← Chapters

နဂါးအရိုးတောင်ကြားဆီသို့

Vol. 70 Ch. 1046

နဂါးအရိုးတောင်ကြားဆီသို့

Vol. 70 Ch. 1046

သိပ်မကြာမီ.. သတင်းများသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးသို့ တစ်ခုပြီးတစ်ခု ပျံ့နှံ့သွားပြီး ကြီးကြီးမားမား လှိုင်းဂယက်များကို ဖြစ်ပေါ်လာစေခဲ့လေသည်။

“ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်က တိုက်ခိုက်ခဲ့တယ်တဲ့”

“ဘယ်ဂိုဏ်းကလဲ.. “

“ငါလည်း မသိဘူး.. အဲဒါက ကစဉ့်ကလျားအမြုတေဂိုဏ်း ဖြစ်ဖို့တော့များတယ်”

“ဖန်တီးခြင်းကြာပဒုမ္မာနဲ့ အထီးကျန်သိုင်းသခင်ရဲ့ ခန္ဓာကိုယ်က ပျက်စီးသွားခဲ့ပြီ.. သူက တည်နေရာရွှေ့ပြောင်း အဆောင်အကြီးနဲ့ ပို့ဆောင်ခြင်း ခံလိုက်ရတယ်.. သူက ဘယ်ကိုရောက်သွားလဲ.. အသက်ရှင်သေးလား.. သေသွားပြီလားဆိုတာကိုတော့ ငါတို့လည်း မသိရဘူး”

“အရှည်ဆုံး သစ်ပင်က အရင်ခုတ်ခံရမှာပဲ.. အထီးကျန်သိုင်းသခင်က ထက်ရှလွန်းတဲ့အတွက် ဒီလိုကပ်ဆိုးမျိုးနဲ့ ရင်ဆိုင်ရဖို့ ကံပါလာခဲ့တာပဲ”

လွန်ခဲ့သည့် နှစ်တစ်သောင်းက မဟာချွမ်အင်ပါယာကပ်ဘေး ပြီးကတည်းက ကျင့်ကြံရေးလောကတွင် ဘိုးဘေးအဆင့် ပညာရှင်များက ထွက်ပေါ်မလာသလောက်နီးပါးပင်။

သို့သော်လည်း ဒီတစ်ခေါက်တွင် အထီးကျန်သိုင်းသခင်သည် သူ၏ တာအိုနှလုံးသားကို တည်ဆောက်ပြီး မည်ကာမတ္တ တပည့်များစွာကို သတ်ဖြတ်ခဲ့လေသည်။ ထိုဖြစ်ရပ်က ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်ကိုပင် လှုပ်ရှားမှု ပြုလာစေခဲ့လေသည်။

ဤသတင်းသည် လှိုင်းဂယက်များစွာကို ဖြစ်ပေါ်စေသော ကျောက်တုံးတစ်တုံးကဲ့သို့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးကို ကြီးမားစွာ ရိုက်ခတ်လာလေခဲ့လေသည်။

သိပ်မကြာမီ.. အင်မော်တယ် ၉ဂိုဏ်း၊ မိစ္ဆာဂိုဏ်း ၇ဂိုဏ်းနှင့် ဗုဒ္ဓကျောင်းတော် ၆ကျောင်းတို့ကဲ့သို့သော ထိပ်သီးဂိုဏ်းကြီးများသည် တိုက်ခိုက်လိုက်သူက ကစဉ့်ကလျားအမြုတေဂိုဏ်းမှ သီဖန်းဖြစ်သည်ဆိုတာကို သိရှိသွားကြလေသည်။

တစ်ပိုင်း-မျိုးနွယ်စုဘိုးဘေး ပညာရှင်တစ်ယောက်..

အလယ်ပိုင်းတိုက်၊ ကစဉ့်ကလျားအမြုတေဂိုဏ်းတွင်..

သီဖန်းသည် သူ၏လက်ဝါးကို ဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်လေသည်။ သူ၏ အမူအရာက သုန်မှုန်နေပြီး သူ၏အကြည့်က တဖျပ်ဖျပ် လက်နေလေသည်။ သူက ဝမ်းသာနေတာလား.. စိတ်ဆိုးနေတာလား.. မည်သူကမှ မပြောနိုင်ပေ။

“အကြီးအကဲသီ.. အဲဒီကောင်လေးက သေသွားပြီလား”

ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ဂိုဏ်းချုပ်က ဂရုတစိုက် မေးလိုက်လေသည်။

သီဖန်းက အမူအရာ ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်လေသည်။

“မသေသေးဘူး.. သူ့ရဲ့ခန္ဓာကိုယ်နဲ့ ဖန်တီးခြင်းကြာပဒုမ္မာကတော့ ငါ့လက်ချက်နဲ့ ပျက်စီးသွားပြီ.. ဒါပေမဲ့လို့ သူက တည်နေရာရွှေ့ပြောင်း အဆောင်အကြီးနဲ့ ထွက်ပြေးသွားနိုင်ခဲ့တယ်”

“ဒီကောင်လေးမှာ ဘာလို့ တည်နေရာရွှေ့ပြောင်း အဆောင်အကြီးလို ရတနာမျိုး ရှိနေရတာလဲ”

သီဖန်း၏ လေသံက မကောင်းဆိုးဝါးဆန်နေလေသည်။

သူသည် ဆူဇီမိုကို ချက်ချင်းလက်ငင်း မသတ်ဖြတ်နိုင်သည့်အတွက် ဒေါသထွက်နေဆဲ ဖြစ်လေသည်။

“တည်နေရာရွှေ့ပြောင်း အဆောင်အကြီးရဲ့ ပို့ဆောင်ပေးတဲ့ နေရာက တိကျမှုရှိတယ်”

ကစဉ့်ကလျားအမြုတေဂိုဏ်း၏ ဂိုဏ်းချုပ်သည် အသံကိုနှိမ့်၍ ပြောလိုက်လေသည်။

“သီယင်းဆီက ကျုပ်ကြားခဲ့ရတာတော့.. သူက အထီးကျန်သိုင်းသခင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့နေရာက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေလို့ ပြောတယ်”

“အို… နဂါးသင်္ချိုင်းတောင်ကြားလား..”

သီဖန်းက သူ၏မျက်ခုံးကို ပင့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“အရင်မျိုးနွယ်စု ခေါင်းဆောင်ဟောင်းဆီက ငါကြားတာတော့ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ဘုန်းကြီးအိုတစ်ပါး ရှိသေးတဲ့ပုံပဲ.. သူက အသက်ရှင်နေသေးတာလားတော့ မသိဘူး”

“ဒါပေမဲ့လို့ ငါ့ရဲ့ တွက်ချက်မှုအရဆိုရင် နှစ်တစ်သောင်းက ကုန်ဆုံးသွားခဲ့ပြီ.. အဲဒီ ဘုန်းကြီးအိုက ဘဝသက်တမ်း များများစားစား မကျန်ရှိနိုင်တော့ဘူး.. သူ့ရဲ့အချိန်က မကြာခင် စေ့တော့မှာပဲ”

မျိုးနွယ်စုခေါင်းဆောင်ဟောင်းဆိုသော စကားလုံးကို ကြားရချိန်တွင် ကစဉ့်ကလျားအမြုတေဂိုဏ်းမှ ဂိုဏ်းချုပ်၏ အမူအရာက အေးစက်တောင့်တင်းသွားလေသည်။ သူ၏မျက်လုံးထဲတွင် ကြည်ညိုလေးစားသည့် အရိပ်အယောင်က ပေါ်ထွက်လာခဲ့လေသည်။

သီဖန်း ရည်ညွန်းပြောဆိုသည့် မျိုးနွယ်စုခေါင်းဆောင်ဟောင်းဆိုသည်မှာ သီကလန်၏ တစ်ယောက်တည်းသော မဟာယာန မျိုးနွယ်စုခေါင်းဆောင်တစ်ယောက် ဖြစ်လေသည်။ သူ၏ ဝါစဉ်က သီဖန်းထက်ပင် ပို၍ မြင့်မားလေသည်။

လွန်ခဲ့သည့် နှစ်တစ်သောင်းက မဟာချွမ်ကပ်ဘေးအတွင်း.. ဘိုးဘေးအဆင့် နတ်ဆိုးနဂါးတစ်ကောင် သတ်ဖြတ်ခံခဲ့ရသည့် အကြောင်းရင်းမှာ သီကလန်၏ ဤမျိုးနွယ်စုခေါင်းဆောင်က တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်လေသည်။

သီဖန်းနှင့် သီယင်းသည် သီကလန် မျိုးနွယ်စုခေါင်းဆောင်၏ မျိုးဆက်များဟု ဆိုနိုင်လေသည်။

သို့သော်လည်း သီကလန်၏ မျိုးနွယ်စုခေါင်းဆောင်သည် ယခုအချိန်တွင် ကစဉ့်ကလျားအမြုတေဂိုဏ်းမှာ ရှိမနေပေ။

သီဖန်းသည် သူ၏လက်ကို ကာပြပြီး အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“အထီးကျန်သိုင်းသခင်က နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ရှိနေတယ်ဆိုတဲ့ သတင်းကို လွှင့်လိုက်.. ပြီးရင် ကောင်းကင်စင်ရော်ဂိုဏ်း၊ မိုးကြိုးလေပြေနန်းတော်နဲ့ အခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး နဂါးသင်္ချိုင်းတောင်ကြားဆီကို သွားပြီး တိုက်ခိုက်ကြရမယ်”

Toe Aung, [26/08/2024 20:31]

ကစဉ့်ကလျားအမြုတေဂိုဏ်းချုပ်သည် မျက်မှောင် အနည်းငယ်ကြုတ်၍ တွန့်ဆုတ် တွန့်ဆုတ်ဖြင့် ပြောလိုက်လေသည်။

“အကြီးအကဲသီ.. အဲဒီဘုန်းကြီးအိုက အသက်ရှင်နေဆဲဆိုရင်.. ဘာပဲပြောပြော သူက မဟာယာနအဆင့် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ပဲ”

“ဘာမှ ပူမနေနဲ့”

သီဖန်းက လှောင်ရယ်လိုက်လေသည်။

“အားနည်းတဲ့ သွေးချီနဲ့ လောကကနေ မကြာခင် ထွက်ခွာရတော့မယ့် မဟာယာနအဆင့် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က ခွန်အား ဘယ်လောက်များများ ကျန်ရှိဦးမှာလဲ.. သူက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်ချင်မှ ခုခံနိုင်တော့မှာ”

“တာမင်းနဲ့ ဖန်ဟွမ်းကျောင်းတော်ကလည်း ပျက်စီးသွားခဲ့ပြီ.. ဘဝသက်တမ်း ကုန်ဆုံးတော့မယ့်ဆဲဆဲ ဘုန်းကြီးအိုတစ်ပါးက ထိပ်သီးဂိုဏ်းကြီး ရှစ်ဂိုဏ်းရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်နိုင်မယ်လို့တော့ ငါမထင်ဘူး”

ခဏမျှ ရပ်တန့်ပြီးနောက်.. သီဖန်း၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် တောက်ပလာပြီး အေးစက်စွာ ပြောလိုက်လေသည်။

“အလွန်ဆုံးရှိစ.. ငါက နောက်တစ်ခေါက် ထပ်ပြီး တိုက်ခိုက်ရရုံပေါ့”

အလယ်ပိုင်းတိုက်၊ အသွန်းတစ်ရာဂိုဏ်းတွင်..

အသွန်းတစ်ရာဂိုဏ်းမှ လူတိုင်းသည် ထိပ်သီးဂိုဏ်းကြီး ရှစ်ဂိုဏ်း ဝန်းရံတိုက်ခိုက်လာလျှင် မည်သို့မည်ပုံ ကိုင်တွယ်ရမလဲ တွေးတောကာ ပူပန်သောက များနေကြစဉ်မှာပင် ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက် တိုက်ခိုက်လိုက်သည်ဆိုသော သတင်းက ပျံနှံ့လာခဲ့လေသည်။

လူတိုင်းက တုန်လှုပ်သွားရလေသည်။

အဆူရာ ယန်ပေးချန်ထံမှ သတ်ဖြတ်လိုစိတ်သည် ပေါက်ကွဲထွက်ပေါ်လာပြီး အဲဒါက အစိုင်အခဲ ဖွဲ့လုနီးပါးပင်။ သူ၏ အကြည့်က အလောင်းတောင်တန်းနှင့် သွေးပင်လယ်ကို ဖြစ်ပေါ်လာစေသည့်အလား မကောင်းဆိုးဝါးဆန်လာလေသည်။

သူသည် ဖြစ်နိုင်ခြေ အားလုံးကို တွက်ဆခဲ့ပြီး အဆိုးဆုံးအနေဖြင့် သူသည် ဆူဇီမိုနှင့်အတူ ရေဆုံးမြေဆုံး ထွက်ပြေးဖို့အထိပင် ပြင်ဆင်ထားလေသည်။

သို့သော်လည်း ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်က တိုက်ခိုက်လာလိမ့်မည်ဟု သူက လုံးဝ ထင်မှတ်မထားခဲ့ပေ။

အဲဒါသည် အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်က မွေးကင်းစ ကလေးတစ်ယောက်ကို သတ်ဖြတ်ခြင်းနှင့် တူနေလေသည်။

မူလနတ္ထိအဆင့်နှင့် ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်အကြား ကွာဟချက်သည် မွေးကင်းစ ကလေးတစ်ယောက်နှင့် သန်မာသော ယောက်ျားတစ်ယောက်၏ ခွန်အား ကွာဟချက်ထက်ပင် ပို၍ ကြီးမားနေလေသည်။

“ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက်ကတောင် မူလနတ္ထိတစ်ယောက်ကို တိုက်ခိုက်လာတယ်ဆိုတော့.. ကစဉ့်ကလျားအမြုတေဂိုဏ်းက လက်စားချေဖို့အတွက်နဲ့ တော်တော်ကို အရှက်မဲ့တာပဲ”

အကြီးအကဲကူက မုန်းတီးစွာဖြင့် ပြောလိုက်လေသည်။

အကြီးအကဲကောက ခေါင်းခါလိုက်လေသည်။

“အဲဒါက လက်စားချေဖို့အတွက်ပဲ မဟုတ်မှာကို ငါစိုးမိတယ်”

ရှန်ကွမ်ကျီကလည်း ဝင်ပြောလိုက်လေသည်။

“သူက မည်ကာမတ္တ တပည့်ရှစ်ယောက်ရဲ့ အလောင်းကို နင်းဖြတ်ပြီးတော့ သူ့ရဲ့ တာအိုနှလုံးသားကို တည်ဆောက်ခဲ့တယ်.. အဲ့သလို ပြန်ဝင်စား မွန်းစတားမျိုးက ကြီးထွားလာတာနဲ့ ကစဉ့်ကလျားအမြုတေဂိုဏ်းအတွက် ကပ်ဆိုးတစ်ခု ဖြစ်လာမှာပဲ”

“အဲဒီ ဘိုးဘေးအဆင့် ပညာရှင် တိုက်ခိုက်ရတဲ့ တကယ့်အစစ်အမှန် ရည်ရွယ်ချက်က.. ဆူဇီမိုလို ပြန်ဝင်စား မွန်းစတားကို သူက တစ်ခါတည်း အပြီးသတ် ချေမှုန်းချင်နေတာပဲ”

တာအိုအရှင်အဆုံးစွန်မီးက ဘေးကနေ တိတ်တဆိတ် မတ်တတ်ရပ်နေပြီး အတွေးနက်၍ မျက်မှောင်ကြုတ်နေလေသည်။

“အဆုံးစွန်မီး.. နင် အဲ့လောက်လည်း စိုးရိမ်မနေပါနဲ့”

ရှန်ကွမ်ကျီက နူးညံ့စွာ ပြောလိုက်လေသည်။

“လက်ရှိ သတင်းအရဆိုရင် ဆူဇီမိုက အဝေးကို ပို့ဆောင်ခံလိုက်ရပြီ.. သူက သေသလား ရှင်သလား.. ငါတို့ မသိရသေးဘူးဆိုပေမဲ့လို့ မျှော်လင့်ချက်တော့ ရှိပါသေးတယ်”

အဲဒါက နှစ်သိမ့်ခြင်းမျှသာဖြစ်ကြောင်း လူတိုင်း သိထားလေသည်။

ဘိုးဘေးအဆင့် ပညာရှင်တစ်ယောက် တိုက်ခိုက်လိုက်ခြင်းနှင့်အတူ ဖန်တီးခြင်းကြာပဒုမ္မာနှင့် သူ၏ခန္ဓာကိုယ်က ပျက်စီးကြေမွသွားခဲ့လေသည်။ သူက အသက်ရှင်နိုင်ခဲ့မည်ဆိုလျှင်တောင် အရင်ကလို ပြန်ဝင်စား မွန်းစတားတစ်ယောက်အဖြစ် ပြန်လည်ပေါ်ထွက်လာနိုင်မည် မဟုတ်တော့ပေ။

ရှန်ကွမ်ကျီက ညင်သာစွာ သက်ပြင်းချ၍ ပြောလိုက်လေသည်။

“အဲဒီကောင်လေးက ဘယ်နေရာကို ပို့ဆောင်ခံလိုက်ရသလဲ ငါသိချင်လိုက်တာ”

“ငါ သိတယ်”

ထိုစဉ်မှာပင် အဆုံးစွန်မီးက ပြောလိုက်လေသည်။

“အား.. “

လူတိုင်းက အံ့အားသင့် မှင်တက်သွားကြလေသည်။

ဆူဇီမိုသည် တည်နေရာရွှေ့ပြောင်း အဆောင်အကြီးကို ဆုတ်ဖြဲ၍ ထွက်ပြေးလွတ်မြောက်သွားသည်ကို ကြားရပြီးနောက် အဆုံးစွန်မီး၏ အမူအရာက ပြေလျော့သွားပုံရသည်ကို ရှန်ကွမ်ကျီက ဝိုးတဝါး ခံစားမိနိုင်လေသည်။

အဆုံးစွန်မီးက ပြောလိုက်လေသည်။

“ဇီမိုက နဂါးသင်္ချိုင်းတောင်ကြားကို ရောက်သွားတာ ဖြစ်လောက်တယ်”

“နဂါးသင်္ချိုင်းတောင်ကြားလား.. “

“ကျုပ်ကြားတာတော့ လွန်ခဲ့တဲ့ နှစ်တစ်သောင်းက နဂါးသင်္ချိုင်းတောင်ကြားမှာ နတ်ဆိုးနဂါးတစ်ကောင်ကို မြုပ်နှံခဲ့တယ်လို့ ပြောတယ်.. အဲဒါက မျိုးနွယ်စုခေါင်းဆောင်တွေ ကျဆုံးပြီး ဧကရာဇ်တွေတောင် သွေးမြေခခဲ့ရတဲ့ နတ်ကြီးတဲ့ နေရာတစ်ခုပဲ.. သူက ဘာဖြစ်လို့ အဲဒီကို သွားရတာလဲ”

လူတိုင်းက အလောတကြီး မေးလိုက်ကြလေသည်။

Toe Aung, [26/08/2024 20:31]

အဆုံးစွန်မီးက ရှင်းမပြရသေးခင်မှာပင် စိတ်ဝိညာဉ်ကြိုးကြာတစ်ကောင်က အပြင်ဘက်ကနေ ပျံသန်းလာလေသည်။

စိတ်ဝိညာဉ်ကြိုးကြာသည် အင်မော်တယ်အော်ရာဖြင့် ပြည့်နှက်နေပြီး တကယ့်ကို အစစ်အမှန်ပုံစံပေါက်နေလေသည်။ ၎င်းက အလွန်တရာ ပေါ့ပါးဖျတ်လတ်လေသည်။ ၎င်းသည် ရှန်ကွမ်ကျီ၏ ရှေ့သို့ ရောက်ရှိလာပြီးနောက် ရုတ်တရက် စက္ကူကြိုးကြာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူမ၏ လက်ဝါးပေါ်မှာ လွင့်မျောနေလေသည်။

အဲဒီမှာ ကျင့်ကြံရေးလောက၏ နောက်ထပ် သတင်းကြီးတစ်ခု ပါလာခဲ့လေသည်။

လူတိုင်းက သိချင်စိတ် ပြင်းပြသွားကြလေသည်။

ရှန်ကွမ်ကျီသည် စိတ်ဝိညာဉ်ကြိုးကြာကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်လေသည်။ အဲဒီနောက် သူမ၏ အမူအရာက တဖြည်းဖြည်း ပြောင်းလဲလာခဲ့လေသည်။

“အဲဒါ ဘာလဲ”

ဆူဇီမိုကို စိုးရိမ်ပူပန်နေပြီး ယန်ပေးချန်က အရင်ဆုံးစ၍ မေးလိုက်လေသည်။

ရှန်ကွမ်ကျီ၏ အမူအရာသည် သုန်မှုန်နေပြီး သူက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“အဆုံးစွန်မီး ပြောတာ အမှန်ပဲ.. ဇီမိုက နဂါးသင်္ချိုင်းတောင်ကြားကို ပို့ဆောင်ခံလိုက်ရတာ.. ဒါပေမဲ့လို့ ဘာကြောင့်ရယ်တော့ မသိရဘူး.. အဲဒီသတင်းက အခုဆို ကျင့်ကြံရေးလောကမှာ ပျံနှံ့သွားခဲ့ပြီ”

“အား.. “

လူတိုင်းက အံ့အားတသင့် ရေရွတ်လိုက်ကြလေသည်။

ဤသတင်းသာ ပျံ့နှံ့သွားမည်ဆိုလျှင် နောက်ဆက်တွဲ အကျိုးရလဒ်များကို လက်ရှိကျင့်ကြံသူတိုင်းက အလျင်အမြန် တွေးမိလိုက်ကြလေသည်။

ရှန်ကွမ်ကျီက ဆက်ပြောလိုက်လေသည်။

“စိတ်ဝိညာဉ်ကြိုးကြာထဲမှာ ပြောထားတာကတော့ အင်မော်တယ်ဂိုဏ်း ငါးဂိုဏ်းဖြစ်တဲ့ ကောင်းကင်စင်ရော်ဂိုဏ်း၊ ကစဉ့်ကလျားအမြုတေဂိုဏ်း၊ မိုးကြိုးလေပြေနန်းတော်၊ ဓားဂိုဏ်းနဲ့ ဖန်သားနန်းတော်.. ပြီးရင် မိစ္ဆာဂိုဏ်းနှစ်ဂိုဏ်းဖြစ်တဲ့ လျှို့ဝှက်မရဏဂိုဏ်းနဲ့ ဆိုးယုတ်မြေကမ္ဘာဂိုဏ်း.. ပြီးရင် ဗုဒ္ဓဂိုဏ်းတွေက ပုံသဏ္ဌာန်မဲ့ကျောင်းတော်နဲ့ မိစ္ဆာဒိဌိဝါဒီတွေထဲက အဆိပ်ဂိုဏ်းတို့က သူတို့ရဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အားလုံးကို မြောက်ပိုင်းဒေသရဲ့ နဂါးသင်္ချိုင်းတောင်ကြားဆီ စေလွှတ်လိုက်ကြပြီ”

လူတိုင်း မျှော်လင့်ထားသည့် ဂိုဏ်းကြီး ရှစ်ဂိုဏ်းအပြင် ဓားဂိုဏ်းကပါ ပါဝင်ပတ်သက်လာခဲ့လေသည်။

အဲဒါက ဂိုဏ်းကြီး ကိုးဂိုဏ်း၏ လှုပ်ရှားမှုဖြစ်လေသည်။

လူတိုင်း၏ အမူအရာက အလွန်တရာ ပျက်ယွင်းလာကြလေသည်။

ဆူဇီမိုက သွားရှာပြီဆိုတာကို သူတို့အားလုံး သိလိုက်ကြလေသည်။

အကြီးအကဲကောက သက်ပြင်းချလိုက်လေသည်။

“ဒီလောက်များပြားတဲ့ ထိပ်သီးဂိုဏ်းကြီးတွေက မူလနတ္ထိတစ်ယောက်အတွက်နဲ့ ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေကိုပါ ပူးပေါင်းတိုက်ခိုက်စေတယ်ဆိုတော့.. အဲဒါက သူတို့က သူ့ကို တကယ်ပဲ မသေမချင်း တိုက်ခိုက်ချင်နေတာပဲ”

မည်သည့်စကားမှ မဆိုတော့ဘဲ ယန်ပေးချန်က လှည့်ထွက်လိုက်လေသည်။

“မင်း ဘယ်သွားမလို့လဲ”

အဆုံးစွန်မီးက ရှေ့သို့ထွက်လာပြီး သူ့ကို တားဆီးလိုက်လေသည်။

“နဂါးသင်္ချိုင်းတောင်ကြားပေါ့”

ယန်ပေးချန်၏ အသံက အေးစက်နေလေသည်။

အဆုံးစွန်မီးက ခေါင်းခါပြလိုက်လေသည်။

“မင်းက အခုနေ သွားမယ်ဆိုရင် အဲဒီကို အချိန်မီရောက်မှာ မဟုတ်ဘူး.. ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ အမြန်နှုန်းက မင်းထက် အများကြီး ပိုမြန်တယ်.. သူတို့က အလယ်ပိုင်းတိုက်ကနေ မြောက်ပိုင်းဒေသကို သွားဖို့ နှစ်ရက်သုံးရက်ပဲ ကြာလိမ့်မယ်”

“နောက်ပြီး မင်းက ဒဏ်ရာရထားသေးတယ်.. မင်းက အဲဒီကို သွားပြီး အသေခံမလို့လား”

“အဲဒါဆိုရင် ငါတို့က ဘာလုပ်ရမှာလဲ.. ဒီတိုင်းပဲ စောင့်နေရမှာလား”

ယန်ပေးချန်က သူ၏လက်သီးကို တင်းတင်းဆုပ်လိုက်လေသည်။

အဆုံးစွန်မီးက ထူးဆန်းသော အမူအရာတစ်ခု ရှိနေပြီး သူက တီးတိုးပြောဆိုလိုက်လေသည်။

“သတင်းလေး ဘာလေး စောင့်နားထောင်ကြတာပေါ့.. ဇီမိုသာ နဂါးသင်္ချိုင်းတောင်ကြားကို ရောက်သွားတာဆိုရင် ငါက သူ့အတွက် စိုးရိမ်မနေတော့ဘူး”

All Chapters