ဖြတ်ပစ်လိုက်။
Vol. 33 Ch. 624
အစေခံက ခေါင်းငုံ့ပြီး အံ့ကြိတ်လိုက်သည်။ “ပထမ သခင်လေးက အိမ်ရှေ့စံမင်းသားကို… မသန်မစွမ်းဖြစ်နေတယ်လို့ လမ်းတစ်လျှောက်လုံး...
အရှင့်သားက အရည်အချင်းမရှိတဲ့သူ။ နှစ်ပေါင်းများစွာ အိမ်ရှေ့စံမင်းသားဖြစ်နေခဲ့တာတောင် တရားရုံးမှာ သူ့ဘက်တော်သားတစ်ယောက်မှ မရှိဘူး။ သူက အနှေးနဲ့အမြန် မသန်စွမ်းဖြစ်မှာပဲ!ဆိုပြီးအကြိမ်ပေါင်းများစွာ စော်ကားခဲ့ပါတယ်"
ဧကရာဇ်၏ မျက်နှာထားမှာ တင်းမာနေလေပြီ။
”ပထမသခင်လေးမှာ အရှင့်သားနောက်ကို တိတ်တဆိတ်လိုက်ခိုင်းထားတဲ့ သူ့ရဲ့ လက်အောက်ငယ်သားတွေ ရှိပါတယ်။ ဒါပေမဲ့… ဒါက မသင့်တော်ဘူးလိို့ ထင်ပြီး အမိန့်ကို မလွန်ဆန်ရဲတဲ့အတွက် ဆရာမမော့ဘက်ကို နည်းနည်းအာရုံစိုက်ခဲ့တာပါ… ဆရာမမော့နဲ့ အရှင့်သားတို့က အမှုတွဲကို အတူတူ ဆွေးနွေးလေ့ရှိကြတော့… ပထမသခင်လေးက အရှင့်သားတို့နှစ်ယောက် ချစ်ကြိုက်နေကြတယ်လို့ ပြောပေမဲ့ ကျွန်တော်ကတော့… ဘာမှ ကျူးကျူးလွန်လွန်
လုပ်နေကြတာ မတွေ့ခဲ့ပါဘူး” နောက်ထပ်အစောင့်တစ်ယောက်က ပြောလိုက်သည်။
သူပြောခဲ့တာ မှန်ပါသည်!
အိမ်ရှေ့စံမင်းသားက ဆရာမမော့အပေါ် အလွန် နူးညံ့သိမ်မွေ့သည်။ သူသည် သူ့အနားရှိလူများနှင့် နှိုင်းယှဉ်လျှင် သူမကို ထူးထူးခြားခြား ဆက်ဆံသော်လည်း သူ၏ လုပ်ရပ်မှာ ဘာမှမမှားယွင်းပေ!
ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ကျောက်ရွှီကျီး၏ အမှားများကို စတင် ထောက်ပြလာကြသည်။
ကျောက်ရွှီကျီး၏ မျက်နှာ ဖျော့တော့လာသည်။
သူတို့က အိမ်ရှေ့စံမင်းသားနှင့် ဆရာမမော့ တို့က ဘာမှမသက်ဆိုင်ဟု ပြောကြရုံတင်မကပဲ သူက အိမ်ရှေ့စံမင်းသားကို မရိုမသေ လုပ်သည်ဟုပင် သူတို့က ပြောကြသည်!
ထိုသစ္စာဖောက်များက ဘာဖြစ်လို့ ထိုသို့ပြုမူ နေရသနည်း!
ကျောက်ရွှမ်ကျင်းသည် လွန်ခဲ့သည့် နှစ်ရက်လုံး ဘာမှမလုပ်ဘဲ နေခဲ့သည် မဟုတ်ပေ။
သူ၏အဆင့်အတန်းနှင့် သူသည် ကျောက်ရွှီကျီးကို ဆိုးဆိုးရွားရွား ဒုက္ခရောက် အောင် လုပ်နိုင်သည်။ သို့သော်၊ လွန်ခဲ့သည် နှစ်အနည်းငယ်အတွင်း သူက သူ့ကို လေးစားဖူးလို့လား။
ယခင်က သူသည် အိမ်ရှေ့စံမင်းသားရာထူးကို ဂရုမစိုက်ခဲ့ပေ။ သို့သော်၊ နောင်တွင် သူ လုပ်ချင်တိုင်းဆက်လုပ်နေပါက နောက်ဆုံး သူ၏ဇနီးနှင့် သားသမီးများလည်း သူနှင့်အတူ ဒုက္ခရောက်ကြပေလိမ့်မည်။
ရှဲ့ချောင်က ဖြူစင်သည်။ သူသည် သူမကို သူနှင့်အတူ နာမည်ဆိုးထွက်ခွင့်ပေးမည် မဟုတ်။
ကျောက်ရွှီကျီး အနောက်ရှိ လူအများစုသည် မင်းသားနင်ပေ့၏ အိမ်တော်မှလာကြသည်။ မင်းသားနင်ပေ့၏ သဘောတူညီချက်အရ သားအကြီးဆုံး ကျောက်ရွှီကျီးတွင် ဘာ အဆင့်အတန်းရှိနိုင်မည်နည်း။
ဧကရာဇ်မှာ အလွန်စိတ်ပျက်လက်ပျက် ဖြစ်နေ၏။
သူသည် ဓားကိုဆွဲထုတ်ကာ ထိုမသိနားမလည် သည့်မျိုးမစစ်ကောင်ကို သတ်ပစ်ချင်နေသည်!
“အိမ်ရှေ့စံမင်းသားအကြောင်း မဆင်မခြင် ပြောတာက အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ သူ့ကို တစ်သက်လုံး အကျဥ်းချထားလိုက်” ဧကရာဇ်သည် မီးတောက်လုမတတ် ဖြစ်နေသည်။
ဒီမျိုးမစစ်ကောင်က အိမ်ရှေ့စံမင်းသားကို ဆန်ကုန်မြေလေးလို့ ပြောရဲတယ်လား!
သူ ထိုအကြောင်းကို တွေးလေ ဒေါသထွက် လေလေပင်။ အထူးသဖြင့် ကျောက်ရွှီကျီးသည် ယခင်က လက်ရေးလှ ပန်းချီများနှင့် ပန်းချီကားများကို နန်းတော် ဂုဏ်ပြုစားပွဲသို့ ပေးပို့ခဲ့သည်ကို သတိရ သောအခါ သူ့ဓားကို ၀ှေ့ယမ်းလိုက်ပြီး ချက်ချင်းပင် ပို၍ ဒေါသထွက်လာလေသည်။
သူသည် သူ၏ညာလက်ကို လက်ညိုးထိုးပြပြီး အမိန့်ပေးလိုက်သည်။ “သူ့လက်မောင်းကို ဖြတ်ပစ်လိုက်!”
၀န်ကြီးများအားလုံး ထိတ်လန့်တုန်လှုပ်သွား ကြသည်။
ဧကရာဇ်မင်းသည် ယခုအခါ ဒေါသထွက် နေပြီး လူတစ်ယောက်အား ချက်ချင်း လုပ်ရန် အမိန့်ပေးလိုက်သည်။
အစောင့်သည် သူ၏ဓားဖြင့် လက်မောင်းအားခုတ်ဖြတ်ချလိုက်သည်။ သွေးများ နေရာအနှံ့ ပျံ့နှံ့သွားပြီး ကျောက်ရွှီကျီး၏ လက်မောင်း ချက်ချင်း ပြုတ်ကျသွားသည်။ ကျောက်ရွှီကျီးသည် နာကျင်မှုကြောင့် နှစ်ကြိမ် အော်ဟစ်ပြီး နေရာတွင်ပင် မေ့လဲသွားလေသည်။
“သူ့ကို သွေးတိတ်အောင် လုပ်ပေးလိုက်။ သူ မသေစေနဲ့။ နောက်ကျရင် ချင်းယွမ်အင်ပါယာ ကို အုပ်ချုပ်နေတဲ့ ငါ့သားတော်ကို သူ့မျက်လုံး တွေနဲ့ တပ်အပ် မြင်စေရမယ်!” ဧကရာဇ်က အံကြိတ်လိုက်သည်။
ကျောက်ရွှမ်ကျင်း၏ မျက်နှာပေါ်တွင် ကူကယ်ရာမဲ့ အရိပ်အမြွက်များ ထွက်ပေါ်လာသည်။
သူ ဆယ်ကျော်သက်အရွယ်တုန်းက စိတ်ရှုပ်ထွေးခဲ့ရသည်။ ညီလာခံမှ အမတ်ကြီးများ အားလုံး၏ မျက်နှာထားများက အဘယ် ကြောင့် ဤမျှ လျင်မြန်စွာ ပြောင်းလဲသွား သည်ကို သူနားမလည်ပေ။
ထို့နောက် သူ့အဖေက သူ့ကို တိုင်းပြည် အကြောင်းပြောသည်ကို ကြားတိုင်း သူ
သဘောပေါက်လာသည်။
လေတိုက်လျှင် တောထဲရှိ အမြင့်ဆုံးသစ်ပင်သည် အရင် ပျက်စီးပေလိမ့်မည်။
သူ၏အဖေက သူ့ကိုသတ်ရန် မရည်ရွယ် သော်လည်း နှစ်ပေါင်းများစွာ သူ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေခဲ့သည်။
သူ၏အဖေက သူစကားပင်မပြောနိုင်မီတွင် သူ့ကို တိုက်ခိုက်ရန် ကြိုးစားသူများကို ရှင်းပစ်ခဲ့ပြီးလေပြီ။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ၏အဖေက သူ၏လက်ပေါ်ရှိ ဒဏ်ရာကြောင့် ပြင်းထန်စွာ ခံစားခဲ့ရသောကြောင့် ပြစ်ဒဏ်များသည် အနည်းငယ် ပိုကြောက်စရာကောင်းခဲ့သည်။
သူ၏ခမည်းတော်ပြောကြားချက်အရ သားအကြီးဆုံးအား အလွန်ချစ်သည်ကို ဖုံးကွယ်ထားပါက ကမ္ဘာပေါ်ကလူတိုင်းလည်း ဒီလိုပဲ လုပ်ကြမှာ မဟုတ်လားဟုပင်။
ထို့ကြောင့် သူ့ကို ထားလိုက်ပါ။
“အိမ်ရှေ့စံမင်းသားနဲ့ မော့ချူးရှန်းက အချစ် ဇာတ်မခင်းကြတဲ့အပြင် သူတို့အချစ်ဇာတ် ခင်းခဲ့ကြတယ်ဆိုရင်တောင် အဖေ တစ်ယောက်အနေနဲ့ သူတို့ဆန္ဒရှိမယ်ဆိုရင် ငါကိုယ်တော် သူတို့ကို မိဘအနေနဲ့ ခွင့်ပြုပေးလိုက်မယ်။ မင်းတို့ထဲက ဘယ်သူက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာပြောရဲလဲ!”
ဧကရာဇ်သည် ထိုဝန်ကြီးများကို စိမ်းစိမ်း၀ါး၀ါး ကြည့်နေ လေသည်။ “မင်းတို့ ဘာတွေတွေးနေလဲဆိုတာ ငါကိုယ်တော်မသိဘူးလို့ မထင်နဲ့။ မင်းတို့က လစာကို နုတ်ယူမှာကို ဂရုမစိုက်ဘူး ငါကိုယ်တော်က မင်းတို့ရဲ့ လုပ်ရပ်တွေကို ဆင်ခြင်
အောင်လို့ လုပ်ပေးရင်တောင်မှ ငါကိုယ်တော် စကားကို နားမထောင်ခဲ့ကြဘူး... အရမ်းကို စိတ်ကြီးဝင်နေကြတာပဲ။ စတုတ္ထမင်းသားနဲ့ ပဉ္စမမင်းသားကို ငါကိုယ်တော်ဘာမှ မလုပ်ရဲဘူးလို့ တကယ်ထင်နေကြတာလား။ ငါကိုယ်တော် အမိန့်တော်ကို ထုတ်ပြန်လိုက်၊ စတုတ္ထ မင်းသားနဲ့ ပဉ္စမမင်းသားကို အပ်နှင်းတယ်…”
•••••