← Chapters

၆၄၀။ သူ ဘယ်သူ့ကို အထင်မြင်သေးနေ တာလဲ

Vol. 33 Ch. 640

၆၄၀။ သူ ဘယ်သူ့ကို အထင်မြင်သေးနေ တာလဲ

Vol. 33 Ch. 640

ရှဲ့ချောင်က ယနေ့ ဧည့်သည်လာမည်ဟု တွက်ချက်ထားပြီး ဧည့်သည်က ဒေါ်လေး လင်းဖြစ်လောက်သည်ဟု သူမ မှန်းဆထားပြီး ဖြစ်သည်။

လင်းယာ့ရှန်းက စောစောရောက်လာခဲ့သည်။ ရှဲ့နျိုရှန်းနှင့် ရှဲ့ဖင်းကန်းတို့ အိမ်တွင်ရှိနေဆဲပင်။ 

သို့သော် ရှဲ့နျိုရှန်းသည် ထိုအဒေါ်ကိုတွေ့ရန် စိတ်အနှောင့်အယှက် အဖြစ်မခံချင်ပေ။ သူမ လာကြောင်းကြားသည်နှင့် အိမ်တော်ထိန်းကို လိမ်ညာခိုင်းပြီး သူ မရှိဘူးလို့ ပြောခိုင်းခဲ့ သည်။

သူ၏ဇနီးဖြစ်သူ သခင်မလင်းသည် နူးညံ့ သိမ်မွေ့သော အကျင့်စရိုက် ရှိသော်လည်း သူမ၏ အစ်မက အဘယ်ကြောင့် အလွန် ခက်ထန်ကြမ်းကြုတ်သည်ကို သူတကယ်ပင် နားမလည်။ ဤသည်က တကယ့်ကို ကြောက်စရာကောင်းသော်လည်း ထိုလူကို ရိုက်နှက် ဆူပူကြိမ်းမောင်းခြင်း မပြုနိုင်သဖြင့် သူသည် တစ်ဖက်သား၏ အေးစက်သော မျက်လုံးများကို ခံစားခဲ့ရသည်။ သူက ၄င်းကို သဘောမကျသည့်အတွက် ဖုံးကွယ်နေခြင်းက ပိုကောင်းပေသည်!

အိမ်တော်ထဲသို့ ဝင်ရောက်ပြီးနောက် လင်းယာ့ရှန်းသည် ဤမိသားစု၏ အထောက်အထားကို ယွီရှန်းအား ပြောပြရန် သတိရသွားသည်။

“ဒါက အကြီးဆုံးသခင်လေးပဲ၊ သူ့ဘေးကတော့ အကြီးဆုံးသခင်မလေးပေါ့” လင်းယာ့ရှန်းက မိတ်ဆက်ပေးလိုက်သည်။

ယွီရှန်းက ခေါင်းညိတ်ပြီးနောက် ဦးညွှတ် အရိုအသေပေးလိုက်သည်။ "ကျွန်တော် ယွီရှန်းက အကြီးဆုံးသခင်လေးနဲ့ အကြီးဆုံးသခင်မလေးကို အရိုအသေပြုပါတယ်!"

သူမက ရိုးသားပွင့်လင်းသည်။

ရှဲ့ချောင်သည် မနေ့က သူမကို တွေ့ခဲ့ပြီး ယနေ့ သူမကို ထပ်တွေ့သောအခါ သူမ၏ မျက်နှာက ပိုနူးညံ့လာသည်။ သူမက ပြုံးပြီး မေးလိုက် သည်။ "လူကြီးမင်းယွီက ဘယ်ကပါလဲ။"

ရှဲ့ဖင်းကန်းက အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

သူ၏ညီမသည် မည်သူ့ကိုမျှ အလွန် မနွေးထွေးတတ်ဘူး မလား။ ယနေ့ သူမဘာလို့ ရုတ်တရက် အရမ်းစိတ်လှုပ်ရှား နေတာလဲ။

ရှဲ့ဖင်းကန်း ယွီရှန်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် ခေါင်းလောင်းက သူ့ခေါင်း ကို ရိုက်သလို ခံစားလိုက်ရသည်။

ဤလူကြီးမင်းယွီသည် အလွန်အသားဖြူပြီး နူးညံ့

သိမ်မွေ့ကာ သူ၏မျက်လုံးများသည် အထူးလှပသည်။ မျက်လုံးများက စကားပြော နိုင်သကဲ့သို့ ရွှန်းရွှန်းစိုနေသည်...

"ကျွန်တော်က သုန့်အန်းမြို့က သာမာန်လူ တစ်ယောက်ဖြစ်ပြီး အလုပ်လျှောက်ဖို့ ရောက် လာတာပါ။"

ရှဲ့ချောင်၏ ပါးစပ်ထောင့်များ ကွေးညွတ်သွား သည်။ "အလုပ်​​လျှောက်ဖို့လား။ အလုပ်ရှာ တွေ့ပြီလား။ ကျွန်မ အကူအညီလိုလား"

"ဟွန့်!" ရှဲ့ဖင်းကန်းက သရော်လိုက်သည်။ "ကဲ၊ မင်းက ဒီကို ကိုယ်ခံပညာဆရာဖြစ်ဖို့ ရောက်လာတာ မလား။ မင်း တိုက်ခိုက်နိုင် ရမယ်။ ငါ့ရဲ့ မိုက်မဲတဲ့ညီက ငယ်သေး ပေမဲ့ သူ့အရည်အချင်းတွေက မဆိုးဘူး။ မင်းမှာ အရည်အချင်းမရှိရင် မင်း သူရဲ့ ကိုယ်ခံပညာဆရာဖြစ်လာတဲ့အခါ မင်း

ဒုက္ခရောက်လိမ့်မယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ မင်းရဲ့အစွမ်းအစတွေကို အရင်စမ်းသပ်မယ် ပြီးရင် မင်းနေနိုင်မလား ငါတို့ ဆုံးဖြတ်ပေးမယ်။"

ရှဲ့ဖင်းကန်းက သူ့ရှေ့ရှိ လူကို သဘောမကျ ပေ။

သူ၏ အကြီးဆုံးညီမက အိမ်ရှေ့စံမင်းသားနှင့်သာ သက်ဆိုင်သည်။

သူမက ဘာဖြစ်လို့ ဒီကောင်ကို ဒီလောက် နူးညံ့ ကြင်နာနေရတာလဲ! သူက သူမကို ကိုယ်လုပ်တော် ဖြစ်စေချင်နေတာ များလား!

အဲဒါကို သူမလုပ်နိုင်ခြင်း မဟုတ်ပေ၊ သို့သော် နေ့ခင်းကြောင်တောင်ကြီး ထိုစကားများ ထွက်လာပါက သူ ခေါင်းပြတ် မည်မဟုတ်ပေလား။

အိမ်ထဲတွင်၊ တော်ဝင်နန်းတော်မှ 'သူလျှို' အနည်းအကျဉ်းရှိသည်။

ယွီရှန်းသည် ရန်လိုနေသော ဤလူအား ကြည့်ပြီး သူ၏နှုတ်ခမ်းထောင့်များကို ကွေးညွတ်ပြီး ပြုံးပြလိုက်သည်။ "ဟုတ်ကဲ့၊ ဒါပေမဲ့... ကျွန်တော်က လူတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေမိနိုင်တာမလို့ သခင်လေး သံချပ်ကာ ဝတ်ထားတာ ပိုကောင်းပါတယ်"

ဒီလူက အရူးပဲ!

ရှဲ့ဖင်းကန်းသည် အရှက်ခွဲခံလိုက်ရသလို ခံစားလိုက်ရသည်။

သာမာန်တိုက်ပွဲတွင် သံချပ်ကာ ဝတ်ဆင် ရမည်လား။ ဒီကောင် ဘယ်သူ့ကို အထင်လာသေးနေ တာလဲ။

ရှဲ့ဖင်းကန်းသည် လူအများ၏ နှလုံးသားကို တုန်လှုပ်စေသည့် သူ၏မျက်လုံးများတွင် ရက်စက်တင်းမာသော အကြည့်ဖြင့် မတ်တပ် ထရပ်လိုက်သည်။ ရှဲ့ချောင်ပင်လျှင် ရှဲ့ဖင်းကန်း၏ တောင်နှင့်တူသော ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားသည်။

သူမ၏အစ်ကိုအကြီးဆုံး မွေးကတည်းက ဧရာမကလေးကြီးဖြစ်ရပေမည်။

သူ၏အမေက...တကယ့်ကို သနားစရာ ကောင်းသည်။

ယွီရှန်းသည် ဤလူကို အလွန်စိတ်ဝင်စားနေ သကဲ့သို့ တည့်တည့်ကြည့်လိုက်သည်။

"သုန့်အန်းက ယောက်ျားတွေကလည်း အရပ် မြင့်တယ် ဒါပေမဲ့ သခင်လေးလောက် သန်မာတဲ့သူ သိပ်မရှိပါဘူး!" ယွီရှန်းက သူ့ကို စိတ်ရင်းဖြင့် ချီးမွမ်းလိုက်သည်။

သူမသည် အရပ်ရှည်ပြီး သန်မာသော ယောက်ျားများကို အမြဲလေးစားခဲ့သည်။ သူမ၏ အဖေအသက်ရှင်နေသေးချိန်တွင် သူသည်လည်း အလွန်သတ္တိကောင်းသည့် သူတစ်ယောက်ဖြစ်ခဲ့သည်။ သူမအရှေ့ရှိ ထိုလူက မဆိုးရွားလှပေ။ သူသည် ဝက်ဝံနှင့် တူပြီး တစ်ချက်ကြည့်ရုံဖြင့် သူသည် တိုက်ခိုက်ရာတွင် အလွန်တော်သည်ဟု  ပြောနိုင်သည်!

ရှဲ့ဖင်းကန်းသည် မရှင်းပြနိုင်လောက်အောင်

ချီးကျူးခဲ့သည်။ ထိုလူကို နှုတ်ချိုသည်ဟု ထင်သော်လည်း သူမကို အနိုင်ယူအလဲထိုးချင်ဆဲပင်။

နှုတ်ချိုခြင်းက ထိုလူအတွက် မကောင်းပေ။ သူက အိမ်ရှေ့စံမင်းသား၏ မိန်းမပျိုလေးကို ခိုးချင်နေလျှင် ပို၍ပင်ဆိုးပေလိမ့်မည်!

ယွီရှန်းက အရပ်မပုပေ။ တကယ်တော့ သူမ သည် ယောက်ျားတစ်ယောက်အဖြစ် ရုပ်ဖျက်ထားသောအခါ သူမ၏ ဦးခေါင်းက သာမန်ယောက်ျားတစ်ယောက်၏ ဦးခေါင်းနှင့် လုံး၀ကွဲပြားမှု မရှိသလောက်ပင်။

“ခြံ၀င်းထဲမှာ ဟန်ပြလက်၀ှေ့သွားထိုးကြရ အောင်..” ရှဲ့ဖင်းကန်းက သရော်လိုက်ပြီး နောက် ရှဲ့ချောင်အား “အကြီးဆုံးညီမ၊ အရှုံးသမားတစ်ယောက်က ဘာနဲ့တူမလဲ လာကြည့်လိုက်” ဟု ပြောလိုက်သည်။

•••••

All Chapters