← Chapters

ရတနာတစ်ခုအားရှာတွေ့ခဲ့သည်။

Vol. 33 Ch. 632

ရတနာတစ်ခုအားရှာတွေ့ခဲ့သည်။

Vol. 33 Ch. 632

ရှဲ့နျိုရှန်းသည် အလွန်စိတ်လှုပ်ရှားနေ၏။ သူ တော်၀င်အမိန့်ကို ကြည့်လိုက်တိုင်း သူ၏မျက်လုံးများ တောက်ပသွားသည်။

တော်ဝင်မိသားစုသည် သူနှင့် ခမည်းခမက်ဖြစ်ချင်လောက်သည်အထိ စုံလုံးကန်းသွားတာဖြစ်ရမည်။ သူတို့ မြို့တော်ထဲသို့ ဝင်ခဲ့ကြစဥ်က ဧကရာဇ် က သူတို့ကို သဘောမကျခဲ့ပေ။ တော်ဝင်မိသားစုက အပြောင်းလဲမြန်လွန်းသည်!

သို့သော် ဤသတင်းသည် သူတို့အတွက် သတင်းကောင်းပင်!

သူ့သမီး၏ အနာဂတ်မှာ တောက်ပနေလေပြီ။ သူမနှင့် အိမ်ရှေ့စံမင်းသား လက်ထပ်ပေလိမ့်မည်!

အိမ်ရှေ့စံမင်းသားသည် အေးစက်ပြီး အကြင်နာမဲ့ကာ အနှေးနှင့်အမြန် ပြည်နှင် ဒဏ်ခံရမည့် ဒုက္ခိတတစ်ယောက် ဖြစ်သည်ဟု အပြင်လူများ

က ပြောနေကြသည်။ သူ ယခင်က ထိုစကားများကို ကြားသော်လည်း သူတို့ကို မယုံခဲ့ပေ။ ဓားပြတစ်ယောက် ဖြစ်သည့်သူက ကြောက်စရာကြီးဟုပင် အပြင်လူများက ပြောကြသည်!

သူ အဲဒါကို ဝန်ခံမိသွားတာလားဟ!

အိမ်ရှေ့စံမင်းသား သူ၏သမီးကို နှစ်သက်သဘောကျခြင်းက သူ့တွင် ထူးကဲသည့် အကြိုက် ရှိပုံရသည်!

သူသည် မြို့တော်ကို စ လာခဲ့စဥ်က ကြိုတင်၍ လျှောက်ပတ်ကာ မေးခဲ့သည်။ ဧကရာဇ်နှင့် အိမ်ရှေ့စံမင်းသား နှစ်ယောက် စလုံးသည် တော်ကြပြီး တရားမျှတမှုရှိကြသည်။ သို့မဟုတ် ပါက တော်ဝင်မိသားစုရှေ့တွင် ပေါ်လာရဲခြင်းက သူရူးနေ၍ဖြစ်ပေလိမ့်မည်!

ထို့ကြောင့် အိမ်ရှေ့စံမင်းသားက သူ၏သမီး ကို လက်ထပ်ချင်ခြင်းက ဟာသမဟုတ်သည် မှာ သေချာသည်။ သူ၏သားအကြီးဆုံးသည် အိမ်ရှေ့စံမင်းသားနောက်သို့ လိုက်ကာ အလုပ်ကိစ္စများကို ဆောင်ရွက်ရသည်။ အိမ်ရှေ့စံမင်းသားသည် လူကောင်း တစ်ယောက်ဖြစ်ပြီး ယုံကြည်၍ရမည်ကို သူသိသည်။

သူ ဘယ်လိုပဲကြည့်ကြည့် သူ၏သမီးက ကံကောင်းသူဖြစ်သည်။

"ချစ်ဇနီး၊ ငါတို့သမီးက ရတနာတစ်ခုကို ရှာတွေ့သွားပြီ!" ရှဲ့နျိုရှန်းက သူ၏ မျက်ရည် များကို သုတ်ရင်း ရေရွတ်လိုက်သည်။

တော်၀င်အမိန့်ပြန်တမ်းကို ဖတ်ပြခဲ့သော မိန်းမစိုးသည် ခဏပဲထိုင်ကာ ပြန်သွားလေသည်။ လမ်းတစ်လျှောက်တွင် သူသည် ဘယ်လိုပြန်အစီရင်ခံ

ရမလဲဆိုသည်ကို စဥ်းစားနေသည်။

ရှဲ့မိသားစုက ပျော်နေသည်လား သို့မဟုတ် စိတ်မကောင်းဖြစ်နေသည်လား!  ရှဲ့နျိုရှန်းက ဘာဖြစ်လို့ ဒေါသထွက်ပုံပေါက်နေရသနည်း!

ဤသည်က ထူးဆန်းသည်!

ခဏလောက် တွေးကြည့်ပြီးနောက် မိန်းမစိုးက သဘောပေါက်သွားသည်!

တော်ဝင်မိသားစုက အလွန်ပျော်ရွှင်သည်။ သူသည် အထူးသဖြင့် အိမ်ရှေ့စံမင်းသားကို  ကျိန်ဆဲ၍မရပေ။ လက်ထပ်ရန် တော်၀င်အမိန့် ကို တောင်းခံခြင်းသည် သူ၏ ပထမဆုံး အကြိမ်ဖြစ်သည်။ ရှဲ့မိသားစု ၀မ်းနည်းနေ  သည်ကို သူ

သိသွားပါက ဘာဖြစ်သွား မည်နည်း။

ထို့ကြောင့် ပြန်လာပြီးနောက် မိန်းမစိုးသည် ရှဲ့နျိုရှန်း၏ လုပ်ရပ်များအားလုံးကို ကျိုးကြောင်းသင့် ရှင်းပြရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

သူသည် သူ့ဘာသာတွေးနေရင်း မူးလဲလုနီးပါး အလွန်ပျော်သွားသည်!

ရှဲ့မိသားစုသည် အမှန်တကယ်ပင် ပျော်ရွှင်မှု နှင့်ပြည့်နေပါသည်! မိန်းမစိုး ထွက်သွားပြီး နောက် ရှဲ့ဖင်းကန်းသည် မိသားစုတစ်စုလုံးမှအစေခံများအား ငွေဖြင့် ဆုချရန် အစပြုလိုက်သည်။ ရှဲ့ရှီက တွန့်တိုမနေဘဲ ရက်ရက်ရောရော ငွေပေး ခဲ့လေသည်။

'ဒီအသုံးမကျတဲ့ ကောင်မလေးကို ကြည့်လိုက် ဦး'

ရှဲ့ဖင်းကန်းက သက်ပြင်းချလိုက်သည်။ “ညီမလေးရဲ့ကံက မဆိုးပါဘူး။ အိမ်ရှေ့စံမင်းသားလို လူကောင်းတစ်ယောက်ကို ရသွားပြီလေ။ ဒါ​ပေမဲ့သတိ​ပေးချင်​ တဲ့ကိစ္စတွေ ရှိတယ်​..."

ရှဲ့ချောင်က နာခံစွာထိုင်လိုက်သည်။

ရှဲ့ဖင်းကန်းက လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ညီမလေးက ဆရာမမော့နဲ့ ရင်းနှီး တော့ ညီမလေး ဒီအကြောင်းကို အနှေးနဲ့အမြန် သိလာပါလိမ့်မယ်။ နောင်ကျရင် ညီမလေး စိတ်တင်း ကြပ်နေမှာစိုးလို့ ပြောပြထားတာ ပိုကောင်းပါတယ်"

ထိုစကားကိုကြားတော့ ရှဲ့ချောင်က သူ ဘာပြောတော့မလဲဆိုသည်ကို သိလိုက်သည်။

သူမက မသိနားမလည် ဟန်ဆောင်နေရုံသာ။

“အဲဒီဆရာမမော့နဲ့ အိမ်ရှေ့စံမင်းသားက ဂိုဏ်း တစ်ဂိုဏ်းတည်းကပဲ။ တော်ဝင်ဆရာကြီးလီက သူတို့နှစ်ယောက်အတွက် လက်ထပ်ပွဲစီစဉ်ဖို့ စေ့စပ်ပေးတဲ့လူလို့ ကြားတယ်။ အိမ်ရှေ့စံမင်းသားက အစက လက်ထပ်ချင်ပေမဲ့ ဆရာမမော့က လက်ထပ်ဖို့ ငြင်းလိုက်တယ်လေ။ အဲဒါကြောင့် အိမ်ရှေ့စံမင်းသားက ညီမလေးကို ရွေးလိုက်တာ။ ဒါပေမဲ့ ဆရာတူအစ်မနဲ့ မောင်က ရင်းနှီးတော့ နောင်ကျရင် အတူတူ ဖြစ်သွားကြမှာ သေချာတယ်။ အဲလိုဖြစ်လာတဲ့အခါ မနာလိုမဖြစ်နေနဲ့ဦး။ နားလည်လား" ရှဲ့ဖင်းကန်း က အကြံပေးလိုက်သည်။

သူသည် ဆရာမမော့ဘက်မှ မရပ်တည် သော်လည်း သူ၏ညီမကို ပို၍ အတွေးအခေါ် သစ်

ကို လက်ခံနိုင်စေချင်သည်။

ဆရာမမော့သည် စရိုက်ကောင်းရှိပြီး အိမ်ရှေ့စံမင်းသားကလည်း ယုံကြည် အားထားသည်။ သူမ၏နောက်ကွယ်တွင် သူ ဘာမဆိုလုပ်နိုင်မည့် နည်းလမ်းမရှိပေ။

ထို့ကြောင့် သူသည် သူ၏ညီမကို မလိုအပ်ဘဲ မနာကျင်စေချင်ပေ။

ရှဲ့ချောင်က လေးနက်စွာ ခေါင်းညိတ်လိုက် သည်။ "ညီမလေး နားလည်ပါတယ် အစ်ကိုကြီး"

ရှဲ့ဖင်းကန်းက ကျေနပ်မှုဖြင့် သရော်လိုက်ပြီး နောက် သူ၏စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာ သည်။

“ဒါနဲ့ ဆရာမမော့က… ငါ့ကို အရင်က အစ်ကိုကြီးလို့ ခေါ်ခဲ့သလိုပဲ…” ရှဲ့ဖင်းကန်းက မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားခဲ့  သော်လည်း မသေချာပေ။

သူ ရွှင်းပြည်နယ်၏ မြို့ဆင်ခြေဖုံးတွင် ရှိိစဥ်က သူ ၄င်းကို ကြားခဲ့မိပုံရသည်။ ၄င်းက နူးညံ့ပျော့ပျောင်းသော်လည်း မရှင်းလင်းပေ။

သူမက 'အစ်ကိုကြီး' ဟုပြောခဲ့သည်လား သို့မဟုတ် သူ၏နာမည်ကို ခေါ်ခဲ့သည်လား ဆိုသည်ကို မသိပေ…

သူတို့ ညဘက်တွင် ဘာမှလုပ်စရာမရှိခဲ့စဥ်က သူ့ကိုသတိပေးခဲ့သူမှာ အိမ်ရှေ့စံမင်းသား အနားရှိ သက်တော်စောင့်ဖြစ်သည်။

•••••

All Chapters