← Chapters

အရူး

Vol. 33 Ch. 629

အရူး

Vol. 33 Ch. 629

မင်းသား နင်ပေ့သည် လောလောဆယ် အလွန် ပူဆွေးဝမ်းနည်းနေသည်။ ယခုလိုနေ့မျိုး ရောက်​လာ​မည်ဆိုသည်ကို သူသိခဲ့ပါက သူ၏သားတော်​

ကို ကယ်​တင်​ပြီး ထိုမိန်းမအား လိမ္မာသည့် ကလေးတစ်ယောက်ကို ထိခိုက်နစ်နာစေခွင့် မပြုခဲ့သင့်ပေ။

ကျောက်ရွှီကျီး ဘာမှ ဆက်နားမထောင်နိုင် တော့။

အိမ်ရှေ့စံမင်းသားက သူ့ကို နာကျင်စေခဲ့ သည်ကိုသာ သူသိ၏!

“အဖေ… ကျွန်တော့်အတွက် လက်စားချေပေးပါ။ ကျွန်တော့် လက်မောင်း မရှိတော့ဘူး…” သူက ရေရွတ်လိုက်သည်။

မင်းသား နင်ပေ့၏မျက်နှာ နီရဲသွားသည်။ “ငါ မင်းအတွက် အကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီ။ မင်းက အိမ်ရှေ့စံမင်းသားကို မတရား အမှုဆင်ခဲ့တယ်။ အိမ်ရှေ့စံမင်းသားအတွက် ဧကရာဇ်ရဲ့

အကာအကွယ်ပေးမှုနဲ့ မင်းအသက် ကို ချမ်းသာပေးတဲ့အထိ သူက အရမ်း စိတ်သဘော ထားကြီးနေမှာလား။ ဒုတိယမင်းသားနဲ့ တတိယမင်းသားအကြောင်း တွေးကြည့် လိုက်။ သူတို့ သူတို့ရဲ့အစ်ကိုတော်ကို မလေးစားခဲ့တော့ ဘာဖြစ်သွားလဲ! တော်ဝင် မိသားစုရဲ့ တရားမဝင်ကလေးဆိုရင် ပြောမနေနဲ့တော့! ဧကရာဇ်က ငါ့ကို သနားညှာတာတာ ကြောင့်သာမဟုတ်ရင် မင်းကို အချက်ပေါင်း တစ်ထောင်ခုတ်ထစ်ပြီး ကွပ်မျက်ပြီးနေလောက်ပြီ။ ဒါက မင်းနဲ့ထိုက်တန်တယ်!

"ငါ မင်းအတွက်ကို အကုန်လုံး လုပ်ပေးထား ပြီးသား။ မင်း အကျဥ်းချခံထားရပေမဲ့ စားရေးသောက်ရေးအတွက် စိတ်ပူစရာမလိုဘူး။ မင်းအပျင်းပြေဖို့အတွက် မင်းဆီကို စာအုပ်တွေ မကြာမကြာယူလာပေးဖို့ ငါ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ အဲဒါပဲ ငါလုပ်ပေးနိုင်မယ်။ ပြီးတော့..."

မင်းသား နင်ပေ့က သူ၏သားတော်ကို လေးလေးနက်နက် ကြည့်လိုက်ကာ

"မင်းအမေ သေပြီ။"

ကျောက်ရွှီကျီးက ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ့အား လှမ်းကြည့်လာသည်။

“မင်း အခြားသူတွေကို အပြစ်တင်နေစရာ မလိုဘူး၊ ဒါကို ငါကိုယ်တိုင်လုပ်ခဲ့တာ။ အဲဒီမိန်းမယုတ်က မင်းရဲ့ဘ၀ကို ဖျက်ဆီးလိုက် တဲ့အတွက် ငါ မင်းကို သူမရဲ့အသက်နဲ့ အလျော်ပေးမယ်!"

ထို့နောက် မင်းသား နင်ပေ့သည် သားဖြစ်သူ၏ လက်မောင်းကို တစ်ချက်ကြည့်လိုက်သည်။ "ငါ မင်းလိုချင်ခဲ့တဲ့ ကိုယ်လုပ်တော်ကို ရွှင်းပြည်နယ်ကို ပြန်ပို့လိုက်ပြီ။ အခု မင်းဒီလို ဖြစ်နေတော့ တခြားသူတွေ ထိခိုက် အောင်မလုပ်သင့်တော့

ဘူး"

ထို့နောက် မင်းသားနင်ပေ့ ထွက်သွားလေသည်။

"အဖေ! အဖေ၊ မသွားပါနဲ့! ကျွန်တော့်ကို ကယ်ပါဦး!”

"အဖေ! ကျွန်တော်က အဖေ့ရဲ့ သား မဟုတ်ဘူးလား! ကျွန်တော့်ကို ဘာလို့ဂရုမစိုက်တော့တာလဲ!"

ကျောက်ရွှီကျီးက သူ၏လက်မောင်းကို ၀ှေ့ယမ်းလိုက်သော်လည်း အရှိန်ကြောင့် သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူက ဒဏ်ရာကိုဖိပြီး သိပ်မကြာမီ တွင် ဒဏ်ရာက သွေးထွက်လာပြန်သည်။

ကျောက်ရွှီကျီးက သူ တစ်နေ့နေ့တွင် မသန်မစွမ်းဖြစ်သွားမည်ဟု မထင်ခဲ့ပေ။

သူသည် အိမ်ရှေ့စံမင်းသားအား ဒုက္ခိတ တစ်ယောက်အဖြစ် လှောင်ပြောင်ခဲ့ဖူးသော် လည်း အိမ်ရှေ့စံမင်းသား၏ ညာလက်မောင်းသည် အနည်းဆုံး အကောင်းပကတိအတိုင်း ဖြစ်နေပုံရသေးသည်!

သူက တစ်ခုခုကိုပင် ကိုင်ထားနိုင်သည်!

သူကရော။

ယခုတော့ သူ၏လက်မောင်းတစ်ဖက်လုံး မရှိ တော့!

သူ၏ အဖေကလည်း သူ့ကို မလိုချင်တော့ပေ။ တစ်သက်လုံး ဤနေရာမျိုးတွင် သူ တကယ်ပဲ နေသွားရတော့မည်လား။

သူ ဘာအမှားလုပ်ခဲ့မိလဲဆိုသည်အား နားမလည် ပေ။ သူ့ကို အိမ်ရှေ့စံမင်းသားထက် ပိုမဆိိုးဘူးဟု လူတိုင်းက ပြောကြသည်။ ဧကရာဇ်ကပင် သူ့ကို ချီးမွှမ်းခဲ့သည်၊ မဟုတ်ဘူး!

ကျောက်ရွှီကျီးက အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက် ငိုလိုက်ဖြစ်နေ၏။

ထိုအချိန်၌ အပြင်ဘက်တွင် လူများရှိပါက လူတိုင်း သူ့အား အရူးဟုပင် ထင်သွားလောက်သည်။

ဧကရာဇ်က အမိန့်ကို တရားဝင် မထုတ်ပြန် သေးသော်လည်း နန်းတော်ထဲတွင် အိမ်ရှေ့စံမင်းသား

လက်ထပ်ထိမ်းမြားမည့် သတင်းများ ထွက်နေပေပြီ။

လူတိုင်းအံ့ဩသွားကြသည်။

ကြင်ရာတော်မင်းသမီး မည်သူဖြစ်မလဲ သူတို့ တွေးခဲ့ကြသည်!

သုန့်မိသားစု၏ သခင်မလေးနှင့် စတုတ္ထ မင်းသားတို့၏ လက်ထပ်ပွဲကို မဆုံးဖြတ်မီတွင် သခင်မလေး သုန့်သည် ကြင်ရာတော်မင်းသမီးဖြစ်မည်ဟု သူတို့ ထင်ခဲ့ကြသည်!

တကယ်တော့ ထိုသခင်မလေးသည် လှပပြီး ဉာဏ်ရည်ထက်မြက်၍ အရည်အချင်း ရှိသည်!

သို့မဟုတ် ချူး မိသားစု၏ သခင်မလေး ဖြစ်ကောင်းဖြစ်နိုင်သည်။ သခင်မလေးချူး သည် မြို့တော်တွင် အလှဆုံး အမျိုးသမီး အဖြစ် လူသိများသည်။ သူမသည် တိုင်းပြည် နှင့်မြို့များကို ပြိုလဲစေနိုင်လောက်အောင် အလွန်လှပသည်။

သို့​သော်​လည်း သူမက ရှဲ့ချောင်ဖြစ်​လိမ့်​မည် ဟု သူတို့ တစ်ခါမျှပင် မ​တွေးခဲ့ကြပေ။

ထို့အပြင်၊ ရှဲ့မိသားစုသည် ယခင်နှစ် ကတည်းက ဘုရားသခင်ထံမှ အကူအညီ တစ်မျိုးမျိုး ရရှိခဲ့သည်ဟု လူအများက ထင်ခဲ့ ကြသည်။ သူတို့ကောင်းသည့်အရာများ ဆက်တိုက်ဖြစ်ခဲ့သည်ကို!

ရှဲ့ဖင်းကန်းသည် ရာထူးတိုးပြီး နှစ်ကြိမ် ဆက်တိုက် ကံကောင်းခဲ့သည်။ ရှဲ့မိသားစု၏ ဒုတိယသခင်လေးသည် ယခု လီရှီးယန်၏ မဟာတပည့်ဖြစ်သည့် ရှောင်းယွိရုန်၏ ဒုတိယတပည့်

ဖြစ်လာသည်!

လူမိုက် ရှဲ့နျိုရှန်းသည်တောင် ကြီးမားသော အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့သည်။

ယခုတွင် ရှဲ့မိသားစုမှ ထိုမိန်းကလေးသည် ကြင်ရာတော်မင်းသမီး ဖြစ်လာလေပြီ!

ရှဲ့မိသားစု ကောင်းကင်ဘုံကို တက်တော့ မှာလား!

နန်း​တော်​မှ ​ထွက်​လာ​ကြသည့် ဝန်ကြီး​များသည် ဘာမှမလုပ်​ဘဲ မနေခဲ့ကြပေ။ နန်းတော်မှ ထွက်လာပြီးနောက်၊ သူတို့သည် သခင်မလေး ရှဲ့ကို စုံစမ်းစစ်ဆေးရန် လူများကို ချက်ချင်း စေလွှတ်ခဲ့ကြသည်။

ဘယ်လိုလူမျိုးက စိတ်ရှည်သည်းခံပြီး  လက်မထပ်ချင်သည့်သူကို ရုတ်တရက် ခြွင်းချက်ဖြစ်အောင် လုပ်လိုက်နိုင်လဲ သူတို့သိချင်သည်လေ!

•••••

All Chapters