← Chapters

ချိုးနှိမ်ခြင်း

Vol. 70 Ch. 1039

ချိုးနှိမ်ခြင်း

Vol. 70 Ch. 1039

လေထဲတွင် ကစဉ့်ကအလျားအမြုတေခေါင်းလောင်းက ဖန်တီးခြင်းကြာပဒုမ္မာ၏ အထက်မှာ အနည်းငယ် တုန်ခါနေလေသည်။

သူသည် သူ၏ မူလဓမ္မလက်နက်နှစ်ခုကို စွန့်လွှတ်လိုက်မည်ဆိုလျှင်တောင် အဲဒါက ဖန်တီးခြင်းကြာပဒုမ္မာကို ဖိနှိမ်ဖို့ မဖြစ်နိုင်ကြောင်း သီယင်းက သိထားလေသည်။

သို့သော်လည်း ထိုဓမ္မလက်နက်သုံးခုက လွန်ဆွဲနေသည်နှင့်အမျှ သူ့အတွက် လုံလောက်လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာ၏ ကာကွယ်မှု မရှိလျှင် ဆူဇီမိုသည် သူ၏ တိုက်ခိုက်မှုများနှင့် သတ်ဖြတ်ခြင်း နည်းစနစ်များကို ခုခံနိုင်လိမ့်မည် မဟုတ်ဟု ယုံကြည်ထားလေသည်။

ရွှစ်..

သီယင်း၏ ပုံရိပ်က ဖျတ်ခနဲ လှုပ်ရှားသွားပြီး တစ်ခဏအတွင်း ဆူဇီမို၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေသည်။

သူတို့နှစ်ယောက်အကြား အကွာအဝေးက ကြောက်စရာကောင်းသည့် အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားခဲ့လေသည်။

ဝေါ..

သီယင်း၏ မျိုးဆက်သွေးသည် ဆူနာမီကဲ့သို့ တလိပ်လိပ်တက်လာပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ထုတ်ပေးလာလေသည်။ သူ၏ လက်ဝါးကို ဆန့်ထုတ်ပြီး ဆူဇီမို၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်လေသည်။

သွေးချီက တစ်ရှိန်ထိုး တက်လာပြီး ဓမ္မစွမ်းအားများက တလိပ်လိပ်တက်လာလေသည်။

ပင်လယ်ကဲ့သို့ အပြောကျယ်သော စွမ်းအားတစ်ခုသည် အရာရာတိုင်းကို ဖျက်ဆီးမည့် ဧရာမကြိတ်ဆုံကျောက်တစ်ခုကဲ့သို့ ဖိချေကျဆင်းလာခဲ့လေသည်။

မဟာကစဉ့်ကလျားအမြုတေလက်ဝါး..

ဤလက်ဝါးနည်းစနစ်သည် ကစဉ့်ကလျားအမြုတေဂိုဏ်း၏ အသန်မာဆုံး လျှို့ဝှက်ပညာရပ် ဖြစ်လာခဲ့ရသည့် အကြောင်းရင်းမှာ မဟာကစဉ့်ကလျားအမြုတေလက်ဝါးသည် ကျင့်ကြံသူတစ်ယောက်၏ ကိုယ်ကာယ၊ သွေးချီနှင့် ဓမ္မစွမ်းအားများကိုပင် ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်လေသည်။

သူ၏ကိုယ်ကာယနှင့် မျိုးဆက်သွေးစွမ်းအားသာလျှင် ထိုလက်ဝါးရိုက်ချက်ကနေ ထွက်ပေါ်လာသည် မဟုတ်ပေ။ အဲဒီမှာ ဓမ္မစွမ်းအားများလည်း ပါရှိလေသည်။

စွမ်းအားသုံးမျိုး ပေါင်းစည်းခြင်းက မဟာကစဉ့်ကလျားအမြုတေလက်ဝါး၏ သတ်ဖြတ်ခြင်းစွမ်းအားကို ၎င်း၏ အထွတ်အထိပ်အထိ ရောက်ရှိလာစေလေသည်။

ထို့ကြောင့်ပင် ယခင်တစ်ခေါက်က သီယင်းသည် ဆူဇီမို၏ ကိုယ်ကျပ်ချပ်ဝတ်ကို ထိုလက်ဝါးရိုက်ချက် တစ်ချက်တည်းဖြင့် ကြေမွသွားစေပြီး ထိုသူကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့လေသည်။

သီယင်း၏ လှုပ်ရှားမှု နည်းစနစ်က အရမ်းကို မြန်ဆန်လေသည်။

သူသည် ဆူဇီမိုကို အသက်ရှူခွင့်ပင် လုံးဝ မပေးပေ။ သူတိုက်ခိုက်လိုက်သည့် အချိန်မှာပင် ဆူဇီမို၏ ထွက်လမ်းအားလုံးကို သူက ပိတ်ဆို့ထားခဲ့လေပြီ။

ဆူဇီမိုသည် သူ၏ပါးစပ်ကို အနည်းငယ် ဖွင့်ဟပြီး မန္တာန်အသံတစ်ခုကို ရွတ်ဆိုလိုက်လေသည်။

“ပါ…”

သူသည် သူ၏ လက်ဝါးနှစ်ဖက်ကို ပူးပြီး သူ၏ လက်ညိုးနှစ်ချောင်းကို ထိကပ်လိုက်လေသည်။ အခြားသော လက်ချောင်းလေးချောင်းစီက ယှက်ဖြာသွားပြီး လျှို့ဝှက်ဆန်းကြယ်သော ဓမ္မချိပ်စည်းတစ်ခုကို ဆင့်ခေါ်လိုက်လေသည်။

မရွေ့လျားနိုင်သော အုတ်မြစ်ချိပ်စည်း..

အဲဒါသည် တာမင်းဓမ္မချိပ်စည်းမှာရှိသော တစ်ခုတည်းသော ခုခံရေးချိပ်စည်း ဖြစ်လေသည်။

ချက်ချင်းပင် ဆူဇီမို၏ ခြေထောက်မှ အမြစ်များ ထွက်လာသည်ဟု ထင်ရလေသည်။

အဲဒါသည် ရှေးဟောင်းသစ်ပင်တစ်ပင်က အမြစ်များစွာဖြင့် မြေအောက်မှာ ကုပ်ယူထားသည့်အတိုင်းပင်။

ဘုန်း..

မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့် မရွေ့လျားနိုင်သော အုတ်မြစ်ချိပ်စည်းက ထိတွေ့ရိုက်ခတ်လိုက်လေသည်။ တုန်ခါလှိုင်းများက ထွက်ပေါ်လာပြီး ဓမ္မစွမ်းအားများက အဘက်ဘက်သို့ ပြန့်ကျဲသွားလေသည်။

ဧရာမ ကြိတ်ဆုံကျောက်က သီယင်း၏ရှေ့တွင် အဆက်မပြတ် လည်ပတ်နေပြီး ဆူဇီမိုအပေါ်သို့ ဖိချေကျဆင်းလာလေသည်။

ဖျောက်.. ဖျောက်.. ဖျောက်..

ဆူဇီမို၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်သွားပြီး သူ့ခြေထောက်အောက်ရှိ ဓမ္မစွမ်းအား အမြစ်များက ကျိုးပျက်ကုန်လေသည်။

မရွေ့လျားနိုင်သော အုတ်မြစ်ချိပ်စည်းပင်လျှင် မဟာကစဉ့်ကလျားအမြုတေလက်ဝါး၏ စွမ်းအားကို ခံနိုင်ရည် မရှိပေ။

ဆူဇီမိုက နောက်ပြန်လန်ကျသွားလေသည်။

နတ်ဖီးနစ်အရိုးက ဖျက်ဆီး၍ မရနိုင်ဘဲ ဓမ္မလက်နက်များ၏ ထက်ရှမှုနှင့် တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော်လည်း ၎င်း၏ အစစ်အမှန်စွမ်းအားကို အသက်သွင်းဖို့က ခက်ခဲလေသည်။ အဲဒါက သီယင်းကို မခြိမ်းခြောက်နိုင်ပေ။

သီယင်း၏ အခြေအနေအပေါ် အကဲဖြတ်နိုင်စွမ်းက အရမ်းကို တိကျလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာကို အသုံးပြုနိုင်ခြင်း မရှိဘဲ သူ၏ သွေးချီကိုလည်း အသက်မသွင်းနိုင်သောအခါ ဆူဇီမိုသည် လက်နှစ်ဖက်ကို ဆုံးရှုံးသွားသကဲ့သို့ ဖြစ်လာပြီး ပြန်လည်တိုက်ခိုက်ဖို့ သူ့အတွက် ခက်ခဲလာခဲ့လေသည်။

ဘုန်း..

သီယင်းသည် အသာစီးရရှိလာပြီးနောက် သနားညှာတာမှုကို လုံးဝမပြပေ။ သူက အရှေ့သို့ လှမ်းတက်ပြီး ဧရာမ ကြိတ်ဆုံကျောက်ကို နောက်တစ်ဖန် ထုတ်ဖော်လိုက်လေသည်။

ကြိုတ်ဆုံကျောက်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အမှတ်သင်္ကေတများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ဝင်းလက်တောက်ပနေလေသည်။

ဇီ..

ဆူဇီမိုသည် သူ၏ လက်ချောင်းနှစ်ချောင်းကို ပူးကပ်ပြီး ဝင်ရောက်လာသော ဧရာမ ကြိတ်ဆုံကျောက်ဆီသို့ ညင်သာစွာ ခုတ်ပိုင်းလိုက်လေသည်။ တဖျပ်ဖျပ် တလက်လက် ဓားချီက လေထုကို ဖြတ်သန်းလာခဲ့လေသည်။

“​ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်”

အဖြူရောင် ဓားချီက ဧရာမ ကြိတ်ဆုံကျောက်နှင့် ထိတွေ့ရိုက်ခတ်သွားလေသည်။

အစက ဖြည်းဖြည်းချင်း လည်ပတ်နေသော ကြိတ်ဆုံကျောက်သည် ရုတ်တရက် ရပ်တန့်သွားပြီး ၎င်း၏အလယ်တွင် ရှင်းလင်းဖြောင့်စင်းသော ဓားချက်တစ်ချက်က ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက် ချက်ချင်းပင် ဧရာမ ကြိတ်ဆုံကျောက်က နှစ်ခြမ်းကွဲထွက်သွားခဲ့လေသည်။

ကစဉ့်ကလျားအမြုတေလက်ဝါးသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်ကြောင့် ဖျက်ဆီးခံလိုက်ရသော်လည်း ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်ကနေ ထွက်ပေါ်လာသော ဓားချီကလည်း လေထဲမှာ ပျောက်ကွယ်သွားခဲ့လေပြီ။

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။

သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကို ကျင့်ကြံခဲ့ပြီးကတည်းက ထိုဓားချီက ရပ်တန့်၍ မရနိုင်ဘဲ ပြိုင်ဘက်ကင်းခဲ့လေသည်။

သူသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်လာပြီးနောက် ထိုဓားပညာရပ်၏ စွမ်းအားက ပို၍ပင် ကြီးမားလာခဲ့လေသည်။ ယခုအခါမှာတော့ ၎င်းသည် မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို တားဆီးနိုင်ရုံမျှသာ ရှိလေသည်။

တကယ်တော့ ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်က လုံလောက်အောင် မသန်မာသောကြောင့် မဟုတ်ပေ။

ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို လွန်ခဲ့သည့် နှစ်ဝက်ကမှ ရရှိထားပြီး အဲဒါကို အမှန်တကယ် နားလည်ဆင်ခြင်နိုင်ခဲ့သည်မှာ သုံးလသာ ရှိသေးလေသည်။

ရှင်းရှင်းပြောရလျှင် သူနားလည်ဆင်ခြင်မိသော ဓားချီသည် ထိုပညာရပ်၏ အစွန်အဖျားလေးမျှသာ ရှိသေးလေသည်။

“မဆိုးပါဘူး”

သီယင်းက ခေါင်းညိတ်၍ အေးစက်စက်အကြည့်နှင့်အတူ တစ်ဖန်တိုက်ခိုက်လိုက်လေသည်။

“နောက်တစ်ခေါက်.. “

ဘုန်း..

မဟာကစဉ့်ကလျားအမြုတေလက်ဝါးသည် တစ်ဖန်ထွက်ပေါ်လာပြီး ဖိချေကျဆင်းလာခဲ့လေသည်။

အဲဒါက ထိုလျှို့ဝှက်ပညာရပ်၏ ကြောက်စရာကောင်းမှု ဖြစ်လေသည်။

သီယင်း၏ သွေးချီ၊ ကိုယ်ကာယနှင့် ဓမ္မစွမ်းအားများအရ.. သူသည် သူ၏ပြိုင်ဘက်က မလဲမကျမချင်း ထိုပညာရပ်ကို အကန့်အသတ်မဲ့လုနီးပါး ထုတ်ဖော်နိုင်လေသည်။

ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်ကို အချိန်တိုအတွင်း ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

“ဥုံ..”

“မာ..”

“ဏီ..”

သားရဲနှိမ်နှင်းချိပ်စည်း၊ မိစ္ဆာနှိမ်နှင်းချိပ်စည်းနှင့် အင်မော်တယ်ထောင်ချောက်ချိပ်စည်းတို့သည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့လေသည်။ ရွှေရောင်လက်ဝါးသုံးခုက ဆင်းသက်လာပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ပိတ်ဆို့တားဆီးလိုက်လေသည်။

ဘုန်း..

ဧရာမ ကြိတ်ဆုံကျောက်က လေထဲတွင် ရွှေရောင်လက်ဝါးသုံးခုနှင့် ထိတွေ့ရိုက်ခတ်သွားပြီး မြေပြင်က အဆက်မပြတ် တုန်ခါသွားလေသည်။

ကြိတ်ဆုံကျောက်သည် ပျက်ပြယ်သွားပြီး ရွှေရောင်လက်ဝါးသုံးခုကလည်း ပျောက်ကွယ်သွားခဲ့လေသည်။

ဓမ္မချိပ်စည်းသုံးခုနှင့် တာမင်းမန္တာန်ကို တစ်ပြိုင်နက်တည်း တွဲဖက်ပေါင်းစပ်၍ ထုတ်ဖော်လိုက်ခြင်းသည် မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ခုခံနိုင်ရုံမျှသာ ရှိလေသည်။

အဲဒါသည် တာမင်းဓမ္မချိပ်စည်းက မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို မယှဉ်နိုင်သောကြောင့်ဟု မဆိုလိုပေ။

ပြီးပြည့်စုံသော မင်းဝမ်ဆုတောင်းပုတီးတွင် စုစုပေါင်း ဓမ္မချိပ်စည်းခြောက်ခု ပါဝင်လေသည်။

ယခုအခါ တာမင်းဓမ္မချိပ်စည်းနှစ်ခုသည် ဗုဒ္ဓပုတီးစေ့နှစ်ခုနှင့်အတူ ပျောက်ဆုံးနေခဲ့လေသည်။

ဒဏ္ဍာရီအရဆို.. ထိုဓမ္မချိပ်စည်းနှစ်ခု၏ စွမ်းအားက ကြောက်စရာအကောင်းဆုံး ဖြစ်လေသည်။ ဓမ္မချိပ်စည်းခြောက်ခုထဲမှာ ထိုနှစ်ခုက ကြမ်းကြုတ်ခက်ထန်ဆုံးနှင့် စွမ်းအားအကြီးဆုံး ဖြစ်လေသည်။

ယခုအခါမှာတော့.. တာမင်းဓမ္မချိပ်စည်း လေးခုမျှနှင့် မဟာကစဉ့်ကလျားအမြုတေလက်ဝါး၏ စွမ်းအားကို ကောင်းကောင်း ခုခံနိုင်ခြင်း မရှိပေ။

ဆူဇီမိုက အသက်မရှူနိုင်ခင်မှာပင် သီယင်းသည် ဧရာမ ကြိတ်ဆုံကျောက်ကို နောက်တစ်ဖန် ထုတ်ဖော်လိုက်ပြန်လေသည်။

သီယင်း၏ တိုက်ခိုက်မှုသည် ပြင်းထန်သော မုန်တိုင်းတစ်ခုကဲ့သို့ ဆူဇီမိုကို အသက်ရှူခွင့် လုံးဝ မပေးပေ။

ဆူဇီမိုသည် မည်သည့် ဓမ္မပညာရပ်ကိုမှ ဆင့်ခေါ်ဖို့ အချိန်မရတော့ဘဲ သူ၏လက်နှစ်ဖက်ကို ပင့်မြှောက်၍ ခုခံလိုက်ရလေသည်။

ဘန်း..

အသားနှင့် အရိုးကြား ကြိတ်ချေမှုက ထူးဆန်းသည့် အသံများကို ထွက်ပေါ်လာစေလေသည်။

ကျွိ.. ကျွိ..

ဆူဇီမို၏ အရိုးစုသည် ဧရာမ ကြိတ်ဆုံကျောက်ဖြင့် ထိတွေ့မိချိန်တွင် အပိုင်းပိုင်း ပြိုကွဲတော့မည့်အလား ဖြစ်လာပြီး နောက်သို့ ဒယီးဒယိုင် ဆုတ်လိုက်ရလေသည်။

သူ့လက်နှစ်ဖက်ပေါ်ရှိ အဝတ်များက စုတ်ပြဲသွားခဲ့လေပြီ။

လက်နှစ်ဖက်ပေါ်ရှိ အသားများသည် မဟာကစဉ့်ကလျားအမြုတေလက်ဝါးကြောင့် အပိုင်းပိုင်း အတစ်တစ် စုတ်ပြဲသွားပြီး အရိုးဖြူဖြူများက ထိတ်လန့်ချောက်ချားဖွယ်ရာ ပေါ်ထွက်လာခဲ့လေသည်။

ပြင်းထန်သည့် နာကျင်မှုလှိုင်းက တလိပ်လိပ် တက်လာခဲ့လေသည်။

ဆူဇီမိုသည် လေအေးတစ်ချက်ကို ရှူရှိုက်ပြီး အံကို တင်းတင်းကြိတ်လိုက်လေသည်။ သူက သီယင်းကို တည်ငြိမ်သော အမူအရာဖြင့် စိုက်ကြည့်ရင်း သူ၏မျက်လုံးများက ကြောက်စရာကောင်းလောက်အောင် တောက်ပလာလေသည်။

ရှေးဟောင်းစွမ်းအားကြီးပုဂ္ဂိုလ်များ သူ့အတွက် ချန်ပေးခဲ့သော စွမ်းအားက အကန့်အသတ် မရှိသည်တော့ မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် သူက ပင်ပန်းနွမ်းနယ်နေလေပြီ။

တကယ်တော့ သူတို့နှစ်ယောက်စလုံး၏ သက်လုံအားသည် မည်မျှပင် သန်မာပါစေ.. တိုက်ပွဲ၏ ဤနေရာအရောက်၌ သူတို့နှစ်ယောက်စလုံးသည် သူတို့၏ အကန့်အသတ်သို့ ရောက်ရှိနေခဲ့ကြလေပြီ။

မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ဆက်တိုက်ထုတ်ဖော်ခြင်းဖြင့် သီယင်းသည် သူ၏ ခွန်အားအမြောက်အများကို သုံးစွဲခဲ့ရလေသည်။

ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်က အငွေ့ပျံနေပြီး ချွေးများက အဆက်မပြတ်ထွက်၍ သူ့မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။

သို့သော်လည်း သူနှင့် နှိုင်းယှဉ်လျှင် ဆူဇီမို၏ အခြေအနေက ပို၍သိသာစွာ ဆိုးဝါးနေလေသည်။

ထိုမြင်ကွင်းက သီယင်းကို အနည်းငယ် စိတ်သက်သာရာရစေပြီး သူ၏အော်ရာက အဆက်မပြတ် ထိုးတက်လာခဲ့လေသည်။ သူက ဆူဇီမိုကို တစ်ခါတည်းဖြင့် သတ်ဖြတ်ဖို့ ပြင်ဆင်လိုက်လေသည်။

“အထီးကျန်သိုင်းသခင်.. မင်းရဲ့ ဝှက်ဖဲတွေလည်း ကုန်နေပြီ.. ဦးညွတ်လိုက်တော့”

သီယင်းသည် အသာစီးရရှိလာပြီဖြစ်ပြီး ရှေ့သို့ တစ်လှမ်းချင်းတိုးလာခဲ့လေသည်။ သူ၏ သွေးချီနှင့် ဓမ္မစွမ်းအားများကို တစ်ဖန်လှည့်ပတ်ပြီး မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို နောက်တစ်ကြိမ် အတင်းအကျပ် ထုတ်ဖော်လိုက်ပြန်လေသည်။

ဘုန်း..

ဧရာမ ကြိတ်ဆုံကျောက်က နောက်တစ်ဖန် ထွက်ပေါ်လာပြီး ဖြည်းဖြည်းချင်း လည်ပတ်လာလေသည်။ ၎င်း၏ အောက်ဘက်ရှိ လေဟာနယ်တစ်ခုလုံးက တွန့်လိမ်သွားခဲ့လေသည်။

All Chapters