← Chapters

တည်နေရာရွှေ့ပြောင်း အဆောင်အကြီး

Vol. 70 Ch. 1045

တည်နေရာရွှေ့ပြောင်း အဆောင်အကြီး

Vol. 70 Ch. 1045

လင်းရွှမ်ကျီ ခန့်မှန်းမိသည်ဆိုလျှင် ဆူဇီမိုကလည်း အဲဒါကို ခန့်မှန်းမိနိုင်လေသည်။

ထိုသူသည် တာအိုအမွေအနှစ်ကုန်းမြေ၏ အဟန့်အတားအလွှာကို ချိုးဖျက်ဝင်ရောက်လာနိုင်သည် ဆိုသောအချက်က တိုက်ခိုက်သူ၏ ကျင့်ကြံမှုသည် ပေါင်းစည်းခန္ဓာအဆင့်ထက် ကျော်လွန်နေပြီဟု ဆိုလိုလေသည်။

ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်..

မျိုးနွယ်စုခေါင်းဆောင်ဖြစ်စေ.. တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးဖြစ်စေ.. ထိုအဆင့်မှာရှိသော စွမ်းအားသည် မူလနတ္ထိတစ်ယောက် ခုခံရင်ဆိုင်နိုင်သော တစ်စုံတစ်ရာ သေချာပေါက် မဟုတ်ပေ။

သူတို့သည် တာအိုအမွေအနှစ်ကုန်းမြေမှာသာ မဟုတ်လျှင်.. ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်ထံမှ အကြည့်တစ်ချက်ကပင် မူလနတ္ထိတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် လုံလောက်လေသည်။

တကယ်တော့ ဆူဇီမိုသည် သီယင်းအပေါ် ဝိညာဉ်ရှာဖွေခြင်း ကျဆုံးသွားစဉ်ကတည်းက စိတ်ထဲမှာ မအီမသာ ခံစားနေရလေသည်။

ထို့ကြောင့်ပင် သူက ဖန်တီးခြင်းကြာပဒုမ္မာကို သူ၏လက်ထဲမှာ တစ်ချိန်လုံး ကိုင်ထားခြင်း ဖြစ်လေသည်။

သို့သော်လည်း ဖန်တီးခြင်းကြာပဒုမ္မာပင်လျှင် ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်၏ စွမ်းအားကို ခုခံနိုင်လိမ့်မည် မဟုတ်ဟု သူသိလေသည်။

အဆင့်ခြောက် ဖန်တီးခြင်းကြာပဒုမ္မာသည် မူလတာအိုအရှင် ဓမ္မလက်နက်တစ်ခုနှင့်သာ နှိုင်းယှဉ်နိုင်ပေလိမ့်မည်။ အဲဒါက ထိုအဆင့်နှင့် ရင်ဆိုင်နိုင်ဖို့ အဝေးကြီး လိုသေးလေသည်။

အဲဒါသည် ဆူဇီမိုက သူ့ရှေ့တွင် ရွှေအမြုတေတစ်ယောက် အသုံးပြုသော စိတ်ဝိညာဉ်လက်နက်ကို သူက အလွယ်တကူ ချိုးချေနိုင်သည့် ပုံစံမျိုးပင်။

ခွန်အားကွာဟချက်က အရမ်းကို ကြီးမားလေသည်။

ယခုအချိန်တွင် သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ ဤနေရာကနေ ထွက်ပြေးနိုင်ဖို့ပင်။

တည်နေရာရွှေ့ပြောင်း အဆောင်အကြီး..

အဲဒါကြောင့် ဆူဇီမိုသည် အန္တရာယ် ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည့် ခဏမှာပင် ဖန်တီးခြင်းကြာပဒုမ္မာကို ဆင့်ခေါ်ပြီး သူ၏ သိုလှောင်အိတ်ထဲရှိ တည်နေရာရွှေ့ပြောင်း အဆောင်အကြီးကို တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ဆုတ်ဖြဲလိုက်လေသည်။

ဘုန်းကြီးအိုက တည်နေရာရွှေ့ပြောင်း အဆောင်အကြီးကို သူ့အား ပေးထားခဲ့ခြင်း ဖြစ်လေသည်။

ဘုန်းကြီးအို ပြောပုံအရ.. သူသည် တည်နေရာရွှေ့ပြောင်း အဆောင်အကြီးကို ချိုးချေမည်ဆိုလျှင် အဲဒါက သူ့ကို နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေဆီသို့ ပို့ဆောင်ပေးနိုင်လေသည်။

သူက အချိန်မီ ထွက်ခွာနိုင်ပါ့မလားဆိုတာ ဆူဇီမို မသိပေ။

ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်၏ စွမ်းအားသည် တည်နေရာရွှေ့ပြောင်း အဆောင်အကြီး၏ သယ်ယူပို့ဆောင်ခြင်းဖြစ်စဉ်ကို နှောင့်ယှက်ဟန့်တားနိုင်မှာလားလည်း သူမသိပေ။

သူသိသည့် တစ်ခုတည်းသော အရာမှာ တည်နေရာရွှေ့ပြောင်း အဆောင်အကြီးကသာလျှင် သူအသက်ရှင်ဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးဖြစ်လေသည်။

တည်နေရာရွှေ့ပြောင်း အဆောင်အကြီးက ကြေမွသွားလေသည်။

ထူးဆန်းသော စွမ်းအားတစ်မျိုးက ပေါက်ကွဲထွက်ပေါ်လာပြီး လေဟာနယ်တစ်ခုလုံးက ပြင်းထန်စွာ တုန်ခါသွားလေသည်။

အဲဒီနောက်.. အလွန်ကြီးမားသည့် နက်မှောင်နေသော ဝဲကတော့တစ်ခုက ဆူဇီမို၏နောက်မှာ ပေါ်ထွက်လာခဲ့လေသည်။ အဲဒါက အရာရာတိုင်းကို ဝါးမျိုနိုင်သည့်အလား နက်ရှိုင်း၍ လျှို့ဝှက်ဆန်းကြယ်နေလေသည်။

ကြောက်စရာကောင်းသော စုပ်ယူအားတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ဆူဇီမို၏ခန္ဓာကိုယ်ကို အထဲသို့ ဆွဲသွင်းလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ဖန်တီးခြင်းကြာပဒုမ္မာက အပေါ်သို့ မြောက်တက်သွားပြီး ဖိချေကျဆင်းလာသော ဧရာမ လက်ဝါးကို ခုခံရင်ဆိုင်လိုက်လေသည်။

ဘုန်း..

ချက်ချင်းပင် လောကက ရပ်တန့်သွားသည့်အလား ထင်ရလေသည်။

တည်နေရာရွှေ့ပြောင်း အဆောင်အကြီးကနေ ဖြစ်ပေါ်လာသော အနက်ရောင် ဝဲကတော့ပင်လျှင် လည်ပတ်နေခြင်းကို ရပ်တန့်သွားရလေသည်။

တာအိုအမွေအနှစ်ကုန်းမြေရှိ ကျင့်ကြံသူတိုင်းသည် ပါးစပ်အဟောင်းသားဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်ရင်း သူတို့၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်လာကြလေသည်။

သူတို့၏ မျက်လုံးထဲတွင် ဖန်တီးခြင်းကြာပဒုမ္မာနှင့် ဧရာမ လက်ဝါးတစ်ဖက်ကိုသာလျှင် တွေ့မြင်ရတော့လေသည်။

ဖျောက်.. ဖျောက်.. ဖျောက်..

ထို့နောက် ချက်ချင်းဆိုသလို လူတိုင်း၏ အကြည့်အောက်မှာပင် တာအိုအမွေအနှစ်ကုန်းမြေမှာ စိုးမိုးခြယ်လှယ်ခဲ့သော အစိမ်းရောင်ကြာပန်းသည် ဧရာမ လက်ဝါး၏ ဖိနှိမ်မှုအောက်မှာ တစစီ ကျိုးကြေမွသွားပြီး ၎င်း၏ အရောင်အဝါက ပျက်ပြယ်သွားခဲ့လေသည်။

ဖန်တီးခြင်းကြာပဒုမ္မာသည် ဝမ်းနည်းပူဆွေးဖွယ်ရာ အော်ဟစ်လိုက်သည်ဟု ထင်ရလေသည်။

၎င်း၏ အစိမ်းရောင်ကြာရွက်များသည် ကြောက်စရာကောင်းသော စွမ်းအားကြောင့် စုတ်ပြဲသွားခဲ့လေသည်။

ကြာပွင့်ချပ်များသည် ဝမ်းနည်း‌ကြေကွဲဖွယ်ရာ ပုံစံဖြင့် တစ်ခုပြီးတစ်ခု ကြွေကျလာခဲ့လေသည်။

တာအိုအမွေအနှစ်ကုန်းမြေမှာ စိုးမိုးခြယ်လှယ်ခဲ့သော ဤအထွတ်အထိပ် ရတနာသည် ဧရာမ လက်ဝါး၏ ရက်ရက်စက်စက် ဖိနှိမ်ခြင်းကို ခံရပြီး ပျက်စီးသွားရလေသည်။

လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်နေကြလေသည်။

အရာရာတိုင်းက တစ်စုံတစ်ရာကို ကြိုတင်နိမိတ်ဖတ်ပြနေသည့်အလားပင်။

Toe Aung, [26/08/2024 20:09]

နံပါတ်တစ် ပြန်ဝင်စား မွန်းစတား၏ ကံကြမ္မာကို ယခုတင် ကြေမွပျက်စီးသွားသော ဖန်တီးခြင်းကြာပဒုမ္မာက နိမိတ်ဖတ်ပြနေသည့်အလားပင်။

ဖန်တီးခြင်းကြာပဒုမ္မာက ဖိနှိမ်ခံလိုက်ရလေပြီ။

ထိုလူက ဘယ်လိုလုပ် လွတ်မြောက်နိုင်ပါတော့မလဲ။

ကြေမွသွားသော ကြာရိုး၊ ကြာရွက်များနှင့် ပြောင်ချောနေသော ကြာခုံသည်လည်း အနက်ရောင်ဝဲကတော့ထဲသို့ စုပ်ယူသွင်းခြင်း ခံလိုက်ရလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာ၏ ခဏတဖြုတ် ဟန့်တားနှောင့်ယှက်မှုနှင့်အတူ ဆူဇီမိုသည် တည်နေရာရွှေ့ပြောင်း အဆောင်အကြီးကို ချိုးဖျက်ပြီး နက်မှောင်နေသော တည်နေရာရွှေ့ပြောင်းဥမင်ထဲသို့ ဝင်ရောက်သွားနိုင်ခဲ့လေသည်။

သေရေးရှင်ရေး အခြေအနေကို ဖြတ်ကျော်သွားနိုင်သည်ဟု ထင်ရလေသည်။

သို့သော်လည်း လက်ဝါး၏ပိုင်ရှင်သည် အဲဒါကို လုံးဝ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

“ထွက်ပြေးချင်နေသေးတာလား”

အေးစက်၍ မကောင်းဆိုးဝါးဆန်သော အသံတစ်သံက မိုးကောင်းကင်ထက်ကနေ ထွက်ပေါ်လာခဲ့လေသည်။

ဘုန်း..

ဧရာမ လက်ဝါးသည် အာကာသ၏ အချုပ်အနှောင် အဟန့်အတားကို ချိုးဖျက်ချင်သည့်အလား ရုတ်တရက် ဆင်းသက်လာခဲ့လေသည်။ ချက်ချင်းပင် အဲဒါက နက်မှောင်နေသော ဝဲကတော့ထဲသို့ ဝင်ရောက်သွားပြီး ထွက်ပြေးနေသော ဆူဇီမိုကို ဖမ်းဆွဲလိုက်လေသည်။

အဲဒါက ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်၏ စွမ်းအားနှင့် နည်းလမ်းများ ဖြစ်လေသည်။

သူက တည်နေရာရွှေ့ပြောင်း အဆောင်ကို အသက်သွင်းလိုက်သည် ဆိုလျှင်တောင် သူ့အနေဖြင့် ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်၏ လက်ကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ မဖြစ်နိုင်သေးပေ။

တည်နေရာရွှေ့ပြောင်းဥမင်ထဲတွင် ရောက်ရှိနေသော ဆူဇီမိုသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ ပျက်စီးမှုတွင် ဝမ်းနည်းကြေကွဲချိန်ပင် မရဘဲ ကျရောက်လာတော့မည့် ကပ်ဘေးကို နောက်တစ်ဖန် ရင်ဆိုင်လိုက်ရလေသည်။

အရာရာတိုင်းက အလွန်တရာ မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့လေသည်။

စဉ်းစားနေဖို့ အချိန်မရဘဲ ဆူဇီမိုသည် သူ၏ ညာဘက်လက်ကို အလိုလိုပင့်မြှောက်၍ သူ့ကိုယ်သူ ခုခံကာကွယ်လိုက်ရလေသည်။

ဘန်း..

လက်ဝါးနှစ်ဖက်က ထိတွေ့ရိုက်ခတ်သွားလေသည်။

ကြောက်စရာကောင်းသည့် အင်အားတစ်ခုက နတ်ဖီးနစ်အရိုးကို ရိုက်ခတ်လာခဲ့လေသည်။

“ဂီး..”

ရှင်းလင်းသော ဖီးနစ်အော်မြည်သံက တည်နေရာရွှေ့ပြောင်းဥမင်ထဲကနေ ထွက်ပေါ်လာပြီး အကန့်အသတ်မဲ့သော စွမ်းအားတစ်ခုနှင့်အတူ သတ္တုနှင့် ကျောက်သားများကို ထိုးဖောက်ကြေမွသွားစေလေသည်။

ထို့နောက် ချက်ချင်းပင် ဆူဇီမို၏ ညာဘက်လက်ထံမှ အလွန်တရာ ပူပြင်းသော အော်ရာတစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး သက်ရှိတိုင်းကို လောင်ကျွမ်းပြာချပစ်ချင်နေသည်ဟု ထင်ရလေသည်။

သူ၏ ညာဘက်လက်သည် လုံးဝ ပျောက်ကွယ်သွားပြီး ထိုနေရာတွင် ကြီးမား၍ သားရဲဆန်ဆန် လက်သည်းတစ်စုံက ထွက်ပေါ်လာခဲ့လေသည်။ အဲဒါက နီရဲ၍ ကမ္ဘာတုန်လောက်သော နတ်ဘုရားဆန်ဆန် မီးတောက်များဖြင့် တောက်လောင်နေလေသည်။

နတ်ဖီးနစ်အရိုး၏ စွမ်းအားသည် အသက်သွင်းခံလိုက်ရပြီး ၎င်း၏ အစစ်အမှန်ပုံစံ နတ်ဖီးနစ်လက်သည်းကို ထုတ်ဖော်ပြသလာခဲ့လေသည်။

နတ်ဖီးနစ်လက်သည်းသည် တောက်လောင်နေသော မီးတောက်များနှင့်အတူ ဆင်းသက်လာခဲ့လေသည်။ အဲဒါက နတ်ဘုရားဆန်ဆန် အော်ရာနှင့် ပြည့်နှက်နေပြီး ဘိုးဘေးအဆင့် ပညာရှင်၏ ဧရာမ လက်ဝါးနှင့် ထိတွေ့ရိုက်ခတ်လိုက်လေသည်။

ဘုန်း..

ဆူဇီမိုသည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား.. ပြင်းထန်စွာ တုန်ခါသွားခဲ့လေသည်။

နတ်ဖီးနစ်အရိုးသည် ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် ပျက်စီးထိခိုက်ခြင်း မရှိသော်လည်း ဆူဇီမိုသည် နတ်ဖီးနစ်အရိုးထဲကနေတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ကြွင်းကျန်ရစ်သည့် စွမ်းအားများကို ခုခံနိုင်ခြင်း မရှိပေ။

ဘာပဲပြောပြော.. ဆူဇီမို၏ အရိုးများက နတ်ဖီးနစ်အရိုးများ မဟုတ်ပေ။

ကြွင်းကျန်ရစ်သော စွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး သူ၏ အသွေးအသားများကို လုံးဝ ဖျက်ဆီးချေမွလိုက်လေသည်။

ဖျောက်.. ဖျောက်.. ဖျောက်..

ဖောင်း. ဖောင်း.. ဖောင်း..

သူ၏ အရိုးများ အားလုံးသည် တစ်လက်မအရွယ် အပိုင်းများအဖြစ် ကျိုးကြေကုန်လေသည်။ သူ၏ အသားများကလည်း စုတ်ပြဲပေါက်ထွက်ကုန်လေသည်။ သူသည် လုံးဝ ကျိုးကြေမွလုနီးပါး ဖြစ်သွားခဲ့လေသည်။

နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံလာခဲ့သော သူ၏ စွမ်းအားကြီးသော ခန္ဓာကိုယ်သည် ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်၏ ကြွင်းကျန်ရစ်သော စွမ်းအားများကြောင့် လုံးဝပျက်စီးသွားခဲ့လေပြီ။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အသက်ဓာတ် ကင်းမဲ့သွားသည်ဟု ထင်ရလေသည်။

ဒါ့အပြင်.. ဘိုးဘေးအဆင့် ပညာရှင်၏ စွမ်းအား ထက်ဝက်ကျော်ကို နတ်ဖီးနစ်အရိုးက ပိတ်ဆို့တားဆီးပေးခဲ့ခြင်းကြောင့်သာ ဖြစ်လေသည်။

နတ်ဖီးနစ်အရိုးကြောင့်သာ မဟုတ်လျှင် ဆူဇီမို၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က ချက်ချင်းပင် လုံးဝပျက်စီးသွားပြီး သူ၏ခန္ဓာကိုယ်သည် ကြီးမားသည့် ထိုလက်ဝါးအောက်မှာ ဖုန်မှုန့်များအဖြစ် ကြေမွသွားပေလိမ့်မည်။

သို့သော်လည်း ဤထိတွေ့ရိုက်ခတ်မှုသည် ဆူဇီမို၏ ခန္ဓာကိုယ်ကို အနက်ရောင် ဝဲကတော့ထဲသို့ လျင်မြန်စွာ လွင့်ကန်သွားစေပြီး သူက အမှောင်ထုထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့လေသည်။

ဧရာမ လက်ဝါးသည် နောက်တစ်ဖန် ဆင်းသက်၍ ဖမ်းဆုပ်လိုက်သော်လည်း မည်သည့်အရာကိုမှ မဖမ်းမိတော့ပေ။

Toe Aung, [26/08/2024 20:09]

ဘိုးဘေးအဆင့် ပညာရှင်က အေးစက်စွာဖြင့် နှာတစ်ချက်မှုတ်လိုက်လေသည်။

ဧရာမ လက်ဝါးသည် အနက်ရောင် ဝဲကတော့ထဲကနေ ပြန်ရုတ်ပြီး တာအိုအမွေအနှစ်ကုန်းမြေကနေ ဆုတ်ခွာသွားခဲ့လေသည်။

ထိုအခိုက်အတန့်မှသာလျှင်.. လေဟာနယ်ထဲရှိ ကြောက်စရာကောင်းသော စွမ်းအားက ဖြည်းဖြည်းချင်း ပျက်ပြယ်သွားခဲ့လေသည်။

အချိန်အတန်ကြာအောင် တိတ်ဆိတ်နေကြပြီးနောက်.. တာအိုအမွေအနှစ်ကုန်းမြေတစ်ခုလုံးက ဆူညံပွက်လောရိုက်သွားခဲ့လေသည်။

“ဘုရားရေ.. အထီးကျန်သိုင်းသခင်က သူ့ရဲ့တာအိုကို တည်ဆောက်ပြီးတော့ မည်ကာမတ္တ တပည့်တွေကို သတ်ဖြတ်ခဲ့တယ်.. အဲဒါက ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက် တိုက်ခိုက်လာအောင် ဆွဲဆောင်နိုင်ခဲ့တာပဲ”

“အဲဒါက မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်လား.. ဒါမှမဟုတ် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်လား.. ငါသိချင်လိုက်တာ”

“အဲဒါက သေချာပေါက် တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေးတစ်ယောက်ပဲ.. မဟာယာန မျိုးနွယ်စုခေါင်းဆောင်တွေက မဟာတာအိုနောက်ကို အသည်းအသန်လိုက်နေကြတာ.. သူတို့က ဒီလိုသေးငယ်တဲ့ ကိစ္စလေးတွေမှာ ဘာလို့ ပါဝင်ပတ်သက်မှာလဲ”

“ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်က မူလနတ္ထိ တာအိုသက်ရှိတစ်ယောက်ကို သတ်ဖြတ်ဖို့အတွက် သူ့ရဲ့ ဂုဏ်သိက္ခာကိုတောင် မငဲ့ကွက်ဘဲ တိုက်ခိုက်လာတယ်ဆိုတော့ တော်တော်စပ်ဆုပ်စရာကောင်းတာပဲ”

“အထီးကျန်သိုင်းသခင်ကတော့ ဒီနေ့ကစပြီး မရှိနိုင်တော့ဘူး”

လူအချို့က ညည်းတွားရေရွတ်နေကြပြီး အချို့က သက်ပြင်းချကြလေသည်။ အချို့က အူမြူးအားရနေပြီး အချို့က ယူကျုံးမရ ဝမ်းနည်းပက်လက် ဖြစ်နေကြလေသည်။

နတ်ဆိုးမကျိသည် မျက်ရည်များ စိုရွှဲနေပြီး တိတ်တဆိတ် ငိုရှိုက်နေလေသည်။

လင်းရွှမ်ကျီသည် ထိုမြင်ကွင်း၏ တုန်လှုပ်မှုကနေ ရုန်းမထွက်နိုင်သေးပုံရပြီး နေရာမှာတင် ငေးငေးငိုင်ငိုင် ရပ်နေလေသည်။

ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်လေသည်။

“တာအိုရောင်းရင်း စင်ကြယ်အပျိုစင်.. ညီအစ်ကိုဆူက အခုအချိန်ထိ မသေသေးပါဘူး.. အဲဒီမှာ သူ့အတွက် အခွင့်အရေးတစ်ခု ရှိလာဦးမှာပါ”

All Chapters