← Chapters

ဓမ္မတာအို

Vol. 70 Ch. 1043

ဓမ္မတာအို

Vol. 70 Ch. 1043

တာအိုအမွေအနှစ်ကုန်းမြေက သိပ်ပြီး မကြီးမားပေ။ ဆူဇီမိုသည် သူ၏ဒဏ်ရာများကို အကြမ်းဖျင်း ကုသ၍ လင်းရွှမ်ကျီနှင့်အတူ သိပ်မကြာခင် နတ်ဆိုးမ ကျောက်သားရုပ်တုရှိရာသို့ ရောက်ရှိလာခဲ့လေသည်။

သူတို့ ရောက်ရှိလာသည့် အချိန်မှာပင် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

အစက ထိုနေရာတွင် ရပ်တည်နေခဲ့သော နတ်ဆိုးမ ကျောက်သားရုပ်တုသည် ပြိုကျ၍ အပိုင်းပိုင်း ကြေမွနေလေသည်။ နတ်ဆိုးမကျိက မရှိတော့လေပြီ။

သူက ခြေတစ်လှမ်း နောက်ကျသွားခဲ့လေပြီ။

ဆူဇီမို၏ အမူအရာက အလွန်တရာ ပျက်ယွင်းလာခဲ့လေသည်။

ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်များ ချန်ထားရစ်ခဲ့သော အမွေအနှစ် ကျောက်သားရုပ်တုတိုင်းသည် စွမ်းအားကြီးပုဂ္ဂိုလ်များ၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖျက်ဆီး၍ မရနိုင်ပေ။

အမွေအနှစ် လက်ခံရယူနေစဉ်အတွင်း အခြား မည်သူတစ်ဦးတစ်ယောက်မှ အဲဒါကို နှောင့်ယှက်နိုင်လိမ့်မည် မဟုတ်ပေ။

ဖြစ်နိုင်ခြေ အရှိဆုံးမှာ.. အမွေအနှစ်လက်ခံခြင်း ပြီးဆုံးသွားပြီးနောက် တစ်စုံတစ်ယောက်သည် နတ်ဆိုးမ ကျောက်သားရုပ်တုကို ဖျက်ဆီးပြီး နတ်ဆိုးမကျိကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းပင်။

“မပူပါနဲ့”

လင်းရွှမ်ကျီက ဘေးဘီဝဲယာ တစ်ချက်ကြည့်ပြီး လေးနက်သော အသံဖြင့် ပြေလိုက်လေသည်။

“ဒီနေရာမှာ တိုက်ခိုက်ခဲ့တဲ့ ပုံစံလည်း မရှိဘူး.. သွေးအစအနလည်း မရှိဘူး.. တာအိုသက်ရှိ စင်ကြယ်အပျိုစင်က အဆင်ပြေလောက်ပါတယ်.. ငါတို့ ဒီနားတစ်ဝိုက်မှာ သူ့ကို အရင်ဆုံး ရှာကြည့်ကြတာပေါ့”

သူတို့နှစ်ယောက်က လူခွဲ၍ ရှာဖွေလိုက်ကြလေသည်။

ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် တိုက်ပွဲများစွာ ဆက်တိုက်တိုက်ခိုက်ပြီးနောက် အတော်လေး အားအင်ကုန်ခမ်းနေခဲ့လေသည်။ သို့သော်လည်း သူက အကောင်းဆုံး ကြိုးစား၍ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ဖြန့်ကြက်ပြီး ဂရုတစိုက် ရှာဖွေလိုက်လေသည်။

သိပ်မကြာမီ.. သူ၏ခြေလှမ်းကို ရပ်တန့်၍ ဆတ်ခနဲ တုန်ယင်သွားလေသည်။

မလှမ်းမကမ်းတွင် ပန်းရောင်ဝတ် မိန်းကလေးတစ်ယောက်က သူ့ဆီသို့ လျှောက်လှမ်းလာနေလေသည်။ သူမသည် ကျော့ရှင်းသော သွင်ပြင်ရှိပြီး သူမ၏ခြေလှမ်းများက ပေါ့ပါးနေလေသည်။ သူမ၏ တောက်ပသော မျက်လုံးများက ပြုံးရွှင်နေပြီး လူတစ်ယောက်၏ စိတ်နှလုံးကို ဖမ်းစားနိုင်သော အော်ရာတစ်မျိုကို ထုတ်ပေးနေလေသည်။

အဲဒါက နတ်ဆိုးမကျိကလွဲပြီး တခြားဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။

သူသည် နတ်ဆိုးမကျိ အဆင်ပြေသည်ကို မြင်သောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီး ရယ်မောမိလိုက်လေသည်။

မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို ကြည့်ရင်း နတ်ဆိုးမကျိက အလွန်တရာ ဝမ်းသာပျော်ရွှင်စွာဖြင့် ပြုံး၍ သူမ၏ အမူအရာက နူးညံ့ပျော့ပျောင်းသွားလေသည်။

ဆူဇီမိုသည် ရှေ့သို့ လျှောက်လှမ်းလာရင်း နတ်ဆိုးမကျိ၏ ကျင့်ကြံမှုက လုံးဝ လျော့ကျမသွားကြောင်း တွေ့ရှိလိုက်ရလေသည်။ သူမက အစောပိုင်း မူလနတ္ထိအဆင့်မှာပင် ရှိနေဆဲပင်။

“နင်.. နင် ဘယ်လိုလုပ်ပြီး..”

ဆူဇီမိုက တွေဝေရှုပ်ထွေးနေပြီး ဘယ်ကနေ စပြောရမည်မသိ ဖြစ်နေလေသည်။

နတ်ဆိုးမကျိက ဆူဇီမို၏ တွေဝေရှုပ်ထွေးမှုကို မြင်ပြီး နူးညံ့စွာ ပြုံး၍ ပြောလိုက်လေသည်။

“ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘာဖြစ်လို့ အကောင်းပကတိ ရှိနေသေးတာလဲ.. ငါက ဘာဖြစ်လို့ မော်တယ်တစ်ယောက်အဖြစ် လျှောကျမသွားရတာလဲ သိချင်နေတာမလား”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်လေသည်။

“အစကတော့ လူသားထောက်တိုင်အတွက် စွန့်လွှတ်အနစ်နာခံမှုကြောင့် ငါ့ရဲ့ ကျင့်ကြံမှုအားလုံးက ပျက်စီးဆုံးရှုံးခဲ့ရတယ်”

နတ်ဆိုးမကျိက ပြောလိုက်လေသည်။

“ဒါပေမဲ့လို့ အဲဒါက စင်ကြယ်အပျိုစင် ကျောက်သားရုပ်တုရဲ့ အမွေအနှစ်ကို နှိုးဆွမိသွားတာကတော့ ကပ်ဆိုးထဲက ကောင်းချီးပေးခံရတာလို့ ပြောရမှာပဲ.. ငါက င့ါရဲ့ ကျင့်ကြံမှုကို အပြည့်အဝ ပြန်ရခဲ့ရုံတင်မကဘူး… ပြီးပြည့်စုံတဲ့ စင်ကြယ်အပျိုစင်သုတ္တန်ကိုပါ ရရှိခဲ့သေးတယ်”

ထိုနေရာအရောက်တွင် ဆူဇီမိုက နောက်ဆုံး စိတ်သက်သာရာရသွားခဲ့လေသည်။

“ဟေး.. နင်သိလား.. သာမန် စွန့်လွှတ်အနစ်နာခံခြင်းမှာဆိုရင် ငါ့ရဲ့ စွမ်းအားတွေ အကုန်လုံးကို ဆုံးရှုံးရမယ်ဆိုရင်တောင် လူသားထောက်တိုင်က အဲဒါရဲ့ ၇၀ ရာခိုင်နှုန်းကိုပဲ ရရှိလိမ့်မယ်”

မွှေးပျံ့သော ရနံ့တစ်ခုက လေနှင့်အတူ လွှမ်းခြုံလာပြီး နတ်ဆိုးမကျိက ရုတ်တရက် ရှေ့တိုးကာ သူမကိုယ်သူမ ဆူဇီမို၏ ခန္ဓာကိုယ်နှင့် ထိကပ်လုနီးပါး ဖိချလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။

“အဲဒီမှာ ငါ့ရဲ့စွမ်းအားတွေကို လူသားထောက်တိုင်ဆီ ၁၀၀ ရာခိုင်နှုန်း ပို့ပေးနိုင်တဲ့ ဓမ္မအစီအရင်တစ်ခု ရှိတယ်.. အဲဒါက ဘာလဲ နင်သိလား”

ဒီ့ယခင်ကဆိုလျှင် ဆူဇီမိုသည် နတ်ဆိုးမကျိကို တွန်းဖယ်ထုတ်မိပေလိမ့်မည်။

သို့သော်လည်း ဒီတစ်ခေါက်တွင် သူက လုံးဝ လှုပ်ရှားခြင်း မရှိပေ။

တစ်ဖက်မှာတော့ သူသည် နတ်ဆိုးမကျိအပေါ် မလုံမလဲ ခံစားနေရလေသည်။

အခြားတစ်ဖက်မှာတော့.. လူသားထောက်တိုင်၏ အဓိပ္ပာယ်ကို သူနားလည်သွားပြီးနောက် နတ်ဆိုးမကျိသည် အတည်ပေါက်နှင့် ကျီစယ်နေခြင်းသာဖြစ်ပြီး စည်းကျော်လိမ့်မည် မဟုတ်ဆိုတာကို သူက သိထားသောကြောင့်ပင်။

“အဲဒါ ဘာလဲ”

ဆူဇီမိုက အလိုလိုမေးလိုက်လေသည်။

Toe Aung, [26/08/2024 19:44]

နတ်ဆိုးမကျိက ဆွဲဆောင်မှုရှိစွာ ပြုံး၍ ဆူဇီမို၏ နားဘေးသို့ သူမ၏ နှုတ်ခမ်းကို တိုးကပ်ကာ ထွက်သက်ကို ညင်သာစွာ ရှူထုတ်လိုက်လေသည်။

“အဲဒါက တူနှစ်ကိုယ်ကျင့်ကြံခြင်းပဲ”

ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး သူ၏ တာအိုနှလုံးသားကို မထိန်းချုပ်နိုင်လုနီးပါး ဖြစ်သွားရလေသည်။

သူက စိတ်ထဲကနေ ချီးကျူးမိလိုက်လေသည်။

လွန်ခဲ့သည့် ရက်နှစ်ဆယ်ကနှင့် နှိုင်းယှဉ်လျှင် နတ်ဆိုးမကျိ၏ ညို့ငင်ဖမ်းစားမှုအတတ်များသည် ပို၍ သိသာထင်ရှားစွာ ကြောက်စရာကောင်းလာခဲ့လေသည်။

“ငါ့ကိုလာပြီး အရူးလုပ်မနေနဲ့”

ဆူဇီမိုက ကူကယ်ရာမဲ့သော အမူအရာဖြင့် ခါးသက်စွာ ပြုံးလိုက်လေသည်။

“ငါ မလုပ်ပါဘူး”

နတ်ဆိုးမကျိက ပြောလိုက်လေသည်။

“ပြီးပြည့်စုံတဲ့ စင်ကြယ်အပျိုစင်သုတ္တန်ကို ငါရရှိပြီးတဲ့နောက်.. အဲဒီမှာ လူသားထောက်တိုင်တစ်ယောက်နဲ့ တူနှစ်ကိုယ်ကျင့်ကြံနိုင်တဲ့ ဓမ္မအစီအရင်တစ်ခုကို ငါတွေ့ခဲ့ရတယ်.. အဲဒါက ငါ့ရဲ့စွမ်းအားတွေကို အပြည့်အဝ ပြန်ရနိုင်ရုံတင်မကဘူး.. ပိုလို့တောင် တိုးလာစေဦးမယ်”

ခဏမျှ ရပ်တန့်ပြီးနောက် နတ်ဆိုးမကျိက ရယ်မောလိုက်လေသည်။

“နောက်ပြီး အဲဒါက နင့်အတွက်လည်း အကျိုးရှိမှာနော်”

ရွှစ်..

ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်အတွင်းကနေ မီးတောက်များ လောင်ကျွမ်းလာသည့်အလား ခံစားရပြီး သူက အဲဒါကို လုံးဝ မဖိနှိမ်နိုင်ပေ။

သူသည် အလောတကြီး နောက်ဆုတ်၍ နတ်ဆိုးမကျိထံမှ သူ့ကိုယ်သူ ခွာလိုက်လေသည်။

တစ်ကမ္ဘာလုံးကို ညို့ငင်ဖမ်းစားနိုင်သော ဤကဲ့သို့ ပြိုင်ဘက်ကင်း အချောအလှတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူမ၏ ချိုအီသော အပြောအဆိုများနှင့် ဖြားယောင်းသွေးဆောင်မှုများကို ဘယ်သူကများ ခံနိုင်ရည်ရှိပါ့မလဲ။

ဆူဇီမိုသည် သူ့ကိုယ်သူ ဣန္ဒြေဆည်ဖို့အတွက် အသက်ပြင်းပြင်း ရှူသွင်းလိုက်လေသည်။

ဒီ့ယခင်ကဆိုလျှင် နတ်ဆိုးမကျိသည် သူ့ကို ထိုကဲ့သို့ပင် ကျီစယ်လေ့ရှိလေသည်။ သို့သော်လည်း ထိုစဉ်တုန်းက သူမသည် သူ့ကို ကျီစယ်နေခြင်းမျှသာဖြစ်သည်ဟု သူက ခံစားမိနိုင်လေသည်။

သို့သော် ယခုအခါမှာတော့ နတ်ဆိုးမကျိသည် သူ့ကို အမှန်တကယ်ပင် စားချင်ဝါးချင်နေသည်ဟု သူက ထင်ယောင်မြင်ယောင်မိလာလေသည်။

သူမ ပြောသည့် တူနှစ်ကိုယ်ကျင့်ကြံခြင်း ဓမ္မအစီအရင်က အမှန်တကယ်ပင် ရှိနေလောက်လေသည်။

သူက အနည်းငယ် အားနည်းသွားမည်ဆိုလျှင် နတ်ဆိုးမကျိနှင့်အတူ မှားယွင်းသော ထိုလမ်းကြောင်းပေါ်သို့ အမှန်တကယ်ပင် သွေဖယ်မိသွားပေလိမ့်မည်။

“ဟင်း..ဟင်း.. ကြည့်စမ်းပါဦး.. နင် ဘယ်လောက်တောင် ကြောက်နေလိုက်သလဲ”

နတ်ဆိုးမကျိက ရယ်မောလိုက်လေသည်။

ဆူဇီမိုက အလောတကြီး စကားလမ်းကြောင်းပြောင်းလိုက်လေသည်။

“နင်က ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ”

“ငါက အမွေအနှစ်ကို လက်ခံရယူပြီးလို့ မကြာခင်မှာပဲ နတ်ဆိုးမ ကျောက်သားရုပ်တုကနေ ထွက်ပြီးတော့ အရင်ဆုံး ကပ်ဘေးသုံးဆင့်နယ်မြေဘက်ကို သွားခဲ့တယ်”

နတ်ဆိုးမကျိက ပြောလိုက်လေသည်။

“အဲဒီကို ရောက်တဲ့အခါ နင်က သီယင်းနဲ့ တိုက်ခိုက်နေပြီဆိုတာကို ငါသိလိုက်ရတယ်.. အဲဒါနဲ့ ငါရောက်လာတဲ့အချိန်မှာ နင်က မရှိတော့ပြန်ဘူး.. အဲဒါနဲ့ နင်က ငါ့ကိုရှာဖို့အတွက် ဒီနေရာကို လာလိမ့်မယ်လို့ ငါခန့်မှန်းမိလိုက်တယ်”

“ကိုယ့်လူတို့.. ကျုပ်က ခင်ဗျားတို့ကို တကယ်ပဲ အနှောင့်အယှက်မပေးချင်ပါဘူး”

မလှမ်းမကမ်းရှိ အစိမ်းရောင် ကျောက်တုံးတစ်တုံးပေါ်တွင် လင်းရွှမ်ကျီက လေကိုဆန်၍ ရပ်နေပြီး လှမ်းအော်ပြောလိုက်လေသည်။

“ဒါပေမဲ့လို့ ကျုပ်က ဒီနေရာမှာ မတ်တတ်ရပ်နေတာ တော်တော်ကြာပြီ.. ခင်ဗျားတို့က ကျုပ်ကို တစ်ချက်တောင် လှည့်မကြည့်ပါလား”

ဆူဇီမို၏ မျက်နှာက နီမြန်းသွားလေသည်။

သူသည် နတ်ဆိုးမကျိကို အမှန်တကယ်ပင် သတိကြီးကြီးထားနေရပြီး လင်းရွှမ်ကျီကို သတိမထားမိခဲ့ပေ။

နတ်ဆိုးမကျိက ရယ်မော၍ လင်းရွှမ်ကျီကို ဦးညွတ်လိုက်လေသည်။

“ဇီမို့ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်း ရွှမ်ကျီ.. ကျွန်မက ရှင့်ကို ကျေးဇူးတင်ဖို့အတွက် ဒီနေရာကို ရောက်လာတာပါ”

လင်းရွှမ်ကျီက လက်ကာပြပြီး နတ်ဆိုးမကျိ၏ အကြည့်ကို ကမန်းကတမ်း ရှောင်လိုက်လေသည်။ သူက စိုးရိမ်ပူပန်နေပုံရပြီး ညင်သာစွာ ချောင်းဟန့်၍ ပြောလိုက်လေသည်။

“ခင်ဗျားတို့တွေက ဒီနေရာကနေ ထွက်ပြီးရင် ဘာဆက်လုပ်မလဲဆိုတာကို စဉ်းစားနေသင့်တယ်”

“ညီအစ်ကိုဆူ.. ခင်ဗျားက မည်ကာမတ္တ တပည့်ရှစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်.. အဲဒီ မည်ကာမတ္တ တပည့်ရှစ်ယောက်က ထိပ်သီးဂိုဏ်းကြီး ရှစ်ဂိုဏ်းကို ကိုယ်စားပြုတာပဲ”

လင်းရွှမ်ကျီက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“စွမ်းအားကြီးပုဂ္ဂိုလ်တွေတောင် လှုပ်ရှားမှု မပြုလုပ်နိုင်တဲ့အတွက် ခင်ဗျားက တာအိုအမွေအနှစ်ကုန်းမြေမှာ နေနေဦးမယ်ဆို အဆင်ပြေနေသေးတယ်.. ဒါပေမဲ့လို့ ဒီကနေ ထွက်သွားမယ်ဆိုရင်တော့ ထိပ်သီးဂိုဏ်းကြီးရှစ်ဂိုဏ်းက ခင်ဗျားကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး”

“တခြားနည်းလမ်းကို မစဉ်းစားမိသေးသရွေ့တော့ ငါတို့ ဒီမှာပဲ လောလောဆယ် ပုန်းနေကြသေးတာပေါ့”

နတ်ဆိုးမကျိက အကြံပြုလိုက်လေသည်။

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။

သူသည် ဤနေရာမှာ စောင့်ဆိုင်းနေနိုင်သော်လည်း သူ၏ သိုလှောင်အိတ်ထဲရှိ တစ်ကိုယ်တော်တိမ်စိုင်ကတော့ မစောင့်နိုင်ပေ။

Toe Aung, [26/08/2024 19:44]

သက်စောင့်ဆေးသည် တစ်ကိုယ်တော်တိမ်စိုင်၏ အသက်ကို အလွန်ဆုံး တစ်လသာ ထိန်းထားပေးနိုင်ပေလိမ့်မည်။

ယခုအခါ ရက်နှစ်ဆယ်က ကုန်ဆုံးသွားခဲ့လေပြီ။

သူသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ ပြန်ရမည်ဖြစ်ပြီး တစ်ကိုယ်တော်တိမ်စိုင်၏ အသက်ကို ကယ်တင်ဖို့အတွက် အကောင်းဆုံး ကြိုးစားရပေလိမ့်မည်။

တစ်ကိုယ်တော်တိမ်စိုင်၏ ဒဏ်ရာများကို ကုသဖို့အတွက် ဆေးလုံးအချို့ ယန်‌ဆေးဂိုဏ်းမှာ ရှိကောင်းရှိနေနိုင်လေသည်။

ဆူဇီမို၏အတွေးကို ဖတ်မိသည့်အလား လင်းရွှမ်ကျီက မေးလိုက်လေသည်။

“ခင်ဗျားက အဲဒီမြွေနဂါးကို ကုသဖို့ တွေးနေသေးတာလား”

ဆူဇီမိုက တိတ်ဆိတ်ငြိမ်သက်နေလေသည်။

လင်းရွှမ်ကျီက သက်ပြင်းချလိုက်လေသည်။

“ကျုပ်အထင်အရတော့ အဲဒီမြွေနဂါးကို ကယ်နိုင်တော့မှာ မဟုတ်ဘူး... ယန်ဆေးဂိုဏ်းမှာတောင် သူ့ကို ကုသဖို့အတွက် ဆေးလုံးမရှိဘူး”

“ကျုပ်.. ကြိုးစားတော့ ကြည့်ရမှာပဲ”

ဆူဇီမိုက တီးတိုးရေရွတ်၍ အတွေးနက်သွားလေသည်။

အလယ်ပိုင်းတိုက်၊ ကစဉ့်ကလျားအမြုတေဂိုဏ်းတွင်..

ဂိုဏ်းအတွင်း.. အနက်ပိုင်းထဲရှိ လှိုဏ်ဂူခန်းဝါတစ်ခုထဲမှ အလွန်တရာ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာလေသည်။ ထိုအသံက စီးပိုးခြယ်လှယ်နိုင်စွမ်းနှင့် အေးစက်သော သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေပြီး ဘေးပတ်ဝန်းကျင်ရှိ တောင်ကုန်းများနှင့် လျှိုမြောင်များကို ပြိုကျသွားစေလေသည်။

“ကောင်းကင်သံတမန်.. ဒီကို အခုချက်ချင်း လာခဲ့”

အေးစက်စက် အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။ ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ဂိုဏ်းချုပ်၊ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်သံတမန်သည် ဆတ်ခနဲ တုန်ယင်သွားပြီး ဂိုဏ်း၏ အနောက်ဘက် တောင်တန်းဆီသို့ အလျင်အမြန် ပြေးသွားခဲ့လေသည်။

All Chapters