← Chapters

အသက်ကြီးလာပြီ

Vol. 33 Ch. 634

အသက်ကြီးလာပြီ

Vol. 33 Ch. 634

ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်ကို အထင်သေး သော်လည်း သူနားလည်နိုင်သည်။ သူ၏ ညီမသည် ငယ်ရွယ်ပြီး ဆရာမမော့က အသက်သုံးဆယ်ကျော် လေးဆယ်ကျော် အရွယ်ဖြစ်သည်။ သူမသည် အတွေ့အကြုံရှိ သောကြောင့် ပို၍တည်ငြိမ်ပေသည်။

ရှဲ့ချောင်သည် ယခုအခါ ပို၍ပင် ကြောက်နေပုံရသည်။

မော့ချူးရှန်းက ဘာဖြစ်လို့ ခွေးအိုကြီး တစ်ကောင်လို တည်ငြိမ်ရတာလဲ။

ဘာကြောင့်လဲဆို သူမ၏မျက်နှာ ပေါ်တွင် မိတ်ကပ်အထူကြီး လိမ်းထားသော ကြောင့်ဖြစ်သည်။ သူမ ကြောက်နေလျှင်ပင် ဘယ်သူမှ မပြောနိုင်ပေ!

အခု သူမ၏အစ်ကိုအကြီးဆုံးက ဆရာမမော့ အကြောင်း ကြွားလုံးထုတ်နေသည်၊ သူ တစ်နေ့ အမှန်တရားကို သိသွားပါက…

သူက သူမကိုသတ်ပစ်ပေလိမ့်မည်!

ကြောက်ရွံ့နေသော ယုန်လေးတစ်ကောင်လို ဖြစ်နေသော ရှဲ့ချောင်သည် ရှဲ့ဖင်းကန်းကို အလွန်ညင်သာစွာ ပြုံးပြလိုက်၏။

ရှဲ့ဖင်းကန်းသည် အမျိုးသမီးများ၏ အတွေးများကို နားမလည်ခဲ့ပေ။ ထိုအချိန်တွင် ရှဲ့ချောင်က

မော့ချူးရှန်းကို လေးစား အားကျ နေသည်ဟုသာ သူထင်နိုင်သည်။

“ညီမလေးကို ဆရာမမော့ဆီက သင်ယူချင်လာ အောင်လို့ သတ္တိကို မြင့်တင်ပေး နေရုံပဲ။ နောက်ပိုင်း ညီမလေး ကြင်ရာတော်မင်းသမီးဖြစ်လာရင် ဆရာမမော့လိုတော့ ခြေဦးတည့်ရာလျှောက်မသွားသင့်ဘူးနော်” ရှဲ့ဖင်းကန်း ထပ်ပြောလိုက်သည်။

ရှဲ့ချောင်သည် အသိဉာဏ်ရှိပြီး သူ၏ ညွှန်ကြားချက်များကို နားထောင်တတ်သည်။

…

ဧကရာဇ်၏ တော်၀င်အမိန့်တော်ဖြင့် ဤကိစ္စသည် တစ်ခါတည်းပင် ပြီးပြတ်သွားလေ၏။

ရှဲ့မိသားစုသည် ကြီးကြီးမားမားရာဇဝတ်မှု တစ်ခုခု မကျူးလွန်ခဲ့ပါက ဧကရာဇ်သည် အမိန့်ပြန်တမ်းကို ပြန်လည်ရုပ်သိမ်းနိုင် လိမ့်မည် မဟုတ်ပေ။ အစောပိုင်းတွင် မှန်းဆပြီး သံသယရှိခဲ့ကြသူများသည် ယခု မိုးကြိုးပစ် ခံလိုက်ရသကဲ့သို့ ထိတ်လန့်တုန်လှုပ်သွားကြသည်။

သုန့်အိမ်တော်၌ သုန့်ရှီးယွင်သည် သူမ ပန်းထိုးရန် ပြင်ဆင်ထားသည့် မင်္ဂလာဝတ်စုံကို ချက်ချင်းဆုတ်ဖြဲပစ်လိုက်လေသည်။

သုန့် မိသားစု၏ ဒုတိယသမီးဖြစ်သူ သုန့်ယိယွင်သည် အိမ်ထဲသို့ ဝင်လာရုံသာရှိသေး မြေပြင်ပေါ်တွင် ရှုပ်ယှက်ခတ်နေသည်ကို မြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ရင်း။

“အကြီးဆုံးအစ်မ”

သုန့်ရှီးယွင်၏ မျက်နှာသည် အနည်းငယ် တင်းမာနေ၏။ ထို့နောက် သူမသည် သုန့်ယိယွင်ကို လှည့်ကြည့်လိုက်ပြီး ဂရုမစိုက် စွာဖြင့် "နင်က ဒီမှာ ဘာလုပ်နေတာလဲ။ ရှဲ့မိသားစုက ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားနားနဲ့ အောင်မြင်သွားပြီဆိုတာကို လာကြွားတာလား!"

သုန့်ယိယွင်၏ မျက်နှာသည် ချက်ချင်းနီရဲ သွားပြီး အနည်းငယ် ဒေါသထွက်သွားသည်။ "အစ်မကြီး၊ အစ်မ ဘာမဟုတ်တရုတ်စကား တွေ ပြောနေတာလဲ။ ဒီစကားပေါက်ကြား သွားရင် ညီမကိုယ်ညီမ သတ်သေရမှာ မဟုတ်ဘူးလား!"

သုန့်ရှီးယွင်က သူမ အလွန်ဒေါသထွက်နေမှန်း သိသဖြင့် စိတ်လိုက်မာန်ပါ ပြုမူခဲ့သည်။

သို့သော် ရှဲ့ချောင်က အမှန်တကယ် ကြင်ရာတော်မင်းသမီး ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ!

ထို့အပြင် ဧကရာဇ်ကိုယ်တိုင်က ထိမ်းမြား လက်ထပ်ရန် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ဘာသာရေး ၀န်ကြီးဌာနနှင့် နက္ခတ္တဗေဒ ညွှန်ကြားရေးဌာနတို့သည် နေ့ရက် သတ်မှတ်ထားပြီးသားဖြစ်သည်။ တော်ဝင်မင်းဆရာကြီးကိုပင် ဖိတ်ကြားထားပြီးလေပြီ။ သူတို့က ပြီးပြည့်စုံသည့်နေ့ရက် သတ်မှတ်ရန် မရမကတောင်းဆိုနေကြသည်!

ဤသည်က ဧကရာဇ်သည် ကြင်ရာတော် မင်းသမီးအား မည်မျှတန်ဖိုးထားသည်ကို တွေ့မြင်နိုင်သည်!

သူမအတွက်ကရော။ သူမသည်လည်း မင်းသား

တစ်ပါး၏ အဓိကကြင်ရာတော်ဘွဲ့ကို ပေးအပ်ခံခဲ့ပြီးဖြစ်သည်။ သို့သော်လည်း အတွင်းပိုင်း ဆုံးဖြတ်ချက်တစ်ခုသာဖြစ်ပြီး...ထိမ်းမြား လက်ထပ်ရန်အမိန့်ပြန်တမ်းအား မရရှိခဲ့ပေ။

ဧကရာဇ်၏စိတ်သည် လမ်းလွဲနေလေသည်!

အစက ကြင်ရာတော် မင်းသမီးသည် ထိုတာအိုဆရာမအိုကြီးဖြစ်မည်ဟု သူမ ထင်ခဲ့သည်။ နောက်မှသာ ကျောက်ရွှီကျီး၏ မဟုတ်မမှန် သတင်းများ ပြန့်သွားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

"ငါ နည်းနည်း စိတ်မကောင်းဖြစ်နေရုံပါ။ ရှဲ့မိသားစုရဲ့ အကြီးဆုံးသခင်မလေးက တော်ဝင်ကျောင်းတော်မှာ ငါ့ကို တမင်တကာ ပစ်မှတ် ထားပြီး လူတိုင်း လှောင်ပြောင်တာ ခံရအောင် လုပ်ခဲ့တာ နင်သိပါတယ်!” သုန့်ရှီးယွင်က ဒေါသထွက်

လွန်းသဖြင့် အံကြိတ်လိုက်သည်။

သုန့်ယိယွင်က သက်ပြင်းချလိုက်သည်။ “အစ်မ၊ တကယ်တော့.. အစ်မ အဲဒါကို စိတ်ထဲမထားရင် ပိုပြီး စိတ်သက်သာရာရလိမ့်မယ်။ အိမ်ရှေ့စံမင်းသားက ပထမဆုံး ဇနီးရဲ့ သားအကြီးဆုံးလေ။ ဧကရာဇ်က သူ့အပေါ် ဘယ်လောက်ပဲ အရမ်းချစ်ချစ် အဲဒါက ကျိုးကြောင်းဆီလျော်ပါတယ်။ အဲဒါကြောင့် ကြင်ရာတော်မင်းသမီးကိုလည်း လူတိုင်းက ချစ်ခင်ကြမှာပဲ။ အစ်မကြီးက ရှဲ့မိသားစုသမီးနဲ့ မယှဥ်နိုင်တာမျိုးမှ မဟုတ်တာ”

သူမ၏အစ်မအကြီးဆုံးသည် အိမ်ရှေ့စံ မင်းသားကို အမြဲအထင်သေးခဲ့ပြီး စတုတ္ထမင်းသားကိုသာ ကြည့်တတ်ကြောင်း သူမ သိပေသည်။

သို့သော် သူမ၏အမြင်အရ အိမ်ရှေ့စံ မင်းသားသည် ဂုဏ်အသရေအရှိဆုံး လူတစ်ယောက်

ဖြစ်သည်။

သူတို့၏အဖေကပင် ဧကရာဇ်သည် ဘက်လိုက် သည်ဟု ပြောသော်လည်း... သူက ဘက်လိုက် မခံရသင့်ဘူးလား။

သူမက တရားဝင်သမီးဖြစ်သည်။ ကိုယ်လုပ်တော်၏ သမီးသည် သူမထက် ပို၍ ဂုဏ်ကျက်သရေရရှိနေပြီး ကိုယ်လုပ် တော်၏သားအား တစ်နေ့ကျရင် မိသားစုပိုင် ပစ္စည်း၏ ထက်ဝက်ကျော်ကို အမွေပေးမည် ဆိုလျှင်တော့ သူမ စိတ်မကောင်းဖြစ်သည်က ပို၍ ကျိုးကြောင်းဆီလျော်မည် မဟုတ်လော!

ကံမကောင်းစွာပင် သူမက ၄င်းကို နားမလည်ခဲ့ပေ။

သူမသည် တရားဝင်သမီးဖြစ်သော်လည်း မိထွေးအကြောင်း ကိုယ်လုပ်တော်များနှင့် အတင်း အဖျင်း ပြောတတ်သည်။ ဤသည်က မှားယွင်းသည်လေ။

သုန့်ရှီးယွင်၏ မျက်လုံးများသည် ရွံရှာမှုဖြင့် တောက်ပသွား၏။

"ညီမလေးက အဲဒီသခင်မလေးရှဲ့ကို အရမ်း သဘောကျတယ်မဟုတ်လား။ တကယ်တော့ သူက ရှဲ့ဖင်းကန်းရဲ့ ညီမလေးပဲလေ” သုန့်ရှီးယွင်က ရုတ်​တရက်​ လိုရင်းကို ပြောလိုက်သည်​။

“ညီမလေးလည်း အသက်ကြီးလာပြီမလား… အစ်မက အခု စေ့စပ်ထားပြီဆိုတော့ ညီမလေးအလှည့်ပဲ။ ညီမလေးအတွက် သတင်းမေးဖို့ အဖေ့ကို ရှဲ့မိသားစုဆီ တစ်ယောက်ယောက် လွှတ်ခိုင်း စေချင်လား"

•••••

All Chapters