← Chapters

ကစဉ့်ကလျား အမြုတေခေါင်းလောင်း

Vol. 70 Ch. 1036

ကစဉ့်ကလျား အမြုတေခေါင်းလောင်း

Vol. 70 Ch. 1036

သူတို့၏အဆင့်တွင် တစ်ဘက်ဘက်က ဟာကွက်တစ်ခုကို ထုတ်ဖော်ပြသလိုက်သည်နှင့် အခြားတစ်ဖက်က အဲ့ဒါကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

သီယင်းက ရင်တစ်ချက်ထိတ်သွားသည့်အချိန်မှာပင် ဆူဇီမိုက ရှေ့သို့ ပြေးဝင်လာပြီး ကောင်းကင်ထိုးဖောက်ကျောက်တိုင်ကြီးကို သူ၏ လက်သီးဖြင့် ပစ်ထိုးလိုက်လေသည်။

ဘန်း.... ဘုန်း.. ဘုန်း

ချက်ချင်းပင် ကျောက်တိုင်ကပြိုလဲသွားပြီး ကျောက်စရစ်ခဲများက ဖွားခနဲထွက်သွားလေသည်။

“မိုးကောင်းကင်”

ထိုသို့အော်သံနှင့်အတူ သီယင်းသည် သူ့လက်နှစ်ဖက်ကိုဝှေ့ယမ်းပြီး ဓမ္မစွမ်းအားများကို တလိပ်လိပ်တက်လာစေလေသည်။ မိုးကောင်းကင်တစ်ခုလုံးက တဖြည်းဖြည်း ဖိချေကျဆင်းလာသည်ဟု ထင်ရလေသည်။

ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲမှာတုန်းက ယဲ့ထျန်းချန်သည် မိုးကောင်းကင်ပညာရပ်ကို ထုတ်ဖော်ခဲ့ဖူးလေသည်။

ထိုစဥ်က ယဲ့ထျန်းချန်၏ မိုးကောင်းကင်ပညာရပ်သည် သူတို့ကို ဖိနှိမ်ဖို့အတွက် မိုးကောင်းကင်တစ်ခုဖြစ်လာစေဖို့ ဓမ္မစွမ်းအားများကို အသုံးပြုခဲ့ရခြင်းဖြစ်လေသည်။

သို့သော်လည်း သီယင်း၏ မိုးကောင်းကင်ပညာရပ်က ယဲ့ထျန်းချန်ထုတ်ဖော်ခဲ့သည်ထက် များစွာပို၍ကြောက်စရာကောင်းလေသည်။

သီယင်း၏လက်နှစ်ဖက်သည် မိုးကောင်းကင်တစ်ခုလုံးကို ချိတ်ဆွဲယူနိုင်သည့်အလား ထင်ရပြီး လေကကို လွှမ်းခြုံလာသော အဆက်မပြတ် စွမ်းအားများကို သယ်ဆောင်လာခဲ့လေသည်။

မိုးကောင်းကင်က လောကတစ်ခွင် ဖုံးအုပ်သွားခဲ့လေသည်။

အဲ့ဒါက လောက၏ အစစ်အမှန်စွမ်းအာဖြစ်ပြီး လူသားများခုခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။

ယခုတင်ရောက်ရှိလာသော ကျင့်ကြံသူများစွာသည် ထိုမြင်ကွင်းကို ကြည့်ပြီး တုန်လှုပ်သွားကြလေသည်။

“သူတို့က တိုက်ခိုက်နေကြပြီပဲ...”

“အဲ့ဒီဓမ္မပညာရပ်ရဲ့စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတာပဲ... ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသ တွေတောင် အဲ့ဒါကို ခုခံနိုင်မှာမဟုတ်လောက်ဘူး”

“အဲ့ဒါကမှ မိုးကောင်းကင်ပညာရပ်ရဲ့ အစစ်အမှန်စွမ်းအားပဲ...”

“အထီးကျန်သိုင်းသခင်က ဘယ်လိုတုံ့ပြန်လာမလဲ ကြည့်ရသေးတာပေါ့.. ဓမ္မစွမ်းအားအရာမှာဆိုရင်တော့ သူတို့နှစ်ယောက်ရဲ့ ကွာဟချက်က အတော်လေးသိသာထင်ရှားနေတုန်းပဲ...”

ဆူဇီမိုသည် မူလနတ္ထိ အဆင့်သို့ ဝင်ရောက်လာခါစ ဖြစ်လေသည်။ သို့သော်လည်း သီယင်းသည် နောက်ပိုင်းမူလနတ္ထိအဆင့်သို့ ရောက်ရှိနေခဲ့ပြီးလေပြီ။

ဆူဇီမို၏ အမူအရာက ​ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏လက်နှစ်ဖက်ကို အဆက်မပြတ် လှုပ်ရှားကာ လက်ဟန်ချိပ်စည်းများကို တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာစေလေသည်။ သူ၏ လက်ချောင်းထိပ်များမှ မိစ္ဆာချီများသည် အဆက်မပြတ်ထွက်ပေါ်လာပြီး မှင်ကဲ့သို့ နက်မှောင်၍ အလွန်ကြီးမားသော တံစဥ်တစ်ခုကို ဖြစ်ပေါ်လာစေလေသည်။

ကောင်းကင်ဘုံမိစ္ဆာတံစဥ်...

“အထီးကျန်သိုင်းသခင်က ဒီလောက်ထိမြန်မြန် ပြန်ပြီးအားဖြည့်နိုင်ထားတာပဲ...”

“ကပ်ဘေးသုံးဆင့်နယ်မြေအပြင်ဘက်မှာတုန်းက သူက လှုပ်ရှားခြင်းနည်းစနစ်တစ်ခုကို ထုတ်ဖော်ဖို့တောင် သူ့ရဲ့ဓမ္မစွမ်းအားကို အသုံးမပြုနိုင်ခဲ့ဘူး... အခုတော့ သူကဒီလောက်ကြောက်စရာကောင်းတဲ့ ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်နေနိုင်ပြီဆိုတော့....”

လူတိုင်းက တူန်လှုပ်သွားရလေသည်။

“သတ်ဖြတ်စမ်း....”

ဆူဇီမိုက ဟိန်းဟောက်၍ ရှေ့သို့ညွှန်လိုက်လေသည်။

နက်မှောင်နေသော တံစဥ်က မိစ္ဆာချီနှင့် သတ်ဖြတ်လိုစိတ်တို့ လွှမ်းခြုံထားပြီး လေထုကို ဆုတ်ဖြဲလာခဲ့လေသည်။ မိုးကောင်းကင်ပင်လျှင် ၎င်းကို ဖိနှိမ်နိုင်ခြင်းမရှိပေ။

ဂျစ်....ဂျစ်...

နက်မှောင်နေသော တံစဥ်သည် မိုးကောင်းကင်ကို ဆုတ်ဖြဲသွားပြီး စူးစူးရှရှအသံများက ထွက်ပေါ်လာခဲ့လေသည်။

မိုးကောင်းကင်တစ်ခုလုံးက နက်မှောင်နေသော တံစဥ်ဖြင့် နှစ်ခြမ်းလှီးဖြတ်ခံလိုက်ရလေသည်။

ထိုဓမ္မပညာရပ်သည် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး အင်ပါယာကောင်းကင်၏ မိစ္ဆာတာအိုပေါ် အနှစ်သာရထုတ်ထားသော ပညာရပ်တစ်ခုဖြစ်လေသည်။ ၎င်း၏ ကြောက်စရာကောင်းသည့်စွမ်းအားက ဆူဇီမို၏ ဓမ္မစွမ်းအားလျော့ကျမှုကို ဖာထေးနိုင်လေသည်။

“ကောင်းပြီလေ....!”

သီယင်းက အော်ပြောလိုက်လေသည်။

သူ့အသံထွက်ပေါ်လာချိန်တွင် သူက မိုးကောင်းကင်၏ အစွန်းတစ်ဘက်မှာသာ ရှိနေသေးလေသည်။

ကောင်းကင်ဘုံမိစ္ဆာတံစဥ်က မိုးကောင်းကင်ကို ဆုတ်ဖြဲသွားသည့်အချိန်တွင် သူက ဆူဇီမို၏ ရှေ့သို့ ရောက်ရှိလာပြီဖြစ်ပြီး သူ၏ ဧရာမလက်ဝါးဖြင့် ဆူဇီမိုထံသို့ ပစ်ရိုက်ချလိုက်လေသည်။

လက်ဝါးက လေထဲမှာ ပျောက်ကွယ်သွားသည်ဟု ထင်ရပြီး ဧရာမကြိတ်ဆုံကျောက်တစ်ခုအသွင် ပြောင်းလဲသွားလေသည်။

၎င်းသည် ဖျစ်ညစ်ခြင်းစွမ်းအား ၊ ဖိနှိမ်ခြင်းစွမ်းအားနှင့် ကြိတ်ချေခြင်းစွမ်းအားတို့ကို သယ်ဆောင်လာလေသည်။

လေဟာနယ်က တွန့်လိမ်သွားပြီး အသွင်ပြောင်လဲသွားခဲ့လေသည်။

မဟာကစဉ့်ကလျားအမြုတေလက်ဝါး....

တစ်ချိန်တည်းမှာပင် သီယင်း၏ သွေးချီက ပေါက်ကွဲထွက်ပေါ်လာပြီး တုန်လှုပ်စရာကောင်းသော ဆူနာမီအသံများကို အဘက်ဘက်ကနေ ကြားလိုက်ရလေသည်။

ဆူနာမီသွေး....

သူသည် သူ၏ မျိုးဆက်သွေးကို ၎င်း၏ အကန့်အသတ်အထိ ကျင့်ကြံထားခဲ့လေပြီ။

သီယင်းက ပြေးဝင်လာသောအခါ သူ၏ သူငယ်အိမ်နှစ်ဖက်သည် ကြောက်စရာကောင်းသည့်ပုံစံဖြင့် အဆက်မပြတ်ဝါးမျိုခံနေရသော လပြည့်ဝန်းတစ်ခုကဲ့သို့ ကျုံ့ဝင်သွားခဲ့လေသည်။

စက္ခုနည်းစနစ် လကြတ်မျက်လုံး....

သီယင်း၏ မျက်လုံးက အေးစက်စွာဖြင့် တဖျပ်ဖျပ်လက်သွားလေသည်။

သူ၏ သွေးချီကို ထုတ်ဖော်ခြင်းဖြင့် ကစဉ့်ကလျားအမြုတေဂိုဏ်း၏ လျှို့ဝှက်ပညာရပ်နှင့် သူ၏စက္ခုနည်းစနစ်တို့က တစ်ချိန်တည်းလိုလို ထွက်ပေါ်လာခဲ့လေသည်။ သီယင်း၏ အော်ရာက မိုးထိတိုင်ထိုးတက်လာခဲ့လေသည်။ သူသည် လုံးဝထိန်ချန်ခြင်းမရှိဘဲ တိုက်ခိုက်ရသည့်အကြောင်းရင်းမှာ သူက တတ်နိုင်သမျှ အသာစီးရယူချင်သောကြောင့် ဖြစ်လေသည်။

ယခုချိန်တွင် သူ၏သွေးချီကို အသုံးမပြုနိုင်သော ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်မှာ သူ့ကိုသေချာပေါက် ယှဥ်နိုင်လိမ့်မည်မဟုတ်ဟု သူက ယုံကြည်ထားလေသည်။

သီယင်း၏ လှုပ်ရှားမှုနည်းစနစ်သည် ကြောက်စရာကောင်းလောက်အောင်မြန်ဆန်ပြီး ကြမ်းကြုတ်ခက်ထန်သော သူ၏တိုက်ခိုက်မှုများက တကယ်အံ့မခန်းပင်။

မည်ကာမတ္တတပည့် လေးယောက် ပူးပေါင်းတိုက်ခိုက်လျှင်ပင် သီယင်းကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။

ဆူဇီမိုအပေါ် ကျရောက်လာသော ဖိအားက မွန်းကျပ်ဖွယ်ရာကောင်းပေသည်။ သို့သော်လည်း သူ၏ အမူအရာက အကြောက်အလန့်ကင်းမဲ့နေပြီး သူ၏နှာရောင်ကနေ အစိမ်းရောင်အလင်းတန်းတစ်ခုက ပျံသန်းထွက်ပေါ်လာလေသည်။ ဖန်တီးခြင်းကြာပဒုမ္မာက သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့လေသည်။

အစိမ်းရောင်ကြာပန်းသည် ယိမ်းနွဲ့နေပြီး လေဟာနယ်က တုန်ခါသွားလေသည်။

အေးစက်စက် အလင်းတန်းတစ်ခုသည် အစိမ်းရောင်ကြာရွက်များ၏ ပိတ်ဆို့တားဆီးခြင်းကို ခံရပြီး ချက်ချင်းပင် ပျက်ပြယ်သွားခဲ့လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာက လကြတ်မျက်လုံးကို အလွယ်တကူ ချေဖျက်လိုက်လေသည်။

“ကစဉ့်ကလျားအမြုတေလက်ဝါးတဲ့လား.... အဲ့ဒါက ဖန်တီးခြင်းကြာပဒုမ္မာရဲ့ ရိုက်ချက်ကို ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကြည့်ရသေးတာပေါ့ကွာ”

ဆူဇီမိုက လှောင်ရယ်လိုက်ပြီး ဖန်တီးခြင်းကြာပဒုမ္မာကို ဝင်ရောက်လာသော သီယင်း၏ လက်ဝါးဆီသို့ ပစ်ထုတ်လိုက်လေသည်။

သီယင်း၏ မျက်လုံးက အေးစက်မှုဖြင့် ဖျပ်ခနဲ လက်သွားလေသည်။

သူ၏လက်ဝါးက ဖန်တီးခြင်းကြာပဒုမ္မာနှင့် မထိတွေ့သေးခင်မှာပင် သူသည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်လာခဲ့လေသည်။

သူသည် သူ၏ခန္ဓာကိုယ်အပေါ် အလွန်တရာယုံကြည်မှုရှိပြီး မူလတာအိုသက်ရှိဓမ္မလက်နက်တစ်ခုပင်လျှင် သူ၏ မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့် ထိတွေ့မိပါက သတ္တုပျက်တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

သို့သော်လည်း အားနည်းသည်ဟုထင်ရသော ကြာခုံကို မြင်သောအခါ သူသည် မသက်မသာခံစားလာရလေသည်။

ဖျတ်ခနဲဆို သီယင်းသည် သူ၏လက်ဝါးကို လျင်မြန်စွာပြန်ရုပ်ပြီး ထိုအန္တရာယ်ကို ရှောင်ရှားလိုက်လေသည်။

လွန်ခဲ့သည့်တစ်နာရီက ဖန်တီးခြင်းကြာပဒုမ္မာသည် ကောင်းကင်ထိတိုင်တိုးတက်လာပြီး မိုးကောင်းကင်ကို ဆုတ်ဖြဲကာ နက်မှောင်နေသော တိမ်စိုင်များအား ပျက်ပြယ်သွားစေခဲ့သည့်မြင်ကွင်းသည် သူ၏သိစိတ်ထဲတွင် စွဲထင်နေခဲ့လေသည်။

တာအိုအမွေအနှစ်ကုန်းမြေတွင် သူက အနီးကပ်တိုက်ခိုက်ရည်မှာ ပြိုင်ဘက်ကင်းသော်လည်း သူက ဤအန္တရာယ်ကို စွန့်စားခံယူဖို့ မလိုအပ်ပေ။

“မင်းတစ်ယောက်ပဲ ဓမ္မလက်နက်ရှိတယ်လို့ မင်းထင်နေတာလား...”

သီယင်၏ နှာရောင်ကတောက်ပသွားပြီး အလင်းတန်းတစ်ခုက ပျံသန်းထွက်ပေါ်လာကာ သူ၏ရှေ့မှာ လျင်မြန်စွာ ပြန့်ကားသွားခဲ့လေသည်။ အဲ့ဒါက ရှေးဟောင်းခေါင်းလောင်းတစ်ခုဖြစ်လေသည်။

ထိုရှေးဟောင်းခေါင်းလောင်းတွင် လျှို့ဝှက်ဆန်းကြယ်၍ ရှုပ်ထွေးပွေလီသော ကျမ်းစာများကို ခတ်နှိပ်ထားပြီး တလက်လက်တောက်ပနေလေသည်။

ရှေးဟောင်းခေါင်းလောင်း၏ ဘေးပတ်လည်ကို မြူခိုးတစ်လွှာက တစ်မူထူးခြားသော အော်ရာတစ်ခုနှင့်အတူ လွှမ်းခြုံထားလေသည်။

ကျင့်ကြံရေးလောကတွင် ဓမ္မလက်နက်များစွာရှိပြီး ဓားပျံများက အသုံးအများဆုံးဖြစ်လေသည်။

များစွာသော ဓမ္မလက်နက်များကြားမှာ မီးဖိုများ ၊ ခေါင်းလောင်းများ ၊ စေတီများနှင့် ဒယ်စောက်များကဲ့သို့သော ရှားရှားပါးပါး ဓမ္မလက်နက်များကို အသုံးပြုသည့် ကျင့်ကြံသူများသည် များသောအားဖြင့် သန်မာပြီး သူတို့ကို သွားရှုပ်လို့မရပေ။

“ညီကိုဆူ သတိထား.. အဲ့ဒါက ကစဉ့်ကလျားအမြုတေခေါင်းလောင်းပဲ... အဲ့ဒါက ဧကရာဇ်လက်နက်တစ်ခုကို ပုံတူပွားသန့်စင်ထားတဲ့ မူလဓမ္မလက်နက်တစ်ခုပဲ... အဲ့ဒါက အရမ်းကိုကြောက်ဖို့ကောင်းတယ်”

လင်းရွှမ်ကျီသည် ခပ်လှမ်းလှမ်းကနေစောင့်ကြည့်နေပြီး သတိပေးလိုက်လေသည်။

သီယင်းသည် သူ့နောက်သို့ ရက် ၂၀လုံးလုံးလိုက်လံ၍ ရန်ရှာခဲ့သော်လည်း ပဟေဠိနန်းတော်၏ အရိုက်အရာဆက်ခံသူတစ်ယောက်အနေဖြင့် သူက ဤတိုက်ပွဲမှာ ဝင်ပါလို့မရပေ။

“သွား...”

သီယင်းက ကစဉ့်ကလျားအမြုတေခေါင်းလောင်းကို ဆင့်ခေါ်ပြီးနောက် ဖန်တီးခြင်းကြာပဒုမ္မာဆီသို့ ပစ်ထုတ်လိုက်လေသည်။

ချွမ်း.....

အစိမ်းရောင်ကြာခုံသည် ကစဉ့်ကလျားအမြုတေခေါင်းလောင်းနှင့် ထိတွေ့ရိုက်ခတ်သွားပြီး စူးစူးရှရှ မြည်သံတစ်ခုကို ထွက်ပေါ်လာစေလေသည်။ ဘုရားကျောင်းမှ ကိုယ်တော်တစ်ပါး ခေါင်းလောင်းထိုးလိုက်သည့်အလား ခေါင်းလောင်းသံက အဆက်မပြတ် မြည်ဟည်းထွက်ပေါ်လာခဲ့လေသည်။

​ဆူဇီမိုသည် ဆတ်ခနဲတုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းဝက် ဆုတ်လိုက်ရလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာက ကစဉ့်ကလျားအမြုတေခေါင်းလောင်းနှင့်ရင်ဆိုင်ရချိန်တွင် မည်သည့်အသာစီးကိုမှ မရရှိပေ။

ကစဉ့်ကလျားအမြုတေခေါင်းလောင်းသည် မူလတာအိုသက်ရှိဓမ္မလက်နက်တစ်ခု သေချာပေါက် မဟုတ်နိုင်ပေ။ အဲ့ဒါက မူလတာအိုအရှင်ဓမ္မလက်နက်တစ်ခု၏ အဆင့်သို့ ရောက်ရှိနေတာပင် ဖြစ်နိုင်လေသည်။

သီယင်းသည် အလွန်တရာပါရမီရှိပြီး သူ၏ ကျင့်ကြံမှုက နောက်ပိုင်းမူလနတ္ထိအဆင့်မှာ ရောက်ရှိနေခဲ့လေပြီ။ သူ၏ အမြုတေစိတ်ဝိညာဥ်က ဓမ္မဝိသေသ တာအိုအရှင်များနှင့် နှိုင်းယှဥ်နိုင်နေပြီဖြစ်ပြီး သူသန့်စင်ထားသော သူ၏ မူပိုင်ဓမ္မလက်နက်က တာအိုအရှင်ဓမ္မလက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားဖို့ အခွင့်များလေသည်။

ကစဉ့်ကလျားအမြုတေခေါင်းလောင်း၏ အစစ်အမှန်ကြောက်စရာကောင်းမှုမှာ ၎င်း၏ အဖျက်စွမ်းအားသာလျှင်မဟုတ်ပေ။ အဲ့ဒါက လက်နက်နှစ်ခုထိတွေ့ရိုက်ခတ်ခြင်းမှ ထွက်ပေါ်လာသော ခေါင်းလောင်းသံပင်ဖြစ်လေသည်။

ထိုခေါင်းလောင်းသံက သီယင်းအပေါ်လုံးဝသက်ရောက်မှုမရှိသော်လည်း ၎င်းက ​ဆူဇီမို၏ ကိုယ်လက်အင်္ဂါများကို တုန်ခါသွားစေလေသည်။ အခြားသော ကျင့်ကြံသူများသာဆိုလျှင် သူတို့၏ ခန္ဓာကိုယ်က ဒဏ်ရာများရရှိသွားပြီး သူတို့၏နားစည်က ထိုခေါင်းလောင်းသံတစ်ချက်မှာ စုတ်ပြဲသွားပေလိမ့်မည်။

အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံပြီးနောက် ဆူဇီမို၏ ကိုယ်ကာယက ကြောက်စရာကောင်းလောက်အောင် သန်မာလာခဲ့လေသည်။ သူသည် သူ၏မျိုးဆက်သွေးကို အသုံးမပြုနိုင်ဘူးဆိုလျှင်တောင် ထိုခေါင်းလောင်းသံတစ်ချက်က သူ့ကိုထိခိုက်စေနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော်လည်း ဤကဲ့သို့ အဆက်မပြ​တ် ထိတွေ့ရိုက်ခတ်နေလျှင် ခေါင်းလောင်းသံများက သူ၏ကိုယ်တွင်းမှာ တဖြည်းဖြည်း စုစည်းလာပြီး ဖြစ်ပေါ်လာမည့် အဖျက်စွမ်းအားက လျစ်လျူရှု၍ ရနိုင်တော့မည်မဟုတ်ပေ။

“ဘယ်လိုလဲ... အထီးကျန်သိုင်းသခင်... အဲ့ဒါက ခံစားရတာကောင်းရဲ့လား..”

သီယင်းက ကစဉ့်ကလျားအမြုတေခေါင်းလောင်းကို ထုတ်ဖော်ပြီးနောက် စိတ်အားမာန်များ တက်ကြွလာကာ သူ၏ယုံကြည်မှုကို ပြန်လည်ရရှိလာခဲ့လေသည်။

All Chapters