← Chapters

သူတို့ရဲ့ ခေါင်းတွေပြန်မော့လာကြပြီ

Vol. 33 Ch. 636

သူတို့ရဲ့ ခေါင်းတွေပြန်မော့လာကြပြီ

Vol. 33 Ch. 636

ထိုအကြောင်းကိုတွေးပြီး သခင်ကြီးသုန့်က ဖြစ်နိုင်သည်ဟု ထင်သည့်အတွက် သူ သဘောတူလိုက်သည်။

သို့သော် လာရောက်မေးမြန်းစုံစမ်းသည်က သုန့်မိသားစုတစ်စုတည်း မဟုတ်ပေ။

မြို့တော်တွင် ရှဲ့ဖင်းကန်း၏ ရည်ရွယ်ချက် များနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုသော အရာရှိ

မိသားစုများစွာ ရှိသည်။

ရှဲ့ဖင်းကန်းသည် ထိုအကြောင်းကြောင့် အလွန် စိတ်အနှောင့်အယှက်ဖြစ်သွားသဖြင့် ထိုလူ အားလုံးကို ချက်ချင်းငြင်းပယ်ရန် အိမ်တော်ထိန်းအား ပြောလိုက်သည်။

သုန့်မိသားစုက စေလွှတ်လိုက်သောလူများ သည် အိမ်ထဲကိုပင် မဝင်ခဲ့ကြရပေ။ 

သုန့်ယိယွင်သည်လည်း ထုံးစံအတိုင်းပင် ဘာ သတင်းကောင်းမှ မရခဲ့။ စိတ်ပျက်မှုများ သာ ရကျန်ခဲ့သည်။

ရှဲ့ချောင်၏ လက်ထပ်ပွဲသည် တော်၀င် အမိန့်ဖြင့် အပြီးအပြတ် ဆုံးဖြတ်ချက်မချရ သေးပေ။

စာ၃စောင်နှင့် ကျင့်၀တ်ထုံးတမ်း၆ခုတို့ မပျောက်ဆုံးသွားသေးရာ၊ အိမ်ရှေ့စံမင်းသားပင် သူ၏ အနာဂတ်ယောက္ခမဆီ လာလည်ရန် နေ့ကောင်းနေ့မြတ်ကို ရွေးချယ်ခဲ့ရသည်။ ထိုလာလည်ခြင်းသည် သာမန်မိသားစု၏ သားမက်ဖြစ်သူက သူ၏ ယောက္ခမနှင့် တွေ့ဆုံခြင်းနှင့် မတူပေ။ ရှဲ့နျိုရှန်းသည် ဟန်ကြီးပန်ကြီးလုပ်နေ၍မရပေ။

လက်ထပ်ထိမ်းမြားခြင်း သတင်းထုတ်ပြန်ပြီး နောက် ဒုတိယနေ့တွင် နန်းတွင်းသူ အချို့ကို ရှဲ့မိသားစုဆီသို့ စေလွှတ်လိုက်သည်။

အဓိကရည်ရွယ်ချက်မှာ နန်းတွင်း စည်းမျဥ်း စည်းကမ်းများနှင့် တော်၀င်မျိုးနွယ်များ၏ ဘွဲ့တံဆိပ်အမျိုးမျိုးကို သင်ကြားပေးရန် ဖြစ်သည်။ ဤသည်က အလွန်ရှုပ်ထွေးသည်။

သို့သော် ရှဲ့ချောင်က လျင်မြန်စွာ သင်ယူနိုင်ခဲ့သဖြင့် သက်သာရာရ၏။

သူမသည် ပုံမှန်အတိုင်း ကျောင်းတော်သို့ပင် သွားရောက်ခဲ့ပြီး အမျိုးသမီးအရာရှိများကို နေ့စဥ် တစ်နာရီကြာ အမြန်ရှင်းပြရန်သာ ခွင့်ပြုခဲ့သည်။

အစပိုင်းမှာတော့ သူတို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြသော်လည်း ရှဲ့ချောင်က အမြန် သင်ယူခိုင်းသောကြောင့် သူတို့ ဘာမှမတတ်နိုင် ကြပေ။ ထုံးစံအတိုင်း၊ သူတို့သည် အနာဂတ် ကြင်ရာတော် မင်းသမီးအား ပြဿနာမရှာရဲ ကြသဖြင့် နာခံမှုရှိရှိဖြင့် သဘောတူခဲ့ကြ သည်။

ရှဲ့ချောင် ရှိရာ သစ်ခွခြံ၀င်းရှိ လေထုကလည်း

ပြောင်းလဲသွားသည်။

ဂုဏ်သိက္ခာရှိသော ကြင်ရာတော် မင်းသမီး သည် သစ်ခွခြံ၀င်းမှ ဖြစ်ပြီး ပျိုနီပန်းခြံဝင်းမှ မဟုတ်ပေ။ ထိုသတင်းက လူတိုင်းကို တစ်ဖန် ပြန်ပြီး စိတ်လှုပ်ရှားစေသည်မှာ သေချာပါသည်။ 

သင်ယူခြင်းအတွက် စိတ်အားထက်သန်မှုမှာ မကြုံစဖူးဖြစ်ခဲ့သည်။ ဆရာကြီးလုမှာ မပြုံးဘဲ မနေနိုင်ပေ!

ရှဲ့ချောင်က သင်ယူမှုတွင် စိတ်အားထက်သန်နေရာ ဇွန်လတွင် ကျောင်တော်မှ စာမေးပွဲကြီး ကျင်းပသောအခါ သစ်ခွခြံ၀င်းသည် ပျိုနီပန်းခြံ၀င်းကို အမှန်တကယ် ဖိနှိပ်နိုင်မည်ဟု ခံစားရသည်။

သူမသည် ကျောင်းတော်တွင် အချိန်အကြာကြီး မသင်ယူနိုင်မည်ကို စိုးရိမ်နေသည်။ သူမသည် ချင်လျို့နှင့် ဖန်းမုရွှယ်တို့ ဦးခေါင်း တစ်ဖန် မြင့်မြင့်မော့နိုင်မည့်အချိန်ကို မျှော်လင့်မိသည်။

ကျောင်းတော်ရှိ စာအုပ်များအတွက်မူ...

နောက်ပိုင်း သူမ ကြင်ရာတော်မင်းသမီး ဖြစ်လာလျှင်ပင် ထိုစာအုပ်များအား မဖတ်နိုင်တော့မည်ကို မစိုးရိမ်ပေ!

ကျောက်ရွှမ်ကျင်းတွင် ကျောင်းတော်၌ အထူး သီးသန့်အိမ်တော်ရှိသောကြောင့်၊ သူမ သူနှင့်အတူ ပြောင်းရွှေ့နေထိုင်၍ ရပေသည်!

သူမသည် ယန်စွမ်းအင်ကိုလည်း ပေါ်တင်ပင် အပြည့်အ၀ စုပ်ယူနိုင်သေးသည်။

သို့သော် သူမကို ၀မ်းနည်းစေသည့် တစ်ခုတည်းသောအရာမှာ…

တော်၀င်အမိန့်ကို ထုတ်ပြန်ပြီးသော်လည်း ကျောက်ရွှမ်ကျင်းကို မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ!

ဧကရာဇ်က လက်ထပ်ပွဲကို စီစဥ်ချင်လျှင်ပင် သူက မော့ချူးရှန်း၏ အမြင်ကို မေးမြန်းကာ သူမနှင့် သဘောတူမည်မဟုတ်ပေ!

သူ သဘောမတူဘူး!

ကျောက်ရွှမ်ကျင်းက မလာသလို ရှဲ့ချောင် ကလည်း သူ့ကိုမရှာပေ။ သူမ၏ ပူပင် ကြောင့်ကြမဲ့

သော နေ့ရက်များသည် ယခုအခါ အကန့်သတ်ရှိသွားပြီဖြစ်သဖြင့် ထုံးစံအတိုင်း သူမသည် သူတို့နှင့် ပျော်ရွှင်ခဲ့ရသည်။

ထို့နောက် မော့ချူးရှန်း၏ အဝတ်အစားများကို  ပြောင်းလဲ၀တ်ဆင်ကာ ရှဲ့ချောင်သည် မြို့တော်၏လမ်းများပေါ်တွင် လျှောက်သွားခဲ့ သည်။ သူမသည် ကံကြမ္မာကြောင့် တွေ့ဆုံရမည့် “လူ” အနည်းငယ်နှင့် တွေ့ဆုံနိုင်ဖွယ် ရှိသည်လေ။

မကောင်းဆိုးဝါး၀ိဥာဥ် အများအပြားရှိသော် လည်း အစွမ်းထက်သည့်ကောင်များကိုတော့ မတွေ့ခဲ့ရပေ။

ရှဲ့ချောင်က သူတို့ကို ကြမ္မာဥယျာဥ်တွင် တန်းစီခိုင်းလိုက်သည်။

"အစ်ကို! အစ်ကို့ ခြေဖဝါးအောက်မှာ တံခါးခုံ ရှိ

နေတယ်! သတိထားဦး!”

"အစ်ကို ပစ္စည်းတွေ ရွှေ့နေတာလား။ ကူညီ ပေးပါရစေ။ အိုး၊ ဒီပစ္စည်းက လေးတယ်! ကူညီပါရစေ!"

ရှဲ့ချောင်က လမ်းဘေးတွင်ထိုင်ချလိုက်ရာ ပိန်ပါးပြီး အားနည်းသောလူတစ်ယောက် လှည့်ပတ်ပြေးနေသည်ကို တွေ့လိုက်ရသည်။

သူက တစ်ယောက်ယောက် အကူအညီလို သည်ကို မြင်သောအခါ ကူညီရန် ပြေးသွား သည်။ များသောအားဖြင့် သူတို့က သူ့ကို ကျေးဇူးတင်ရုံသာရှိသည်။ ရံဖန်ရံခါတွင် အချို့သော ရက်ရောသူများက သူ့ကို ကြေးဒင်္ဂါးအနည်းငယ်ဖြင့် ဆုချကြသည်။

သူ့လို အလုပ်ကြိုးစားသောသူများ အများအပြား ရှိသော်လည်း ထိုလူက မတူပေ။ သူ၏ အသွင်အပြင်က တစ်ခုခုတော့ လွဲနေသည်။

ရှဲ့ချောင်က ဤလူသည် သူမကဲ့သို့ ရုပ်ဖျက်ထားသည်လားဟု သံသယရှိခဲ့သည်။ သူတို့နှစ်ယောက်စလုံးက သူတို့ကိုယ်သူတို့ ရုပ်ဖျက်ထားကြသည်။ ထိုအသံ… ထိုသူသည် အသံကို တမင်ပင်နိမ့်ကာ ပြောနေသော်လည်း အမျိုးသမီးတစ်ယောက်၏ စူးရှသော အသံကို သူမ ကြားနေရဆဲပင်။

ဤသည်က ယောက်ျားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်ဖြစ်သည်။

ရှဲ့ချောင် ဂရုတစိုက်ကြည့်လိုက်၏။

သူမ၏အဝတ်အစားများက ဖုန်ထူနေပြီး ဖိနပ်များက စုတ်ပြဲနေသည်။ သို့သော် သူမ၏ မျက်လုံးများမှာ အားမာန်အပြည့်ဖြင့်။ သူမသည် ရှဲ့ချောင် ယခင်က တွေ့ဖူးသော လူများစွာနှင့် ကွာခြားသဖြင့် သူမ၏ စိတ်ဝင်စားမှုမှာ ချက်ချင်းပင် မြင့်တက်သွားတော့သည်။

•••••

All Chapters