← Chapters

အခန်း (၆၂၀)

Vol. 32 Ch. 620

အခန်း (၆၂၀)

Vol. 32 Ch. 620

မိန်းကလေးရဲ့ အသံက နူးညံ့လို့နေ၏။ ယောကျာ်းရော မိန်းမပါ ထိုစကားကြောင့်‌ မခံမရပ်နိုင် ဖြစ်သွားရသည်။

ရှဲ့နျိုရှန်းအနေနဲ့ ထိုမိန်းကလေး သူ့ခြေထောက်ကို လာထိသည့်အခါ ဘာမှမခံစားရဘူးလို့ ပြောဖို့ကတော့ မဖြစ်နိုင်။ သူတကယ် စိတ်ယိုင်သွားခဲ့သော်လည်း သူမရဲ့ သနားစရာကောင်းတဲ့မျက်နှာကို မြင်သည့်အခါ သူ့မျက်ခုံးတို့ တွန့်ချိုးသွားသည်။

သို့သော် ရှဲ့ချောင်ကတော့ သူ့ကို ရန်စပေးလိုက်သေးသည်။

“အဖေ သူ့ကို လင်းအားနျန်နဲ့ တူတယ်လို့ ထပ်ပြောရင် မောင်လေးနဲ့ ညီမလေးက အဖေ့ကို သံယောဇဉ် ဖြတ်နေဦးမယ်နော်”

ရှဲ့ချောင် အချိန် ယူလိုက်သည်။

လင်းအားနျန်က အားနည်းတဲ့ ပုံပေါ်ပေမဲ့ သူမရဲ့ စရိုက်က အဲ့လိုမှ မဟုတ်တာ။

တစ်ခါက သူမအဖေ တောင်ပေါ်တွင် လုယက်တုန်းကဆိုလျှင် လင်းအားနျန်က သေကြောင်းတောင် ကြံဖူးသည်။ သို့သော် ထိုအချိန်က သူမ အဖေက ဓားပြတစ်ယောက်ဖြစ်နေကာ တကယ်ကို မကောင်းတဲ့ သူတစ်‌ယောက် ဖြစ်နေ၏။ သူ ခိုးလာတဲ့ မိန်းမတစ်ယောက်ကို ဘယ်လိုလုပ်ပြီး

ပြန်ပို့မှာလဲ ?

ဒါတင်မက ဒီအမျိုးသမီးက ပြန်ပို့လိုက်ပြန်ရင်လည်း အသက်ရှင်နိုင်မှာမဟုတ်တဲ့အတွက် သူအနားမှာသာ  အတင်းနေခိုင်းထားခဲ့သည်။

နောက်ပိုင်း ထိုအမျိုးသမီး ကိုယ်ဝန်ရလာသည့်အခါ သူမ အဖေက နှလုံးသားတစ်ခုလုံး သူမ အပေါ် ပုံအပ်ထားခဲ့ရာ သူမ ထွက်သွားဖို့ကို မတွေးတော့။ သို့သော် လင်းအားနျန်မှာ စိတ်ဓာတ်ကျနေဆဲ ဖြစ်‌တာကြောင့် ကလေးမွေးပြီးသည်နှင့်  ကွယ်လွန်သွားခဲ့လေသည်။

သူမက တကယ်ကို သန်မာသည့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး အရှေ့မှာ ရှိနေတဲ့တစ်ယောက်ကတော့…

ယှဉ်လို့တောင် ရရဲ့လား?

သူမ ‌အဖေ မျက်စိများ ကန်းသွားသလား ?

ဘုတ်ခနဲ မြည်သံနဲ့အတူ ရှဲ့နျိုရှန်း သူမကို ကန်ပစ်လိုက်၏

“မင်းရဲ့ အတွေးတွေက မရိုးရှင်းဘူးဆိုတာ ငါ သိလိုက်ရပြီ။ ငါကတော့ မင်းဘဝကောင်းကောင်းနေနိုင်ဖို့အရေး‌ ငွေလေးတချို့ ရှာနိုင်အောင် စဉ်းစားပေးနေတာ မင်းက ဉာဏ်များနေလိမ့်မယ်လို့ မထင်ထားဘူး ! ဒီလိုဆိုမှတော့… အိမ်တော်ထိန်း သူ့ကို သူအဖေဆီ ပြန်ပို့လိုက် !”

ကံဆိုးစွာဖြင့် သူကတော့ ငွေတွေဆုံးရှုံးသွားခဲ့ရသည်။

သူက သူမကို ပြန်ရွေးပြီးခဲ့ပြီဖြစ်ပြီး အစိုးရက ပယ်ဖျက်လိုက်ပြီး ဖြစ်၍ သူမကို ဆောင်ကြာမြိုင်ဆီ ပြန်ပို့ဖို့က မဖြစ်နိုင်တော့။

မိန်းကလေးက ရှဲ့နျိုရှန်းကို တုန်လှုပ်စွာဖြင့် ကြည့်နေ၏။

သူမ နာကျင်မှုကြောင့် ပြန်မထနိုင်သေးခင်မှာတင် အိမ်တော်ထိန်းက လူခေါ်ပြီး သူမကို ချက်ချင်း ဆွဲထုတ်သွားတော့သည်။

သူသာ တစ်ချက်နောက်ကျသွားလျှင် ထိုမိန်းကလေးက သူတို့ သခင်ကြီးကို ခန္ဓာကိုယ် အိုးစားကွဲအောင် လုပ်ပစ်မှာ စိုးရိမ်နေပုံပင်။

ထိုသို့ ဖြစ်အောင်လုပ်ခွင့် တစ်စက်ကလေးမှ မပေးနိုင်။

ရှဲ့နျိုရှန်း သူ့အဝတ်တွေကို မနှစ်မြို့စွာဖြင့် ခါထုတ်နေရင်း 

“ ဘာလို့ ငါ့ကို ကြည့်နေတာလဲ ဘာလဲ ငါက တွေ့တဲ့လူတိုင်းနဲ့ အိပ်တဲ့သူလို့ ထင်နေတာလား”

ရှဲ့ချောင် ခေါင်းခါလိုက်သည်။ “အဖေက အဲ့လိုမျိုး မဟုတ်ပါဘူး”

ထိုအခါမှသာ ရှဲ့နျိုရှန်း ကျေနပ်သွားပြီး

“အဖေ သူ့ကို ကူညီခဲ့တယ်ဆိုတာက သူ့အတွက် တကယ် စိတ်မကောင်း ဖြစ်မိလို့။ သူတကယ်ကြီး အဖေ့ကို လာထိလိမ့်မယ်လို့ ဘယ်ထင်မှာလဲ။ မိသားစုကောင်းကလာတဲ့ မိန်းကလေးတစ်ယောက်က အဲ့လိုပြုမူမှာမဟုတ်ဘူး။ အဖေလည်း ရူးနေတာမှ မဟုတ်တာ။ အဲဒီ ပြည့်တန်ဆာပွဲစား

ပြောတာက ဒီမိန်းကလေးက ဆောင်ကြာမြိုင်ဆီ ရောင်းစားခံလိုက်ရတာ မကြာသေးတော့ လေ့တောင် မလေ့ကျင်ပေးရသေးဘူးတဲ့လေ။ တခြားသူတွေကို အလုပ်အကျွေးပြုဖို့ ဘယ်လိုလုပ်ကောင်းမှာလဲ။ သူ့ရဲ့ လက်သေးသေးလေးတွေနဲ့….”

သူ့စကားစကို တစ်ဝက်တစ်ပြတ်နဲ့ ရပ်ပစ်လိုက်၏။

 အဲ့လိုစကားလုံးတွေက သူ့သမီးရှေ့မှာ ပြောဖို့ မသင့်တော်ဘူး !

အဲ့‌မိန်းကလေးတွေက သူ့ခြေထောက်ကို လာဆွဲဆိတ်နေပြီးတော့ နှစ်ခါတောင် ကုတ်လိုက်သေးတယ် သူ့ကို ကြည့်တဲ့ အကြည့်တွေကလည်း အတွေ့အကြုံရှိနေတဲ့သူတစ်ယောက်လိုမျိုး၊ အပျိုဖြစ်နေသေးတယ်ဆိုရင်တောင်

တစ်ယောက်ယောက်ဆီကနေ အရင်ကတည်းက လေ့ကျင်ပေးခံထားရတာ ဖြစ်လောက်တယ်၊ သူ လှည့်စားခံလိုက်ရတာ !

“အို့၊ ဒါနဲ့ အဲဒီ ဖေမိသားစုက မိန်းကလေးက အခု ဝမ်လန်ချန်ရဲ့ ကိုယ်လုပ်တော် ဖြစ်နေပြီ” ရှဲ့နျိုရှန်းက ရှဲ့ချောင် မသိသေးလောက်ဘူး အထင်နဲ့ ထပ်ပြောလိုက်၏။

ရှဲ့ချောင် ခေါင်းညိတ်ကာ “ သမီး သိတယ်”

“အဲ့မိန်းကလေးက တကယ်ကို ယုတ်မာတာ၊ သူ့အဝတ်အစားသူ လူပုံအလယ်မှာ ဖြဲပစ်ရဲတယ်။ ကံကောင်းလို့ အဖေ့သားလေးက သူ့ကို ကိုယ်လုပ်တော် လုပ်ခိုင်းဖို့ ချက်ချင်းတွေးမိလို့သာပေါ့ ၊ရက်နည်းနည်းကြာမှ ကောလဟာလတွေ ပျံ့သွားရင် တရားဝင် ဇနီးတောင် ဖြစ်‌ချင် ဖြစ်နေဦးမှာ “

“သား?”။ ရှဲ့ချောင် အံ့ဩသွားသည်

“ဟုတ်တယ်လေ၊ အဖေ လန်ချန့်ကို အရမ်း သဘောကျတယ်။ သူ့က သမီးအစ်ကိုကြီးထက်တောင် ပိုကောင်းသေးတယ်။ သူက အဖေ သားမက် မဖြစ်နိုင်မှတော့ အဖေ့သား ဖြစ်လာရုံပဲပေါ့။ အဖေ့ကို သူ့အဖေအဖြစ် သတ်မှတ်ဖို့တောင် ရက်ကောင်းရက်မြတ်တစ်ရက် ရွေးထားသေးတယ်”  ရှဲ့နျိုရှန်းမှာ အပျော်လွန်နေပြီး  အပြုံးတောင် မရပ်နိုင်။

သူတို့ နှစ်ယောက် အရမ်းတွေ အဆင်ပြေနေလိမ့်မယ်လို့ ရှဲ့ချောင် မထင်ထားခဲ့။

သူတို့နှစ်ယောက်ရဲ့ စိတ်နေစိတ်ထားတွေက တခြားစီတွေပဲကို…

ပြန်တွေးကြည့်လိုက်တော့မှ နား‌လည်ပေးလို့တော့ရသည်။ ဝမ်လန်ချန်ရဲ့ စိတ်နေစိတ်ထားက ပိုပြီး နူးညံ့သည်။ ဒါတင်မက ရှဲ့မိသားစုက သူ့အသက်ကို ကယ်ထားတဲ့အတွက် သူမ အဖေအတွက် ဘာမဆို လုပ်ပေးမှာပင်။

•••••

All Chapters