← Chapters

သခင်မရဲ့ကောင်းချီးတွေကို ကျွန်တော် ခံယူမယ်

Vol. 33 Ch. 637

သခင်မရဲ့ကောင်းချီးတွေကို ကျွန်တော် ခံယူမယ်

Vol. 33 Ch. 637

ထိုလူက စောင့်ကြည့်ခံနေရသည်ကို သတိထားမိပုံရသည်။

ခဏအကြာတွင် သူသည် ရှဲ့ချောင်နှင့် ကန့်လန့်ဖြတ်တွင် ထိုင်ကာ လက်ဖက်ရည် တစ်ခွက်

တောင်းလိုက်သည်။

"တာအို ဆရာမဗျ၊ ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲ။ ကျွန်တော့်မျက်နှာမှာ တစ်ခုခုရှိနေလို့လား" ထိုလူက ပြောလာသည်။

"ရှင့်မျက်လုံးထဲက အလင်းရောင်ကို ကျွန်မ ကြည့်နေတာပါ။ ကံကောင်းခြင်းတွေ ရောက်လာနေတဲ့ပုံပဲ” ရှဲ့ချောင်က ပြုံးပြီး ပြော လိုက်သည်။

"ကံကောင်းခြင်းလား" ထိုလူက ကျယ်လောင် စွာ ရယ်မောလိုက်သည်။ သူက တကယ့်ကို ယောက်ျားတစ်ယောက်နှင့်တူပေသည်။ ရယ်မော ပြီးနောက် သူက ကြေးနီဒင်္ဂါးပြားနှစ်ပြားကို ထုတ်ယူပြီး။ “ကျွန်တော် တာအိုဆရာမရဲ့ ကောင်းချီးတွေကို ခံယူမယ်!” 

"ဒါပေမဲ့ မင်း အခုမှပိုက်ဆံရထားတာလေ" ရှဲ့ချောင်က အနည်းငယ် အံ့သြသွားသည်။

"တာအိုဆရာမက ကျွန်တော်၀တ်ထားတာထက်ကို ကောင်းကောင်း ၀တ်စားထားတာပဲ။ ဒါပေမဲ့ ကျွန်တော် အခုလေးတင် တာအိုဆရာမကို တခြားလမ်းနှစ်လမ်းမှာ တွေ့လိုက်ရတယ်။ တာအိုဆရာမက လျှောက်သွားပြီး လူတွေကို ဟောပေးနေတာလေ။ တာအိုသခင်မကြီးက ကျွန်တော့်လိုပဲ အလုပ်ရှာနေတာမလား။ တခြားသူတွေက ကျွန်တော့်ကို ငှားထားပြီး ကျွန်တော်က အခု တာအိုဆရာမကို ငှားတယ်။ ဆရာမက ကျွန်တော့်ကို ကောင်းတာတွေ ဟောပေးတော့ ကြားရတာ ဝမ်းသာမိပြီး အဲဒါက ကျွန်တော့်ကို စိတ်ကောင်း၀င်စေ တယ်။ စိတ်ကောင်းဝင်တော့ ကျွန်တော် ပိုက်ဆံပိုရှာနိုင်တယ်လေ!" ထိုလူက အလွန်ရိုးသားပွင့်လင်းပေသည်။ 

ဆရာမမော့အနေဖြင့် ရှဲ့ချောင်သည် အခြား

သူများ၏ မြှောက်ပင့်ပြောဆိုမှုများကို အကြိမ်ကြိမ် နားထောင်ခဲ့သည်။

သို့သော် ထိုစကားများသည် အများအားဖြင့် မြှောက်ပင့်ခြင်းသာဖြစ်သည်။

သူမသည် အရည်အချင်းရှိသော တာအို ဆရာမဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မယုံကြည်သော သူမရှေ့ရှိလူနှင့် မတူဘဲ သူတို့က အလွန်ခမ်းကြီးနားကြီး ပြောကြ သည်။

ရှဲ့ချောင်က ခဏလောက်စဉ်းစားပြီး ကြေးဒင်္ဂါးနှစ်ပြားကို ယူလိုက်သည်။ “အဲဒါ က ဘာမှမဟုတ်ပါဘူး။ ကျွန်မ မင်းရဲ့ပိုက်ဆံ ကို ယူလိုက်ပြီဆိုတော့ မင်းရဲ့ကံကြမ္မာကို အလေးအနက်ထားပြီးဟောပေးမယ်။"

ထိုသို့ပြောပြီးနောက် ရှဲ့ချောင်သည် သူမ၏ နောက်ထပ် ကြေးနီဒင်္ဂါးအနည်းငယ်ကို  ထုတ်ယူလိုက်သည်။

ခန့်မှန်းတွက်ဆပြီးနောက် သူမက လျှို့ဝှက် ဆန်းကြယ်စွာ ပြုံးကာ ပြောလိုက်သည်။ “ဒီနေ့ မင်းရဲ့ကံကောင်းခြင်းက မြို့တော်ရဲ့ အနောက်ဘက်ခြမ်းမှာ။ နေဝင်တဲ့အခါ မျက်စိမှိတ်ပြီး ရှေ့ကို ခြေလှမ်းတစ်ရာ လှမ်း လိုက်။ မင်း လူတစ်ယောက်ကို ဝင်တိုက်မိရင် အဲဒီလူနောက်ကို နောက်ထပ် ၁၅ မိနစ်လောက် ထပ်လိုက်သွား။ မင်း လမ်းကြားတစ်ခုကိုတွေ့လိမ့်မယ်။ အဲဒီထဲ တည့်တည့်၀င်သွားပါ။ မင်း ရပ်လိုက်တဲ့အခါ မင်းရဲ့ ကံကောင်းခြင်း ရောက်လာပါလိမ့်မယ်။”

ထိုလူက သူမကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်သည်။ "တာအိုဆရာမက ကျွန်တော့်အတွက် တကယ်ပဲ ဗေဒင်ဟော ပေးနေတာလား။ ကျွန်တော်မယုံဘူး။”

“မင်း ယုံတာ မယုံတာက အရေးမကြီးပါဘူး။ မင်းမှာ ဘာမှလုပ်စရာမရှိရင် စမ်းကြည့်လိုက်ပေါ့။" ရှဲ့ချောင်မှာ အလွန်တည်ငြိမ်စွာပင်။

ထိုလူက သူမ၏ လေးနက်သော မျက်နှာကို မြင်ပြီး ခဏလောက် စဉ်းစားလိုက်ပြီးနောက် သွားပေါ်အောင်ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ!”

ယခုအခါ ရှဲ့ချောင်က သူမကို ပို၍ပင် သဘောကျသွားသည်။

သူမသည် ရိုးသားပွင့်လင်းပြီး သူမ၏  အကြံဥာဏ်ကို နားထောင်သည်။

သူမမှာ ဘာမှလုပ်စရာမရှိသဖြင့် ထိုယောက်ျားတစ်ယောက်ကဲ့သို့ ရုပ်ဖျက် ထားသော အမျိုးသမီးနောက်ကို လိုက်ရန် အဆင်သင့်ပင်။

ထိုမိန်းကလေးသည် သူမ၏အရှေ့တွင် အကြာကြီးမနေဘဲ အလုပ်သွားရှာ၏။ သူမက ညစ်ပတ်နေ သဖြင့် စားသောက်ဆိုင်များက သူမအား ချက်ချင်းနှင်ထုတ်ခဲ့ကြသည်။

သူမက စိတ်မဆိုးဘဲ ပြုံးနေခဲ့သည်။

ရှဲ့ချောင်၏ စူးရှသော မျက်လုံးများကြောင့် သာ မဟုတ်ပါက၊ ပို၍ ပို၍ရဲရင့်လာသော ထိုသူကို အမှန်တကယ်ပင် ယောက်ျား တစ်ယောက်ဟု သူမ ထင်မိပေလိမ့်မည်။

မကြာခင် နေဝင်သွားတော့၏။

ထိုလူက ခေါင်းမော့ပြီး နေ၀င်သွားသည်ကို ကြည့်လိုက်သည်။ သူမက ခဏလောက် စဉ်းစားပြီးနောက် မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူမသည် အမှောင်ထဲတွင် ရှေ့သို့ ခြေလှမ်းကျဲကြီးများ လှမ်းခဲ့သည်။

ရှဲ့ချောင်၏ တောင်းဆိုချက်အတိုင်း သူမသည် ခြေလှမ်းတစ်ရာ လှမ်းခဲ့သည်။ ထို့နောက် သူမ လူတစ်ယောက်ကို တကယ် ၀င်တိုက်မိသွား၏။ သူမ အမြန်ထကာ ထိုလူနောက်သို့ လိုက်သွားခဲ့သည်။

ရှဲ့ချောင်သည် သူမနောက်သို့ ဖြည်းညှင်းစွာ လိုက်လာခဲ့၏။

ထိုလူက လမ်းလျှောက်သွားသည်....

အဆုံးတွင်၊ ရှဲ့ချောင်သည် လင်းအိမ်တော်ရှိရာ လမ်းကြားတွင် သူတို့ ရှိနေသည်ကို သိလိုက် ရသည်။

နောက်ထပ်ခြေလှမ်းအနည်းငယ်ကြာပြီးနောက်သူမသည် လင်းအိမ်တော်၏တံခါးကို မြင်လိုက်ရသည်။

ထိုအချိန်တွင် တံခါးရှေ့တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေပုံရသည်။ အပြင်ဘက်တွင် လူတစ်ယောက် ရပ်နေပြီး လင်းယာ့ရှန်းကို လက်ညှိုးထိုးကာဖြင့်။ "ဖီး! ငါက မင်းရဲ့ဖင်ကို ထိခဲ့ တယ်လို့ ပြောနေတာလား။ အဲဒါနဲ့ တန်တယ်လို့ မင်းထင်လား။ မင်းက အိမ်ထောင်ပြုလို့မရတဲ့ ၀မ်းဆွဲသည်သာသာကို။ ပြည့်တန်ဆာအိမ်က မိန်းမတွေနဲ့ တောင် ယှဉ်လို့ရမနေဘူး။”

“ဒီနေ့ မင်း ငါ့ကို ထွက်သွားခိုင်းပေမဲ့ မင်းသဘောတူထားတဲ့ လုပ်ခကို မင်း ငါ့ကို ပေးရမယ်။ မဟုတ်ရင် မင်းရဲ့လုပ်ငန်းကို ငါ ဖျက်ဆီးပစ်မယ်!"

ရှဲ့ချောင်က မျက်မှောင်ကြုတ်လိုက်သည်။

လင်းယာ့ရှန်း၏ မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။ သူမ၏ ကိုယ်ခံပညာ ကျွမ်းကျင်သူတစ်ဦးကို စည်းရုံးခြင်းသည် ထိုသို့သော ကိစ္စမျိုးကို ဆွဲဆောင်နိုင်လိမ့် မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ!

သို့သော် ဤလူသည် ကိုယ်ခံပညာ တတ်မြောက်ပေသည်။ အခုလေးတင် သူက အိမ်ထဲရှိ ဆေးစင်ကို အပိုင်းပိုင်းဖြစ်အောင် ကန်ခဲ့၏။ သူသာ

အမှန်  တကယ် စတင်တိုက်ခိုက်ကြပါက သူမ ရှုံးသွားပေ လိမ့်မည်။ ထို့အပြင် သူမ၏ ခဲအိုသည် လူနာတစ်ယောက်ကို သွားကြည့်ရန် သူမ၏ အဖေနောက်သို့ လိုက်သွားခဲ့သဖြင့် အိမ်တွင် ယောကျ်ားတစ်ယောက်မှ မရှိပေ။ က​လေး​များသည်လည်း မကြာခင် ပြန်​လာပေလိမ့်မည်...

••••

All Chapters