← Chapters

ပျက်စီးခဲ့ရတယ်။

Vol. 33 Ch. 628

ပျက်စီးခဲ့ရတယ်။

Vol. 33 Ch. 628

ထောင်ပိုင်သည် ကျောက်ရွှီကျီး၏ ပြတ်သွားသောလက်ကိုကြည့်ကာ သူ့အတွက် စိတ်မကောင်းဖြစ်မိသည်။ သူသည် ကျောက်ရွှီကျီးကို ကူညီပေးပြီး မင်းသား နင်ပေ့၏ အိမ်တော်သို့ သတင်းစကား ပေးပို့ခဲ့သည်။

သို့သော် မင်းသားနင်ပေ့သည် လမ်းပေါ် ရောက်နှင့်နေပြီးလေပြီ။

သူ နှစ်နာရီအကြာလောက်တွင် ရောက်လာ သည်။

ထိုနေရာရှိ အကျဥ်းထောင်သည် သာမန် ထောင်များထက် ပိုသက်တောင့်သက်သာ ရှိသည်။ သံပြတင်းပေါက်တစ်ခုသာရှိပြီး နူးညံ့သောမွေ့ယာများရှိသည်။ သူနေထိုင်ခဲ့ဖူး သည့် အိပ်ခန်းနှင့် ယှဉ်၍မရသော်လည်း မဆိုးလှပေ။

မင်းသား နင်ပေ့က အရက်ပြင်းများ ယူလာပေး၏။ ထောင်ပိုင်က တံခါးဖွင့်ပြီး စကားပြောရန် သူ့ကို ၀င်ခွင့်ပေးလိုက်သည်။

“အဖေ…” ကျောက်ရွှီကျီးက မျက်ရည်များကျလာသည်။

မင်းသားက သူ၏သားတော်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “ငါ အရက်နည်းနည်း ယူလာပေးတယ်။ မင်း နာကျင်တဲ့အခါ နည်းနည်းသောက်လိုက်ရင် သက်သာလာ လိမ့်မယ်။ ဟူး၊ ဒီလိုဖြစ်လာမယ်ဆိုတာ သိရင် အစကတည်းက မင်းဘာလို့ လုပ်ခဲ့လဲ။"

ကျောက်ရွှီကျီးသည် သူ၏မျက်လုံးများထဲ တွင် မျက်ရည်များဖြင့် မော့ကြည့်ကာ သူ့ကို မယုံနိုင်စွာ ကြည့်နေလေသည်။ "အဖေ၊ ကျွန်တော် အပြစ်ကင်းတယ်!"

"အပြစ်ကင်းတယ်တဲ့လား ရွှီအာ၊ မင်းက ငါ့သားအကြီးဆုံးပါ။ ငါ မင်းအပေါ် ဘယ်တုန်းကမှ မျှော်လင့်ချက်မရှိဘူးလို့ မင်း တကယ်ထင်နေတာလား။" မင်းသား နင်ပေ့က ခေါင်းခါလိုက်သည်။ “မင်း ငယ်ငယ်ကတည်း က အမြဲတမ်း အနိုင်လိုချင်ခဲ့ပြီး အရမ်းချီးကျူးခံခဲ့ရတာ။ မင်း အရွယ်ရောက်လာတော့ စာအုပ်တွေ များများဖတ်

ပြီး ကိစ္စတွေကို နားလည်လာရင် သိပ်ဘ၀င်မမြင့်တော့ဘူးလို့ ငါက ထင်ထားတာ။ ဒါပေမဲ့ မင်းဘယ်တော့မှ ပြောင်းလဲမှာမဟုတ်ဘူးလို့ ငါ မမျှော်လင့်ထား ခဲ့ဘူး။ မင်းက အိမ်ရှေ့စံမင်းသားလိုတောင် ဘ၀င်မြင့်နေတာ။ အခုတော့ ငါ ဒါကို နောင်တရမိတယ်။ ငါ ဒါကို စောစော သိခဲ့ရင် မင်းကို မြို့တော်ကို မသွားခိုင်းဘဲ အပိုင်စားနယ်မြေမှာပဲ နေခိုင်းထားမှာ။”

ကျောက်ရွှီကျီးသည် ထိုစကားကိုကြားသော အခါ ၀မ်းနည်းသွားသည်။ "အဖေ! ကျွန်တော် မမှားဘူး။ ကျွန်တော့်ကို အိမ်ရှေ့စံ မင်းသားက မနာလိုဖြစ်နေတာ!”

မင်းသား နင်ပေ့က ထိုစကားကို ကြားသော အခါ ပို၍ပင် စိတ်ပျက်သွားသည်။

သူက သရော်လိုက်သည်။ "ငတုံးကောင်၊ မင်းက

မင်းသားရဲ့တရားမဝင် သား သာသာပဲ! အိမ်ရှေ့စံမင်းသားက မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိတဲ့သူ။ အိမ်ရှေ့စံမင်းသားက မင်းလိုလူကို မနာလိုဖြစ်ရအောင် မင်းက ဘာလုပ်နိုင်နေလို့လဲ။ ငါ မင်းကို နားမလည်ဘူးလို့ ထင်နေလား! မင်း ငယ်ငယ်တုန်းက အိမ်ရှေ့စံ မင်းသားနဲ့ နည်းနည်းဆင်တူတော့ မင်းကိုယ်မင်း အိမ်ရှေ့စံ မင်းသားလို မြင့်မြတ်ပြီး အင်အား ကြီးတယ်လို့ အမြဲထင်နေတာ!"

ကျောက်ရွှီကျီး၏ မျက်နှာသည် ရက်စက် ကြမ်းကြုတ်သွားသည်။

"မင်းက အိမ်ရှေ့စံမင်းသား လုပ်သမျှကို ဘာလို့ အတုခိုးရလဲဆိုတာ မှတ်မိသေး လား။" မင်းသား နင်ပေ့က ရုတ်တရက် မေးလိုက်ပြန်သည်။

ကျောက်ရွှီကျီးက ဘယ်လိုလို့ စိတ်အေးအေး ထားပြီး စဥ်းစားနိုင်မည်နည်း။

“မင်း ငယ်ငယ်တုန်းက လူတစ်ယောက်က မင်းကို စော်ကားခဲ့တယ်။ မင်းက အကြီးဆုံး သားဖြစ်ပေမဲ့ အဆင့်အတန်းနိမ့်ပါးတဲ့ တရားမဝင်သားတစ်ယောက်လို့ သူတို့က ပြောကြတယ်။ မင်းအတွက် ဘာအကျိုး ကျေးဇူးမှ မရှိဘူး။ အဲဒီတုန်းက ငါ အရမ်း စိတ်မကောင်းဖြစ်မိပေမဲ့ နောင်ကျရင် မင်းက ကောင်းကောင်း လေ့လာသင်ယူပြီး သားအကြီးဆုံးဆိုတဲ့ အဆင့်အတန်းနဲ့အညီ နေထိုင်မယ်လို့ မင်းပြောခဲ့တယ်! မင်းသား နင်ပေ့ရဲ့ အိမ်တော်ကို ဂုဏ်တက်စေဖို့ အတွက်ပေါ့။ တခြားသူတွေက မင်းကို စဥ်းစားတတ်ပြီး ရည်မွန်တယ်လို့ မြင်ကြပြီး မင်းက ထက်မြက်လို့ မင်းကို အိမ်ရှေ့စံမင်းသားနဲ့တူတယ်ပြောကြတာ!"

မင်းသား နင်ပေ့သည် အတိတ်ကို ပြန်တွေးသောအခါ ခေါင်းကိုက်သွားသည်။

အဘယ်ကြောင့်ဆိုသော် ကလေးက ငယ်သေးပြီး သုံးလေးနှစ်သာ ရှိသေးသော ကြောင့်ဖြစ်သည်။ သူ၏ ကလေးဆန်သော စကား များသည် အံ့သြစရာကောင်းပြီး နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ သူ့ကို ထိုသို့ ပြောရန် မည်သူမှ မသင်ပေးခဲ့ပေ။

လွန်ခဲ့သည့် နှစ်ရက်က အိမ်ရှေ့စံမင်းသားက သူ့ထံလာ၍ ဤအကြောင်းကို ကြိုပြောခဲ့ သည်။

သူ၏သားက ရာဇ၀တ်မှုကြီးတစ်ခုကို ကျူးလွန်ခဲ့သည်ကို သူသိ၏။ အိမ်ရှေ့စံ မင်းသားသည် အကြိမ်များစွာ မျက်ကွယ်ပြုပေးခဲ့ပြီးဖြစ်သည်။ ယခုမူ ၎င်းကို လွှတ်ပေး လိုက်ရန် မဖြစ်နိုင်တော့ပေ။

သူက ဒေါသထွက်ပြီး အရန်ကိုယ်လုပ်တော်ကို

ဘုရားကျောင်းမှ ပြန်ခေါ်ခဲ့ကာ သူမနှင့် အချိန်အတော်ကြာ အသေးစိတ် စကားစမြည်ပြောခဲ့သည်။

ရွှီအာသည် ထိုအမျိုးသမီးကြောင့် ဤသို့ ဘေးဒုက္ခကြုံခဲ့ရသည်ကို ထိုမှသာ သူသိခဲ့ရသည်။

ထိုအချိန်က တခြားသူများက ရွှီကျီးအား အိမ်ရှေ့စံမင်းသားနှင့် ဆင်တူသည်ဟု ပြောခဲ့ကြပြီး ဧကရာဇ်မင်းက မျက်နှာသာပေးလွန်း သောကြောင့် သူ၏ အရန်ကိုယ်လုပ်တော်က သူ၏သားကို မကြာခဏ မဟုတ်တရုတ် စကားများ ပြောဆိုလေ့ရှိခဲ့သည်!

သူမက သူ့ကို အိမ်ရှေ့စံမင်းသားထံမှ နည်းမျိုးစုံဖြင့် သင်ယူစေခဲ့သည်!

သူမက သူ၏သားသည် အိမ်ရှေ့စံမင်းသား ထက်ပင် ထူးချွန်သည်ဟု အရှက်မဲ့စွာ ကြွားဝါခဲ့သည်!

ထိုအရံကိုယ်လုပ်တော်သည် အိမ်ရှေ့စံ မင်းသား  နှစ်သက်သည်များကို သီးသန့် စုံစမ်းမေးမြန်းခဲ့သည်။ အိမ်ရှေ့စံမင်းသား နှစ်သက်သဘောကျ သမျှကို သူမက သူမ၏ သားကိုလည်း သင်ယူစေခဲ့သည်!

ဧကရာဇ်က အိမ်ရှေ့စံမင်းသားကို အလွန် ချစ်ပါက သူနှင့်တူသည့် လူကိုလည်း သေချာပေါက် ချစ်လိမ့်မည်ဟု သူမ ထင်ခဲ့သည်။ အိမ်ရှေ့စံမင်းသားနှင့် ဆင်တူသည့် ရွှီကျီးကိုလည်း မင်းသားကြီးနင်ပေ့က ကောင်းကောင်း ဆက်ဆံပေလိမ့်မည်!

ဤအကြောင်းကြောင့် ရွှီကျီးအပေါ် လူအများ ၏ အကဲဖြတ်ခြင်းသည်လည်း ဘက်လိုက်သွားခဲ့

သည်။

ဤသားကိုလည်း အစပိုင်းတွင် မင်းသမီးကြီးက ပြုစုပျိုးထောင်ပေးခဲ့သည်။ သို့သော် အိမ်တော်ရှိ လူများသည် သဘောကောင်းကြသောကြောင့် သူနှင့် သူ့အမေတွေ့သည်ကို မတားမြစ်ခဲ့ကြပေ!

ထို့ကြောင့် ရွှီကျီးသည် သူ၏အရံ ကိုယ်လုပ် တော်ကြောင့် အမှန်တကယ်ပင် ပျက်စီးသွားခဲ့ရသည်!

•••••

All Chapters