← Chapters

ကိုယ်ခံပညာကျွမ်းကျင်သူ

Vol. 33 Ch. 638

ကိုယ်ခံပညာကျွမ်းကျင်သူ

Vol. 33 Ch. 638

လင်းယာ့ရှန်းသည် အားနည်းပြီး အရည် အချင်း မရှိသူမဟုတ်ပေ။

ယခု ကိုယ်ခံပညာကျွမ်းကျင်သူက မလျော် မကန်ပြုမူနေသည်ကို မြင်ပြီး သူမ သူ့ကို အနိုင်မယူနိုင်သဖြင့် သူမက အရှက်မဲ့စွာ အော်ဟစ်ရန် ဆုံးဖြတ်လိုက်သည်။

"လုပ်လိုက်လေ! ငါ့မှာ ပိုက်ဆံမရှိဘူး။ ငါ့ဘဝ ပဲရှိတယ်။ ငါ အခု ဒီမှာ ရပ်နေတယ်။ နင် ငါ့ခေါင်းပေါ်က ဆံပင်တစ်ပင်ကို ထိရဲရင် ထိကြည့်လိုက်စမ်းပါ။ ငါ အာဏာရှိသူတွေကို  ၀ပ်တွားခယရမယ်ဆိုရင်တောင် ငါ့ကို ဒုက္ခရောက်အောင်လုပ်တဲ့အတွက် နင့်ကို တရားစွဲပစ်မယ်!”

ဒီနှစ်တွေအတွင်း သူမ ဘယ်လို ရှင်သန်ခဲ့ရလဲ။

ထိုစဥ်က သူမ၏အဖေမှလွဲ၍ မိသားစုထဲတွင် တခြားယောက်ျားများ မရှိခဲ့ပေ။ သူမ၏ မကြောက်မရွံ့တတ်သည့် ဒေါသကြောင့် သူမ၏ ချောမောလှပသော ညီအစ်မနှစ်ယောက်က ဘေးကင်းစွာ ကြီးပြင်းလာနိုင်ခဲ့သည်!

ကိုယ်ခံပညာ ကျွမ်းကျင်သူက ဤအမျိုးသမီး

သည် အလွန်ကြောက်ဖို့ ခက်ကြောင်း မြင်လိုက်ရသောအခါ သူက သူ့ကို ချက်ချင်း တိုက်ခိုက်ခဲ့သည်။

သူ၏လက်ကြီးသည် လင်းယာ့ရှန်း၏ မျက်နှာကို ရိုက်တော့မည့်အချိန်။

ရှဲ့ချောင်သည် ခြေလှမ်း ၂၀ မှ ၃၀ အကွာတွင် ရှိနေသေးသည်။

သို့သော် ထိုလက်ဖဝါး မျက်နှာပေါ် မရောက်မီတွင် လူတစ်ယောက်က ခြေလှမ်း ကျဲကြီးများဖြင့် အမြန်ပြေးလာသည်။ လူတစ်​​ယောက်​လုံး လွင့်ပျံနေသကဲ့သို့ပင်။ ထိုခြေဖဝါးသည် လေထဲ၌ ပတ်လည်ကန်ချက်ဖြင့် ဘမ်းခနဲပင် ထိုလူ၏ဦးခေါင်းကို ချိန်ရွယ်ကာ သူ့ကို အလဲထိုးလိုက်သည်!

"ဟမ့်! ခင်ဗျားက အမျိုးသမီးတစ်ယောက် ကို အနိုင်ကျင့်ပြီး လက်သီးတောင်းနေတာပဲ။" ထိုလူက မြေပြင်ပေါ်သို့ ငြိမ်သက်စွာ ဆင်းသက်ပြီး သရော်ပင်သရော်လိုက် သည်။

ထို့နောက် သူမသည် အနည်းငယ် ခေါင်းကုတ်လိုက်သည်။ “ကျွန်တော် ခဏလောက် ကျွန်တော့်ရဲ့ ခွန်အားကို မထိန်းနိုင်ဖြစ်ပြီး ခပ်ပြင်းပြင်း ကန်လိုက်မိတယ်… သူ အခု သတိလစ်သွားပြီ။ ဒီလူကို အုပ်ချုပ်ရေးရုံးကို ပို့ဖို့ ကျွန်တော့်ကို ကူညီပေးလို့ရမလား။”

သူမသည် လင်းယာ့ရှန်းအား အားနာသည့် မျက်နှာထားဖြင့် ကြည့်လိုက်သည်။

သူမ တစ်ယောက်တည်းသွား၍ရသော်လည်း အဆင်မပြေပေ။ တကယ်တော့ သူမသည် ခံရသူ

မဟုတ်ပေ။

လင်းယာ့ရှန်းသည် အံ့သြသွား၏။ “ရှင်က တကယ့်ကို အံ့သြစရာပဲ…”

ခုနက ကန်ချက်မှာ ငှက်ကြီးတစ်ကောင် သူမအပေါ်သို့ ခုန်အုပ်လိုက်သည်ဟု ထင်သွားမိပေသည်!

“ခင်ဗျားက အရမ်းယဉ်ကျေးလွန်းနေပါပြီ။ ဒါက ဘာမှမဟုတ်ပါဘူး။" သူမက အလွန်ကျိုးနွံ သည်။

"ကျွန်မ… ရှင့်ကို ဘယ်လိုခေါ်ရမလဲဆိုတာ သိလို့ရမလား... " လင်းယာ့ရှန်းက သူ့ကို ကျေးဇူးတင်ချင်သော်လည်း သူဘယ်သူလဲ ဆိုတာ သူမ မသိပေ။ သူမ ခဏလောက် စဉ်းစားပြီး ပြောလိုက်

သည်။ "ရှင်လည်း ကိုယ်ခံပညာကျွမ်းကျင်သူအလုပ် လျှောက်ဖို့ ဒီကိုရောက်နေတာလား"

"ကိုယ်ခံပညာ ကျွန်းကျင်သူလား" ထိုလူက ခဏလောက် အံ့အားသင့်သွားသည်။ ထို့နောက် သူမ၏အိမ်တံခါးဝတွင် အနီရောင် စာရွက်တစ်ရွက် ကပ်ထားသည်ကို သူမ တွေ့လိုက်ရသည်။

ထိုစာရွက်ပေါ်တွင် ကိုယ်ခံပညာကျွမ်းကျင်သူ တစ်ဦးအတွက် လိုအပ်ချက်များ ရေးထားလေသည်။

အမျိုးသားများနှင့် အမျိုးသမီးများဟူ၍ ကန့်သတ်ချက်များ မရှိခဲ့ပေ။ အဓိက လိုအပ်ချက်မှာ စာရိတ္တကောင်းရမည်။ သင်ပေးရမည့်သူမှာ ဆယ့်သုံးနှစ်သား ကောင်လေး တစ်ယောက်ဖြစ်သည်။

“ကိုယ်ခံပညာကျွမ်းကျင်သူအတွက် လျှောက်ထားဖို့ ကျွန်တော် ဒီကို ရောက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်က ဗေဒင်ဆရာမ တစ်ယောက်ဟောလို့ ဒီဘက်ကို လျှောက်လာခဲ့တာပါ။" ထိုလူက လှောင်ပြုံးပြုံးပြီး ပြောလိုက်သည်။ “ကျွန်တော် ခုဏက အလုပ်လျှောက်ဖို့ လာခဲ့တာ မဟုတ်ပေမဲ့ အခု အလုပ် လျှောက်မှာပါ! မျိုးရိုးနာမည်က ယွီဖြစ်ပြီး ကျွန်တော့်နာမည်က ယွီရှန်းပါ!"

လင်းယာ့ရှန်းက ပြုံးလိုက်သည်။

ထိုလူက အတော်လေး စိတ်ဝင်စား စရာကောင်းသည်။ သူက အလွန်ရိုးသား ပွင့်လင်းပြီး သူ၏အသံက ရှင်းရှင်းလင်းလင်း နှင့် နားထောင်လို့ကောင်းပေသည်။

သူလည်း ပြုံးနေသော်လည်း မြေပြင်ပေါ်ရှိ

သတိလစ်မေ့မြောနေသည့် ကိုယ်ခံပညာဆရာနှင့် လုံးဝမတူပေ။ သူက လုံးဝ တဏှာရူး တစ်ယောက် မဟုတ်လောက်ပေ!

“လူကြီးမင်းယွီ၊ ကျေးဇူးပြုပြီး သူ့ကို ကျွန်မနဲ့ အတူ အုပ်ချုပ်ရေးရုံးကို အရင်ပို့ပေးပါဦး။ နောက်ပိုင်းကျမှ ကျွန်မတို့ အသေးစိတ် ပြောလို့ရပါတယ်!” လင်းယာ့ရှန်းက ၀ေ့လည် ကြောင်ပတ်လုပ်မနေခဲ့ပေ။

သူတို့ နှစ်ယောက် သင့်မြတ်နေပြီပဲလေ။

ရှဲ့ချောင်က ၄င်းကို မြင်သောအခါ၊ ယွီရှန်း သည် လင်းယာ့ရှန်းကို ကျေနပ်အောင် လုပ်နိုင် လောက်သည်ဟု သူမက မှန်းဆခဲ့သည်။

ထို့ကြောင့် သူမ အနားသို့မသွားတော့ဘဲ လှည့်

ထွက်သွားခဲ့သည်။

သူတို့နှစ်ယောက်က ကိုယ်ခံပညာဆရာကို လမ်းဆုံလမ်းခွရှိ မြေပြင်ပေါ်သို့ ရွှေ့လိုက် ကြသည်။ ကင်းလှည့်အရာရှိများနှင့် စစ်သား များ ဖြတ်သန်းသွားလာနေကြသည်။ အတိုချုံး ပြောပြီးသည်နှင့် သူတို့က ထိုလူကို ခေါ်သွား ကြသည်။

"လူကြီးမင်း ယွီ၊ ကျွန်မတူလည်း ကိုယ်ခံ ပညာ တတ်တယ်။ သူက အခြေခံကောင်း ပေမဲ့ နည်းနည်း ဆိုးတော့ ငြိမ်ငြိမ်မထိုင်ဘူး။ အဲဒါကြောင့် ရှင် ဒီအလုပ်ကို လုပ်ဖို့ စိတ်ကူးတယ်ဆိုရင် ရှင် စိတ်ပိုင်းဆိုင်ရာ ကြိုပြီး ပြင်ဆင်ထားရမှာကိုတော့ ကျွန်မ အားနာပါ တယ်။ နည်းနည်းပိုပင်ပန်းလိမ့်မယ်။ နောက်ပြီး ကျွန်မတို့က တစ်လကို ငွေ၁၀စ ပေးပါတယ်…”

လင်းယာ့ရှန်းအတွက် ငွေ၁၀စသည် ငွေ

အမြောက်အမြားဖြစ်သည်။

သို့သော်လည်း မကြာသေးမီက သူမသည် မိသားစုကြီးများထံမှ အလုပ်အကိုင် အနည်းငယ်ရရှိခဲ့ပြီး ငွေများစွာကို ရရှိခဲ့ သည်။ သူမက ကလေးမွေးပြီးသော အမျိုးသမီးများကို ကုသရန် သူမ၏အဖေနှင့် ဆေးဝါးတချို့ပင် အမျိုးမျိုးဖော်စပ်ခဲ့၏။ ထိုဆေးသည် ထိုအမျိုးသမီးများ ကြားတွင် အလွန်ရေပန်းစားပြီး ငွေ လုံလုံလောက်လောက် ရရှိခဲ့သည်။

သူမက အနည်းငယ် ပင်ပန်းနေရုံသာ။

“ဆိုးသွမ်းတဲ့ကလေးတွေကို သင်ပေးရတာ လွယ်ပါတယ်။ ဒါက လုံးဝပြဿနာမရှိပါဘူး။ ကျွန်တော် သုန့်အန်းမှာတုန်းက ကျွန်တော်နဲ့ ကစားခဲ့တဲ့လူတွေက တော်တော်လေးကို ဆိုးသွမ်းပေမဲ့ ကျွန်တော့်ရှေ့ရောက်ရင် သူတို့က ပိုပြီးနာခံ

သွားကြရောလေ!” ယွီရှန်း ၄င်းကို အတော်လေး စောင့်မျှော်နေခဲ့၏။ 

•••••

All Chapters