← Chapters

မိုးနဲ့မြေ

Vol. 33 Ch. 635

မိုးနဲ့မြေ

Vol. 33 Ch. 635

သုန့်ရှီးယွင် စကားဆုံးသွားသောအခါ သူမက သူမ၏ညီမကို နူးညံ့သောအပြုံးဖြင့် ကြည့်လိုက်သည်။

သူမသည် သူမ၏ ဦးနှောက်မရှိသောညီမနှင့် အရင်က ပြိုင်ချင်ခဲ့သည်မှာ ဘယ်လောက်တောင် မိုက်မဲခဲ့သည်လဲ။

သူတို့ကြားက ခြားနားချက်မှာ မိုးနှင့်မြေပင်။ နောင်တွင်၊ သူမသည် မြင့်မားပြီး အာဏာရှိသည့် ကြင်ရာတော် ဖြစ်လာပြီး ဧကရီဘုရင်မပင် ဖြစ်လာနိုင်သည်။ သူမ၏ ဦးနှောက်မရှိသော ညီမကရော။

သူမသည် သူမ၏ ခြေဖဝါးအောက်တွင် အမြဲတမ်း နင်းခြေခံရပေလိမ့်မည်။

သုန့်ယိယွင်သည် သူမအစ်မ၏ စကားများ ကိုကြားသောအခါ ပျာယာခတ်သွားပုံရသည်။ “အစ်မကြီး၊ အစ်မ ဒီလိုလုပ်လို့မရဘူး။ ညီမမှာ ဒီလိုရည်ရွယ်ချက်မရှိဘူး…”

သူမက ယခင်ကလုပ်ခဲ့သည်။

သို့သော်... အစ်ကိုရှဲ့က သူမကိုပင် မမှတ်မိလောက်ပေ။

ထို့အပြင် သူမ၏အကြီးဆုံးအစ်မသည် တော်ဝင်မိသားစုနှင့် လက်ထပ်တော့မည် ဖြစ်သဖြင့် အိမ်ရှေ့စံမင်းသားနှင့် စတုတ္ထမင်းသားတို့သည် မသင့်မြတ်ကြဘဲ သူမက ရှဲ့မိသားစုနှင့် ပါ၀င်ပတ်သက်

လာခဲ့ ပါက နောင်ကျရင် ညီအစ်မနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ပို၍ပင် မနာလိုဖြစ်လာကြမည် မဟုတ်လား။

ထားလိုက်ပါတော့။

သူမ ရင်ထဲတွင် စိတ်ပျက်မှုကို ခံစားနေရဆဲပင်။ သို့သော် သူမသည် သူမ၏ ခံစားချက်များကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးဖြစ်သည်။ သူမက အသက်မကြီး သေးသဖြင့် အချိန်အနည်းငယ် ပိုကြာကြာ စောင့်နိုင်သည်...

သူမ ထိုကိစ္စကို နောင်ကျရင် ဆုံးဖြတ်ရမည်!

သို့သော် သုန့်ယိယွင်က တစ်ခုခုကို မလုပ်ချင်လေလေ သုန့်ရှီးယွင်က ပိုစိတ်ဝင်စား လာလေလေဖြစ်သည်။

ထိုအချိန်တွင် သူမသည် စကားသိပ်မပြောဘဲ သခင်ကြီးသုန့်ကို ရှာရန် လှည့်ထွက်လာခဲ့၏။ 

သုန့်ယိယွင်သည် ရှဲ့ဖင်းကန်းကို အရူးအမူး ချစ်နေသည်ဆိုသည့် အချက်ကို သူမက လုံး၀  ထုတ်ဖော်ခဲ့သည်!

သခင်ကြီးသုန့်က သုန့်ယိယွင်ဆီသို့ ဒေါကန်ပြီး သွားရာ ကောင်မလေးက အံအားသင့်သွား သည်။ “အဖေ၊ သမီး-သမီး သူနဲ့ တိတ်တဆိတ် မတွေ့ခဲ့ပါဘူး..."

သုန့်မိသားစုမှမိထွေးက ၄င်းကို မြင်သောအခါ သူမက အမြန်ပြောလိုက်သည်။ "ရှင့်ရဲ့ ကလေးကို ကောင်းကောင်းမွန်မွန် ပြောလို့ မရဘူးလား။ ယိအာက များသောအားဖြင့် အရမ်းနာခံတတ်တာ

ပါ။ သူမ အပြင်သွားတဲ့ အခါ အမျိုးသမီးအစေခံနဲ့ အဘွားတို့ လိုက်ပါသွားကြတာပဲ... သူမက ဘယ်လိုလို့ ဒီလိုကိစ္စမျိုး လုပ်မလဲ။ ဘယ်လိုဖြစ်တာလဲ!"

"နင်က နင်မလုပ်ခဲ့ဘူးလို့ ပြောနေတုန်းပဲလား။ နင့်အစ်မက ငါ့ကို ပြောပြထားပြီးပြီ။ အရင်တုန်းက ကျိုးမိသားစုရဲ့ ဂုဏ်ပြု စားပွဲမှာ နင် အဲဒီကောင်နဲ့ ပရောပရည်တောင် လုပ်ခဲ့ တယ်ဆို!" သခင်ကြီးသုန့်က စိတ်ဆိုးဟန်ဖြင့် ပြောလိုက်သည်။

သုန့်ယိယွင်က ထိုစကားကိုကြားသောအခါ ဒေါသဖြစ်ကာ အရှက်ရသွားသည်။ "အဖေ၊ ရှဲ့သခင်လေးက လူကောင်းတစ်ယောက်လို့ သမီးထင်တယ်! အရင်က သမီး အပြင်သွား တုန်းက လူတစ်ယောက်က သမီးကို ပြန်ပေးဆွဲတော့မလို့။ သူ့ကြောင့် သမီး ဘာမှ မဖြစ်သွားခဲ့တာ။ ဒါပေမဲ့ သမီး တစ်ခါမှ စည်းမကျော်ခဲ့ဖူးဘူး။ သခင်လေးရှဲ့ကလည်း သမီးကို လုံးဝမမှတ်မိပါဘူး။ အစ်မ

က ဘာမှ မသိဘူး။ သူမက မဟုတ်တရုတ်စကားတွေ လျှောက်ပြောနေတာ!"

သခင်ကြီးသုန့်က သံသယဖြစ်နေသည်။

ဤဒုတိယသမီးသည် အနည်းငယ် ဖော်ဖော်ရွေရွေ နေတတ်သော်လည်း သူမက ကရော်ကမည်နိုင်သော လူတစ်ယောက်တော့ မဟုတ်။

"ယိအာ၊ ပထမသခင်လေးရှဲ့က တော် တယ်လို့ သမီးထင်လား။" သုန့်မိသားစု၏ မိထွေးက မေးလိုက်သည်။

"ဘာဖြစ်လို့လဲ! မင်းက မင်းရဲ့သမီးကို ဘာကိုမှ အလေးအနက်မထားဘဲ မဆင်မခြင် လူသတ်တဲ့ကောင်နဲ့ စေ့စပ်ပေးချင်နေတာလား။ အဲဒီကောင်က အရင်က ရှီးအာကိုတောင်  အနိုင်ကျင့်ခဲ့တာ!"

ထိုစကားကိုကြားသောအခါ သခင်ကြီးသုန့်က စိတ်ပျက်လက်ပျက် ပြော လိုက်သည်။

"သခင်ကြီး၊ ရှဲ့မိသားစုက အခု မင်းမျိုး မင်းနွယ် အသစ်ဖြစ်နေပြီ။ ဒီနှစ် မြို့တော်မှာ အဲဒီသခင်လေးရှဲ့နဲ့ပတ်သက်ပြီး ကိစ္စတွေ ဘယ်လောက် ပျံ့နှံ့နေပြီလဲ။ သွားပုတ်လေလွင့်အတင်းစကားတွေ ရှိခဲ့လို့လား။ အဲဒီလူက မဆိုးလောက်ဘူးဆိုတာ မြင်နိုင်နေတာပဲလေ။ အရင်က နားလည်မှုလွဲခဲ့တာဖြစ်မယ်ထင်တယ်" မိထွေးက အလျင်အမြန် ပြောလိုက်သည်။

လင်ပါသမီးနှစ်ယောက်အနက် သူမက ဘယ်သူ့ကို ယုံမှာလဲ။ ထုံးစံအတိုင်း၊ သူမ ပြုစုပျိုးထောင်ပေးခဲ့သည့် သူကို ယုံပေလိမ့် မည်။

ဒုတိယသမီးက ဖြူစင်သောစိတ်ရှိသော်လည်း အကြီးဆုံးသမီးကတော့…

အခြားအရာများအားလုံးကို ဘေးဖယ်ထား လိုက်ပါ၊ သူမသည် သူမ၏ အခင်ဆုံး သူငယ်ချင်းကို သူမ၏ မိထွေးဖြစ်အောင် လုပ်ခဲ့သည်ဆိုသည့်အချက်က သူမ၏ ရည်ရွယ်ချက်များ မကောင်းကြောင်း ထင်ရှားသည်!

သခင်ကြီးသုန့်က ခဏလောက် တိတ်ဆိတ် သွားသည်။

အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်ပါက၊ ရှဲ့မိသားစုသည် မင်းမျိုးမင်းနွယ်ဝင် အသစ် ဖြစ်သည်ဟူသည်က အမှန်တရားပင်။

"ယိအာက သူ့ကို မဆိုးဘူးလို့ ထင်နေတော့ သတင်းမေးဖို့ ကျွန်မတို့တွေ တစ်ယောက် ယောက်ကို လွှတ်လိုက်ကြရအောင်လား။ ရှဲ့

မိသားစုရဲ့ အဲဒီကလေးက အသက်နည်းနည်း ကြီးပေမဲ့ သူ့ဘေးမှာ ဘယ်သူမှမရှိဘူးလို့ ကျွန်မ ကြားတယ်။ အဲလိုဆို လက်ထပ် ပေးလိုက်တာ ကောင်းမှာပါ” မိထွေးက ထပ်ပြောလိုက်သည်။

သုန့်ယိယွင်က အနည်းငယ် ချီတုံချတုံဖြစ်နေ သည်။ “အမေ၊ ဒါပေမဲ့ အစ်မအကြီးဆုံးနဲ့ စတုတ္ထမင်းသားက… သမီး မလုပ်နိုင်ဘူး…”

“စိတ်မပူပါနဲ့။” မိထွေးက သူမ၏ လက်ကို ပုတ်လိုက်သည်။

သူတို့မိသားစုက သူမအား ဒုက္ခထဲသို့ အတင်းဆွဲခေါ်ခဲ့သည်။

ဒုတိယသမီးသည် ရှဲ့မိသားစုနှင့် လက်ထပ် လိုက်ပါက ဧကရာဇ်၏ တရား၀င် ကြေငြာချက်

တစ်ခုလည်း ရပေလိမ့်မည်။

ဘက်လိုက်တာက ဘာများ အရမ်းကောင်းနေ လို့လဲ။ ယခု ဧကရာဇ်က ကျန်းကျန်းမာမာရှိ နေသဖြင့် အိမ်ရှေ့စံမင်းသားက ရာထူးမှ ဖြတ်ချခံရမည့် အရိပ်အယောင်များ မပြတော့ ဘဲ၊ သူ၏သမီးက ကြောက်ရွံ့ထိတ်လန့်၍ အမြီးကုပ်ကာ လက်ထပ်ခြင်းနှင့်ပတ်သက်၍ မမေးရဲဘဲ နေရမည်လား။

သခင်ကြီးသုန့်က ထိုအကြောင်းကို သေချာ စဉ်းစားလိုက်သည်။ နှစ်ဖက် ဖြစ်နေခြင်းက အဆင်မပြေပေ။

သို့သော် ရှဲ့ဖင်းကန်းသည် ဒုတိယသမီး၏ အသက်ကို ကယ်တင်ခဲ့သည်။ တကယ်ဖြစ် လာပါက သူက အပြင်လူများကို ပါးစပ်ပိတ် ရန် ၄င်းကို သုံးနိုင်သည်။

နောင်တွင် ဘယ်သူပဲ ထီးနန်းတက်တက် သုန့်မိသားစုတွင် လွတ်မြောက်ရာလမ်း တစ်လမ်းရှိပေလိမ့်မည်။

•••••

All Chapters