← Chapters

စုန်းမအိုကြီး

Vol. 33 Ch. 621

စုန်းမအိုကြီး

Vol. 33 Ch. 621

ထိုကျပန်းအမျိုးသမီးများအပေါ်  ရှဲ့နျိုရှန်း ၏စိတ်သဘောထားသည် အမှန်တကယ်ပင် ဖြောင့်မတ်ရိုးသားသောကြောင့် ရှဲ့ချောင်က ဤအိမ်ထဲတွင် မျက်စိဆံပင်မွေးဆူးစရာ မရှိသည့်အတွက် ဝမ်းသာမိသည်။

ထိုအချိန်တွင် ဖယ်ထုတ်ခံလိုက်ရသော မိန်းကလေးမှာ အံအားသင့်သွား၏။

ရှဲ့နျိုရှန်းက ကြည့်ကောင်းပေမဲ့ အသုံးမဝင်တဲ့ သူလား!

သူမ၏ သခင်က ထိုအကြောင်းကို အထူး စုံစမ်းနေပြီး သူမအား အရေးယူဆောင်ရွက်ခိုင်းခဲ့သည်။ သူမသည် လင်းမိသားစု၏ သမီး သုံးယောက်နှင့် အနည်းငယ် ဆင်တူသောကြောင့် သူမသည် ရှဲ့နျိုရှန်း၏ ဒုတိယဇနီး သခင်မလင်း

နှင့် အလွန်ဆင်တူပေသည်!

သူမ ပျော့ညံ့ဟန် ဆောင်ပြနေပါက ရှဲ့နျိုရှန်းကဲ့သို့ အောက်တန်းကျသောလူသည် သူမကို တွန်းလှန်နိုင်မည်မဟုတ်ပေ! 

သူမ မမျှော်လင့်ထားခဲ့ပေ.... အလွန် အားစိုက်ထုတ်ပြီးနောက် သူမက ထိုသူ့ ဘောင်းဘီ၏ အောက်ခြေကိုသာ ထိနိုင်ခဲ့သည်လား။ ပြီးတော့ အခု သူမကို နှင်ထုတ်ခဲ့သည်လား။

ထိုအချိန်တွင် ဤမိန်းကလေးသည် သူမ အလွန် ရုပ်ဆိုးနေသလားဟု မတွေးဘဲ မနေနိုင်တော့ပေ...

သူမသည် မတရားခံလိုက်ရရာ ဒေါသထွက်လွန်းသောကြောင့် သတင်းပို့ရန် ပြန်လာရုံသာတတ်နိုင်

ခဲ့သည်။

ရှဲ့ချောင်သည် အခုအချိန်တွင် အလုပ်များနေသဖြင့် ဖန်းမုရွှယ်၊ အခြားသူများနှင့် ပြန်လည် ပြင်ဆင်ရန် ပြန်သွားခဲ့သည်။

သင်ပေးနေရင်း ကစားရသည်က အလွန် ပျော်စရာကောင်း၏။

…

တစ်ဖက်၌ ကြမ္မာဥယျာဥ်တွင် ဖောက်သည်များရှိနေ၏။

ဆိုင်ရှင်ချန်သည် တစ်စုံတစ်ရာလွဲနေကြောင်း သိလိုက်ရသဖြင့် သူမအား စာတစ်စောင် ပို့လိုက်၏။

နောက်တစ်နေ့မွန်းလွဲပိုင်းတွင် သူမသည် ကျောင်းဆင်းပြီးနောက် ကြမ္မာဥယျာဥ်သို့ တစ်ချက်သွားကြည့်ခဲ့သည်။

"သူဌေး၊ မကြာသေးခင်က ဖောက်သည်တွေ အများကြီးရှိတယ်။ မကြာခဏဆိုသလို ငယ်ရွယ်ပြီး ချမ်းသာတဲ့ မိန်းမပျိုလေးတွေ ရောက်လာပြီး ဇီဇာကြောင်တတ်တယ်။ သူတို့က ထူးဆန်းတဲ့မေးခွန်းတွေလည်း အမြဲမေးတတ်ကြတယ်…” ဆိုင်ရှင်ချန်သည် ဘာကြောင့်မှန်းမသိခဲ့ပေ။

မိန်းမပျိုတစ်ယောက်က သူ့ဆီပြေးလာပြီး သူဌေးသည် အသက် ၃၀ သို့မဟုတ် ၄၀ အရွယ် စုန်းမကြီးလားဟု မေး၏...

သူဌေးက တကယ်ပဲ အသက် ၃၀ ၄၀ လောက်ရှိ

သော်လည်း သူမက အလွန် ငယ်ရွယ်နုပျိုနေပုံပေါ်ပေသည်။ သူမကို အသက်ကြီး သည်ဟု မည်သို့ယူဆနိုင်မည်နည်း!

သို့သော် ထိုသူသည် ဖောက်သည်တစ်ဦးဖြစ် သဖြင့် သူသည် သူမကို ဝေဖန်၍မရပေ။

ဆိုင်ရှင်ချန် ပြောပြီးသည်နှင့် ရှောင်းယွိရုန် သည် အပြင်မှ ၀င်လာခဲ့သည်။

"အိုး၊ ဆရာရှောင်းက ဒီရက်တွေမှာ မကြာခဏ ဒီကို လာနေတာပဲ" ဟု ဆိုင်ရှင်ချန် က အမြန်ပြောလိုက်သည်။

ရှဲ့ချောင်သည် ရှောင်းယွိရုန်ကိုတွေ့လိုက်ရ သောအခါ သူမ၏ ဦးရေပြားမှာ တဆစ်ဆစ် ခံစားလိုက်ရသည်။ သူမသည် သူမ၏ မျက်နှာကို

ကိုင်ကာ ခေါင်းမော့ပြီး အေးအေးဆေးဆေး လျှောက်သွားကာ ကြင်နာစွာ ပြောလိုက်သည်။ "ဆရာတူမောင်လေး ရှောင်း၊ မောင်လေးက အဆောင်တွေ၀ယ်ဖို့ ဒီကိုရောက်လာပြန်တာ လား။"

ရှောင်းယွိရုန်က ခေါင်းခါလိုက်၏။

သူ အကြီးအကျယ် ထိုးနှက်ခံလိုက်ရပုံ ပေါ်သည်။ လောလောဆယ်တွင် သူသည် စိတ်အခြေအနေ မကောင်းနေ။ သူသည် “မော့ချူးရှန်း” ကိုမြင်သောအခါ နိုးနိုးကြား ကြားရှိရန် သတိထားပြီး ရိုသေစွာ ဦးညွှတ်ပြီး ပြောလိုက်သည်။ “ကျွန်တော် ပစ္စည်းတွေ အများကြီးဝယ်ခဲ့တာမလို့ အကုန်မသုံးရသေးဘူး။ ဒီနေ့က ကျွန်တော် ဆရာတူအစ်မကို တွေ့ဖို့ လာခဲ့တာပါ။"

ဆိုင်ရှင်ချန်က တိတ်တိတ်လေး ရေရွတ်လိုက်

မိသည်။

သေချာသည်မှာ သူ ထိုပစ္စည်းအကုန်လုံးကို သုံးနိုင်လောက်မည်မဟုတ်။

ပထမတော့ ဆရာရှောင်းသည် ပညာရေး အထူး အဆောင်များ ၀ယ်ရသည်အား အနှစ်သက်ဆုံးပင်။ နောက်ပိုင်းတွင် သူသည် ထိုပစ္စည်း များကို အ၀ယ်ရပ်လိုက်၏။ ယခုမူ သူသည် သူဌေး ရောင်းသော သစ်သားရုပ်ထုများကို  သဘောကျနေ၏။

သစ်သားရုပ်ထုအမျိုးမျိုး ရှိသည်။ လူများ၊ မြင်းများ၊ ဝေါယာဥ်များနှင့် အိမ်များကိုပင် ထွင်းထုထားသည်။ ယင်းတို့အားလုံးကို သူ သဘောကျ၏။ သူသည် ခဏခဏ လာလာပြီး သူကြိုက်သည်များကို ရွေးယူတတ်လေသည်။ အကုန်လုံးအား ဝယ်နိုင်ချင်ခဲ့သည်။ 

သို့သော်… ထိုပစ္စည်းများကို အသက်ရှင်နေ သူများကဝယ်၍ သေသူများအတွက် မီးရှို့ပေးရပေမည်။

ကောင်းကောင်းမသိသူများက ဆရာရှောင်း၏ မိသားစုမှာ ဆိုးဆိုးရွားရွား ကိစ္စတစ်ခုခု ဖြစ်သွားပြီဟု ထင်ကြပေဦးမည်။

ရှဲ့ချောင်နှင့် ရှောင်းယွိရုန်တို့သည် သီးသန့်ခန်းသို့သွားကာ ထိုင်လိုက်ကြသည်။

ရှောင်းယွိရုန်က အလွန်ရှက်သွားသည်။ ရှဲ့ချောင်ရှေ့တွင် သူသည် မောင်ငယ်လေး တစ်ယောက်လိုပင်။ “ကျွန်တော် တရားရုံးမှာ မကြာသေးခင်က ဆိုးရွားတဲ့ ကောလဟာလတွေ ထွက်နေတယ်လို့ ကြားတယ်… အိမ်ရှေ့မင်းသားနဲ့ ပတ်သက် ပြီး

တော့ပေါ့…”

“ဟုတ်တယ်” ရှဲ့ချောင်က ခေါင်းညိတ်လိုက် သည်။

“စတုတ္ထမင်းသားနဲ့ ပဉ္စမမင်းသား နှစ်ပါး စလုံးက အိမ်ရှေ့မင်းသားနဲ့ … ဆရာတူအစ်မ တို့ ချစ်ကြိုက်နေကြတယ်လို့ ပြောကြတယ်… ကျွန်တော်ကတော့ ဒါကို မယုံပါဘူး! ဒါပေမဲ့ ရေရှည်မှာ ဆရာတူအစ်မရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်…” ရှောင်းယွိရုန်က ခပ်မြန်မြန်ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး။” ရှဲ့ချောင်က ငြိမ်သက်နေပုံပင်။

တာအိုဆရာမတစ်ယောက်အနေနှင့် သူမက သူတစ်ပါး တံတွေးခွက်တွင် မည်သို့ ပက်လက်

မျောနိုင်မည်နည်း။

ရှောင်းယွိရုန်သည် ထိုစကားကိုကြားသောအခါ သူ၏နှလုံးသား အေးစက်သွားသည်။ “ဆရာတူအစ်မက ဖြူစင်ပြီး အပြစ်ကင်းစင် တယ်။ အဲဒီလူတွေက အစ်မကို တိုင်းပြည်ကို ဘေးဆိုးတွေ ယူဆောင်လာနိုင်တဲ့ နတ်ဆိုးတစ်ကောင် ဖြစ်အောင်လုပ်တော့မလို့။ ဒါက ဘယ်လိုလို့ အရေးမကြီးဘဲနေမှာပဲ။ အိမ်ရှေ့စံမင်းသားရောပဲ။ သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရှေ့နန်းတော်မှာ နေနေ တာ။ ကျွန်တော်လည်း သူ့ကို မတွေ့ရသေး ဘူး။ မဟုတ်ရင် ကျွန်တော် သူ့ကို  အစ်မအတွက် တရားမျှတမှု ပေးအောင်လုပ်မှာ!"

•••••

All Chapters