← Chapters

စုံစမ်းမေးမြန်းခြင်း။

Vol. 33 Ch. 630

စုံစမ်းမေးမြန်းခြင်း။

Vol. 33 Ch. 630

သခင်မလေး ရှဲ့အကြောင်း စုံံစမ်းဖို့က မခက်ပေ။

တကယ်တော့၊ သခင်မလေးရှဲ့သည်လည်း တော်ဝင်ကျောင်းတော်မှ ကျောင်းသူတစ်ယောက် ဖြစ်သည်။ မိသားစုတစ်စုစီတွင် တော်ဝင် ကျောင်းတော်သို့သွားသည့် ကလေးမရှိခဲ့လျှင်ပင် ရင်းနှီးသောမိတ်ဆွေ၏မိသားစုမှ ကလေးတစ်ယောက် ရှိပေမည်။

ထို့ကြောင့် ဒုတိယနေ့တွင် သူမ၏ သူငယ်ချင်း

များထံသို့ လာရောက်လည်ပတ်သူ ပိုများလာသည်။

"ရှဲ့မိသားစုရဲ့ အကြီးဆုံးသမီးက ဘယ်လိုလဲ" စပ်စုတတ်သူတစ်ယောက်က မေး လိုက်သည်။

"မင်း ရှဲ့ချောင်ကို ပြောတာလား" လူငယ်တစ်ယောက်က ရှက်သွေးဖြာသွားကာ "သူမက နတ်သမီးလေးလိုပဲ အရမ်းလှတယ်။"

"ချူးမိသားစုက သခင်မလေးနဲ့ ယှဉ်ရင်ရော"

“သူမက မနိမ့်ကျသွားဘူး”

"ရှဲ့မိသားစုရဲ့ အကြီးဆုံးသမီးက ဓားကိုင် တတ်တယ်လား" နောက်ထပ် စပ်စုသူ တစ်ယောက်က

မေးလိုက်သည်။

“သူမက အဲဒီထက်တောင်လုပ်နိုင်သေးတယ်၊ ငါ သူမကို ငါ့မျက်စိနဲ့တပ်အပ် မြင်ဖူးတယ်။ အရမ်းလှတာ။ အလွန်အကျွံကြီး ပျော့ပျောင်းမနူးညံ့ဘဲ ပြင်းထန်ပြီး ပြတ်သားတဲ့ ဇွဲလည်းရှိတယ်။ အဲဒါကြောင့် အိမ်ရှေ့စံ မင်းသားက သူမကို အဖြူရောင် ကျောက်စိမ်း ချီးမြှင့်လိုက်တာပေါ့!”

“ဒါပေမဲ့ သခင်မလေးရှဲ့က ဓားနဲ့ ကတာထက် ပိုလုပ်နိုင်တယ်။ သူမရဲ့ အကောင်းဆုံးနဲ့ အံ့သြဖွယ်ကောင်းတဲ့ အောင်မြင်မှုကတော့ သူမက ပထမဆု ရှစ်ဆုရရှိခဲ့တာပဲ။ သုန့်ရှီးယွင်မှာ အများဆုံး ပထမဆု သုံးလေးခု ပဲရှိပေမဲ့ သခင်မလေးရှဲ့က သခင်မလေးသုန့် အကောင်းဆုံးရနိုင်တာထက်တောင် အားလုံးကို ရခဲ့တာ။ သူမက ကဏ္ဍတိုင်းမှာ သူမထက် သာတယ်!”

မေးလိုက်သော ဝန်ကြီးများမှာ ထိန်လန့် တုန်လှုပ်သွားကြသည်။

တော်ဝင်ကျောင်းတော်တွင် အမျိုးသမီးကျောင်းတော်မှာ သက်သက် ဖြစ်သော်လည်း စာမေးပွဲ၏ ခက်ခဲမှုက မနိမ့်ကျလှပေ။ 

ထိပ်တန်းဆုရှစ်ဆုရနိုင်ခြင်းက ဤလူသည် အမှန်တကယ်ပင် အရည်အချင်းရှိကြောင်း ပြသနေသည်။

ထို့ကြောင့် ထိုမိန်းကလေးက မြို့တော်၏ နံပါတ်တစ် အရည်အချင်းနှင့် အလှကို ဖုံးဖိ ထားသည့် ထူးဆန်းသော သခင်မလေးလား။

“နှမြောစရာပဲ…” ထို ဂျူနီယာက လေသံ ပြောင်းသွားသည်။

ဝန်ကြီးတစ်ဦးက ဆတ်ခနဲလှုပ်ရှားသွားကာ “ဘာကိုလဲ”

"နှမြောစရာပဲ။ သခင်မလေးရှဲ့က အသက်တို

မယ်ဆိုပြီး ပြောကြတယ်လေ။ သူမက ဓားအက ကပြီး တာနဲ့ ချက်ချင်းမူးလဲသွားတာ။ တော်၀င် သမားတော်က သူမရဲ့သွေးခုန်နှုန်းကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပြီး သူမ အသက် ဘယ်လောက်ကြာကြာ နေနိုင်ဦးမလဲဆိုတာ ပြောခဲ့တယ်။ သူမက ဒေါသထွက်လို့မရဘူး။ သူမကိုယ်သူမ သေချာဂရုစိုက်ရမယ်တဲ့။ ဒါတောင်မှ သူမအသက် ၂၀ထိတောင် အသက်မရှင်နိုင်လောက်ဘူးတဲ့လေ!"

သူမ အသက်တိုသည်ဆိုသည့်ကိစ္စက  လျှို့ဝှက်ချက် တစ်ခုတော့မဟုတ်ပေ။

ထိုအကြောင်းကို သိပြီးသူ အများအပြား ရှိ၏။ 

အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူမ အသက် ၂၀ထိတောင် မနေရဘူးလား။ ဒါဆိုရင်... အိမ်ရှေ့စံမင်းသားက နောင်ပိုင်းကျ ထပ်ပြီးလက်ထပ်ရဦးမှာပေါ့။

ထိုမိန်းကလေးသည် အရည်အချင်းရှိပြီး လှပပေသည်။ ဤသည်က သူတို့ထင်ထားသည်နှင့် လုံးဝမတူပေ။ သူမသည် ရှဲ့နျိုရှန်း၏ အမျိုးသမီးပုံစံ ဟု သူတို့က ထင်ခဲ့ကြသော်လည်း သူမသည် အမှန်ပင်တော်သည့် မိန်းကလေးဖြစ်နေသည်။ ဤမိန်းကလေးသာ ကြင်ရာတော်မင်းသမီး ဖြစ်လာခဲ့ပါက၊ သူမ၏ စိတ်နှင့် ပင်ကိုစရိုက်ကို လက်ခံပေးနိုင်သေးသည်။

ဒါပေမယ့် သူမက ဘာလို့ အသက်တိုရတာလဲ!

အိမ်ရှေ့စံမင်းသားက မိန်းမ တစ်ယောက်ကို အမှန်တကယ် လက်ထပ်မည့် ဖြစ်နိုင်ခြေက မမြင့်ဘူးဟု လူတိုင်း ထင်ထားကြသည်။

ဤသခင်မလေးရှဲ့သည် စတုတ္ထမင်းသား၏ စေ့စပ်ထားသူထက် သာလွန်သည်ဟု ကြားလိုက်ရခြင်းကြောင့် သူက သူမကို လက်ထပ်လိုခြင်း ဖြစ်နိုင်သည်....။

သို့မဟုတ် သူက မိန်းမတစ်ယောက်အား လက်ထပ်ခြင်းသည် ဒုက္ခများလွန်းသည်ဟု ထင်သဖြင့် သူ၏လူယုံဖြစ်သည့်  ရှဲ့ဖင်းကန်း ၏ညီမကို သူ၏ဒိုင်းကာ ဖြစ်အောင် လုပ်လိုက် ခြင်းဖြစ်နိုင်သည်။

ထိုအကြောင်းကိုတွေးပြီး  သူတို့သည် ထိုသခင်မလေးမှာ အလွန်သနားစရာကောင်း သည်ဟု ထင်မိကြသည်။

သူမသည် အသက်တိုတိုနေရမည့်အပြင် နောင်တွင် သူမသည် အိမ်ရှေ့စံမင်းသား၏ အေးစက်စွာ ဆက်ဆံခြင်းကို ခံရဦးမည်။

တစ်ရက်သာရှိသေးသော်လည်း လူများက သူမကိုကြည့်သည့်ပုံစံက ပြောင်းလဲသွားတော့သည်။

ရှဲ့နျိုရှန်းက ထုံးစံအတိုင်း အလုပ်သို့သွား၏။ စစ်တပ်စခန်းတွင် စည်းကမ်း အတော်ပင် တင်းကြပ်ထားသဖြင့် သူ ဘာသတင်းမှ မကြားရပေ။

ရှဲ့ဖင်းကန်း သတင်းကြားလိုက်ချိန်တွင် သူ အတော်လေး ငြိမ်သက်သွားလေသည်။ သူသည် အိမ်တွင် ထိုကိစ္စကို မပြောခဲ့ပေ။

ရှဲ့ဖင်းဟွိုက်သည် လင်းအိမ်တော်တွင် ရှိနေဆဲ ဖြစ်ပြီး ရှဲ့ရှီက မကြာခဏ လာတတ်သည်။ သို့သော် သူမက စကားပြောခဲသဖြင့် သိပ်မပြောပေ။ အိမ်တော်ထိန်းက ထိုကိစ္စကို ကြားသော်လည်း မိသားစု၏ တည်ငြိမ်မှုကို မြင်တော့ သတင်းက အတုအယောင် ဖြစ်နိုင်သည်ဟု ထင်သွားခဲ့သည်။

သူတို့အားလုံး သူတို့ဘာသာ လျှို့ဝှက်စွာ တွေးနေကြသော်လည်း ဘာမှ မပြောခဲ့ကြပေ။

သုံးရက်ကြာပြီးနောက် ရှဲ့နျိုရှန်းသည် နံနက် စောစောတွင် အိမ်ထဲ၌ ပိတ်မိနေခဲ့သည်။

ဧကရာဇ်ကို ခစားနေသော မိန်းမစိုးအိုကြီးတစ်ဦးသည် ပစ္စည်းအစုံအလင်ယူဆောင် လာသည်အား သူမြင်လိုက်ရသည်။ ထိုသူဘာလာလုပ်မှန်း မသိခဲ့ပေ။

မိန်းမစိုးက သူ၏လက်ထဲတွင် တော်၀င်အမိန့် တော်ကို ကိုင်ထားသဖြင့် သူ၏ မိသားစုကို နာခံမှုရှိရှိ ထွက်လာခိုင်းရန်သာ တတ်နိုင်ခဲ့သည်။ သူသည် အမိန့်ပြန်တမ်းကို လက်ခံရယူရန် ချက်ချင်း ဒူးထောက်လိုက်လေသည်။

“ပထမသခင်မလေး၊ ဧကရာဇ်နဲ့ အိမ်ရှေ့စံ မင်းသားတို့က သခင်မလေးက ဂုဏ်ကျက်သရေ ရှိပြီး မြင့်မြတ်တဲ့သူတစ်ယောက်လို့ ပြောထားလို့ လုပ်ရိုးလုပ်စဥ်အတိုင်း လိုက်လုပ်ဖို့ မလိုအပ်ပါဘူး။ သခင်မလေး မတ်တပ်ရပ်ပြီး အမိန့်ပြန်တမ်းကို လက်ခံရယူလို့ရပါတယ်” မိန်းမစိုးသည် အလွန် ထောက်ထားညှာတာနေလေသည်။

ရှဲ့နျိုရှန်းမှာ စိတ်ရှုပ်ထွေးသွားတော့သည်။

•••••

All Chapters