အခန်း (၆၁၉)
Vol. 32 Ch. 619
ခုနက လုသခင်မပြောလိုက်သည့်စကားများက အမှန်ပင်။ သူမသာ ရှဲ့နျိုရှန်းနှင့် ပြန်ပေါင်းထုပ်နိုင်မယ်ဆိုရင် သူမ မဆင်မခြင်မပြုမူတော့ဘူးဆိုတာကို သေချာပေါက် အာမခံပေးနိုင်သည်။
သူမ ရှဲ့နျိုရှန်း အတွက် ငွေတွေကို သေချာ ထိန်းသိမ်းပေးမည်။ ကလေးတွေကို ကောင်းကောင်း ဂရုစိုက်ပေးမည်။ ရှဲ့ချောင်ကိုလည်း ထပ်ပြီး ရန်စတာမျိုး လုပ်တော့မှာမဟုတ်။
သူမ သမီးအတွက် စိတ်မကောင်းဖြစ်နေဆဲ ဆိုပေ
မဲ့ ယွဲ့အာက အကြင်နာတရားမရှိတဲ့သူတစ်ယောက်ဆိုတာကို သူမ နားလည်သည်။ နောင်တစ်ချိန် သူမ အိုမင်းပြီး နာမကျန်းဖြစ်လာတဲ့ အချိန်ရောက်လျှင် ယွဲ့အာက သူမကို စောင့်ရှောက်ပေးလိမ့်မည်မဟုတ်။
အဲလိုကလေးကို အလကားနေရင်း ဖူးဖူး မှုတ်ထားမိတာ !
ရှဲ့ချောင် ကုလားထိုင်တွင်သာ ထိုင်နေပြီး ဘာတစ်ခုမှ မပြော။
သူမရဲ့ အသက်ကြီးနေပြီဖြစ်တဲ့ အဖေက ရေပန်းစားနေလိမ့်ဦးမည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
သူမ သူ့အား အရည်လဲ့နေသော မျက်ဝန်းများဖြင့် ကြည့်ရင်း လက်ဖက်ရည်တစ်ငုံ သောက်လိုက်
သည်။
ရှဲ့နျိုရှန်းသည် လုသခင်မ၏ စကားများကို ကြားသည့်အခါ သူ့မျက်နှာတစ်ခုလုံး ရွံရှာစက်ဆုပ်မှုများဖြင့် ပြည့်သွားလေသည်။
“အဲ့လို စိတ်ပျက်စရာကောင်းပြီး အသုံးမဝင်တဲ့ စကားတွေ ငါ့ကို လာမပြောနဲ့! မင်းက ငါ့မိသားစုရဲ့ စည်းစိမ်တွေကို ယူသွားတာလေ၊ အခုမှ ငါ့မှာ ပြန်ပြီး တချို့တလေ စုမိဆောင်းမိရုံရှိသေး မင်းက ထပ်ပြီး သုံးဖြုန်းချင်သေးတယ်ပေါ့? မဖြစ်နိုင်ဘူး!”
လုသခင်မ၏ နှလုံးသား နာကျင်သွားသည်။
“ကျွန်မ အမှားတွေကို တကယ် ဝန်ခံတာပါ... ဒါပေမဲ့ ဒီ မကောင်းဆိုးဝါးမကကျတော့ရော ကျွန်မထက် သာနေလို့လား? သူလည်း ဒီကို စည်းစိမ်ဥစ္စာတွေ အတွက် ရောက်လာတာပဲ !”
ထိုမိန်းကလေးမှာ မြေကြီးပေါ်၌ ဒူးထောက်နေဆဲ။
“ကျွန်မကို အဲဒီ မီးတွင်းထဲကနေ ကယ်ခဲ့တဲ့သူက သခင်ကြီးပါ ကျွန်မရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးကို သခင်ကြီးကို အလုပ်အကျွေးပြုရင်း နေသွားဖို့ ဆန္ဒရှိပါတယ်။ တခြား ဘာကိုမှ မတောင်းဆိုပါဘူး၊ သခင်ကြီးရဲ့ အစေခံ ဖြစ်ရင်ရပါပြီ” မိန်းကလေး၏ အသံက နူးညံ့နေကာ ပိုပြီး နှစ်လိုဖွယ်ကောင်းပုံ ပေါ်နေလေသည်။
လက်ရှိ အချိန်၌ ရန်မူနေတဲ့ လုသခင်မလိုမျိုး မဟုတ်။
သို့သော် ရှဲ့နျိုရှန်းသည်လည်း စိတ်ကြည်နေတာတော့ မဟုတ်။
“မင်း ဘာကို ဆိုလိုချင်တာလဲ မင်း အလုပ်လုပ်မယ်ဆိုပြီး အစက သဘောတူထားတာ မဟုတ်လား၊ အခုမှ ဘာအတွေးတွေ တွေးနေတာလဲ”
“ကျွန်မ တကယ် သခင်ကြီးကို ကျေးဇူးတင်တာပါ” မိန်းကလေးက ထပ်ပြောပြန်သည်။
ရှဲ့နျိုရှန်း ရှဲ့ချောင်၏ မချိပြုံးပြုံးနေတဲ့ အကြည့်နဲ့ဆုံသွားတဲ့အခါ အနည်းငယ် ရှက်သွားခဲ့သည်။
သူ့သမီးအဖို့ ဒီလို ကမောက်ကမနိုင်လွန်းတဲ့ အခြေအနေကြီးကို မြင်လိုက်ရတာက ဆိုးရွားလွန်းသည်။
“တော်လိုက်ကြတော့၊ မင်းတို့ နှစ်ယောက်စလုံး ဒီကနေ ထွက်သွားကြ!” ရှဲ့နျိုရှန်း အင်မတန်ကို စိတ်ပျက်နေ၏။ “မင်းတို့ ပြောနေတဲ့ပုံက ငါကပဲ
မိန်းမတစ်ယောက်ကို လိုအပ်နေတဲ့အတိုင်း”
လုသခင်မ သက်ပြင်းချလိုက်၏။
သို့သော်၊ တစ်ချိန်တည်းမှာပဲ၊ သူမ စိတ်လက်မာန်ပါ ပြုမိသွားသလို ခံစားလိုက်ရသည်။
ရှဲ့နျိုရှန်း အကြောင်း သူမ မသိပဲနေမလား အဲ့ဒီလူက ရက်စက်ပြီဆိုတာနဲ့ ဓားတစ်ချောင်းထက်တောင်ပိုပြီး အေးစက်တဲ့ လူစားမျိုး။
သူတို့ကွာရှင်းပြီးကတည်းက သူမ အတွက် ပြန်လာဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာဖြစ်နေတာတောင် သူမကတော့ အိပ်မက်လှလှ မက်လို့ ကောင်းနေဆဲ!
အခု သူမ အငြင်းခံလိုက်ရတာကြောင့် သူမ နှလုံးသားအေးစက်သွားကာ လက်လျှော့လိုက်တော့သည်။
သူမ မတ်တပ်ထရပ်၍ နှုတ်ဆက်စကားဆိုလိုက်၏။
“ကျွန်-ကျွန်မ သွားတော့မယ်…”
တစ်ခါက သူမတို့အနားမှာ နေတဲ့ အောင်သွယ်တော် တစ်ယောက်က သူမကို တွေ့ခဲ့သည်။ ထိုအောင်သွယ်တော်က ဇနီးတစ်ယောက် ဆုံးရှုံးသွားတဲ့ အမျိုးသားတစ်ယောက်ရှိကြောင်းဆို၏။ ထိုလူက သူမကို အဆင်ပြေတဲ့သူဟု ထင်သဖြင့် သူ့ရဲ့ လက်တွဲဖော်အဖြစ် လက်ထပ်ချင်သည်ဟု ဆိုခဲ့သည်။
ထိုမိသားစုက ချမ်းသာသည်ဟု မဆိုသာ။ သူတို့
မှာ သားနှစ်ယောက်နှင့် သမီးတစ်ယောက်ပင် ရှိသေးသည်။ သူ့ကို လက်ထပ်ပြီးလျှင် ပင်ပင်ပန်းပန်း လုပ်ကိုင်ရမှာကိုကြောက်တာကြောင့် သူမ ငြင်းခဲ့၏။
သို့သော် အခု အနာဂတ်ကို တွေးကြည့်လိုက်လျှင် သူမမှာ ရွေးချယ်စရာ မရှိတော့မှာကို စိုးရိမ်ရသည်။
ရှဲ့နျိုရှန်းကလည်း သူမကိုဆက်နေဖို့ တားမြစ်ခြင်းမရှိ။
“နောင်တစ်ချိန် မင်းမှာ ဘာအကြောင်းမှမရှိဘဲနဲ့ ဒီကိုမလာနဲ့။ မဟုတ်ရင် အလကားနေရင်း အပြင်ကလူတွေက အတင်းအဖျင်းတွေ ပြောနေကြလိမ့်မယ်။ သူတို့က ငါ စိတ်မပြတ်နိုင်သေးဘူးဆိုပြီး ထင်နေကြဦးမယ်!”
လုသခင်မ၏ မျက်လုံးများနီရဲနေ၏။ “ဟိုတစ်လောတုန်းက .. ကျွန်မကို လက်ထပ်ယူချင်နေတဲ့ သူတစ်ယောက်ရှိတယ်.. ကျွန်မ ပြန်ရောက်တာနဲ့ သဘောတူရင် တူလိုက်မှာ…”
“အဲ့လောက်ကောင်းတဲ့ အခွင့်အရေးရှိတယ်လား၊မင်းကိုယ်မင်းလည်း ပြန်ကြည့်ဦး၊ ငယ်တော့တာ မဟုတ်ဘူး။ နောက်အိမ်ထောင်ပြုလို့ရတာလည်း ဆိုးတော့ မဆိုးပါဘူးလေ၊ ငါတို့ရဲ့ အရင်က ဆက်ဆံရေးကို ထောက်ပြီး အိမ်တော်ထိန်းကို လက်ဖွဲ့ ပို့ခိုင်းလိုက်မယ်”
ရှဲ့နျိုရှန်း သူမကို တကယ် ဂရုမစိုက်တာကို မြင်ရသည့်အခါ လုသခင်မ လုံးဝ လက်လျှော့လိုက်ပြီး ထွက်သွားဖို့ ပြင်တော့သည်။
သူမနှင့် ဒီမိသားစုက ဘယ်တော့မှ အရင်လို ပြန်
ဖြစ်မှာ မဟုတ်တော့။
ရှဲ့နျိုရှန်း လက်ဆောင် ပို့ပေးချင်တာကို ရှဲ့ချောင် တားလိုစိတ် မရှိခဲ့။ နောက်ပြီး လုသခင်မက သူမ အဖေကို လက်ထပ်ခဲ့ဖူးတာ ဖြစ်လို့ သူတို့အနေနဲ့ အသေအကြေ တိုက်ခိုက်နေစရာလည်း မလိုပေ။
လုသခင်မက ထွက်သွားပြီဖြစ်သော်လည်း သူမရှေ့က မိန်းကလေးကတော့ ဒီအတိုင်း ရှိနေဆဲ။
သူက ရှဲ့နျိုရှန်းရှိရာကိုပင် ဒူးထောက်လျက် ရွှေ့သွားသေးသည်။
“သခင်ကြီး၊ ကျွန်မကို နှင်မထုတ်လိုက်ပါနဲ့။ ကျွန်မ ဘယ်သွားလို့ သွားရမှန်း တကယ်မသိလို့ပါ။ အဖေသာ ပြန်တွေ့သွားရင် ကျွန်မကို နောက်တစ်ကြိမ် ထပ်ရောင်းစားဦးမှာ။ အဲ့လိုအဖြစ်ခံမဲ့အစား သခင်ကြီး ဘေးမှာပဲ နေပါရစေ။ သခင်
ကြီးကပဲ ကျွန်မကို စိတ်အေးစေတာပါ…”
•••••