သူကငါတို့အိမ်တံခါးဝကိုရောက်လာပြီ။
Vol. 33 Ch. 631
ရှဲ့နျိုရှန်း နားမလည်နိုင်ပေ။ သူ၏သမီးက သာမန်အရာရှိ၏သမီးမျှသာ ဖြစ်ရာ သူမက ဘယ်လိုလို့ မြင့်မြတ်သူတစ်ယောက် ဖြစ်ရမှာ လဲ။
သူမ၏ အဖေတစ်ယောက်အနေဖြင့် သူက ဒူးထောက်နေရဆဲဖြစ်ပြီး သူ၏သမီးက ဘယ်လိုလုပ် လုပ်ရိုးလုပ်စဥ်များနှင့် လွတ်ကင်း နိုင်မည်နည်း။
သို့သော် သူ သတိပြန်မ၀င်လာမီတွင် မိန်းမစိုးသည် ချောင်းခြောက်ဆိုး၍ သူ၏ လည်ပင်းအား ပြင်ကာ တော်၀င်အမိန့်တော်ကို ဖတ်နေသည် ကို ကြားလိုက်ရသည်။
"တော်၀င်အမိန့်တော်အရ စစ်သူကြီးရှဲ့နျိုရှန်းရဲ့ အကြီးဆုံးသမီး ရှဲ့ချောင်က အရည်အချင်း ရှိပြီး သဘောထားကြီးတယ်၊ ကြင်နာပြီး ရိုးသားတယ်၊ ထင်ရှားပေါ်လွင်တဲ့ရုပ်ရည်နဲ့ ဉာဏ်ရည်ထက်မြက်ပြီး စွမ်းဆောင်နိုင်တယ်။ အရှင်မင်းကြီးက... သူမဟာ ငါကိုယ်တော်ရဲ့ အိမ်ရှေ့စံမင်းသားနဲ့ ကောင်းကင်ဘုံက တွဲဖက်ပေးလိုက်တဲ့ စုံတွဲလို့ကြားရတာကို အရမ်း၀မ်းသာပီတိဖြစ်မိပြီး ဒီအကြောင်းကြောင့် ငါကိုယ်တော် စစ်သူကြီးရှဲ့နျိုရှန်းရဲ့သမီးကို အိမ်ရှေ့စံမင်းသား ရဲ့ ဇနီးမယားအဖြစ် စေ့စပ်ပေးလိုတယ်။
အခမ်းအနားကို ဘာသာရေး ၀န်ကြီးဌာနနဲ့ နက္ခတ္တဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာနက ပူးပေါင်း
ကျင်းပမှာဖြစ်ပြီး လက်ထပ်ပွဲကို သင့်တော်တဲ့နေ့ရက်မှာ စီစဥ်မယ်!”
“ဒါ့အပြင် ဧကရာဇ်က အနာဂတ် ကြင်ရာတော်မင်းသမီးအတွက် အထူးလက်ဆောင် အဖြစ် ရတနာအချို့ကို ပေးလိုက်တယ်”
သူပြောလိုက်သည်နှင့် လူများကို ကိစ္စများ စီစဥ်ရန်နှင့် ၄င်းတို့ကို တစ်ယောက်ပြီး တစ်ယောက် ဖတ်ခိုင်းလိုက်သည်။
ရှဲ့နျိုရှန်းမှာ ဖတ်ပြနေသည့် စကားလုံးတစ်လုံး ကိုမှ မကြားရပေ။
သူ့သမီး၏ ရုပ်ရည်ချောမောမှုနှင့် အသိဥာဏ်ရှိမှုတိို့ကို ချီးကျူးသည့် စကားများ ကိုသာ နားလည်သည်။
သို့သော် ၄င်းတို့ကို ပေါင်းစည်းလိုက်သည့်အခါကျ သူ နားမလည်တော့ပြန်။
သူ၏မျက်နှာပေါ်တွင် အရူးတစ်ယောက်ကဲ့သို့ အံ့အားသင့်နေသော အကြည့်ဖြင့်။ မိန်းမစိုးက ဆက်မကြည့်နိုင်တော့ပေ။ အမိန့် ပြန်တမ်းကို လက်ခံရရှိပြီးနောက် သူက တုံ့ပြန်မှုမရှိသေးသည်ကို မြင်လိုက်ရသည့်အခါ အမြန်ပြောလိုက်သည်။ "သခင်ကြီးရှဲ့ အနည်းဆုံးတော့ ခင်ဗျားရဲ့ စိတ်သဘောထားကို ဖော်ပြပေးလို့ရမလား”
အကျိုးသင့်အကြောင်းသင့် ပြောရလျှင် သူသည် ထိုသို့အံ့သြစရာကောင်းသော အမိန့် ပြန်တမ်းကို လာပို့ပေးသည့်သူများကို လက်ဖက်ရည်နှင့် ဧည့်ခံပြီး စာအိတ်နီများ ပေးသင့်သည် မဟုတ်လား!
သူ အလွန်အေးစက်နေကာ စကားများ ထွက်လာပါက ရှဲ့မိသားစုက ထိုလက်ထပ်ပွဲကို သဘောမတူဘူးဟု တခြားသူများက ထင်ကြ ပေလိမ့်မည်!
"အာ၊ စိတ်သဘောထားလား။ ဘယ်လို စိတ်သဘောထားလဲ" ရှဲ့နျိုရှန်းက ခေါင်းကုတ် လိုက်လိုက်သည်။
“ကျွန်တော့်သမီးက ဘာလုပ်သင့်တယ်လို့ ပြောလိုက်တာလဲ"
“အိမ်ရှေ့စံမင်းသားရဲ့ ဇနီးဖြစ်ဖို့ပါ…” မိန်းမစိုးက ဆွံ့အသွားသည်။
ထို့အပြင် ဤမိသားစု၏ တုံ့ပြန်မှုက … အလွန် ထူးဆန်းသည်!
အထူးသဖြင့် ရှဲ့မောင်နှမများ ဖြစ်သည်။ လောလောဆယ်တွင် လူသုံးယောက်သာ ရှိပြီး သူတို့က သာမန်ကိစ္စတစ်ခုကို ကြားလိုက်ရ သကဲ့သို့ အားလုံးက ငြိမ်သက်ပြီး ဘာမှ မထူးခြားပေ!
ဤရှဲ့နျိုရှန်းက ပို၍ပင် တရားလွန်သည်။ တကယ်ပဲ နားမလည်သည်လား။
သူက အသက်မကြီးသေးပဲ ဘယ်လိုလုပ် နားပါမကြား ဖြစ်သွားတာတုန်း။
“ကြင်ရာတော်မင်းသမီး…” ရှဲ့နျိုရှန်း ရေရွတ်လိုက်သည်။ ထို့နောက် သူ၏အသံ သည် မောင်းသံကဲ့သို့ မြင့်တက်သွားကာ “ခင်ဗျားပြောနေတဲ့ ကြင်ရာတော်မင်းသမီးက အိမ်ရှေ့စံမင်းသားရဲ့ ဇနီးပေါ့။ ဒါဆို ဧကရာဇ်က ကျွန်တော့်သမီးကို အိမ်ရှေ့စံမင်းသားနဲ့ လက်ထပ်ပေးချင်တာလား။"
ဒါက အိပ်မက်မဟုတ်ဘူးမလား!
သူမသည် ခြေတစ်လှမ်းတည်းဖြင့် ကြီးမြတ် အောင်မြင်မှုကို ရရှိခဲ့သည်!
"ဟုတ်ပါတယ်" မိန်းမစိုးက ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။
"ဘာလို့လဲ" ရှဲ့နျိုရှန်းမှာ အနည်းငယ် ယုံရခက်နေဆဲ။
သူသည် အလွန်ငေးတိငေးမောဖြစ်နေသည်။ သူ မနိုးသေးဘဲ အိပ်မက်မက်နေတာများလား။
ရှဲ့နျိုရှန်းက ခဏလောက်စဉ်းစားပြီး သူ့ဘေးနား
ရှိ ရှဲ့ဖင်းကန်းအား အနောက်မှ ဆွဲဆိတ်လိုက်သည်။
ရှဲ့ဖင်းကန်း၏ မျက်နှာထားမှာ ဘာမှ မပြောင်းလဲသွားပေ။
"အာ ဒါက တကယ်အိပ်မက်ဖြစ်နေတာပဲ!" ရှဲ့နျိုရှန်း ရုတ်တရက် သဘောပေါက်သွားသည်!
ရှဲ့ဖင်းကန်းမှာတော့ ၄င်းကို သည်းမခံနိုင်တော့။
“အဖေ၊ အဲဒါ အမှန်ပဲ။ အိမ်ရှေ့စံမင်းသားက ကျွန်တော်တို့ရဲ့အကြီးဆုံးညီမနဲ့ လက်ထပ်မှာ။ ဒီသတင်းက ရက်အတော်တောင်ကြာအောင် ပျံ့နှံ့နေခဲ့တော့။ ကျွန်တော်က အဖေ ဒီအကြောင်းကိုသိပြီးသားလို့ ထင်နေတာ။ အဖေ အရမ်းနှေးကွေးမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။"
“ရက်အတော်ကြာနေပြီပေါ့…” ရှဲ့နျိုရှန်း သူ့မျက်နှာသူ ပုတ်လိုက်သည်။
ရုတ်တရက် သူသည် တော်၀င်အမိန့်ပြန်တမ်းအား လှမ်းယူလိုက်သည်။ ထို့နောက် အိမ်ထဲသို့ ၀င်သွားလေသည်။
ကျန်လူများမှာ ဘာဖြစ်နေမှန်းမသိစွာပင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရှဲ့ဖင်းကန်းသည် ကျန်ခဲ့သူများအား လက်ဖက်ရည်တိုက်ပြီး အိမ်ရှင်အဖြစ် ဧည့်ခံကာ ငွေအချို့ပေးလိုက်၏။
ထိုအချိန်တွင် ရှဲ့နျိုရှန်းသည် တွေ၀ေစွာဖြင့် အခန်းသို့ပြန်လာပြီး ကုတင်အောက်မှ သစ်သား
သေတ္တာကို ထုတ်ယူလိုက်သည်။
သခင်မလု ထွက်သွားပြီးနောက်မှသာ သူ၏အခန်းထဲတွင် ဤသေတ္တာအား ထားခဲ့သည်။ သူသည် ၄င်းအား သေသေချာချာ ထုတ်ယူလိုက် သည်။
ထိုသေတ္တာထဲတွင် သူ၏ချစ်ဇနီး သခင်မဖုန်၏အမည်အား ရေးထိုးထားသည့် ကမ္ပည်းတိုင် တစ်ခုရှိသည်!
သူသည် ကမ္ပည်းတိုင်အား သုတ်လိုက်ပြီး ကုတင်ပေါ်တွင် ထားကာ ကုတင်ရှေ့တွင် ဒူးထောက်လိုက်၏။
“ချစ်ဇနီး၊ ဒါက ဘာလဲဆိုတာ ကြည့်လိုက်ပါဦး! ဧကရာဇ်က ဒီတော်၀င်အမိန့်ပြန်တမ်းကို ပို့လိုက်တယ်ဆိုတာ မင်းယုံမှာတောင် မဟုတ်ဘူး! သူက
မင်းရဲ့သမီးကို ကြင်ရာတော်မင်းသမီး ဖြစ်စေချင်တယ်တဲ့။ ငါတို့ရဲ့သမီးလေးက အသက်တိုတိုပဲနေရမယ့်အပြင် ကံကြမ္မာဆိုးလည်းရှိသေးတယ်။ သူမက သူမရဲ့ ကံကြမ္မာဆိုးနဲ့ အိမ်ရှေ့စံမင်းသားကို သတ်မိမယ်လို့ ထင်လား။ ဒါပေမဲ့...အဲဒါက အရေးမကြီးပါဘူး။ အိမ်ရှေ့စံမင်းသားက ရုပ်ရည် ချောမောတယ်လို့ ငါတို့ရဲ့သမီးလေးက အရင်က ပြောဖူးတယ်။ ကံမကောင်းစွာနဲ့ဘဲ ငါက အသုံးမကျခဲ့တော့ သူ့ကို ရအောင်မလုပ်နိုင်ခဲ့ဘူး။ အခု သူကိုယ်တိုင်က ငါတို့အိမ်တံခါး၀ကို ရောက်လာပြီဆိုတော့ လက်မလွှတ်ပေးတော့ဘူး...."
•••••