲ့ သူ့ရဲ့ စိတ်ကြီးဝင်နေပုံမျိုးနဲ့ဆိုရင် ကိုယ်လုပ်တော် ဖြစ်ဖို့ ဒီလောက်ထိ ပြဿနာရှာနေရတဲ့အထိ တခြား အကြောင်းရင်းတွေရှိနေမှာတောင် စိုးတယ်”
အဲဒီ ဖေဝမ်ယွဲ့က ကုလန်ကျောင်းတော်ကိုတောင် သဘောမတွေ့တာ ကိုယ်လုပ်တော် နေရာလောက်ကို မျက်စိကျမတဲ့လား ?
တော်ဝင်ကျောင်းတော်ကို မသွားခင် ကုလန်ကျောင်းတော်မှာ ကောင်းကောင်းမွန်မွန် လုပ်ခဲ့သင့်တယ်..
အဲ့လိုဆိုရင် ကျော်ကြားမှုနဲ့ အဆင့်အတန်းတစ်ခု ရထားတဲ့ လူတစ်ယောက်ကို လက်ထပ်နိုင်ဖို့က
အရမ်းကြီး ခက်ခဲနေမှာမဟုတ်..
နောက်ပြီး ဒီသားအမိ နှစ်ယောက်ရဲ့ လက်ထဲမှာ ငွေကြေးဥစ္စာတွေ အများကြီး ရှိနေတာပဲကို..
“နင် ဝမ်လန်ချန်နဲ့ လက်မထပ်ဘူး ဟုတ်လား.”
လုသခင်မသည် ထိုစကားကြောင့် ထိတ်လန့်သွားရကာ
“ယွဲ့အာပြောတာက… ဟူး..”
လုသခင်မသည် ပြောစရာ စကားမဲ့နေခဲ့ကာ တစ်ခဏအကြာ၌ ရုတ်တရက် ငိုချင်းချတော့သည်။
“ငါထင်ထားတာက သူ့က တစ်ချိန်လုံး သူ့ကိုယ်သူ နင်နဲ့ နှိုင်းယှဉ်ပြီး၊ နင့်ကို စိတ်မချမ်းမသာ ဖြစ်အောင် လုပ်ချင်နေခဲ့တယ်ပေါ့. အဲတာကြောင့်
ကိုယ်လုပ်တော် ဖြစ်ချင်နေတာဆိုပြီး..နင်က ဝမ်လန်ချန်ကို မယူဘူးဆိုရင် သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ “
လုသခင်မ နားမလည်နိုင်။ သူမ ဘယ်လောက်ပဲ စဉ်းစားစဉ်းစား နားမလည်နိုင်ခဲ့ချေ။
ရှဲ့ချောင် နှုတ်ဆိတ်နေသည်။
သူတို့က မိသားစု မဟုတ်တော့သည့်အတွက် ဒီကိစ္စကို သူမ ဂရုမစိုက်။
လုသခင်မမှာ ငိုနေဆဲဖြစ်ပြီး ပင်ပန်းနေ၏။
ထိုအချိန် ရှဲ့နျိုရှန်းသည် အမျိုးသမီးတစ်ယောက်နှင့် အလောတကြီး ပြန်ရောက်လာ၏။
သူတို့ ရှဲ့ချောင်နှင့် လုသခင်မ အရှေ့ကို ရောက်လာကြသည်။
အမျိုးသမီးသည် နူးညံ့သိမ်မွေ့ကာ လှပသူတစ်ယောက် ဖြစ်သည်။ သူမက အသက် နှစ်ဆယ် ဝန်းကျင် အရွယ် ဖြစ်၏။ ရိုးရိုးရှင်းရှင်း အစိမ်းရောင် ဝတ်စုံကို ဝတ်စားထားသည့် သူမဟာ သနားစရာကောင်းပုံပေါ်နေသည်။
ဝက်ဝံတစ်ကောင်နှင့် တူသော ရှဲ့နျိုရှန်း၏ ဘေးမှာ ရပ်နေချိန်၌ သူမဟာ ဝက်ဝံကြီးတစ်ကောင်ဘေးက မြွေစိမ်းအကောင်ပေါက်လေးတစ်ကောင်လိုပင်။
“မင်း ဒီကို ဘာလို့ရောက်နေတာလဲ၊ ငါ့မှာ မင်းကိုပေးစရာ ငွေတစ်ပြားမှမရှိဘူး!” ရှဲ့နျိုရှန်းဟာ လု
သခင်မကို မြင်ရသည်နှင့် ခနဲ့ကာ သူမကို အလွန် စက်ဆုပ်ရွံရှာနေလေသည်။
လုသခင်မရဲ့ နှလုံးသား နာကျင်သွားရသည်။
“ ကျွန်မ ပထမ သခင်မလေးရဲ့ မင်္ဂလာပွဲအကြောင်းကြားလို့…”
“ ဘာ မင်္ဂလာပွဲလဲ? ဘာမှမရှိဘူး! မင်းရဲ့ အကြံသမား၊ အယုတ်တမာ သမီးက ပေါက်တတ်ကရတွေ ပြောလိုက်ပြန်ပြီလား၊ ငါ့သမီးရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးလို့ကတော့ အမတ်တွေ ကိုယ်တိုင် လာတားရင်တောင် သူ့ကို အရှင်လတ်လတ် ခုတ်သတ်ပစ်မယ်မှတ်” ရှဲ့နျိုရှန်း အလွန် ဒေါသထွက်နေ၏။
လုသခင်မသည် အရင်က ရှဲ့နျိုရှန်း ဒေါသထွက်တာကို အကြိမ်ပေါင်းများစွာ မြင်ဖူးပေမဲ့ ထို
အချိန်က ရှဲ့နျိုရှန်းဟာ ရိုင်းပျတဲ့သူတစ်ယောက်ဟုသာ သူမ ခံစားခဲ့ရသည်။
အခုတော့ သူမ ခံစားလိုက်ရသည်က.. သူက သူ့သမီးကို ကာကွယ်နေတာ !
သူတို့သာ မကွာရှင်းခဲ့ဘူးဆိုရင်၊ အခုချိန်မှာ သူ့ရဲ့ ကလေးတွေနဲ့ မယှဉ်နိုင်ဘူးဆိုရင်တောင် သူမလည်း ကာကွယ်ပေးခံရတဲ့သူတစ်ယောက် ဖြစ်နေမှာ!
•••••