မဟာကပ်ဘေးတစ်ခု ရောက်ရှိလာမှု
Vol. 70 Ch. 1044
အနောက်ဘက်တောင်တန်းရှိ လှိုဏ်ဂူခန်းဝါတစ်ခုရှေ့သို့ ရောက်ရှိလာပြီးနောက်.. ကောင်းကင်သံတမန်သည် ပေါင်းစည်းခန္ဓာအဆင့် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော်လည်း မထီလေးစား မပြုမူရဲဘဲ ဦးညွတ်လိုက်လေသည်။
“အကြီးအကဲသီ.. ခင်ဗျားက တံခါးပိတ်ကျင့်ကြံနေတာမလား.. ဘာဖြစ်လို့..”
ဘုန်း..
အဲဒီမှာ ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
လှိုဏ်ဂူခန်းဝါ၏ တံခါးက ကြောက်စရာကောင်းသော အင်အားတစ်ခုဖြင့် ကြေမွသွားပြီး ကောင်းကင်သံတမန်ပေါ်သို့ ကျောက်တုံးကျောက်ခဲ များစွာက ပစ်ကျလာလေသည်။
သို့သော်လည်း ကောင်းကင်သံတမန်သည် အဲဒါကို ရှောင်တိမ်းရဲခြင်း မရှိဘဲ အနည်းငယ် ဦးညွတ်ထားလေသည်။
ခရမ်းရောင်ဝတ် လူတစ်ယောက်သည် တောက်လောင်နေသော အကြည့်နှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာပြီး သူ၏ခန္ဓာကိုယ်ကနေ အလွန်တရာ ကြီးမားသည့် စွမ်းအားတစ်ခုက ဖြာထွက်လာနေလေသည်။ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ် ကောင်းကင်သံတမန်ပင်လျှင် အဲဒါကို ခံနိုင်ရည်မရှိဘဲ မြေပြင်ပေါ်မှာ ဒူးထောက်ကျသွားလေသည်။
အဲဒါက ကစဉ့်အလျားအမြုတေဂိုဏ်း၏ မဟာအကြီးအကဲ တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး သီဖန်းဖြစ်လေသည်။
“တံခါးပိတ်ကျင့်ကြံရမယ် ဟုတ်လား”
သီဖန်း၏ အမူအရာက သုန်မှုန်ခက်ထန်လာပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“ငါသာ ဆက်ပြီးကျင့်ကြံနေရင် ကစဉ့်အလျားအမြုတေဂိုဏ်းက ဖျက်ဆီးခံသွားရမှာတောင် စိုးရိမ်ရတယ်.. ငါ မင်းကို မေးရဦးမယ်.. သီယင်းက အသက်ရှင်နေသေးလား”
ထိုစကားကို ကြားသောအခါ ကောင်းကင်သံတမန်သည် တုန်လှုပ်ချောက်ချားသွားပြီး ချွေးများ စိုရွှဲလာခဲ့လေသည်။
“အကြီးအကဲသီ.. သီ.. သီယင်းက.. “
ကောင်းကင်သံတမန်သည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက်.. သူ၏ တံတွေးကို မျိုချကာ ပြောလိုက်လေသည်။
“သူက သေဆုံးသွားခဲ့ပါပြီ.. တာအိုအမွေအနှစ်ကုန်းမြေမှာ သူ့ကို သတ်ခဲ့တဲ့သူကတော့ မကြာသေးခင်ကမှ သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်ခဲ့တဲ့ အထီးကျန်သိုင်းသခင် ဆူဇီမိုပါပဲ”
ကောင်းကင်သံတမန်သည် တာအိုအမွေအနှစ်ကုန်းမြေတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများ အားလုံးကို အလောတကြီး ပြန်ပြောပြလိုက်လေသည်။
“တကယ်ပဲကိုး.. “
သီဖန်း၏ အကြည့်က အေးစက်လာခဲ့လေသည်။
အစကတော့ သူသည် တံခါးပိတ်ကျင့်ကြံဖို့ ရည်ရွယ်ခဲ့လေသည်။ သို့သော်လည်း ဆူဇီမိုက သီယင်း၏ ဝိညာဉ်ကို ရှာဖွေသည့်အချိန်တွင် အဲဒါက သူ့ကို သတိဝင် ထိတ်လန့်သွားစေခဲ့လေသည်။
“အကြီးအကဲသီ.. ကျေးဇူးပြုပြီး စိတ်ကိုလျှော့ပါ”
ကောင်းကင်သံတမန်က အလောတကြီး ပြောလိုက်လေသည်။
“အဲဒီကောင်လေး.. အထီးကျန်သိုင်းသခင်က အသွန်းတစ်ရာဂိုဏ်းရဲ့ ကာကွယ်မှုကို ရရှိထားတယ်.. ကျုပ်တို့က ကောင်းကင်စင်ရော်ဂိုဏ်း၊ မိုးကြိုးလေပြေနန်းတောက်၊ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း၊ ပုံသဏ္ဌာန်မဲ့ကျောင်းတော်နဲ့ အခြားဂိုဏ်းတွေနဲ့အတူ အချိတ်အဆက်လုပ်ထားပါတယ်.. ကျုပ်တို့က မကြာခင် အသွန်းတစ်ရာဂိုဏ်းမှာ သတ်ဖြတ်မှုကို စတင်ဖို့ ပြင်ဆင်ထားပြီးတော့ အထီးကျန်သိုင်းသခင်ကိုလည်း သေချာပေါက် သတ်ဖြတ်မှာပါ.. သွေးကြွေးအတွက် သွေးနဲ့ ပြန်ပေးဆပ်ရလိမ့်မယ်”
“မူလနတ္ထိတစ်ယောက်ကို သတ်ဖို့အတွက် ဘာလို့ အဲ့လောက်ထိ ဒုက္ခခံနေရမှာလဲ”
သီဖန်းက အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“မင်းတို့ ဂိုဏ်းတွေ အချင်းချင်း အချိတ်အဆက်လုပ်ဖို့ ဘယ်လောက်ကြာဦးမှာလဲ… ဒီကြားထဲမှာ မထင်မှတ်ထားတာ တစ်စုံတစ်ရာ ဖြစ်ပျက်ပြီးတော့ အဲဒီကောင်လေးက ထွက်ပြေးလွတ်မြောက်သွားရင် ဘယ်လိုလုပ်မလဲ”
“ငါက သူ့ကို အခုပဲ သေစေချင်တယ်”
သီယင်း၏ သေဆုံးမှုက သီဖန်း၏ သတ်ဖြတ်လိုစိတ်ကို နှိုးဆွမိသွားခဲ့လေသည်။
ကောင်းကင်သံတမန်က ခါးသက်စွာဖြင့် ပြုံးလိုက်လေသည်။
“အကြီးအကဲသီ.. ဒီကောင်လေးက အခုလောလောဆယ် တာအိုအမွေအနှစ်ကုန်းမြေမှာပဲ ရှိနေပါသေးတယ်.. အဲဒီနေရာက ရှေးဟောင်းခေတ် စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ စိတ်စွမ်းအားနဲ့ စောင့်ကြပ်ထားတဲ့အတွက် ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ စွမ်းအားနဲ့ အဲဒါကို ထိုးဖောက်ဖို့က မဖြစ်နိုင်ဘူး.. သူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ရောက်လာမှပဲ ကျုပ်တို့ရဲ့ လှုပ်ရှားမှုကို စတင်လို့ရမယ်”
“အဲ့လိုလား.. “
သီဖန်းက သူ၏မျက်လုံးကို မှေးကျဉ်းလိုက်လေသည်။
ကောင်းကင်သံတမန်သည် ရင်တစ်ချက်ထိတ်သွားပြီး တစ်စုံတစ်ရာကို ဝိုးတဝါး ခန့်မှန်းမိလိုက်လေသည်။
“အကြီးအကဲသီ.. ခင်ဗျား.. ခင်ဗျားက.. “
တစ်ချိန်တည်းမှာပင်.. အသွန်းတစ်ရာဂိုဏ်းတွင်..
“ဘယ်လို.. “
“သီယင်းက သေသွားပြီလား.. “
အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းသည် ထိုသတင်းကို ကြားသောအခါ တုန်လှုပ်သွားကြလေသည်။
ဆူဇီမိုသည် မူလနတ္ထိအဆင့်သို့ ရောက်ရှိလာသည်ဆိုလျှင်တောင် သူက သီယင်းကို သတ်ဖြတ်ဖို့အတွက် မဖြစ်နိုင်ဟု လူတိုင်းက ခံစားမိခဲ့ကြလေသည်။
သူတို့နှစ်ယောက်အကြားတွင် အနိုင်ရလဒ်ကို အဆုံးအဖြတ်ပေးနိုင်သော်လည်း တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ကတော့ အရမ်းကို ခဲယဉ်းလေသည်။
တာအိုအမွေအနှစ်ကုန်းမြေတွင် သီယင်းက ဆူဇီမို၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဆိုသောအခါ.. အဆုံးစွန်မီးပင်လျှင် အံ့အားသင့် တုန်လှုပ်သွားရလေသည်။
Toe Aung, [26/08/2024 19:55]
သီယင်း အပါအဝင် ဆူဇီမို၏ လက်ထဲတွင် သေဆုံးခဲ့ရသော မည်ကာမတ္တတပည့် ရှစ်ယောက်အထိ ရှိလာခဲ့လေပြီ။
ယခင်က မည်ကာမတ္တ တပည့်ခြောက်ယောက် သေဆုံးသောအခါ တာအိုအရှင် အဖြူရောင်မီးတောက်၊ တာအိုအရှင်ကြယ်သွေးနီနှင့် အခြားသူများသည် သုန်မှုန်နေသော အမူအရာများ ရှိနေပြီး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြလေသည်။
ယခု မည်ကာမတ္တ တပည့်ရှစ်ယောက် သေဆုံးသွားပြီဆိုသောအခါ.. အသွန်းတစ်ရာဂိုဏ်းက ဆူဇီမိုကို ဆက်လက်ကာကွယ်ဦးမည်ဆိုလျှင် သူတို့က ထိပ်သီးဂိုဏ်းကြီးရှစ်ဂိုဏ်း၏ အမျက်ဒေါသကို ခံယူရတော့မည်ဟု ဆိုလိုသည် မဟုတ်ပါလား..။
တာအိုအမွေအနှစ်ကုန်းမြေတွင်..
ဆူဇီမို၊ လင်းရွှမ်းကျီနှင့် နတ်ဆိုးမကျိတို့သည် ထွက်ခွာဖို့ ပြင်ဆင်လိုက်ကြလေသည်။
“ညီအစ်ကိုဆူ.. ခင်ဗျားက ဘာလို့ ဖန်တီးခြင်းကြာပဒုမ္မာကို တစ်ချိန်လုံး ကိုင်ထားရတာလဲ.. ဒီတာအိုအမွေအနှစ်ကုန်းမြေမှာ ခင်ဗျားကို ဘယ်သူကများ ရန်စရဲဦးမှာလဲ”
ဆူဇီမိုက ဖန်တီးခြင်းကြာပဒုမ္မာကို ကိုင်ထားဆဲဖြစ်သည်ကို လင်းရွှမ်ကျီ မြင်သောအခါ သူက မနေနိုင်ဘဲ နှုတ်ခမ်းစူ၍ မေးလိုက်လေသည်။
ဆူဇီမိုက ဘာမှရှင်းပြမနေဘဲ ပြုံးရုံသာ ပြုံးနေလိုက်လေသည်။
သူသည် စိတ်ထဲမှာ မအီမသာ ခံစားနေရပြီး ဖန်တီးခြင်းကြာပဒုမ္မာကို ကိုင်ထားမှသာလျှင် အနည်းငယ် စိတ်သက်သာရာရလေသည်။
ရုတ်တရက်.. သူ၏ခြေလှမ်းကို ရပ်တန့်လိုက်လေသည်။
ရုတ်တရက် သူ၏ အာရုံခံသတိစိတ်သည် မကြုံစဖူး အံ့ခန်း အန္တရာယ်တစ်ခု ဆင်းသက်လာတော့မည်ဟု သူ့ကို သတိပေးလာလေသည်။ သူသည် ခေါင်းနပန်းကြီးလာပြီး သူ၏နှလုံးက ရင်ဘတ်ထဲက ခုန်ထွက်တော့မည့်အလား ပြင်းထန်လာခဲ့လေသည်။
သူ၏ ယခင် မအီမသာ ခံစားချက်သည် မသိစိတ်၏ လှုံ့ဆော်မှုတစ်ခုမျှသာ ဖြစ်လေသည်။
သို့သော် ဒီတစ်ကြိမ်မှာတော့ ဆူဇီမိုသည် သေခြင်းရနံ့ကို အမှန်တကယ်ပင် ရှူရှိုက်မိလာခဲ့လေသည်။
အဲဒါက သူ ယခင်က တွေ့ကြုံဖူးခဲ့သည့် မည်သည့်အန္တရာယ်ထက်မဆို များစွာပို၍ ကြောက်စရာကောင်းနေလေသည်။
တာအိုအမွေအနှစ်ကုန်းမြေ အထက်ကောင်းကင်က ရုတ်တရက် မှောင်မဲလာခဲ့လေသည်။
ထိုအခိုက်အတန့်တွင် တာအိုအမွေအနှစ်ကုန်းမြေရှိ ကျင့်ကြံသူတိုင်းသည် သူတို့၏ ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာခဲ့လေသည်။
အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား ကောင်းကင်မှာ လှည့်ပတ်နေလေသည်။
တစ်ခဏအတွင်းမှာပင် အဲဒါက နေရာတစ်ခုအပေါ်မှာ ရပ်တန့်သွားခဲ့လေသည်။
အဲဒါက တာအိုအမွေအနှစ်ကုန်းမြေ၏ အပြင်ဘက်ကနေ ဝင်ရောက်လာသော စွမ်းအားတစ်ခု ဖြစ်လေသည်။
နတ်ဆိုးမကျိက တုန်လှုပ်သွားရလေသည်။
“ဒါက တာအိုအမွေအနှစ်ကုန်းမြေပဲ.. အဲဒါက ဘယ်လိုလုပ်ပြီး.. “
လင်းရွှမ်ကျီသည် တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား သူ၏မျက်လုံးက ပြူးကျယ်သွားခဲ့လေသည်။ သူ၏ မျက်လုံးနှစ်ဖက်သည် ကြောက်ရွံ့တုန်လှုပ်မှုဖြင့် ပြည့်နှက်လာပြီး ဆက်လက်၍ တွေးတောနိုင်ခြင်း မရှိတော့ပေ။
ဆူဇီမိုသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ နတ်ဆိုးမကျိနှင့် လင်းရွှမ်ကျီကို အဝေးသို့ တွန်းထုတ်လိုက်လေသည်။ တစ်ချိန်တည်းမှာပင် သူ၏ ညာဘက်လက်ထဲရှိ ဖန်တီးခြင်းကြာပဒုမ္မာကို ဝှေ့ယမ်းပြီး ဓမ္မစွမ်းအားများကို ထိုးသွင်းကာ သူ၏ ဘယ်ဘက်လက်က သိုလှောင်အိတ်ဆီသို့ လှမ်းလိုက်လေသည်။
ရွှစ်..
ဖန်တီးခြင်းကြာပဒုမ္မာသည် အပေါ်သို့ ထိုးတက်သွားပြီး အစိမ်းရောင် အလင်းတောက်တောက်များကို ထုတ်ပေးလာလေသည်။ ဧရာမ ကြာရွက်များသည် အပေါ်ကနေ အုပ်မိုးနေပြီး တုတ်ခိုင်သော ကြာရိုးက ကျောက်တိုင်တစ်တိုင်ကဲ့သို့ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ပေးထားလေသည်။
ဝုန်း..
ရုတ်တရက်.. ကောင်းကင်ထက်တွင် အက်ကွဲကြောင်းတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
ထို့နောက် ချက်ချင်းပင် ဧရာမ လက်ဝါးတစ်ဖက်သည် မိုးကောင်းကင်ကို ဆုတ်ဖြဲ၍ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်သည့်အလား.. အထွတ်အထိပ် စွမ်းအားတစ်ခုနှင့်အတူ ဖိချေသက်ဆင်းလာခဲ့လေသည်။
တာအိုအမွေအနှစ်ကုန်းမြေတစ်ခုလုံးက တုန်ခါ၍ ယိမ်းထိုးလာခဲ့လေသည်။
ဧရာမ လက်ဝါး၏ ဘေးပတ်လည်ရှိ လေဟာနယ်သည် တစ်လက်မချင်းစီ ပြိုကျပြီး အက်ကွဲကြောင်းများ ပေါ်ထွက်လာခဲ့လေသည်။
ဤနေရာရှိ အာကာသကပင်လျှင် ထိုစွမ်းအား၏ ထိတွေ့ရိုက်ခတ်မှုကို ခံနိုင်ရည်မရှိပေ။
အာကာသပင်လျှင် ခံနိုင်ရည် မရှိရအောင် အဲဒီစွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းနေတာလဲ.. ။
ထိုဧရာမ လက်ဝါးတွင် ပစ်မှတ်တစ်ခုသာလျှင် ရှိလေသည်။ အဲဒါက မြေပြင်ပေါ်ရှိ ဆူဇီမို ဖြစ်လေသည်။
ထိုအခိုက်အတန့်တွင် တာအိုအမွေအနှစ်ကုန်းမြေရှိ ကျင့်ကြံသူတိုင်းသည် ဧရာမ လက်ဝါးကို မြင်တွေ့သွားပြီး ကြောက်ရွံ့တုန်လှုပ်သော အမူအရာများဖြင့် ချောက်ချားကုန်ကြလေသည်။
ထိုစွမ်းအားက အရမ်းကို ကြောက်စရာကောင်းလေသည်။
မူလနတ္ထိ တာအိုသက်ရှိများကို မပြောနှင့်.. ဓမ္မဝိသေသ တာအိုအရှင်များနှင့် ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များပင်လျှင် ထိုစွမ်းအား၏ ဖိနှိမ်မှုအောက်မှာ သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ပျက်စီးသွားရပေလိမ့်မည်။
“မဟုတ်.. မဟုတ်ဘူးလေ..”
နတ်ဆိုးမကျိက မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို ကြည့်ရင်း တစ်ကိုယ်လုံး အေးစက်တောင့်တင်းလာပြီး အားနည်းစွာဖြင့် အော်ဟစ်လိုက်လေသည်။
Toe Aung, [26/08/2024 19:55]
လင်းရွှမ်ကျီသည် ဆင်းသက်လာသော လက်ဝါးကို ကြည့်ရင်း သူ့ဆရာ ပြောခဲ့သော စကားများကို ပြန်လည်အမှတ်ရလာခဲ့လေသည်။
ဆူဇီမိုသည် တာအိုအမွေအနှစ်ကုန်းမြေတွင် မဟာကပ်ဘေးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရလိမ့်မည်ဟု သူ၏ဆရာက သူ့ကို တင်းမာခက်ထန်စွာ ပြောခဲ့လေသည်။
ထိုအချိန်တုန်းက သူသည် အဲဒါကို စိတ်ထဲမှာ အတည်မယူခဲ့ပေ။
ဆူဇီမိုသည် သီယင်း အပါအဝင် မည်ကာမတ္တ တပည့်ရှစ်ယောက်ကို သတ်ဖြတ်ပြီးနောက်.. သူသည် ဤကပ်ဘေးကနေ ကျော်လွှားနိုင်ခဲ့ပြီဟု သူက တွေးထင်ခဲ့လေသည်။
ယခု သူတို့ရှေ့မှ ဤလက်ဝါးကသာလျှင် ဆူဇီမို၏ မဟာကပ်ဘေးဖြစ်သည်ကို သူက နားလည်သဘောပေါက်သွားခဲ့လေသည်။
ပေါင်းစည်းခန္ဓာအဆင့်တစ်ယောက်၏ စွမ်းအားက တာအိုအမွေအနှစ်ကုန်းမြေ၏ အကာအရံအလွှာကို ထိုးဖောက်နိုင်ခြင်း မရှိပေ။
ဤလက်ဝါးက တာအိုအမွေအနှစ်ကုန်းမြေ၏ အကာအရံအလွှာကို ထိုးဖောက်လာသည်ဆိုလျှင် အဲဒီမှာ ဖြစ်နိုင်ခြေတစ်ခုသာလျှင် ရှိလေသည်။
အဲဒါက ပေါင်းစည်းခန္ဓာအဆင့်ထက် ကျော်လွန်သော ကြောက်စရာကောင်းသည့် ပညာရှင်တစ်ယောက်က တိုက်ခိုက်လိုက်ခြင်းပင်။
ထိုသည်ကို နားလည်သွားသောအခါ.. လင်းရွှမ်ကျီ၏ မျက်လုံးထဲတွင် ဝမ်းနည်းပူဆွေးမှုနှင့် လှောင်ပြောင်သရော်လိုမှုက ပေါ်ထွက်လာခဲ့လေသည်။
ဝမ်းနည်းပူဆွေးစရာ အကောင်းဆုံးအချက်မှာ ဆူဇီမိုသည် ဤမျှအထိ ကြောက်စရာကောင်းသော ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုနှင့်အတူ သေချာပေါက် သေဆုံးရပေတော့မည်။
လင်းရွှမ်ကျီအတွက်တော့ လှောင်ပြောင်သရော်စရာကောင်းသည့် အချက်မှာ ဆူဇီမိုကို သတ်ဖြတ်၍ သူ၏ကြီးထွားမှုကို ဖိနှိမ်ဖို့အတွက်နှင့် ပေါင်းစည်းခန္ဓာအဆင့်ထက် ကျော်လွန်သော ပညာရှင်တစ်ယောက်က သူ၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ မူလနတ္ထိတစ်ယောက်ကို အမှန်တကယ်ပင် တိုက်ခိုက်လာခဲ့ခြင်း ဖြစ်လေသည်။