← Chapters

ကံဆိုးခြင်း။

Vol. 33 Ch. 633

ကံဆိုးခြင်း။

Vol. 33 Ch. 633

ရှဲ့ချောင်သည်  ရှဲ့ဖင်းကန်း၏စကားကို ကြားသောအခါ သူမ၏ နှလုံး လည်ချောင်းမှ ခုန်ထွက်လုမတတ်ဖြစ်သွား၏။

သူမက သူ့ကို အပြစ်ကင်းစွာ ကြည့်လိုက်ကာ

“မဖြစ်နိုင်တာပဲ။ အစ်ကိုကြီးနားကြားမှားတာနေမှာပါ။ ဆရာတူအဒေါ်မော့က ပိုအသက်ကြီးတာကို!”

“ငါလည်း ဒီလိုထင်တာပါပဲ။ ငါ အဲဒါကို သတိတောင်မထားမိပါဘူး။ ကျို့ဝေ့ကျုံးနဲ့ တခြားလူတွေက ပြောလို့။ သူတို့က အဲဒါမှန်နေသလိုမျိုးပြောကြတော့ ထူးဆန်းတယ်လို့ ထင်သွားတာ

လေ”  ရှဲ့ဖင်းကန်းက ခေါင်းကုတ်လိုက်သည်။

“ဆရာမမော့က ကျိန်ဆဲတတ်သေးတယ်။ သူမ ခရီးထွက်တုန်းက အဲဒီဆဲရေးတဲ့စကားတွေကို သင်ယူခဲ့တာဖြစ်မယ်”

ဒါမှမဟုတ်။

သူမက သူ၏ နှစ်ရှည်လများ ပျောက်ဆုံးနေတဲ့ အစ်မကြီးများလား။

ရှဲ့ချောင် စိတ်သက်သာရာရစွာပင် သက်ပြင်းချလိုက်သည်။

သူမ ရုပ်ဖျက်ထားသည်ကို မေ့ပြီး သူမကိုယ် သူမ ဖော်ထုတ်လုနီးပါးဖြစ်ခဲ့သည်ကို မသိခဲ့ပေ။

"အစ်ကိုကြီး၊ ညီမလေးက ဆရာမမော့ဆိုပြီး ဟန်ဆောင်နေမှာ စိတ်မပူဘူးလား" ရှဲ့ချောင်သည် သူမ၏သတ္တိကို စုစည်းပြီး သူ့ကို စူးစိုက်၍ ကြည့်လိုက်သည်။

ထိုစကားကိုကြားပြီးနောက်  ရှဲ့ဖင်းကန်း လှောင်ပြောင်လိုက်သည်။ "ငါ ညီမလေးကို အထင် သေးတာတော့ မဟုတ်ပေမဲ့ ကမ္ဘာနှစ်ခုလုံးမှာ နောကျောနေပေမဲ့ ဆရာမ ဖြစ်ဖို့က အများကြီးလိုသေးတယ်။ ညီမလေးကို ကြည့်လိုက်ပါဦး။ 'အငြိုး'နဲ့ 'သေတဲ့၀ိညာဥ်တွေ' ဆိုတဲ့စကားကို ကြားလိုက် ရတာနဲ့ အရမ်းကြောက်ပြီး မျက်နှာတောင် ဖြူဖျော့သွားတာ။ ဆရာမကျ မတူဘူး။ သူမက တိုက်ပွဲနဲ့ရင်ဆိုင်ရချိန်မှာတောင် ထိတ်လန့်ကြောက်ရွံ့မနေဘူး။ သူမ မြင်ရတဲ့ အရာက ညီမလေးမြင်နေကျ ခြေဦးတည့်ရာ လျှောက်သွားနေတဲ့ ၀ိညာဥ်တွေထက် အများကြီး ပိုအစွမ်းထက်တယ်။ သူတို့အားလုံးက လက်စားချေချင်နေတဲ့ အငြိုးကြီးဝိညာဥ် တွေချည်ပဲ! ဒါပေမဲ့ သူမရဲ့

လက်ကို နည်းနည်း ဝှေ့ယမ်းလိုက်ပြီး အဆောင်နည်းနည်း  ပစ်လွှတ်လိုက်တာနဲ့ အဲဒီလက်စားချေချင်နေကြတဲ့ မကောင်းဆိုးဝါးဝိညာဥ်တွေ အကုန်သေကုန်ကြတာ!

"ငါ့ဘ၀မှာ ငါလေးစားရတဲ့ လူတွေထဲမှာ ကမ္ဘာပေါ်က အရာအားလုံးကိုသိတဲ့ တော်ဝင်ဆရာကြီးနဲ့ တောင်ကြီးလို တည်ငြိမ်တဲ့ မင်းသားကလွဲလို့ ဆရာမမော့လည်း တစ်ယောက်အပါအ၀င်ပဲ" ဟု ရှဲ့ဖင်းကန်းက ထပ်ပြောလိုက်သည်။

ရှဲ့ချောင်သည် ချီးကျူးစကားကြောင့် ရှက် သွား၏။

"သူမက တကယ်ပဲ အဲလောက်ထိအစွမ်းထက် တာလား"

"ဒါပေါ့၊ ဒီတခေါက် ညီမလေး သူမနဲ့ ရွှင်းပြည်နယ် မသွားခဲ့တာ နှမြောစရာပဲ။ ညီမလေး

သာ ဒီထက် ပိုလေ့လာနိုင်ရင် ဒီလောက်ကြောက်တတ် တော့မှာမဟုတ်ဘူး” ရှဲ့ဖင်းကန်းက ခေါင်းခါလိုက် သည်။

"ဆရာမမော့က အငြိုးကြီး၀ိညာဥ်တွေကို ဖမ်းတာ တော်တယ်။ ဗေဒင်ဟောတာကလည်း အရမ်းတိကျတယ်။သူမစကားနားမထောင်တဲ့ လူဘယ်နှယောက်နေနေ ဘယ်လိုလုပ် အဆုံးသတ်ကောင်းမှာလဲ။ ဥပမာ ကျောက်ရွှီကျီး နဲ့ သူ့ကိုယ်လုပ်တော်တို့ပေါ့... တစ်ယောက်က အကျဉ်းကျခံခဲ့ရပြီး နောက် တစ်ယောက်လည်း အဆုံးသတ်ကောင်းမနေဘူး။ သူတို့က သူမပြောတဲ့ စကား နားမထောင်ဘဲ မိုက်မဲကြတာကို!”

ရှဲ့ဖင်းကန်းက သခင်မလေးဖန်း အကြောင်း ပြောနေခြင်းပင်။

ကျောက်ရွှီကျီးသည် ကိုယ်လုပ်တော် တစ်ယောက်ယူပြီး သူမကို မြို့တော်သို့ ခေါ်လာသည်ဟု ပြော

ကြသည်။

သို့သော် ယခု ကျောက်ရွှီကျီးအဖမ်းခံရသော်လည်း မင်းသား နင်ပေ့၏ အိမ်တော်မှ လူများသည် သခင်မလေးဖန်းအား ယဥ်ကျေးဆဲဖြစ်ပြီး သူမကို ကောင်းစွာစီစဥ်၍ ပြန်ပို့ပေးချင်ခဲ့ သည်။

သခင်မလေးဖန်းက စိတ်မပါသော်လည်း သူမ ဘာမှမလုပ်နိုင်ပေ။

“အဲဒါ လွန်ခဲ့တဲ့ နှစ်ရက်က ဖြစ်ခဲ့တာ။ မင်းသားရဲ့ အိမ်တော်ကို ဝင်ဖို့အတွက် သခင်မလေးဖန်းက ကျန်နေတဲ့ ပစ္စည်း နည်းနည်းနဲ့ ပိုင်မိသားစုရဲ့ အမွှေးတိုင် ထုတ်လုပ်နည်းကိုတောင် ရောင်းချခဲ့တယ်လို့ ကြားတယ်။ သူမက အဲဒါတွေကို ရွှေငွေ တွေနဲ့ လဲပြီး မြို့တော်ကို ယူလာခဲ့တာတဲ့။ သူမ ပြန်မသွားခင် ဘယ်လောက်ကြာပြီလဲ။ သူမက

ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက်ဖြစ်ရင်တောင် အနားမှာ ယုံကြည်ထိုက်တဲ့လူ တစ်ယောက်မှ မရှိတော့ ပိုက်ဆံကို လုံခြုံအောင် မထိန်းသိမ်းနိုင်လောက်ဘူး!"

မင်းသား နင်ပေ့သည် လူကောင်းတစ်ယောက် ဖြစ်သောကြောင့် သူသည် အိမ်တော်၏ အစောင့်များကို သူမကို ကိုယ်တိုင်ကိုယ်ကျ ပြန်ပို့ခိုင်းခဲ့သည်။

ထို့ကြောင့် လမ်းခရီးတွင် ငွေဆုံးရှုံးနိုင်ခြေ နည်းပေသည်။

သို့သော် ဤခေတ်ဤအခါတွင် အသက် ဆယ့်ခုနစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ် အရွယ်ရှိ မိန်းကလေးတစ်ဦး၏လက်ထဲတွင် ငွေ ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ ရှိပြီး သူမ အနားတွင် ယုံကြည်စိတ်ချရသည့်လူ တစ်ယောက်ပင် မရှိသဖြင့် သူမက ငွေကို ကြာကြာ ကာကွယ်နိုင်မည်မဟုတ်သည်

ကို  ရှဲ့ဖင်းကန်း ကောင်းကောင်းသိသည်!

သူမ၏အနားရှိ အဘိုးကြီးပင် အရင်က သစ္စာရှိနိုင်သော်လည်း နောင်ကျရင်ရော။

သူ၏မိသားစုနှင့် ပြန်လည်ဆုံတွေ့သောအခါ သူ၏မိသားစုက သူ့ကို တစ်ခုခုလုပ်ရန် တိုက်တွန်းမည်မလား။

သူကသစ္စာရှိလျှင်ပင် သူ့လိုအဘိုးကြီးက ဘာမှ မလုပ်နိုင်ပေ။

ထို့ကြောင့် ထိုမိန်းကလေး ရွှင်းပြည်နယ်သို့ ပြန်ရောက် သောအခါ၊ သူမကို လူဘယ်နှယောက်မှ မကောင်းသော ရည်ရွယ်ချက်များဖြင့် တိုက်ခိုက်မည်ကို ဘယ်သူသိမှာလဲ!

ထို့အပြင် ဤကမ္ဘာပေါ်တွင် သူခိုး မည်မျှရှိမလဲ။

အတိုချုပ်ပြောရလျှင် ထိုသခင်မလေး၏ကံ သည် သူမ၏ဘဝတစ်လျှောက်လုံး ကောင်းနေမည်မဟုတ်သည်မှာ သေချာသည်!

"ညီမလေးကိုပြောနေတဲ့ အဲဒီသခင်မလေးဖန်းကို ညီမလေး မသိပါဘူး၊ အဲဒါကြောင့် ဆရာမမော့က ဘယ်လောက်အံ့သြစရာကောင်းလဲဆိုတာ ညီမလေး နားမလည်လောက်ဘူး။ အရင်တုန်းက ညီမလေး ဆရာမမော့ နဲ့ တာအိုဘုရားကျောင်းတစ်ကျောင်းတည်းမှာ ကျင့်ကြံနိုင်ခဲ့တာ ကံကောင်းတာပေါ့။ ညီမလေး သူ့ဆီကနေ သင်ယူဖို့ အကောင်းဆုံး ကြိုးစားသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိတာလည်း ကောင်းတာပဲလေ!”

•••••

All Chapters