မိသားစုဖြစ်သည်။
Vol. 33 Ch. 622
အိမ်ရှေ့စံမင်းသားသည်လည်း အပြစ်ကင်း
ကြောင်း ရှောင်းယွိရုန်က သိသည်။ ဤအရာအားလုံး သည် မကောင်းသော ရည်ရွယ်ချက်ရှိသူမှ စတင်ခဲ့သော အငြင်းပွားစရာတစ်ခုသာ။ အိမ်ရှေ့စံမင်းသားသည်လည်း ဒုက္ခရောက်ခဲ့ရသူ များထဲက တစ်ယောက်ပင်။
သို့သော် သူသည် ယောက်ျားတစ်ယောက် ဖြစ်သည်။ ထိုအချိန်မျိုးတွင် သူသည် ကြံ့ကြံ့ခံ ရပ်တည်သင့်ပေသည်။ ပြည်သူများ စိတ်အေး စေရန်အတွက် ကမ္ဘာကို ကြေငြာဖို့ပဲဖြစ်ဖြစ်၊ ဇနီးတစ်ယောက်ကို ချက်ချင်းလက်ထပ်ဖို့ ပဲဖြစ်ဖြစ်၊ သူသည် သူ၏ဆရာတူအစ်မကို ထိုသို့အရှက်ရစေရန် လုံးဝခွင့်မပြုသင့်ပေ။
ရှဲ့ချောင်သည် ရှောင်းယွိရုန်၏ ဒေါသထွက်နေသည့်ပုံစံကို ကြည့်ပြီး တွေးလိုက်သည်... သူသည် ဘဝတွင် ပျော်ရွှင်ရမည့် ကံကြမ္မာ ပါလာခဲ့သည့် လူမဟုတ်ပေ။
သူ့တွင် ဆရာတစ်ယောက်၏ အမူအရာ လုံး၀မရှိသလို ထိုအသေးအမွှားကိစ္စအတွက် သူ အလွန်ဒေါသထွက်နေလေသည်။ သူ ဂြိုလ်မွေရန်ကြိုးစားနေသည့်လူက တကယ်တော့ ဆယ်ကျော်သက်မိန်းကလေးဖြစ်ပြီး လိမ်ထားသည်ကို သိခဲ့ရင်…
သူ သူမကို အရှင်လတ်လတ် မစားလောက်ဘူးမလား!
ရှဲ့ချောင်သည် သူမကိုယ်သူ တည်ငြိမ်စေရန် လက်ဖက်ရည် တစ်ငုံသောက်လိုက်သည်။
သူမ ဘာပြောရမှန်းမသိပေ။
ရှောင်းယွိရုန်က ထိုစကားကိုပြောပြီးနောက် ရှဲ့
ချောင်က လုံးဝဂရုစိုက်ပုံ မပေါ်ကြောင်းကို သူသတိပြုမိသည်။
သူလည်း အနည်းငယ် သံသယဖြစ်မိသည်။ "ဆရာတူအစ်မ၊ အစ်မ လုံး၀ ဒေါသ မထွက်ဘူးလား"
ရှဲ့ချောင်က ခေါင်းခါလိုက်သည်။
သူမတွင် မော့ချူးရှန်းဆိုသည့် အထောက် အထားသာရှိလျှင်ပင် ဒေါသထွက်ရန်မှာ အသုံးမဝင်ပေ။ "အိမ်ရှေ့မင်းသားနဲ့ အစ်မနဲ့ ရွှင်းပြည်နယ်မှာ အမှုတွဲလုပ်နေတုန်းက ကျောက်ရွှီကျီးနဲ့ အမှတ်မထင် တွေ့ခဲ့တယ်။ သူက အိမ်ရှေ့စံမင်းသား အမှုတွဲကိုင်နေတာကို မနာလိုတာကြောင့် လျှို့ဝှက်ကြံစည်ခဲ့တာ။ ဒါပေမဲ့ သူ့မှာ သက်သေမရှိဘူးလေ။ ဒီလိုပြောရုံနဲ့ သူက ငါ့ကို နတ်ဆိုးဖြစ်အောင် လုပ်နိုင်ရင် လောကကြီးမှာ ဥပဒေဆိုတာ
ရှိတော့မလား။”
ရှောင်းယွိရုန်သည် ခဏတာ တိတ်ဆိတ်သွား သည်။ "မှန်ပါတယ်။ အစက အိမ်ရှေ့စံမင်းသားကို ရယ်စရာကောင်းတယ်လို့ ဝေဖန်ကြတဲ့ လူတွေအများကြီးရှိခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ရက်က လူတစ်ယောက်က ကျောက်ရွှီကျီးမှာ သက်သေအထောက်အထား မရှိဘဲ ခန့်မှန်းနေတာလို့ ပြောခဲ့တယ်...”
ရှဲ့ချောင်သည် သူမတွင် ရှက်စရာ ဘာမှမရှိဟု ထင်ခဲ့သည်။
သို့ဆိုလျှင် သူမနှင့် အိမ်ရှေ့စံမင်းသားကြား ကျူးကျူးလွန်လွန် ဖြစ်ခဲ့ကြရင်ရော။
သူမသည် လူမြင်ကွင်းတွင် တစ်ခါမှ စည်းမကျော်
ခဲ့ဖူးပေ။ အိမ်ရှေ့စံမင်းသားက သူမကို အမြဲတမ်း လေးစားပြီး ယဥ်ကျေး၏။ သူက လုံးဝ အပြစ်ကင်းစင်သည်။
ရှောင်းယွိရုန်က ခဏလောက်စဉ်းစားပြီး ပြောလိုက်သည်။ "ကျွန်တော် အရမ်း ကမူးရှူးထိုး လုပ်လိုက်မိတယ်။ အိမ်ရှေ့စံ မင်းသားက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော့်ကို တမင်သက်သက် မတွေ့ခဲ့ဘူးလို့ ထင်ခဲ့တာ။”
ယခင်က အိမ်ရှေ့စံမင်းသားကို တစ်ဖက်သတ် မကျေမနပ် ဖြစ်ခဲ့သည်။ အိမ်ရှေ့စံမင်းသားကို ကျယ်ကျယ်လောင်လောင်ပြောဆိုသူ သိပ်မရှိပေ။
သို့သော် ယခုတစ်ခါတော့…
မတူပေ။
ရှောင်းယွိရုန်လည်း စိတ်ပူပြီး စိတ်ရှုပ်သွား သည်။ ယခု ရှဲ့ချောင်က အလွန်စိတ်အေး နေသည်ကို သူ မြင်လိုက်ရတော့ သူ၏စိုးရိမ်မှု များ ပျောက်သွားလေသည်။
သူတို့စကားပြောနေစဉ်တွင် ကြမ္မာဥယျာဥ် အပြင်ဘက်မှ အသံအချို့ထွက်လာသည်။
ရှဲ့ချောင်က အခန်းဆီးမှတဆင့် လှမ်းကြည့် လိုက်ရာ သုန့်ညီအစ်မများကို တွေ့လိုက်ရ၏။
သုန့်ရှီးယွင်က ဟိုဟိုဒီဒီလျှောက်ကြည့်နေပြီး သူမ ဘာတွေးနေလဲဆိုသည်ကို မည်သူမှ မသိပေ။ သူမနံဘေးရှိ ဒုတိယ သခင်မလေး သုန့်က အနည်းငယ် စိတ်ပူနေသည်။ သူမက သုန့်ရှီးယွင်၏ အင်္ကျီလက်ကို ဂရုတစိုက် ဆွဲကိုင်လိုက်ပြီး
ပြောလိုက်သည်။ "အစ်မ၊ ပြန်ကြရအောင်။ ဒါက ရိုင်းတယ်..”
သုန့်ရှီးယွင်က သူမ ဘာမှ မကြားသလို ဟန်ဆောင်လိုက်သည်။ သူမက သူမ၏ ညီမကို မျက်စိလှန်ပြလိုက်ပြီး ဆိုင်ရှင်ကို ကြည့်ကာ မေးလိုက်သည်။ “ဆရာမမော့ ရှိလား”
ဆိုင်ရှင်က အသက်မပါပေ။ “သူဌေးမက အလုပ်များနေတော့ ဧည့်သည်တွေကို မတွေ့ပါ ဘူး။ လိုအပ်တာရှိရင် ကျွန်တော် သူမကို အကြောင်းကြားပေးလို့ရတယ်။"
သုန့်ရှီးယွင်က ထိုစကားကိုကြားတော့ သူမက ပြုံးပြီး ပြောလိုက်သည်။ "ထားလိုက်ပါ။ ဆရာမမော့လည်း မရှိတော့ ကျွန်မ နောက်တစ်ကြိမ်မှ ထပ်လာခဲ့ပါ့မယ်။ ကျွန်မက သုန့်မိသားစုရဲ့ ပထမသခင်မလေးဆိုတာကို နောက်မှ ဆရာမမော့ကို
ပြောလိုက်လို့ရ ပါတယ်။ သူမနဲ့ အိမ်ရှေ့စံမင်းသားကြားမှာ တစ်ခုခုရှိရင် ဒါက ဘာကိုဆိုလိုလဲဆိုတာကို သူမ ချက်ချင်းနားလည်လောက်ပါတယ်။ နောင်ကျရင် ကျွန်မတို့က မိသားစုဖြစ်လာမှာ ဆိုတော့ တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသင့်တယ်လေ”
ရှဲ့ချောင်သည် အတွင်းမှ အရာအားလုံးကို ရှင်းလင်းစွာကြားရပြီး မျက်မှောင်ကြုတ် လိုက်သည်။
သူတို့က ဘာကို မိသားစုဖြစ်နိုင်မှာလဲ။
“မကြာသေးခင်က ဧကရာဇ်က စတုတ္ထမင်းသားအတွက် ကြင်ရာတော် တစ်ယောက်ကို ရွေးချယ်လိုက်တယ်။ သခင်မလေး သုန့်က အဓိကကြင်ရာတော် အဖြစ် ခန့်အပ်ခံရတယ်။ အိမ်ရှေ့စံ မင်းသားရဲ့လက်ထပ်ပွဲကို မဆုံးဖြတ်ရသေးတော့
ဧကရာဇ်က လက်ထပ်ခွင့်အမိန့် မထုတ်ပြန်သေးတာ။ လက်ထပ်ပွဲက နှောင့်နှေးနေတယ်လေ” ရှောင်းယွိရုန်က ရှဲ့ချောင် ကို ရှင်းပြလိုက်သည်။
ဧကရာဇ်သည် အိမ်ရှေ့စံမင်းသားကို အလွန် ချစ်သည်။ သူ၏ သားအကြီးဆုံး အိမ်ထောင် မပြုမီတွင် သားငယ်ကို ရှေ့တစ်လှမ်း မတိုးစေချင်ပေ။
တော်ဝင်မိသားစုတစ်ခုလုံး၏ သားသမီးများသည် အိမ်ထောင်ကျ နောက်ကျသဖြင့် သားသမီးအရ နောက်ကျပေမည်။
သူတို့လုပ်နိုင်တာ ဘာမှမရှိပေ။ တော်ဝင် မိသားစုအတွင်း၌ အိမ်ရှေ့စံမင်းသားနှင့် သက်တူရွယ်တူသူများတွင် အရိုက်အရာဆက်ခံသူ ရှိပါက နန်းတော်ရှိ ဧကရာဇ်က ထိုမိသားစု၏ မင်းသား
ကို ကြဥ်ထားမည်မှာ အသေအချာပင်။
ဧကရာဇ်သည် အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်လာပါက အမှန်ပင် စိတ်သဘော ထား သေးသိမ်ပေသည်။
•••••