သူ့ဦးနှောက်ကိုအတူယူလာဖို့မေ့သွားခဲ့တယ်။
Vol. 33 Ch. 627
နောက်ဆုံးတွင် ဝန်ကြီးများက အသိတရား ရသွားကြသည်။
ထို့ကြောင့် ဓားပြတစ်ယောက်၏သမီး ဖြစ်စေကာမူ။ အနည်းဆုံးတော့ ထိုမိန်းကလေး တွင် ဘာအမှားမှ မရှိပေ။
အိမ်ရှေ့စံမင်းသားက ပြုံးလိုက်သည်။ "ကောင်းပြီ ခင်ဗျားတို့ပြောတဲ့အတိုင်း လုပ်မယ်။ ဒါပေမဲ့ ခင်ဗျားတို့က ဒီမိန်းကလေးကို ရွေးလိုက်တာဖြစ်လို့ နောင်ပိုင်းကျမှ ပြဿနာ ထမရှာပါနဲ့။ ခင်ဗျား တို့ ၀ေဖန်တိုက်ခိုက်ရင် ခင်ဗျားတို့ အစား ဒီမင်းသားပဲ ပင်ပန်းရလိမ့်မယ်"
အိမ်ရှေ့စံမင်းသားကို အမြဲဆန့်ကျင်သော ဝန်ကြီးများမှာ ဒေါသကြောင့် တုန်လှုပ်နေလေပြီ။
ဘယ်နှစ်ခါရှိပြီလဲ!
သူတို့ အိမ်ရှေ့စံမင်းသားနှင့် ငြင်းခုံတိုင်း သူတို့ အနိုင်မရကြပေ!
အိမ်ရှေ့စံမင်းသားအပေါ် သူတို့၏ ခံစားချက် များမှာ အလွန်ရှုပ်ထွေးပေသည်။
အရည်အချင်း၊ စွမ်းဆောင်နိုင်မှုနှင့် ဂုဏ် ကျက်သရေရှိမှုတို့အရ အိမ်ရှေ့စံမင်းသား သည် လက်ရှိမင်းဆက်တွင် မင်းသားငါးပါး အနက် အတော်ဆုံးဖြစ်သည်။
သူသည် သူ၏ညီတော်များနှင့် မရင်းနှီး သော်လည်း သူတို့ကို ဘယ်တုန်းကမှ မကြောက်ရွံ့ခဲ့ဖူးပေ။ သူ သူတို့နှင့် မည်မျှပင် ရန်ဖြစ်ပါစေ စတုတ္ထမင်းသားနှင့် ပဉ္စမ မင်းသားတို့နှင့် ရင်ဆိုင်ရသောအခါတွင်လည်း အလားတူ ပြုမူခဲ့သည်။ သူက ဘာကိုမှ ဂရုမစိုက် တတ်။
သို့မဟုတ်ပါက ဧကရာဇ်သည် အိမ်ရှေ့စံ မင်းသားအား အလွန်ချစ်သည့်နည်းဖြင့် ထိုမင်းသားနှစ်ပါးကို ခေါင်းမဖော် နိုင်သည်အထိ
ဖိနှိပ်ပေလိမ့်မည်။
အိမ်ရှေ့မင်းသား ၁၂ နှစ်မပြည့်မီက ညီလာခံတွင် သူ၏ အိမ်ရှေ့စံမင်းသားရာထူး ကို မကျေနပ်သူ တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။
စတုတ္ထမင်းသားဘက်မှအုပ်စုသည်ပင် နာခံမှုရှိကာ ၎င်းအတွက် မတိုက်ခိုက်ရဲခဲ့ပေ!
တစ်နေ့ အိမ်ရှေ့စံမင်းသား နန်းတက်ပါက ကမ္ဘာကြီး ပို၍ ကြွယ်၀ချမ်းသာလာမည်ဟု လူတိုင်းနီးပါး ထင်ခဲ့ကြသည်။
အိမ်ရှေ့စံမင်းသား၏ လက်မောင်းက ထိုမျှလောက်ထိ ဆိုးဆိုးရွားရွား ဒဏ်ရာရ သွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ ကြပေ။
သမိုင်းတစ်လျှောက်တွင် မသန်မစွမ်း မင်းသားတစ်ပါးမှ ထီးနန်းမတက်ခဲ့ဖူးပေ။
ဤသည်မှာ ရှေးကတည်းက စည်းကမ်း ဖြစ်ခဲ့သည်။
ထို့အပြင် လက်ရှိဧကရာဇ်သည် မသန်မစွမ်း ဖြစ်နေပါက အခြားနိုင်ငံများသည်လည်း သူတို့အပေါ် မထီမဲ့မြင်ပြုမည် မလား။
သူတို့က အိမ်ရှေ့စံမင်းသားကို ရှင်းပစ်ချင်ပါက သူတို့ လုံး၀ ပူဆွေးကြရမည် မဟုတ်လား။
…
အိမ်ရှေ့စံမင်းသားက သူတို့ကို လောလော ဆယ် နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။
အိမ်ရှေ့စံမင်းသားသည် မိန်းမတစ်ယောက်ကို လက်ထပ်ချင်နေသောကြောင့် ဧကရာဇ်က စိတ်ကောင်း၀င်နေခြင်း ဖြစ်နိုင်သည်။ သူက သူတို့ကို ရိုက်နှက် အပြစ်ပေးမည်ဟု မပြောခဲ့ပေ။
ဧကရာဇ်က အမိန့်ထုတ်ရန် အလျင်မလိုပေ။ ယင်းအစား သူသည် နက္ခတ္တဗေဒ ညွှန်ကြားသည့် ဌာနနှင့် ဘာသာရေး ဝန်ကြီးဌာနတို့မှ လူများကို ဦးစွာခေါ်လိုက်သည်။
ထိုအချိန်တွင် ကျောက်ရွှီကျီးကို ခေါ်ဆောင် သွားခဲ့ပြီးဖြစ်သည်။ တော်၀င်သမားတော်က သွေးထွက်ရပ်အောင် အရင်လုပ်လိုက်သည်။ ဤလူသည် သွေးများစွာ ဆုံးရှုံးခဲ့ရပြီး ဖြစ်သော်လည်း အသက်ရှင်လျက် ရှိနေ သေးသည်။ သူ့ကို အခန်း
ကျဥ်းထဲတွင် ပိတ်လောင်ထားပြီး ညနေအထိပင် သတိလစ်နေ၏။ နောက်ဆုံးတော့ သူနိုးလာလေပြီ။
ပြင်းထန်သော နာကျင်မှုသည် သူ့နှလုံးသားကို ဆုတ်ဖြဲလုမတတ်ပင်။ ကျောက်ရွှီကျီး က သူ၏ ပြတ်သွားသော ညာဘက် လက်မောင်းကို ကြည့်ပြီး အော်လိုက်သည်!
သို့သော် အပြင်ရှိ မည်သူမှ သူ့ကို မကြည့်လာကြပေ!
"ငါ့ရဲ့ အဖေကို ခေါ်ပေး! မ- မင်း သတင်းစကားပို့ဖို့ မင်းသားနင်ပေ့ရဲ့ အိမ်တော်ကို အမြန်သွား။" ကျောက်ရွှီကျီး သည် ယခင်က တစ်ခါမှ ထိုမျှ ပျာယာမခတ် ခဲ့ဖူးပေ။ ထောင်ပိုင် လမ်းလျှောက်လာသည် ကိုတွေ့တော့ သူက ချက်ချင်းအော်လိုက် သည်။
သူ့တွင် တခြားလက်ကို ထားစရာနေရာမရှိ ပေ။ သူ၏ဒဏ်ရာကို ထိချင်သော်လည်း နာကျင်မှုက သူ၏လက်နှစ်ဖက်စလုံးကို အဆက်မပြတ် တုန်လှုပ်စေခဲ့သည်။
သူ၏မျက်နှာပေါ်တွင် အရောင်အဆင်း မရှိသလောက်ပင်။ သူ၏ အစပိုင်းက ကြည့်ကောင်းသည့် မျက်နှာသည် ယခုမူ ၀မ်းနည်းသည့်အသွင်အပြင် ဖြစ်နေသည်။
ထောင်ပိုင်သည် သက်ပြင်းချလိုက်သည်။
ဤနှစ်များတစ်လျှောက်လုံးတွင် တော်ဝင် မိသားစု၏ အကျဉ်းချမှုအတွက် အထူးတာဝန် ယူရသော အကျဉ်းထောင်သည် အလွတ်နီးပါး ဖြစ်ခဲ့သည်။
အခြားအကြောင်းအရင်းတော့မရှိ။ တော်ဝင် မိသားစုဝင်များပင်လျှင် နာခံမှုရှိရှိ ပြုမူကြပေလိမ့်မည်။ ဧကရာဇ်က သက်ညှာ သောပုံပေါက်သော်လည်း သူသည် အလွန် မျှတပေသည်။
ဧကရာဇ်က အကျိုးသင့်အကြောင်းသင့် ဆင်ခြင်သုံးသပ်တတ်သဖြင့် တော်ဝင်မိသားစုသာ အမှားလုပ်မိပါက ရလဒ်က ကြောက်စရာ ကောင်းပေလိမ့်မည်။
လွန်ခဲ့သောနှစ်အနည်းငယ်က ဧကရာဇ်၏ ညီတော်နှင့် ဦးလေးတို့သည် မြို့ပြင်သို့ ခရီးထွက်ခဲ့ကြသည်။ သူတို့နှစ်ဦးသည် လူစည်ကားသောမြို့၌ မြင်းစီးကာ လူ တစ်ယောက်ကို အရှင်လတ်လတ် သတ်ပစ်ခဲ့ ကြသည်။ ထိုလူသည် အခြေခံ ပညာသင် တစ်ယောက်မျှသာဖြစ်သော်လည်း ဤကိစ္စ သည် တော်ဝင်နန်းတော်သို့
ရောက်သွား ခဲ့သည်။
ဧကရာဇ်သည် ဒေါသအမျက်ထွက်ပြီး သူတို့နှစ်ယောက်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးချင်ခဲ့သည်။
သူတို့နှစ်ယောက်သည် ဧကရာဇ်၏ ဆွေမျိုးများဖြစ်သောကြောင့် မည်မျှပင် ပြင်းထန်စွာ ပြစ်ဒဏ်ပေးသည်ဖြစ်စေ သူတို့၏ အသက်အား ထိခိုက်စေ၍မရပေ။
၎င်းသည် မိမိကိုယ်မိမိ ဆင်ခြင်သုံးသပ်ခြင်း၊ ပြစ်ဒဏ်ပေးခြင်းနှင့် ဒုက္ခရောက်သူများ အတွက် နစ်နာကြေးပေးခြင်းများထက် မပိုပေ။
သို့သော် ထိုဦးလေးတော်သည် မောက်မာ လွန်းသည်။ သူသည် တရားရုံးတော်၌ပင် အရှက်မရှိ
ဝါကြွားခဲ့သည်။
ဧကရာဇ်က ဒေါသထွက်၍ ထိုလူကို ချက်ချင်း ကွပ်မျက်လိုက်သည်!
ချင်းယွမ်တစ်ခွင်လုံးတွင်၊ တော်ဝင်ဆွေမျိုး တစ်ယောက်အား သေဒဏ်ပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်!
မင်းသားငယ်အတွက်မူ သူသည် ငယ်ရွယ်ပြီး မသိနားမလည်သောကြောင့် ဧကရာဇ်က ထိုစဉ်က သူ့အသက်ကို မသတ်ခဲ့ပေ။ ယင်းအစား၊ သူ့ကို အပိုင်စားနယ်မြေတွင် အတင်းအကျပ် နေစေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာတောင် သူ့အား မြို့တော်သို့ တစ်ကြိမ်မျှပင် မခေါ်ခဲ့ပေ။
ထိုသို့ လုပ်ပြန်သည့် နောက်ထပ်လူတစ်ယောက် ရှိ
လာမည်ဟု ဘယ်သူက ထင်လိမ့်မလဲ။ ဒီတစ်ခါတွင် မင်းသားနင်ပေ့၏ သားတော်ဖြစ်သည်။
ထိုကလေးမွေးဖွားစဥ်က သူနဲ့အတူ သူ၏ ဦးနှောက်ပါ ယူလာဖို့ မေ့သွားခဲ့လေသလား။
•••••