ဂုဏ်သတင်းကြီးတဲ့ မိသားစု
Vol. 33 Ch. 639
ဆိုးသွမ်းသောကလေးများသည် ငြိမ်သက်ပြီး လိမ္မာသော ကလေးထက် ပို၍ စိတ်ဝင်စား စရာကောင်းပေသည်!
လင်းယာ့ရှန်းက ယွီရှန်း ပြောသည်ကို ကြားသောအခါ စိတ်သက်သာရာရ မှုဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ “နောက်ထပ် တစ်ခုရှိသေးတယ်၊ ဒီကလေးက ကျွန်မရဲ့ တစ်ဦးတည်းသော တူလေးပါ။ တစ်ခါတစ်လေ၊ သူက ကျွန်မတို့အိမ်မှာနေပေမယ့် တစ်ခါတစ်လေတော့ သူ့အိမ်ကိုပြန်ရတယ်။ ဒါကြောင့် ကျွန်မက ရှင့်ကို နှစ်
နေရာစလုံးကို သွားဖို့ ဒုက္ခပေးရပါဦးမယ်။ ပြီးတော့... ကျွန်မတို့တွေ ရှင့်ကို အလုပ်မခန့်ခင် သူ့အဖေနဲ့ အစ်ကိုအကြီးဆုံးနဲ့ တွေ့ခိုင်းရဦးမယ်။”
ဆရာတစ်ယောက်၏ရာထူးမှာ အလွန်ပင်အရေးကြီးသည်။ သူမက ၄င်းကို သူမဘာသာ ဆုံးဖြတ်၍မရပေ။
“လုပ်သင့်ပါတယ်” ယွီရှန်းက ခေါင်းညိတ် လိုက်သည်။
လင်းယာ့ရှန်းသည် ယခုမှပင် ပို၍ကျေနပ်သွားတော့သည်။
သူမသည် မနက်ဖြန်မနက် ရှဲ့မိသားစုနှင့် တွေ့ဆုံရန် ချိန်းထားသည်။
ယွီရှန်းက မကန့်ကွက်ခဲ့ပေ။
သူမ(ယွီရှန်း)သည် တာအို ဆရာမအကြောင်း ပိုတွေးနေမိသည်!
သူမအား အခွင့်အရေးကောင်း ပေးခဲ့ခြင်း ဖြစ်သည်။ အရင်တုန်းကတော့ တာအိုဆရာမ သည် ဟန်ဆောင်လိမ်ညာနေသည်ဟု သူမ သံသယရှိခဲ့ဖူးသည်။ သို့သော် သူမ၏ ဗေဒင် ဟောခြင်းသည် အလွန် တိကျလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ!
သူမသည် သူမ၏ဆွေမျိုးများကို ရှာရန် မြို့တော်သို့ ရောက်နေသည်မှာ ရက်အတော် ကြာခဲ့ပေပြီ။
သူမ ရောက်လာသောအခါ သူမသည် ကျို့
မိသားစုကို ရှာဖွေခဲ့ပြီး သူမ၏ ဝမ်းကွဲကို တွေ့ချင်ခဲ့သည်။ ကံမကောင်းစွာဖြင့် ကျို့ မိသားစု၏ အစေခံများက သူမ ဘယ်လောက် ညစ်ပတ်နေသည်ကို တွေ့လိုက်ရ သောအခါ အိမ်တော်အား သွားမပြောပေးခဲ့ပေ။
သူမသည် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမက တစ်ယောက်တည်းလာခဲ့ရပြီး နာမည် ပျက်သွားသည့်အတွက် ကျို့မိသားစု၏ ဝမ်းကွဲဟု မပြောရဲပေ။ သူမသည် ကူကယ်ရာမဲ့ဖြစ်ပြီး အရင်ထွက် သွားပြီး အဝတ်တစ်စုံလဲရန် ငွေအနည်းငယ်ကို ချွေတာရုံသာတတ်နိုင်သည်။ သူမသည် အမျိုးသမီးအစေခံတစ်ယောက်ကို ဝယ်နိုင် ပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။ အားလုံး အဆင်သင့်ဖြစ်ပြီးနောက် သူမ ပြန်လာပေ လိမ့်မည်။
သို့သော် မြို့တော်တွင် ငွေရှာရန် ခက်ခဲသည်။
သူမတွင် အရည်အချင်းများစွာမရှိပေ။ သူမ သည် ပန်းမထိုးတတ်သလို အချက်အပြုတ် လည်းမတတ်ပေ။ သူမ ချက်ပြုတ်ပါက မီးဖို ပေါက်ကွဲသွားပေလိမ့်မည်။
ကိုယ်ခံပညာ တတ်ခြင်းနှင့် ခွန်အားအနည်း ငယ်ရှိရုံမှလွဲ၍ သူမက အသုံးမကျပေ!
သူမက အလုပ်ကြမ်း လုပ်နိုင်သော်လည်း အစားကြီးလေသည်။ ဗိုက်ဖြည့်ရန်အတွက် သူမနေ့စဉ်ရရှိသော ကြေးဒင်္ဂါးများကို စပါးစေ့များနှင့် ပူနွေးနွေးဘန်းမုန့်ပေါင်း များနှင့် လဲလှယ်လိုက်သည်....
သူမက ထိုအံ့သြစရာကောင်းသော ကိစ္စမျိုး ကြုံတွေ့ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ငွေ၁၀စ။ သူမ အပြင်တွင် နှစ်လလောက် အလုပ်လုပ်မှ ထိုမျှလောက်ငွေရပေလိမ့်မည်။ ဆံပင်အသုံးအဆောင်ပစ္စည်းများ၊ အဝတ်အစားများနှင့် အမျိုးသမီးအစေခံ တစ်ယောက် ဝယ်ရန် လုံလောက်ပေသည်!
ယွီရှန်း၏ မျက်လုံးများ တောက်ပသွားသည်။ နောက်နေ့မနက်ရောက်သောအခါ သူမက လုံး၀နှေးကွေးမနေဘဲ စောစောရောက်လာခဲ့ သည်။
လင်းယာ့ရှန်းက သူမသည် ညစ်ပတ်ဟောင်း နွမ်းသော အ၀တ်အစားများကို ဝတ်ဆင် ထားဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ သူမက ရိုင်းသွားမည်ကို စိုးရိမ်သဖြင့် ထိုအကြောင်း ကိုစဥ်းစားပြီး သူ့ကို အဝတ်အစားအသစ် တစ်စုံ၀ယ်ပေးရန် ခေါ်သွားသည်။
အစကတော့ လင်းယာ့ရှန်းက လူကြီးမင်းယွီကို သူမ၏ ခဲအို၏အဝတ်အစား များကို ဝတ်စေချင်ခဲ့သော်လည်း လူကြီးမင်း ယွီက ခေါင်းခါနေလေသည်။ သူ့ကို လစာကြိုပေးထားသည်ဟု ပြောလိုက်သောအခါ သူက အဝတ်တစ်စုံ၀ယ်ရန် ဆိုင်သို့သွား လေသည်။
အ၀တ်အစားကောင်းမဟုတ်သော်လည်း ယွီရှန်း ဝတ်ပြီးသည်နှင့် ညစ်ညမ်းသော ခံစားချက်များ ချက်ချင်းပျောက်ကွယ်သွားသည်။
"ဒီ အကြွေးစာရွက် ကိုယူထားပါ။ အဲဒါက အလုပ်မဖြစ်ရင် အဝတ်အစားတွေအတွက် ကျွန်တော် ခင်ဗျားကို ကြေးဒင်္ဂါးပြားတွေ သေချာပေါက် ပြန်ပေးမှာပါ" ယွီရှန်းက လေးနက်စွာ ပြောလိုက်သည်။
သူမသည် လူလွတ်အမျိုးသမီးတစ်ယောက် ဖြစ်
သောကြောင့် ယောက်ျားတစ်ယောက်၏ အဝတ်အစားဟောင်းများကို ဝတ်ဆင်ခြင်းက သူမအတွက် တကယ့်ကို မသင့်တော်ပေ။
ထိုအကြောင်းကို အခြားမည်သူမှ မသိသော် လည်း သူမက ဝတ်ရပေဦးမည်။ သူမသည် ထူးခြားဆန်းပြားပြီး စိတ်မသက်မသာ ခံစားခဲ့ရသည်။
သူမက မရသေးသော လစာကို သုံးရုံသာ တတ်နိုင်ခဲ့သည်။
သူမက အလွန်ဆင်းရဲ၏။
ယွီရှန်းသည် ကမ္ဘာမြေပေါ်၌ သူမ တစ်သက်လုံးတွင် အသက်ရှင်ရန် ပထမဦးဆုံး အကြိမ် ရုန်းကန်
ခဲ့ရသည်ဟု တွေးကာ သက်ပြင်းချလိုက်သည်။
သို့သော် ယွီရှန်းသည် ရှဲ့အိမ်တော်သို့ ရောက်သောအခါ၊ အနည်းငယ် ထိတ်လန့်နေ ပြီဖြစ်သည်။
"ခင်ဗျားရဲ့ ဆွေမျိုးက ဒီလောက်အာဏာရှိတဲ့ နောက်ခံရှိတာလား! ဒါက အရာရှိတစ်ယောက် ရဲ့ အိမ်တော်ပဲ!” ယွီရှန်း၏ မျက်နှာမှာ ထိတ်လန့်မှုအပြည့်နှင့်ဖြစ်သည်။ "ဒါဆို စောစောက အဲဒီမျိုးမစစ်ကောင်ကို တွေ့တုန်း က ခင်ဗျားနာမည်ကို ဘာလို့ မပြောလိုက် တာလဲ။ ခင်ဗျား သူ့ကို သေလောက်အောင် ခြောက်လှန့်နိုင်လိမ့်မယ်။ သူ ဘယ်လိုလုပ် အကွက်ရွှေ့ရဲမှာလဲ။”
“ဒါက ကျွန်မ ပိုင်တာမဟုတ်ဘူး။ တခြားသူ ရဲ့နာမည်ကို ကိုယ့်အကျိုးအတွက် သုံးတာက မမှန်ဘူးလို့ ခံစားရတယ်” လင်းယာ့ရှန်းက ခေါင်းခါ
လိုက်သည်။
အထူးသဖြင့် ရှဲ့နျိုရှန်း၏ နာမည်ဖြစ်သည်။
ယွီရှန်းသည် တောက်ခေါက်ပြီး သက်ပြင်းချ လိုက်သည်။ “သူတို့ ကျွန်တော့်ကို လက်မခံရင်တောင် ကျွန်တော် မအံ့သြပါဘူး။”
သူမ၏ မိသားစုကို အဆင့်အတန်းမြင့်သော မိသားစုအဖြစ် သတ်မှတ်နိုင်သည်။ သုန့်အန်း တွင် သူတို့သည် လူသိများပြီး သြဇာရှိကြ သည်။
အိမ်တော်ဟောင်းတွင် သူ၏သားသမီးများကို သင်ပေး၍ ကိုယ်ခံပညာ လေ့ကျင့်ပေးသော ဆရာတစ်ယောက်ကို နေနေသာသာ စားစရာ သောက်စရာများ ချပေးသည့် အစေခံ တစ်ယောက်သည်ပင် ၀င်ရောက်ဖြေဆိုသူ ၁,၀၀၀ ကျော်ကို
ကျော်ဖြတ်ပြီးနောက်မှသာ ရွေးချယ်ခံရသည်။
သူတို့က လမ်းမှာတွေ့တဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ် ရွေးနိုင်မှာလဲ။
ယွီရှန်းသည် ယခုတော့ မျှော်လင့်ချက်များစွာ မထားတော့ပေ။
•••••