← Chapters

သတ်ဖြတ်ခြင်း

Vol. 70 Ch. 1041

သတ်ဖြတ်ခြင်း

Vol. 70 Ch. 1041

ဖျတ်ခနဲဆို ဆူဇီမိုသည် သီယင်းထံသို့ ချည်းကပ်သွားလေသည်။

စတုရတီတာအိုမီး၏စွမ်းအားက အလွန်သန်မာပြီး ၎င်း၏အပူရှိန်က အရာရာတိုင်းကို ပြာချပစ်နိုင်သော်လည်း အဲ့ဒါက ဆူဇီမိုကို ထိခိုက်စေခြင်းမရှိပေ။

ယခု ချည်းကပ်လာသောအခါ မီးတောက်များကြားတွင် သီယင်း၏ အဝတ်အစားများက လောင်ကျွမ်းပြာကျသွားပြီဖြစ်ကြောင်း ရှင်းလင်းစွ ာသိရှိလိုက်ရလေသည်။

စတူရတီတာအိုမီး၏ လောင်မြိုက်မှုအောက်တွင် သူ၏အသားများက ကွဲထွက်ကုန်ပြီး စူးစူးရှရှ တူးချစ်သည့်အနံ့ကို ထုတ်ပေးလာလေသည်။ ထိုသို့ဆိုလျှင်တောင် သူ၏စွမ်းအားကြီးသော သွေးချီနှင့် ဓမ္မစွမ်းအားများ၏ ဖိနှိမ်မှုအောက်တွင် စတုရတီတာအိုမီးက သူ၏အသားများကိုသာ လောင်ကျွမ်းနိုင်လေသည်။ အဲ့ဒါက သူ၏အရိုးနှင့် ကိုယ်တွင်းအင်္ဂါများဆီသို့ မထိုးဖောက်နိုင်သေးပေ။

ကြောက်စရာကောင်းသော ကိုယ်ကာယနှင့် မျိုးဆက်သွေးပင်ဖြစ်လေသည်။

စတုရတီတာအိုမီးသာမရှိပါက ဆူဇီမိုသည် ဤတိုက်ပွဲမှာ အနိုင်ရရှိလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုအခါမှာတော့ ရလဒ်က ဆုံးဖြတ်ပြီးသွားလေပြီ။ ဆူဇီမို၏ မျက်လုံးသည် သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာပြီး သူ၏လက်ကို ဆန့်ထုတ်လိုက်လေသည်။ သူက လက်သီးတစ်လုံးအဖြစ်ဆုပ်ပြီး သီယင်း၏ ရင်ဘတ်ကို ပစ်ထိုးလိုက်လေသည်။

“ဟား.....”

မီးတောက်များအတွင်းမှာတောင် သီယင်းသည် တစ်စုံတစ်တစ်ယောက် တိုက်ခိုက်လာနေသည်ကို ခံစားမိနေဆဲဖြစ်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။

သူ၏လည်ချောင်းက မီးခိုးများ ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားလေသည်။

ထိုဟိန်းဟောက်သံက ခြောက်ကပ် အက်ကွဲ၍ စူးစူးရှရှဖြစ်နေလေသည်။

သီယင်းသည် သူ၏လက်ကိုလွှဲယမ်းပြီး ဆူဇီမို၏ လက်သီးကို ခုခံလိုက်လေသည်။

သူ၏ စိတ်ဝိညာဥ်အသိစိတ်က အဲ့ဒါကို လုံးဝထောက်လှမ်းနိုင်ခြင်းမရှိတော့ဘဲ သူ၏မျက်လုံးများကလည်း ကွယ်သွားခဲ့လေပြီ။ သူ၏ တန်ပြန်တိုက်ခိုက်မှုသည် သူ၏ သန်မာသော တိုက်ခိုက်ရည်ပါရမီနှင့် အလိုအလျောက်တုံ့ပြန်ခြင်းအပေါ်သာ အခြေခံထားခြင်းဖြစ်လေသည်။

“သီယင်းက... ဒီဘက်ခေတ်ရဲ့ တကယ့်ကို ပြန်ဝင်စားမွန်းစတားတစ်ယောက်ပဲ... သူက ဒီအခြေအနေထိ လောင်ကျွမ်းခံထားရတာတောင် ပြန်ပြီးတိုက်ခိုက်နိုင်သေးတယ်ဆိုတော့ ... သူက တော်တော့်ကို သန်မာတာပဲ...”

“အမှန်ပဲ.... ဆူဇီမိုကြောင့်သာမဟုတ်ရင် သီယင်းက အနာဂတ်မှာ ဧကရာဇ်တစ်ပါး သေချာပေါက် ဖြစ်လာလိမ့်မယ်”

များစွာသော ကျင့်ကြံသူများသည် ထိုသည်ကိုမြင်သောအခါ စိတ်ခံစားချက်များစွာဖြင့် ပြည့်နှက်လာကြလေသည်။

ဘန်း....

ဆူဇီမိုသည် သီယင်း၏ လက်ဝါးကိုရှောင်ရှားပြီး သူ၏ရင်ဘတ်ကို ထိုးသွင်းလိုက်လေသည်။

သီယင်းသည် ဤမျှအထိလောင်ကျွမ်းခံထားရပြီး သူ၏ မျက်လုံးများက ကွယ်၍ သူ၏ စိတ်ဝိညာဥ်အသိစိတ်က အလုပ်မလုပ်နိုင်တော့ပေ။ ဆူဇီမိုအတွက်တော့ သီယင်း၏ သွေးရူးသွေးတန်း တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်းတိမ်းနိုင်လေသည်။

“ဒီထိုးချက်က ကျိချန်းရှန်အတွက်ပဲ...”

ဆူဇီမို၏အသံက အေးစက်သော သတ်ဖြတ်လိုစိတ်နှင့်အတူမီးတောက်များကြားနေ သီယင်း၏ နားထဲသို့ ရောက်ရှိသွားခဲ့လေသည်။

“ဖွီ.....”

သီယင်းသည် ပါးစပ်အပြည့်သွေးများကို ထွေးထုတ်လိုက်ရလေသည်။

ထိုသွေးများက လေထဲသို့ ပြန့်ကျဲမသွားခင်မှာပင် စတုရတီတာအိုမီးကြောင့် ဘာမှမကျန်အောင် လောင်ကျွမ်းသွားခဲ့လေသည်။

သီယင်း၏ ရင်ဘတ်က နက်ရှိုင်းစွာချိုင့်ဝင်သွားပြီး လက်သီးရာတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။

သူ၏ ရင်ညွန့်ရိုးပေါ်တွင် အက်ကွဲကြောင်းများက ပေါ်ထွက်လာခဲ့လေသည်။

“ဒီထိုးချက်က ဖက်တီးလေးအတွက်ပဲ.....”

ရှေ့သို့ ခြေတစ်လှမ်းတိုးပြီးနောက် ဆူဇီမိုသည် ပထမထိုးခဲ့သော နေရာအပေါ် ထပ်မံထိုးနှက်လိုက်လေသည်။

ဘန်း.....

သီယင်း၏ ရင်ဘတ်ပေါ် နောက်ထပ်ထိုးချက်ကပြင်းထန်းစွာ ကျဆင်းလာခဲ့လေသည်။

သူသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား သူ၏မို့မောက်သော ရင်ဘတ်က ချိုင့်ဝင်သွားပြီး နံရိုးများစွာ ကျိုးကြေသွားလေသည်။

သူသည် ပါးစပ်ထဲကနေ သွေးများကို တစ်ပွက်ပွက်အန်ထုတ်လိုက်ရလေသည်။

အစကတော့ စတုရတီတာအိုမီးသည် သူ၏ အသားလွှာကို ထိုးဖောက်နိုင်ခြင်း မရှိသေးပေ။

သို့သော်လည်း နှစ်ချက်ဆင့်၍ ထိုးခံရပြီးနောက် သူ၏ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှတစ်ဆင့် တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များက သူ၏ ကိုယ်တွင်းအင်္ဂါများဆီသို့ တိုးဝင်သွားလေသည်။

သီယင်းသည် ဒယီးဒယိုင်ဖြင့် နောက်သို့ ဆုတ်သွားလေသည်။

ဆူဇီမိုက သီယင်းရှိရာသို့ လျှောက်လှမ်းသွားပြီး သူ၏လက်သီးကို တစ်ဖန်မြှောက်လိုက်လေသည်။

ဘုန်း....

“ဒီထိုးချက်က တစ်ကိုယ်တော်တိမ်စိုင်အတွက်ပဲ...”

ဆူဇီမိုသည် ကောင်းကင်ထည်သွားခြေလှမ်းဖြင့် ရှေ့သို့လျှောက်လှမ်းသွားပြီး သီယင်းရှေ့မြေပြင်ကို ပြင်းထန်စွာဆောင့်နင်းချလိုက်လေသည်။ သူ၏ခါးကိုလှည့်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ ခွန်အားမျာအားလုံးကို စုစည်းကာ သီယင်း၏ ပျက်စီးနေပြီဖြစ်သော ရင်ဘတ်ပေါ်သို့ ထပ်ထိုးချလိုက်လေသည်။

ဖောင်း........

သီယင်း၏ ရင်ဘတ်သည် ဆူဇီမို၏ လက်သီးချက်ဖြင့် ကျွံထွက်သွားပြီး သွေးများက ပန်းထွက်လာခဲ့လေသည်။

သူ၏လက်ရှိအခြေအနေက တစ်ကိုယ်တော်တိမ်စိုင်နှင့် မကွာခြားတော့ပေ။

Toe Aung, [26/08/2024 19:25]

သို့သော်လည်း သူ၏ကိုယ်ကာယက ပိုမိုသန်မာပြီး သူ၏အသက်ဓာတ်က အလွန်တရာ ပေါကြွယ်ဝလေသည်။ သူသည် ဒဏ်ရာအပြင်းအထန်ရရှိထားတာတောင် နေရာမှာပင် မတ်တတ်ရပ်နေနိုင်ဆဲဖြစ်လေသည်။

ဆူဇီိမို၏အကြည့်က အေးစက်လာပြီး မီးတောက်များဖုံးလွှမ်းနေသော သီယင်းကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ဒီနောက်ဆုံးထိုးချက်နဲ့ ငါကမင်းကို တမလွန်ပို့ပေးမယ်”

သူသည် သူ၏လက်ကိုဆန့်ထုတ်ပြီး ဆင်နှာမောင်းတစ်ခုကဲ့သို့ ပျော့‌ပျောင်းသောပုံစံဖြင့် သီယင်း၏ ဦးခေါင်းဆီသို့ လွှဲရိုက်လိုက်လေသည်။

ရွှစ်...

ဆူဇီမို၏လက်ဖဝါးသည် သီယင်း၏ဦးခေါင်းပေါ်သို့ ဆင်းသက်လာပြီးနောက် ရက်ရက်စက်စက် ဆွဲခါထုတ်လိုက်လေသည်။

ဂျွတ်.....ဂျွတ်.. ဂျွတ်....

အားလုံး၏ အကြည့်အောက်မှာပင် သီယင်း၏ဦးခေါင်းသည် သူ၏လည်ပင်းကို ဆုံချက်ပြု၍ လည်ပတ်သွားပြီး ပြတ်ကျလုနီးပါးဖြစ်သွားခဲ့လေသည်။

ထိုစဥ်မှာပင် အလင်းတန်းတစ်ခုက ကောင်းကင်ထက်သို့ ထိုးတက်သွားလေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်က သူ၏ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလာခဲ့ခြင် းဖြစ်လေသည်။

စတုရတီတာအိုမီး၏ လောင်မြိုက်မှုအောက်မှာပင် သီယင်းသည် သူ၏အမြုတေစိတ်ဝိညာဥ်ဖြင့် သူ၏ခန္ဓာကိုယ်ထဲကနေ ထွက်ပြေးဖို့ ရွေးချယ်ခဲ့လေသည်။

သူ၏ အမြုတေစိတ်ဝိညာဥ်ကို ဝင်းလက်တောက်ပသော တာအိုဝတ်ရုံတစ်ခုက ခြုံထားလေသည်။

အဲ့ဒါက အမြုတေစိတ်ဝိညာဥ် ဓမ္မလက်နက်တစ်ခုဖြစ်လေသည်။

သီယင်း၏အမြုတေစိတ်ဝိညာဥ်သည် မီးတောက်များကြား ဖြတ်ကျော်လာပြီးနောက် သူ့ကိုယ်ပေါ်ရှိ ဓမ္မဝတ်ရုံသည် စတုရတီတာအိုမီး၏ အပူရှိန်ကို ခံနိုင်ရည်မရှိဘဲ တစ်ခဏအတွင်း လောင်ကျွမ်းလာခဲ့လေသည်။

သူ၏အမြုတေစိတ်ဝိညာဥ် ဓမ္မလက်နက်က ပျက်စီးသွားခဲ့လေပြီ။

သူသည် လောင်ကျွမ်းလာသောဝတ်ရုံကို အလောတကြီး ခါချလိုက်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ဖြင့် ထွက်ပြေးလိုက်လေသည်။

“မင်းက... ထွက်ပြေးချင်နေသေးတာလား”

ဆူဇီမိုက လှောင်ရယ်လိုက်ပြီးလေထဲသို့ ခုန်တက်ကာ ရုတ်တရက်ဟိန်းဟောက်လိုက်လေသည်။

“သတ်!”

မိုးကြိုးထစ်ချုန်းသတ်ဖြတ်ခြင်းက ပေါက်ကွဲထွက်ပေါ်လာခဲ့လေသည်။

သီယင်း၏ အမြုတေစိတ်ဝိညာဥ်သည် တဆတ်ဆတ်တုန်ယင်သွားပြီး ဆူဇီမိုက သူ့နောက်ကနေ လိုက်မီလာခဲ့လေသည်။

ဆူဇီမိုက သူ၏လက်ဝါးဖြင့် သီယင်း၏ အမြုတေစိတ်ဝိညာဥ်ကို ဖမ်းဆုပ်လိုက်လေသည်။

“ဟားဟားဟားဟား.... “

သီယင်းသည် သေချာပေါက် သေရတော့မည်ဖြစ်တာတောင်... ရယ်မောလိုက်လေသည်။

“အထီးကျန်သိုင်းသခင်... မင်းက ငါ့ကိုသတ်မယ်ဆိုရင်တောင် မင်းလဲ ဘယ်လောက်ကြာကြာ နေရမှာမို့လဲ... ဒီတာအိုအမွေအနှစ်ကုန်းမြေမှာ မင်းသတ်ခဲ့တဲ့ မည်ကာမတ္တတပည့်တွေက အများကြီးပဲ... မင်းကိုယ်မင်း အသက်ရှင်နိုင်ဦးမယ်လို့ထ င်နေသေးတာလား”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။

“ဟုတ်တာပေါ့.. ငါက သေရမယ်ဆိုရင်တောင် မင်းကိုအရင်သတ်ရဦးမှာ”

ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုက တစ်စုံတစ်ရာကို တွေးမိသွားပြီး ပြောလိုက်လေသည်။

“အခုချိန်မှာ မင်းကို သတ်လိုက်ဖို့က အရမ်းကိုလွယ်ကူလွန်းတယ်... မင်းက ဘယ်လိုကံကြမ္မာအခွင့်အလမ်းတွေနဲ့ တွေ့ကြုံခဲ့ရသလဲ ငါသိချင်သေးတယ်...”

ထိုသို့ပြောပြီးသည်နှင့် ဆူဇီမို၏ လက်ဖဝါးပေါ်တွင် အလင်းလုံးတစ်လုံးက ပေါ်ထွက်လာခဲ့လေသည်။

အလင်းလုံးသည် ချိန်းကြိုးများနှင့်ဆင်တူသော အနက်ရောင်မိစ္ဆာချီများဖြင့် ပြည့်နှက်နေပြီး သီယင်း၏ အမြုတေစိတ်ဝိညာဥ်ကို အထဲမှာ ချုပ်နှောင်လိုက်လေသည်။

“မင်း.... မင်းက ဘာလုပ်နေတာလဲ”

နောက်ဆုံးမှာတော့ သီယင်းသည် ကြောက်ရွံ့မှုကို ခံစားလာခဲ့ရလေသည်။

“မင်းရဲ့ ဝိညာဥ်ထဲက မှတ်ဉာဏ်တွေကို ရှာဖွေရမှာပေါ့...”

ဆူဇီမိုက အေးစက်စွာဖြင့်ပြော၍ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဝိညာဥ်ရှာဖွေအတတ်ကို လှည့်ပတ်လိုက်လေသည်။

ရွှစ်....ရွှစ်.. ရွှစ်...

ဆူဇီမို၏ စိတ်အာရုံထဲသို့ ပုံရိပ်များစွာက တစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့လေသည်။ အဲ့ဒါသည် သီယင်း၏ ကျင့်ကြံရေးလမ်းခရီးအစကနေ ပေါ်ထွက်လာပြီး အဖြစ်အပျက်များက အရမ်းကို မြန်ဆန်လွန်းလေသည်။

ဆူဇီမိုသည် ချီစုဖွဲ့ခြင်းနှင့် အခြေတည်အဆင့်မြင်ကွင်းများကို တွေ့မြင်သောအခါ လုံးဝရပ်နားခြင်းမရှိဘဲ ကျော်လွှားလိုက်လေသည်။

သူသည် ကစဉ့်ကလျားအမြုတေလက်ဝါးနှင့် အသင်္ချေဆေဘာကဲ့သို့သော ထိပ်တန်းအဆင့်လျှို့ဝှက်ပညာရပ်များကိုသာ လိုချင်လေသည်။

မြင်ကွင်းက ပြောင်းလဲသွားလေသည်။

လျှို့ဝှက်ခန်းမတစ်ခုထဲတွင် သက်လတ်ပိုင်းရွယ်လူတစ်ယောက်က ခြေချိတ်ထိုင်နေလေသည်။ သူ၏သွင်ပြအရဆို အသက်သုံးဆယ်ဝန်းကျင်လောက်သာ ရှိပုံရလေသည်။ သို့သော်လည်း သူ၏မျက်လုံးများက အလွန်ရှည်ကြာသော အချိန်ကာလတစ်ခုကို ဖြတ်သန်းလာပုံရပြီး သူ၏အသက်ကို ခန့်မှန်းဖို့က မဖြစ်နိုင်ပေ။

သီယင်းသည် သက်လတ်ပိုင်းလူရှေ့မှာ နာခံစွာဖြင့် ဒူးထောက်နေလေသည်။

“ဒီနေ့ ငါကမင်းကို ကစဉ့်ကလျားအမြုတေဂိုဏ်းရဲ့ အသန်မာဆုံး လျှို့ဝှက်ပညာရပ်ဖြစ်တဲ့ မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို သင်ကြားပေးမယ်”

သက်လတ်ပိုင်းလူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး အာရုံစိုက်၍ နားစွင့်လိုက်လေသည်။

ရုတ်တရက်ဆိုသလို....

Toe Aung, [26/08/2024 19:25]

အစကထိုင်နေသော သက်လတ်ပိုင်းလူ၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာပြီး သူ့ဘေးရှိလေဟာနယ်ထဲကို စိုက်ကြည့်လိုက်လေသည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်ပေါ်လာပြီး အေးစက်စွာဖြင့်ပြောလိုက်လေသည်။

“မင်းဘယ်သူလဲ... ငါ သီဖန်း တာအိုသင်ကြားပေးနေတာကို ဘယ်လိုတောင် လာခိုးကြည့်ရဲတာလဲ”

ဘုန်း...

ဆူဇီမို၏ စိတ်က လှုပ်ခတ်သွားပြီး သူ၏ဝိညာဥ်ရှာဖွေအတတ်က ရပ်တန့်သွားခဲ့လေသည်။

ချက်ချင်းပင်သူသည် နိုးထလာပြီး သူမသိလိုက်ခင်မှာပင် သူက ချွေးများဖြင့် စိုရွှဲနေခဲ့လေပြီ။

သူ၏အမူအရာက သုန်မှုန်လာပြီး တုန်လှုပ်မှုဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

ဝိညာဥ်ရှာဖွေအတတ်က သီယင်း၏ မှတ်ဉာဏ်များကို လှန်လောရှာဖွေခြင်းဖြစ်လေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ဤမှတ်ဉာဏ်များအားလုံးသည် အတိတ်ကာလက ဖြစ်ပျက်ခဲ့ပြီးသား အကြောင်းအရာများဖြစ်ကြလေသည်။

သို့သော်လည်း ထိုမှတ်ဉာဏ်ထဲတွင် သီယင်းကို ပညာသင်ကြားပေးနေသော သက်လတ်ပိုင်းလူသည် နိုးထလာနိုင်ပြီး သူ၏တည်ရှိမှုကို ရှာဖွေတွေ့ခဲ့လေသည်။

ထိုနည်းလမ်းက အရမ်းကိုကြောက်ဖို့ ကောင်းလွန်းလေသည်။

ဤနည်းလမ်းသည် ဆူဇီမို၏ နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေပြီး အဲ့ဒါက ဝိညာဥ်ရှာဖွေခြင်းအတတ်ထက်ပင် ပို၍ မကောင်းဆိုးဝါးဆန်နေလေသည်။

အဲ့ဒါက ဂမ္ဘီရစွမ်းအားတစ်ခုဖြစ်နိုင်လေသည်။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ ယာယီအားဖြင့် ပျက်ယွင်းသွားသော သူ၏ စိတ်ကို ဖိနှိမ်လိုက်ပြီး အလင်းလုံးထဲရှိ သီယင်း၏ အမြုတေစိတ်ဝိညာဥ်ကို အေးစက်ခက်ထန်စွာဖြင့် ကြည့်လိုက်လေသည်။

မည်သို့ပင်ဆိုစေ သီယင်းက သေချာပေါက်သေရပေလိမ့်မည်။

ဆူဇီမိုက သူ၏လက်ဖဝါးကို ဖျစ်ညှစ်လိုက်လေသည်။

ဖောက်...

သီယင်း၏အမြုတေစိတ်ဝိညာဥ်က ကြေမွသွားခဲ့လေသည်။

တာအိုသက်ရှိကစဉ့်ကလျားအမြုတေသီယင်းက သေဆုံးသွားခဲ့လေပြီ....

All Chapters