နောင်တရနေပါပြီ
Vol. 32 Ch. 618
ထိုအခိုက်အတန့်၌ လုသခင်မသည် ရှဲ့နျိုရှန်း
အား ခါးသီးစွာဖြင့် ကြည့်နေခဲ့သော်လည်း နှုတ်ဆိတ်စွာဖြင့်သာ နေနေခဲ့သည်။
သူမက သနားစရာကောင်းသည်ဟု ရှဲ့နျိုရှန်း မပြောနိုင်။ သူ ထိုင်ချလိုက်ပြီး ဆေးဖက်ဝင်လက်ဖက်ရည် သောက်လိုက်သည်။
ထို့နောက် ရှဲ့ချောင်အား “သမီးကြီး၊ ဒါ အဖေ ပြောထားဖူးတဲ့ ဆောင်ကြာမြိုင်က မိန်းကလေးပဲ”
ရှဲ့ချောင်က သူ့ကို ကြည့်ဝောာင်မကြည့်၊ ဂရုမစိုက်ဟန်ဖြင့်သာ တုံ့ပြန်ခဲ့သည်။
လုသခင်မမှာ အနည်းငယ် စိတ်လှုပ်ရှားနေ၏။
သူမနဲ့ ရှဲ့နျိုရှန်းက တစ်နှစ်ကျော် လင်မယား
ဖြစ်လာခဲ့တာ ရှဲ့နျိုရှန်း ဘယ်လို အမျိုးသမီးမျိုးကို ကြိုက်လဲဆိုတာ သူမ ကျိန်းသေပေါက် သိတာပေါ့!
နူးညံ့သိမ်မွေ့တဲ့အမျိုးသမီးမျိုးက သူ့အကြိုက်ပဲ !
ဒီတစ်ယောက် ရှဲ့နျိုရှန်း အသစ်တွေ့ထားတဲ့သူလား? ဆောင်ကြာမြိုင်ကလား၊ ဒါပေမဲ့ ရှဲ့နျိုရှန်းက အရင်တုန်းကဆိုရင် ဆောင်ကြာမြိုင်မှာ မရှုပ်ခဲ့သလောက်နီးပါးပဲကို….
“သူမရဲ့ ငွေစ ၅၀ ဆယ်က သူခိုးခိုးတာ ခံလိုက်ရပြီးတော့ သွားစရာနေရာလည်း မရှိဘူး။ ငါ မေးလိုက်တော့ သူက အိမ်ကိုလိုက်လာဖို့ ဆန္ဒရှိနေတာနဲ့ အိမ်ကို ခေါ်လာလိုက်တာ၊ သူက သီချင်းဆိုလည်း ကောင်းတယ်၊ အချိန်ရှိတယ်ဆိုရင် သူ့ကို ခေါ်ပြီး သီချင်းတချို့ ဆိုခိုင်းပေါ့, ဒီအတိုင်း ဝါသနာပါလို့ လုပ်နေတယ်ပဲ သဘောထားလိုက်။
တစ်လကို ငွေစ တစ်စနှစ်စလောက် ပေးရင်ရပြီ!” ရှဲ့နျိုရှန်း ပြောလိုက်သည်။
သူ ထိုသို့ ပြောလိုက်သည်အခါ မိန်းကလေးမှာ သိသိသာသာကို မှင်တက်သွား၏။
ရှဲ့ချောင် ခပ်ဖွဖွသာ ပြုံးလိုက်သည်။
“အဖေ့သဘောက သူ့ကို အိမ်မှာ အလုပ်ပေးထားမလို့လား” ရှဲ့ချောင် မေးလိုက်၏။
“အင်း ဟုတ်တယ်” ရှဲ့နျိုရှန်း ခေါင်းညိတ်လိုက်သည်။
“အို့၊ ဒါဆိုရင်တော့ အိမ်တော်ထိန်းကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပါ၊ ဒါပေမဲ့ သမီးတို့ အိမ်က အစေခံ
တွေက သေတမ်းစာချုပ်မှာ လက်မှတ်ထိုးဖို့ လိုတယ်။ အဲ့အကြောင်းကိုရော ပြောပြထားသေးလား” ရှဲ့ချောင် ထပ်မေးပြန်သည်။
အိမ်တော်ရှိ အစေခံတချို့မှာ ဘဝသက်တမ်းစာချုပ်တွင် လက်မှတ်ထိုးထားရသည်။ သုံးနှစ်၊ ငါးနှစ်၊ ရှစ်နှစ်၊ ဆယ်နှစ် ဟူ၍ ရှိသလို နှစ်တိုများလည်း ရှိသည်။
ထို လူများသည် များသော အားဖြင့် အရွယ်ရောက်ပြီးသူများ ဖြစ်ကြကာ အရည်အချင်းတစ်ခုတော့ ရှိတတ်ကြသည်။
သို့သော် အများစုတွင်တော့ သေတမ်းစာချုပ် ရှိကြသည်။
၎င်းက ကူညီပေး၍ မရ။ မိသားစုတိုင်းလိုလို
ထိုသို့ ရှိတတ်ကြတာချည်းပင်။ဘဝသက်တမ်းစာချုပ်ရှိတဲ့သူတွေချည်းသာ အိမ်မှာ များနေလျှင် ရှဲ့မိသားစုက အပေါက်ကြီးတစ်ပေါက် ရှိနေသည့် ရေစည်ပိုင်းတစ်ခုနှင့် တူနေလိမ့်မည်ပေ။တောင့်ခံနိုင်လိမ့်မည်မဟုတ်။
ခေတ်ကာလကိုက ထိုသို့ဖြစ်နေတာဖြစ်ပြီး ရှဲ့ချောင်အနေနဲ့ ပြောင်းလဲလို့ရသည့် အရာ ဟုတ်မနေခဲ့ချေ။
စာချုပ်မှာ လက်မှတ်ထိုးရလိမ့်မည်ဟု ရှဲ့နျိုရှန်း တကယ်မထင်ထားခဲ့။ သူက မိန်းကလေးကို ကြည့်၍ “မင်းကိုယ်မင်း ပြန်ရွေးဖို့ လွယ်ခဲ့တာ မဟုတ်ဘူး၊ ငါ့အထင် ဒီကိစ္စကို မေ့လိုက်တာ ကောင်းမယ်၊ တခြား နည်းလမ်းတစ်ခု ရှာကြည့်ရင်ရော.. ငါ့မိသားစုက မင်းကို ခေါ်ထားဖို့ မလွယ်တော့..”
သူ့အတွက် ဘယ်အရာက ကောင်းလဲဆိုတာ ရှဲ့နျိုရှန်း သိသည်။
သူမကို ကြင်နာပေးတာနှင့် အန္တရာယ်ဖြစ်စေတာရဲ့ ကွာခြားချက်က ကြီးလှသည်။ သူမသာ သေတမ်းစာချုပ်မှာ လက်မှတ်ထိုးခဲ့လျှင် ထိုမိန်းကလေးကို မီးတွင်းထဲကျစေတာနှငိ့ တူပေလိမ့်မည်။
ထိုသို့ ယုတ်မာသည့် ကိစ္စမျိုး သူ လုပ်လိမ့်မည် မဟုတ်။
မိန်းကလေးက ခဏတာ ချီတုံချတုံဖြစ်နေပြီးနောက် ဒူးထောက်ချလိုက်လေသည်။
“ကျွန်မမှာ သွားစရာနေရာ မရှိတော့ဘူး၊ ကျွန်မ သခင်ကြီးကို အလုပ်အကျွေး ပြုဖို့ ဆန္ဒရှိပါတယ်”
ရှဲ့ချောင်၏ မျက်ခုံးတို့ ပြေလျော့သွားသည်။
သာမန် မိန်းကလေးတစ်ယောက်က နောက်ဆုံးရွေးချယ်စရာ မရှိတော့သည့် အချိန်မှာသာ သူမရဲ့ နောင်မျိုးဆက်တွေအတွက် ကျွန်တစ်ယောက် ဖြစ်လာဖို့ကို ရွေးချယ် လိမ့်မည်။
သူမ ရှေ့က မိန်းကလေးက သွားစရာနေရာ မရှိဘူးတဲ့လား? အိမ်တော်ကို ဝင်ဖို့အရေးကိုပဲ လုံးပမ်းနေတာ တခြား အကြောင်းအရင်း ရှိကောင်း ရှိနိုင်လောက်သည်။
ရှဲ့နျိုရှန်းနှင့် ရှဲ့ချောင်တို့ ဘာမှ မပြောနိုင်ခင် ငြိမ်ငြိမ်မထိုင်နေတော့သည့် လုသခင်မဟာ ထိုမိန်းကလေးကို လက်ညှိုးထိုးလျက် “နင့်လို ဘယ်ကလာလဲ မသိတဲ့ မြေခွေးမကများ သခင်ကြီးကို
မြူစွယ်ရဲတယ်ပေါ့။ နင့် စိတ်ထဲမှာ ဘယ်လို အကြံအစည်တွေ ရှိနေလဲဆိုတာ ငါ မသိဘူး မထင်နဲ့။ အိမ်တော်မှာ သခင်မ မရှိဘူးဆိုတဲ အချက်ကို နင် သဘောတွေ့နေတာမလား၊ နင့်လို ဆောင်ကြာမြိုင်က လာတဲ့သူက အဲ့နေရာနဲ့ တန်တယ်များ ထင်နေလား”
ရှဲ့ချောင် မှင်တက်သွားရသည်။
လုသခင်မက သည်းမခံနိုင်ဘူးပဲ!
ဒီအမျိုးသမီးက နိမ့်ကျတဲ့ အဆင့်အတန်းနဲ့ ဝင်လာပြီး အနာဂတ်မှာ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်လာနိုင်တယ်ဆိုလျှင်တောင် အမတ်တစ်ယောက်၏ တရားဝင်ဇနီးတစ်ယောက် ဖြစ်မလာနိုင်ချေ။
ဒါပေမဲ့ ဒီလို မြေခွေးလို မိန်းကလေးမျိုးက ဆိုးရွားတဲ့ လူတစ်ယောက်ပင်။ မိသားစုထဲမှာ ဘာလုပ်နိုင်လဲဆိုတာ သိမည်မဟုတ်။ သူမကို နှင်ထုတ်လိုက်တာက ပိုကောင်းသည်။
ဒါပေမဲ့ သူမမှာ ရှဲ့မိသားစုအရေးကို ဝင်စွက်ဖက်ပိုင်ခွင့် ဘယ်မှာ ရှိနေလို့လဲ?
သူမ ရုတ်တရက် မတရားခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ ရှဲ့နျိုရှန်းအား သနားစရာကောင်းစွာဖြင့် ကြည့်ကာ “တစ်ကြိမ်လက်ထက်ဖူးတဲ့ ဆက်ဆံရေးက တစ်ဘဝလုံးကြာတယ်တဲ့၊ ကျွန်မ အတိတ်တုန်းက မှားခဲ့တယ်ဆိုတာ သိပါတယ်၊ ကျွန်မ အခု နောင်တရနေပါပြီ၊ နျိုရှန်း ရှင်သာ သဘောတူမယ်ဆိုရင်.. အနာဂတ်မှာ ကျွန်မ ရှင့်ဘေးနားမှာဘဲ နေသွားပါ့မယ်၊ ကျွန်မ မွေးထားတဲ့ သမီးကိုပဲ ဘက်လိုက်တာမျိုးတွေ မလုပ်တော့ပါဘူး၊ ကျွန်မ ကလေးတွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါ့မယ်.. ပိုက်ဆံကိုလည်း မဆင်မခြင်
မသုံးတော့ပါဘူး…”
•••••