တော်ဝင်မိသားစု၏ချွေးမ
Vol. 33 Ch. 623
စတုတ္ထမင်းသားသည်လည်း ထိုမျှလောက် အသက်မကြီးသေးပေ။ ယခု သူသည် အသက် ၁၇နှစ်သာရှိသေးပြီး သုန့်ရှီးယွင်ထက် လအနည်းငယ် ငယ်သည်။ အကျိုးသင့် အကြောင်းသင့်ပြောရလျှင် ဤလက်ထက်ပွဲ သည် အနည်းငယ်ပိုနှောင့်နှေးနိုင်သည်။
သို့သော် စတုတ္ထမင်းသား၏ အမူအရာမှာ ၀မ်းနည်းနေသည်။
စတုတ္ထမင်းသားသည် မကြာမီ မျိုးဆက်များ ရှိလာမည်ဟု သူတို့က မျှော်လင့် ကြသည်။ နောက်ပိုင်း ဧကရာဇ်တွင် မြေးရှိလာ သောအခါ၊ အခွင့်အရေးပေးခြင်းက အနည်းငယ်မျှ ပြောင်းလဲသွားနိုင်သည်။
ဧကရာဇ်မင်းသည် တရားရုံးတော်၌ မင်္ဂလာပွဲကျင်းပရန် အဆက်မပြတ်တိုက်တွန်းခံနေ ရသဖြင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး သဘောတူရန် အတင်းအကြပ်ဖိအားပေးခံ ခဲ့ရသည်။
သူသဘောတူလိုက်သော်လည်း သုန့်မိသားစု ကြောင့် စိတ်ပျက်နေလေသည်။
လက်ထပ်ပွဲကို အတွင်းရေးကျကျ ဆုံးဖြတ်ပြီး
နောက်၊ သုန့်ရှီးယွင်၏ဖခင်သည် ဧကရာဇ်၏ အပြစ်တင်ဆုံးမခြင်းကို အကြိမ်ပေါင်းများစွာ ခံခဲ့ရသည်။
ရှောင်းယွိရုန်သည် တရားရုံးတော်ရှိ အရေးကိစ္စများစွာကို သိသည်။ သူက အကုန် အိတ်သွန်ဖာမှောက်ပြောပြီး ရှဲ့ချောင်ကို ရှင်းရှင်းလင်းလင်း ရှင်းပြလိုက်သည်။
“ဧကရာဇ်က စတုတ္ထမင်းသား အိမ်ရှေ့စံ မင်းသားလိုမျိုး ထင်ရှားကျော်ကြားသွားမှာ စိုးလို့ သူက အိမ်ရှေ့စံမင်းသားအတွက် ကြင်ရာတော် မင်းသမီးကို မရွေးချယ်ချင်ဘူး။ ဒုတိယနဲ့ တတိယမင်းသားတွေလည်း ကံမကောင်းကြဘူး။ သူတို့ နောက်တစ်ခါ အိမ်ထောင်ပြုရင်တောင် မင်္ဂလာပွဲက ရှုပ်ထွေးပြီး ဘယ်သူမှ ဒါကို ဂရုစိုက်ကြမှာ မဟုတ်ဘူး” ရှောင်းယွိရုန်သည် အခြား မင်းသားများကို ကိုယ်ချင်းစာသင့်သလား သို့မဟုတ် အိမ်ရှေ့စံမင်းသားအတွက် ပျော်ရွှင်ရမ
လား မသိတော့ပေ။
အိမ်ရှေ့စံမင်းသားကို မျက်နှာသာပေးခြင်းသည် တိုင်းပြည်အတွက် အကောင်းဆုံး အရာပင်။ သားအဖချင်း စိတ်၀မ်း ကွဲပြားခြင်းထက် ပိုကောင်းသည်။
“သုန့်မိသားစုက အာဏာရှိတဲ့ အရာရှိမိသားစု မဟုတ်ဘူး။ စတုတ္ထမင်းသားက ဘယ်လို ဖြစ်လို့ သူတို့ကို ရွေးလိုက်တာလဲ” ရှဲ့ချောင်က အံ့သြစွာ မေးလိုက်သည်။
“သုန့်မိသားစုက မျက်နှာသာပေး မခံရပေမဲ့ သခင်မလေးသုန့်က အပြင်မှာ နာမည်ဂုဏ် သတင်း ကျော်ကြားပါတယ်။ ပြီးတော့ ဧကရာဇ်က စတုတ္ထမင်းသားနဲ့ တွဲဖက်ပေးဖို့ အင်အားကောင်းတဲ့ မိသားစုနောက်ခံရှိတဲ့ သူတစ်ယောက်ရွေးချယ်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူးဆို
တာ တရားရုံးက လူတော်တော်များများ သိကြတယ်လေ" ရှောင်းယွိရုန်က ရှင်းပြသည်။
ယခင်ဧကရာဇ်များသည် သူတို့၏ သားသမီး များနှင့်ပတ်သက်လာပါက ဟန်ချက်ညီသော ချဥ်းကပ်မှုကို အသုံးပြုလေ့ရှိကြသည်။
ဖြောင့်မတ်သူသည် မကောင်းမှုကို တစ်နည်း တစ်ဖုံနှင့် နှိမ်နင်းပေလိမ့်မည်။ အတိုချုပ်ပြော ရလျှင် သာမာန်ဧကရာဇ်သည် မည်သူတစ်ဦး တစ်ယောက်ကိုမျှ အထူးမျက်နှာသာပေးမည် မဟုတ်ပေ။
သို့သော် လက်ရှိဧကရာဇ်က လုံးဝပြောင်းပြန်သာ။
အိမ်ရှေ့စံမင်းသားကို ရာထူးခန့်အပ်သည့် ပထမနေ့တွင် သားအကြီးဆုံးသာလျှင် ထီးနန်းကို
ဆက်ခံနိုင်သည်ဟု သူ တစ်ခါ ပြောခဲ့ဖူးသည်။
အစောပိုင်းနှစ်များတွင် သူသည် အိမ်ရှေ့စံ မင်းသားရှေ့တွင် တိုးတိုးတိတ်တိတ် ပြောလေ့ ရှိသည်။ “သားတော်၊ ဒီတိုင်းပြည်ကြီးက မင်းအပိုင်ပဲ…”
အိမ်ရှေ့စံမင်းသားကို မျက်နှာသာပေးသော ဧကရာဇ်၏ စကားများ ပေါက်ကြားသွားပြီး အားလုံးကို စာအုပ်ထဲတွင် မှတ်တမ်းတင်ထား သည်ဟု ဆိုကြသည်!
ရှောင်းယွိရုန်က ထိုသို့ပြောသောအခါ ရှဲ့ချောင် က သုန့်ရှီးယွင် ဘာတွေးနေလဲဆိုသည်ကို သဘောပေါက်သွားသည်။
မော့ချူးရှန်းသည် စုန်းမတစ်ယောက် ဖြစ်သည်...
သူတို့ နှစ်ယောက်စလုံးသည် "တော်ဝင်မိသား စု၏ချွေးမများ” ဖြစ်ကြသည်။ တစ်ယောက် က နာမည်ကြီးပြီး နောက်တစ်ယောက်က လူလိမ်တစ်ယောက် ဖြစ်သည်။ သူတို့ နှစ်ယောက်အတူရပ်နေလျှင် လူလိမ်က အရှက်ရမည်ဖြစ်ပြီး အိမ်ရှေ့စံမင်းသားက မျက်နှာပျက်ပေလိမ့်မည်။
ဘယ်လောက်ဆိုးရွားလိုက်လဲ။
ဤသည်က ကျောက်ရွှမ်ကျင်းအတွက်လည်း မလွယ်ကူပေ။
သို့သော် ရှဲ့ချောင်က အခက်အခဲဖြစ်နေသည် ဟု ထင်သည့် ကျောက်ရွှမ်ကျင်းက လောလောဆယ် နန်းတော်ရှိလူများကို အပြစ်ပေးနေသည်ကို ရှဲ့ချောင်က မသိခဲ့ပေ။
ဧကရာဇ်၏မျက်နှာသာပေးခံရမှုကို အားကိုး၍ ကျောက်ရွှမ်ကျင်းသည် နှစ်ရက်ကြာ တုံ့ဆိုင်း သွားပြီးနောက် ကျောက်ရွှီကျီးကို နန်းတော်ထဲ သို့ခေါ်လိုက်သည်။
သူ ကိုယ်တိုင်ကိုယ်ကျ ပြောစရာပင် မလိုသော ကိစ္စများ ရှိ၏။
ယင်းအစား သူ့တွင် ထိုကိစ္စကို လုပ်ခိုင်းရန် တခြားလူတစ်ယောက်ရှိ၏။ ရွှင်းပြည်နယ်သို့ ကျောက်ရွှီကျီး နောက်လိုက်ခဲ့သော လက်အောက်ငယ်သားများသည်လည်း နန်းတွင်းရင်ပြင် အပြင်ဘက်တွင် စုရုံးကာ နာခံမှုရှိရှိ ဒူးထောက်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးတချို့ ရောက်လာကြသည်။
"မင်းတို့အားလုံး ကျောက်ရွှီကျီးနဲ့ အတူရှိနေကြတာ။ သူကြားခဲ့ သိမြင်ခဲ့ရတာတွေကို မင်းတို့အားလုံးသိကြမှာပဲ။ ဒီလိုဆိုတော့ ကျောက်ရွှီကျီးက ရွှင်းပြည်နယ်ကို သွားတုန်း က သူ ဘာတွေလုပ်ခဲ့လဲဆိုတာကို မင်းတို့တွေ ငါတို့ကို ပြောပြကြ။ ဆရာမမော့နဲ့ ငါနဲ့က လျှိို့လျှို့ဝှက်၀ှက် ချစ်ကြိုက်နေကြတာလား” ကျောက်ရွှမ်ကျင်း၏အကြည့်သည် မီးရှူးတိုင် ကဲ့သို့ဖြစ်ပြီး၊ သူသည် လူအုပ်ကြားကို ကြည့်ပြီး ဖြည်းညင်းစွာပြောလိုက်သည်။
ကျောက်ရွှီကျီး လက်သီးများကို ဆုပ်ထား၏။
ဤအချိန်တွင် သူ့နောက်မှလူက ပြောလိုက် သည်။ “အရှင့်သားကို အစီရင်ခံပါတယ်။ ကျွန်တော် ပထမသခင်လေးနောက်ကို တောက်လျှောက်လိုက်ခဲ့တာပါ။ ရွှင်းပြည်နယ်ကိုသွားတဲ့လမ်းမှာ သူက ရည်ရွယ်ချက်ရှိရှိ အရှိန်အဟုန်နဲ့ သွားခဲ့ပြီး အိမ်ရှေ့စံမင်းသား ဒီအမှု
ကို မကိုင်တွယ်ခင် သူ ရွှင်းပြည်နယ်ကို ရောက် ချင်တယ်လို့ ပြောခဲ့ပါတယ်!”
ပြောလိုက်သည့်သူမှာ အစောပိုင်း မြွေကိုက်ခံ ခဲ့ရသည့် ကျောက်ရွှီကျီး၏ လူယုံတော် ဖြစ်သည်။
သူ ထိုသို့ပြောသောအခါ ကျောက်ရွှီကျီးက လှည့်၍ သူ့ကို စိန်းစိန်း၀ါး၀ါး ကြည့်လိုက် သည်။ "မင်းက ငါ့ကို စွပ်စွဲရဲတယ်လား!"
•••••