← Chapters

ကြင်နာတတ်သောဖခင်။ဝတ္တရားကျေပွန်သောသား

Vol. 33 Ch. 625

ကြင်နာတတ်သောဖခင်။ဝတ္တရားကျေပွန်သောသား

Vol. 33 Ch. 625

ဧကရာဇ်သည် အရေးကြီးသည့် ကိစ္စတစ်ခုကို ကြေငြာတော့မည့်ဆဲဆဲ။

အိမ်ရှေ့စံမင်းသားက ဂရုမစိုက်ဟန်ဖြင့်။

“စတုတ္ထညီတော်နဲ့ ပဉ္စမ ညီတော်တို့က ငယ်ပါသေးတယ်။ ခမည်းတော် လောလောဆယ် ဘုရင်

ဘွဲ့ကို အပ်နှင်းဖို့ တော်၀င်အမိန့်ကို ထုတ်ပြန်မှာမဟုတ်ပါဘူး။”

ဝန်ကြီးများသည် ချက်ချင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။

ဘုရင်ဘွဲ့ကို အပ်နှင်းခြင်းခံရခြင်းသည် ကောင်းသောကိစ္စဖြစ်သော်လည်း ပြဿနာမှာ ထိုအချိန်တွင် ဧကရာဇ်က သူတို့အား ဘုရင်ဘွဲ့ကို အပ်နှင်းလိုက်သည်နှင့် သူတို့ကို သာမညောင်ည အပိုင်နယ်မြေပေးပြီး  နှင်ထုတ်မည်မှာ သေချာသည်။

ဧကရာဇ်က အလွန်အကျွံလုပ်မည် ဖြစ်ပြီး သူတို့ နောင်ရေးအတွက် မည်သို့စီစဉ်ရမည်နည်း!

ဧကရာဇ်က ကျောက်ရွှမ်ကျင်းသည် သူ၏ မျှော်လင့်ထားသည့်အတိုင်း မပြောလာသည့်အတွက် စိတ်ပျက်သွားသည်။ "မင်းက သိပ်ပြီး မပြတ်သားဘူး!”

စတုတ္ထနှင့် ပဉ္စမမင်းသားတို့ မစွမ်းဆောင် နိုင်ပါက၊ ဤအမှိုက်ကောင်အုပ်စုက အခြား ဘာလုပ်နိုင်မည်နည်း။

အိမ်ရှေ့စံမင်းသားက မျက်မှောင်ကြုတ် လိုက်သည်။ "ဘာ ကြောက်စရာရှိလို့လဲ။ ခမည်းတော်က ဘာဖြစ်လို့ ကျွန်တော့်အတွက် ဒီလိုစီစဥ်ရတာလဲ။ စတုတ္ထညီတော်နဲ့ ပဉ္စမညီတော်တို့က ကျွန်တော့်ကို အရမ်း ရိုသေကြတာ။ သူတို့က ဘာမှမမှားပါဘူး။”

အမတ်များသည် အခြားမင်းသားများကို ထီးနန်းတက်စေခြင်းကြောင့် မဟုတ်ဘဲ မသန်မစွမ်းဖြစ်

နေသည့်သူက တိုင်းပြည်ကို အုပ်စိုးမည့်သူ ဖြစ်လာမည်ကို စိုးရိမ်သောကြောင့်  တနေကုန် ဆူပူကန့်ကွက်နေခဲ့ကြတာပင်။

“ငါ့ရဲ့သားတော်က ဒီလောက်သဘောထားကြီး တာ။ သူက ဘာတာဝန်ကို မယူနိုင်လို့လဲ!” ဧကရာဇ်က အိမ်ရှေ့စံမင်းသားအား စိတ်နှလုံးပူဆွေးစွာ ကြည့်လိုက်သည်။

အောက်က အမှိုက်ကောင်အုပ်စုက ဘာမှ မမြင်ကြပေ။

စတုတ္ထမင်းသားက တော်တယ်တဲ့လား။ သူက ဂျုံမုန့်ညက်တစ်လုံးလိုပဲ။ ပဉ္စမမင်းသားက တော်တယ်တဲ့လား။ ကလေးတစ်ယောက်က ဘာသိမှာလဲ!

ကျောက်ရွှမ်ကျင်းက ချီးမွမ်းခံရနေကျ ဖြစ်သဖြင့် သူ၏မျက်နှာထားမှာ ထိုအချိန်တွင် ဘာမှမပြောင်းလဲပေ။  "ခမည်းတော်၊ ခမည်းတော်က ကျွန်တော့်ကို အရမ်းချီးကျူးလွန်းနေတာ။"

“ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ မော့ချူးရှန်းက မင်းနဲ့အတူလိုက်ပါခဲ့တာဆိုတော့ သူမက ကြင်နာပြီး ဉာဏ်ရည်ထက်မြက်တဲ့ သူတစ်ယောက်ပဲ ဖြစ်ရမယ်။ မင်းအတွက် ခမည်းတော် တော်၀င်အမိန့်ထုတ်ဖို့ လိုသေးလား" ဧကရာဇ်က သူ၏သားတော်နှင့် စကားစမြည်ပြောလာ သည်။

​အောက်​ရှိ ဝန်ကြီး​များမှာတော့ ငို​တော့မည့်ဆဲဆဲပင်။

ကျောက်ရွှီကျီး၏ လူများကို သယ်ဆောင် သွားသော်လည်း အဖြတ်ခံလိုက်ရသော လက်မောင်းသည် ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။

ဤသည်က ကြောက်စရာကောင်းသော်လည်း ဧကရာဇ်က သူတို့ကို ထွက်သွားခွင့်မပေးသေးဘဲ ကြင်နာတတ်သည့် ဖခင်နဲ့ ဝတ္တရားကျေပွန်သည့် သားဇာတ်လမ်းကို သူတို့ကို ကြည့်ခိုင်းရန်  အတင်းအကြပ် နေခိုင်းခဲ့သည်။

ကျောက်ရွှမ်ကျင်းက ရုတ်တရက် ဒူးထောက် လိုက်ကာ “ကျွန်တော်တို့ကို လက်ထပ်ခွင့် ပေးပါလို့ ခမည်းတော်ကို မေတ္တာရပ်ခံပါ တယ်…”

ဝန်ကြီးများအားလုံး အံ့အားသင့်သွားကြ သည်။

ကြည့်ဦး! ကြည့်ဦး! အိမ်ရှေ့စံမင်းသားက အဲဒီစုန်းမနဲ့ တကယ်ပဲ ပတ်သက်မှုတစ်ခုခု ရှိခဲ့သည်!

“စစ်သူကြီး ရှဲ့နျိုရှန်းရဲ့ အကြီးဆုံး သမီးက

ရည်မွန်ပြီး ဉာဏ်ရည်ထက်မြက် တယ်၊ နူးညံ့သိမ်မွေ့ပြီး အကျင်စာရိတ္တ ကောင်းတယ်၊ အမြော်အမြင်ရှိပြီး စဥ်းစား တတ်တယ်လို့ ကြားပါတယ်။ ကျွန်တော် သူမကို တော်၀င်ကြင်ရာတော်အနေနဲ့ ခန့်အပ်ပြီး အရှေ့နန်းတော်ကို တာ၀န်ယူခိုင်းစေချင်တယ်” ဟု ကျောက်ရွှမ်ကျင်းက ထပ်ပြောလိုက်သည်။

ဝန်ကြီးများအားလုံးသည် သူတို့၏ ဦးခေါင်းကို ကြီးမားသော မောင်းနှင့်ထိပြီး စည်တီးခံရ သကဲ့သို့ ခံစားလိုက်ရပြီး သူတို့ ခေါင်းများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ရှဲ့မိသားစုရဲ့ အကြီးဆုံးသမီးလား!

အဲ့ဒါဘယ်သူလဲဟ!

အိမ်ရှေ့စံမင်းသား၏ တော်၀င်ကြင်ရာတော် နှင့်ပတ်သက်၍ ထင်မြင်ချက်များစွာ ရှိခဲ့ သော်လည်း အိမ်ရှေ့စံမင်းသားနှင့် ရှဲ့မိသားစုကြားတွင် တစ်ခုခုရှိခဲ့သည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ! ဒီမိန်းကလေးက ဘယ်ကလာတာလဲ!

ဧကရာဇ်ကိုယ်တိုင်က စစ်သူကြီးရှဲ့ကို ရာထူးတိုးပေးခဲ့ကြောင်း သိထားကြသည်။

"စစ်သူကြီးရှဲ့လား။ သူက သစ္စာရှိပြီး ရိုးသားတဲ့ သူ။ ဓားပြတွေကို နှိမ်နှင်းနိုင်တိုင်း သူက ငါကိုယ်တော်ကို အရိုအသေပေးဖို့ မမေ့ခဲ့ဘူး။ သူက အရမ်းရိုးသားတယ်၊ တရားရုံးတော် ထဲမှာ ရှားပါးတဲ့ လူပဲ!” ဧကရာဇ်က စိတ်ရင်းနှင့် ချီးကျူးလိုက်သည်။

"အဲ့လူပါပဲ”  ကျောက်ရွှမ်ကျင်းက ပြုံးလိုက် သည်။

နောက်ဆုံးတွင် ဝန်ကြီးများက သတိပြန်၀င် လာကြသည်။ အဲဒီစစ်သူကြီးရှဲ့က ဘယ်သူလဲ။

သူက....ဓားပြတစ်ယောက်လေ!

“အရှင်မင်းကြီး၊ သေချာ စဉ်းစားတော်မူပါ…” လူတစ်ယောက်က ချက်ချင်း ဒူးထောက် လိုက်သည်။

ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ကာ။ "မင်းဘာပြောမလို့လဲ။ သူ မော့ချူးရှန်းကို ရွေးတုန်းက မင်းက မလိုလားခဲ့ဘူး။ အခု သူ ရှဲ့မိသားစုက အကြီးဆုံးသမီးကို ရွေးတော့လည်း မင်းက မလိုလားပြန်ဘူး! မင်း အရမ်းဇီဇာကြောင်နေရင် ငါကိုယ်တော့်မှာ ချွေးမ ဘယ်လိုလို့ရနိုင်တော့မှာလဲ။ မင်းတို့ကြောင့်ပဲ ငါကိုယ်တော်မြေးမရတာ! 

စိတ်ပျက်စရာပဲ။ မင်းရဲ့ သားသမီးတွေ မြေးတွေနဲ့ အိမ်ပြန်ရောက်ရင် အချိန်ဖြုန်းဖို့ ငါကိုယ်တော့်ကို လှောင်ပြောင်နေ လား။"

ဝန်ကြီးအဖွဲ့သည် ချက်ချင်းပင် ဆွံ့အသွား သည်။

သူတို့ ဘာလုပ်သင့်သလဲ။

သူတို့ စုန်းမတစ်ယောက်ကို ငြင်းပယ်ခဲ့ရုံသာရှိသေး ယခုအခါ ဓားပြမိန်းကလေး တစ်ဦးဖြစ်နေပြန်ပြီ။

သို့သော် သူတို့ထပ်မံကန့်ကွက်ပါက သူတို့က အိမ်ရှေ့စံမင်းသား လက်ထပ်ခြင်းကို ပိတ်ပင်တားဆီးနေသလို ဖြစ်ပေလိမ့်မည်။

အိမ်ရှေ့စံမင်းသား…

လူတိုင်း၏ နှလုံးသားများသည် နာကြည်းမှု များနှင့် ပြည့်နှက်နေလေပြီ။ အိမ်ရှေ့စံ မင်းသားနှင့် နှစ်အတန်ကြာ တိုက်ခိုက်ပြီး နောက် သူတို့က သူ့အကြောင်းကို  မသိဘဲ နေမည်လား။

သူက ငယ်ရွယ်သော်လည်း အလွန့်အလွန် လိမ္မာပါးနပ်၏။

အိမ်ရှေ့စံမင်းသားက ကျောက်ရွှီကျီးကို အသုံးချလိုက်သည်ဟု အားလုံးက စတင် သံသယ၀င်နေကြပေပြီ!

ပထမဆုံး၊ သူသည် ဆရာမမော့နှင့် သူ၏ ဆက်ဆံရေးကို ထုတ်ဖော်ခဲ့ပြီး ယခု သခင်မလေး ရှဲ့နှင့်ဖြစ်သွားသည်၊ သူက သူတို့အား ရွေးချယ်

စရာမရှိအောင် လုပ်ခဲ့သည်!

•••••

All Chapters