← Chapters

ငါ့ရဲ့ သား

Vol. 70 Ch. 1049

ငါ့ရဲ့ သား

Vol. 70 Ch. 1049

“ဇီမို.. နောက်ပြီးကျရင် မင်းဘာတွေ ယူသွားမလဲဆိုတာကို သေချာစဉ်းစားထား”

ဘုန်းကြီးအိုက ပြောလိုက်လေသည်။

“နဂါးအရိုးတောင်ကြားက ကမ္ဘာဦးနဂါးမျိုးနွယ်တွေ နေထိုင်တဲ့ နေရာတစ်ခုပဲ.. မင်းရဲ့ မျိုးဆက်သွေးက မသန့်စင်တဲ့အတွက် အဲဒီကိုရောက်ရင် မင်းက သေချာပေါက် ဝိုင်းပြီးတော့ အကြဉ်ခံရလိမ့်မယ်.. မင်းက အဲဒီမှာ အဆင်မပြေမှာကို ငါစိုးရိမ်မိတယ်”

တကယ်ပဲ ဆူဇီမို၏ ခန္ဓာကိုယ်တွင် သန့်စင်သော မျိုးဆက်သွေး မရှိပေ။

သို့သော်လည်း သူ၏ မျိုးဆက်သွေးသည် အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံခြင်းမှ ဆင်းသက်လာခြင်းဖြစ်ပြီး ယခုအခါ မီးပဒေသာ နဂါးမျိုးနွယ်၏ သွေးဖြင့် ပေါင်းစပ်သွားခဲ့လေပြီ။ အဲဒါက သန့်စင်သော မီးပဒေသာ နဂါးမျိုးဆက်သွေးထက်ပင် ပို၍ ကြောက်စရာကောင်းနေလေသည်။

“မင်း အဲ့လောက်လည်း စိုးရိမ်နေစရာ မလိုပါဘူး.. ဘယ်နေရာပဲရောက်ရောက် ခွန်အားကသာ အရာရာပါပဲ”

မွေးနီတစ္ဆေက ပြောလိုက်လေသည်။

“ပိုသန်မာတဲ့သူ ဘယ်သူပဲဖြစ်ဖြစ်.. နောက်ဆုံးမှာ စကားပြောနိုင်တာပဲ.. မင်းက နဂါးမျိုးနွယ်က အဲဒီကောင်စုတ်လေးတွေကို အညံ့ခံလာအောင် လုပ်နိုင်မယ်ဆိုရင် မင်းက သူတို့ရဲ့ အသိအမှတ်ပြုမှုကို ရရှိလာလိမ့်မယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။

သူ့တွင် ရတနာများစွာရှိပြီး သူ၏ အမြုတေစိတ်ဝိညာဉ်နှစ်ခုက သီးခြားခွဲ၍ ကျင့်ကြံရပေတော့မည်။ သူသည် ​သေချာဂရုစိုက်၍ သူ၏ပစ္စည်းများကို ခွဲဝေရပေတော့မည်။

စတုရန်းကြေးမီးဖိုသည် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်၏ မူပိုင်ဓမ္မလက်နက်ဖြစ်သည့်အတွက် သူနှင့်အတူ သေချာပေါက် ယူသွားရပေလိမ့်မည်။

မီးပဒေသာကျောက်တုံးသည်လည်း သူ၏ခန္ဓာကိုယ်ထဲတွင် ရှိသည့်အတွက် သူက အဲဒါကို သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်နှင့်အတူ နဂါးအရိုးတောင်ကြားသို့ ပို့ဆောင်ရပေမည်။

တကယ်တော့ နဂါးအရိုးတောင်ကြားတွင် သူ မှီခိုအားအထားရဆုံးမှာ သူ၏ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးပင် ဖြစ်လေသည်။

နဂါးမျိုးနွယ်၏ အစစ်အမှန်ခန္ဓာကိုယ်ကို မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်အတိုင်း ဆက်၍ ကျင့်ကြံရပေမည်။

အတိအကျပြောရလျှင်.. နဂါးမျိုးနွယ်၏ အစစ်အမှန်ခန္ဓာကိုယ်သည် ဆူဇီမိုအတွက် တဲရွဲ့ ရွေးချယ်ခဲ့ပေးသော တာအိုတစ်ခုဖြစ်ပြီး သူက ခရီးဆုံးသည်အထိ အဲဒါကို ဆက်လက်ကျင့်ကြံရပေမည်။

သူ၏ အနက်ရောင်ဆံပင် အမြုတေစိတ်ဝိညာဉ်အတွက်တော့ သူ၏ ခန္ဓာကိုယ်တစ်ခုကို ပြန်လည်တည်ဆောက်ပြီးနောက်.. လူသားမျိုးနွယ်၏ အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများကို ပေါင်းစည်း၍ တာအိုအသစ်တစ်ခုကို ဖြစ်တည်လာစေပေလိမ့်မည်။

သို့သော်လည်း အဲဒါက သူ၏ တာအို မဟုတ်ပေ။

ဆူဇီမိုသည် သူ့ကိုယ်ပိုင်တာအိုတစ်ခုကို တည်ဆောက်ရပေမည်။

သိပ်မကြာမီ.. စွမ်းအားကြီးမားသော နဂါးဟိန်းသံတစ်သံသည် နဂါးအရိုးတောင်ကြားထက်မှာ ထွက်ပေါ်လာပြီး သက်ရှိအားလုံးကို အညံ့ခံစေနိုင်သော စွမ်းအားတစ်ခုနှင့်အတူ လောကကို ကိုင်လှုပ်လိုက်လေသည်။

မွေးနီတစ္ဆေက သူ၏ပါးစပ်ကို ဖွင့်ဟပြီး ကျယ်လောင်သော နဂါးဟိန်းဟောက်သံကို ပြန်လည်ထုတ်ဖော်လိုက်လေသည်။

အဲဒီနောက် ချက်ချင်းပင် မီးတောက်နီရောင်ကြေးခွံများဖြင့် ဖုံးအုပ်၍ ဦးချိုနှစ်ချောင်းရှိသော နတ်နဂါးတစ်ကောင်သည် ရှေးဟောင်းဘုရားကျောင်းအို၏ အထက်သို့ ဆင်းသက်လာခဲ့လေသည်။

နတ်နဂါး၏ အကြည့်သည် မီးမောင်းတစ်ခုကဲ့သို့ သူ၏အောက်ဘက် နေရာဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေလေသည်။ သူ၏ မေးအောက်တွင် နီရဲနေသော မုတ်ဆိတ်များရှိပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို မီးတောက်များ ​လောင်ကျွမ်းနေသည့်အလား လွှမ်းမိုးခြယ်လှယ်နိုင်သော စွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေလေသည်။

နတ်နဂါး၏ ဘေးပတ်လည်တွင် လေပွေမုန်တိုင်းများက ဖြစ်ပေါ်နေ​ပြီး လေဟာနယ်ကို တုန်ခါနေစေလေသည်။

ဘုန်းကြီးအိုက မျက်မှောင်ကြုတ်လိုက်လေသည်။

ဤနေရာသည် လွန်ခဲ့သည့် နှစ်တစ်သောင်းက များစွာသော ပညာရှင်များ အနားယူလှဲလျောင်းရာ နေရာဖြစ်လေသည်။ ဤကဲ့သို့ နှောင့်ယှက်ခံရသည့်အတွက် သူက စိတ်ထဲမှာ မကျေမနပ်ဖြစ်နေလေသည်။

ရွှစ်..

သုဿာန်ထဲကနေ သံချေးတက်နေသော ချိန်းကြိုးတစ်ချောင်းသည် အလွန်တရာ မြန်ဆန်စွာ ထွက်ပေါ်လာပြီး ချက်ချင်းပင် ရောက်ရှိလာခဲ့လေသည်။

လေထဲတွင် ရှိနေသော နတ်နဂါးပင်လျှင် အဲဒါကို အချိန်မီ မတုံ့ပြန်နိုင်ဘဲ ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရလေသည်။

“မင်းရဲ့ လူသားသွင်ပြင်ကို ပြောင်းပြီး အောက်ကို ဆင်းလာခဲ့စမ်း”

မွေးနီတစ္ဆေ၏ အသံက ထွက်ပေါ်လာခဲ့လေသည်။

ခံ့ညားထည်ဝါသော နတ်နဂါးသည် နာခံစွာဖြင့်​ သွေးနီရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်အဖြစ် ပြောင်းလဲပြီး သုဿာန်ထဲသို့ ဆင်းသက်လာခဲ့လေသည်။

“ကလန်ခေါင်းဆောင်.. ခင်ဗျားက တကယ် မသေသေးဘူးပဲ”

သွေးနီရောင်ဝတ်လူသည် မွေးနီတစ္ဆေကို မြင်သောအခါ စိတ်လှုပ်ရှားတက်ကြွသွားပြီး သူ၏မျက်လုံးများက အကန့်အသတ်မဲ့သော ဝမ်းသာပျော်ရွှင်မှုဖြင့် တောက်ပလာခဲ့လေသည်။

ထိုကဲ့သို့သော ဝမ်းသာပျော်ရွှင်မှုမျိုးသည် အတုအယောင်မဟုတ်ဘဲ သူ၏ ရင်ထဲ အသည်းထဲကနေ လာကြောင်း ဆူဇီမို ပြောနိုင်လေသည်။

သွေးနီရောင်ဝတ်လူက မွေးနီတစ္ဆေကို ကလန်ခေါင်းဆောင်ဟု ခေါ်ဆိုလိုက်သည်ကို ကြည့်ခြင်းဖြင့် နဂါးမျိုးနွယ်တွင် မွေးနီတစ္ဆေက အလွန်တရာ မြင့်မားသော ဂုဏ်အဆင့်အတန်းတစ်ခုရှိကြောင်း ပြောနိုင်လေသည်။ သူက နဂါးမျိုးနွယ်တစ်ခုလုံး၏ ကလန်ခေါင်းဆောင် မဟုတ်လျှင်တောင် မီးပဒေသာ နဂါးမျိုးဆက်၏ ကလန်ခေါင်းဆောင် ဖြစ်နိုင်လေသည်။

သို့သော်လည်း နဂါးမျိုးနွယ်ကြားတွင် မီးပဒေသာ နဂါးမျိုးဆက်၏ ဂုဏ်အဆင့်အတန်းကို ဆူဇီမိုက မသိရှိပေ။

သူသည် နဂါးမျိုးနွယ်နှင့် ပတ်သက်၍ အနည်းအကျဉ်းမျှသာ သိထားလေသည်။

“ကလန်ခေါင်းဆောင်.. ခင်ဗျား ခန္ဓာကိုယ်ပေါ်က ချိန်းကြိုးတွေက..”

သွေးနီရောင်ဝတ်လူသည် မွေးနီတစ္ဆေပေါ်ရှိ ချိန်းကြိုးများကို မြင်သောအခါ.. သူ၏ မျက်လုံးများက ဒေါသနှင့် သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြူးကျယ်လာခဲ့လေသည်။ သူက ရှေ့သို့ လျှောက်လှမ်းလာပြီး ထိုချိန်းကြိုးများကို ဆုတ်ဖြဲပစ်ချင်လေသည်။

“မင်းက ဒီသတ္တုအစုတ်တွေကို ဂရုစိုက်နေစရာ မလိုဘူး”

​မွေးနီတစ္ဆေက နှုတ်ခမ်းစူလိုက်လေသည်။

“ငါသာ ဆန္ဒရှိရင် အဲဒါတွေကို ဖျက်ဆီးပစ်တာ ကြာလှပြီပေါ့”

“ကလန်ခေါင်းဆောင်.. ခင်ဗျားက ဒီလောက် နှစ်တွေအကြာကြီး ဘာလို့ ပြန်မလာခဲ့တာလဲ”

သွေးနီရောင်ဝတ်လူက မနေနိုင်ဘဲ မေးလိုက်လေသည်။

ထိုသို့ သူပြောလိုက်သည့်အချိန်တွင် သူသည် တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး မလှမ်းမကမ်းတွင်ရှိသော ဘုန်းကြီးအိုကို သတ်ဖြတ်လိုသော အော်ရာဖြင့် စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး အေးစက်စွာ ပြောဆိုလိုက်လေသည်။

“အဲဒါက ဒီကတုံးပြောင် ဘုန်းကြီးအိုကြီးကြောင့်ပဲ ဖြစ်ရမယ်.. ဘာမှမပူနဲ့ ကလန်ခေါင်းဆောင်.. ဒီအဘိုးကြီးရဲ့ သွေးချီက ခမ်းခြောက်နေပြီ.. သူ့ကို ကျုပ် ဘယ်လိုသတ်မလဲ ကြည့်နေလိုက်”

ဆူဇီမိုသည် တိတ်တဆိတ် ပြောစရာစကားမဲ့သွားရလေသည်။

ဤ သွေးနီရောင်ဝတ်လူသည် မီးပဒေသာ နဂါးမျိုးဆက်မှ လာခြင်းဖြစ်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ၏ စိတ်နေစရိုက် အရမ်းကို ကြမ်းကြုတ်ခက်ထန်လေသည်။

“မင်းမေကြီးကို သတ်ရမှာလား”

မွေးနီတစ္ဆေက သူ၏ချိန်းကြိုးများကို လှုပ်ခါပြီး သွေးနီရောင်ဝတ်လူကို နောက်တစ်ဖန် ပစ်ရိုက်လိုက်လေသည်။

သွေးနီရောင်ဝတ်လူသည် အဲဒါကို ရှောင်နိုင်သော်လည်း လှုပ်ရှားခြင်း မရှိဘဲ မွေးနီတစ္ဆေ ရိုက်နှက်ခြင်းကို ခံယူလိုက်လေသည်။

“ငါ ဒီလောက် နှစ်တွေအများကြီး ပြန်မလာရတာ ငါ့အကြောင်းပြချက်နဲ့ ငါရှိတယ်.. မင်း အဲဒါကို သိမှာမဟုတ်ဘူး”

မွေးနီတစ္ဆေက သူ့ကို ရှင်းပြမနေဘဲ လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“ငါ မင်းကို ဒီနေ့ ဒီနေရာကို ခေါ်လိုက်ရတာက တခြားကိစ္စကြောင့်ပဲ.. သူ့ကို နဂါးအရိုးတောင်ကြားကို ခေါ်သွားလိုက်.. ပြီးရင် ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းမှာ ပြန်လည်အားဖြည့်ခိုင်းလိုက်”

“ကလန်က အကြီးအကဲတွေက သဘောမတူဘူးဆိုရင် အဲဒါက ငါ့ရဲ့ စိတ်ဆန္ဒလို့ သူတို့ကို ပြောလိုက်”

ထိုသို့ သူပြောရင်း မွေးနီတစ္ဆေက ဆူဇီမိုကို လက်ညိုးထိုးပြလိုက်လေသည်။

“သူလား..”

သွေးနီရောင်ဝတ်လူက ဆူဇီမို၏ အသက်မဲ့နေသော ခန္ဓာကိုယ်နှင့် သွေးနီရောင်ဆံပင် ယင်စိတ်ဝိညာဉ်ကို တစ်လှည့်စီ ကြည့်လိုက်လေသည်။ သူက မျက်မှောင်ကြုတ်၍ မေးလိုက်လေသည်။

“ကလန်ခေါင်းဆောင်.. ဒီကောင်လေးရဲ့ မျိုးဆက်သွေးက မသန့်စင်ဘူး.. ခင်ဗျားက သူ့ကို အဲ့လောက်ထိ တန်ဖိုးထားနေစရာ လိုလို့လား”

“ငါပြောတဲ့အတိုင်းသာ လုပ်စမ်းပါ”

မွေးနီတစ္ဆေ၏ လေသံက ပြန်လည်မေးခွန်းမထုတ်ဝံ့ပေ။

“နောက်ပြီး ဒီကောင်လေးရဲ့ ​​ဘေးမှာ ဒဏ်ရာ အပြင်းအထန်ရရှိထားတဲ့ မြွေနဂါးတစ်ကောင် ရှိသေးတယ်.. သူတို့နှစ်ယောက်စလုံးကို ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းဆီ ခေါ်သွားလိုက်”

“အား.. “

သွေးနီရောင်ဝတ်လူက ကြောင်အမှင်တက်သွားလေသည်။

မွေးနီတစ္ဆေသည် မီးပဒေသာ နဂါးမျိုးဆက်၏ ကလန်ခေါင်းဆောင်ဖြစ်ပြီး နဂါးမျိုးနွယ်တွင် အလွန်တရာမြင့်မားသော ဂုဏ်အဆင့်အတန်းရှိသော်လည်း ထိုအစီအစဉ်က စည်းမျဉ်းစည်းကမ်းများနှင့် အမှန်တကယ်ပင် ဆန့်ကျင်နေလေသည်။

“ကလန်ခေါင်းဆောင်.. အဲဒါက စိတ်သဘောထား ကွဲလွဲမှုတွေကို သေချာပေါက် ဖြစ်လာစေလိမ့်မယ်”

သွေးနီရောင်ဝတ်လူက မျက်မှောင်ကြုတ်လိုက်လေသည်။

“မီးပဒေသာ နဂါးမျိုးဆက်က အကြီးအကဲတွေက အဲဒါကို သဘောတူတယ်ဆိုရင်တောင် တခြား နဂါးမျိုးဆက်လေးခုက အကြီးအကဲတွေက ကျုပ်တို့ကို တားဆီးလာမှာ စိုးရိမ်မိတယ်”

“ဘာကို တားမှာလဲ”

မွေးနီတစ္ဆေက ဆတ်ခနဲ ထရပ်လိုက်ပြီး သူ၏မျက်လုံးများက သွေးနီရောင်ဖြင့် တောက်ပလာခဲ့လေသည်။ အလွန်တရာ အားကောင်းသည့် အော်ရာနှင့်အတူ သူက ဟိန်းဟောက်လိုက်လေသည်။

“ငါက ကလန်ကနေ ထွက်ခွာလာခဲ့တာ အခုဆို နှစ်တစ်သောင်းရှိသွားပြီ.. ငါက ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းမှာ ပြန်လည်အားဖြည့်ဖို့အတွက် လူနှစ်ယောက်ကိုတောင် မစေလွှတ်နိုင်တော့ဘူးလား”

“အဲ့လိုတော့ မဟုတ်ပါဘူး.. ဒါပေမဲ့လို့ သူတို့နှစ်ယောက်က.. “

သွေးနီရောင်ဝတ်လူက တွေဝေတုံ့ဆိုင်းနေလေသည်။

ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းက အလွန်တရာ တန်ဖိုးကြီးမားလေသည်။

နဂါးမျိုးနွယ်အတွင်းမှာတောင် အလွန်တရာ မြင့်မားသော ဂုဏ်အဆင့်အတန်းနှင့် အသန့်စင်ဆုံး မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသည့်သူများသာလျှင် ထိုအထဲသို့ ဝင်ရောက်ဖို့ အဆင့်မီလေသည်။

ဆူဇီမိုနှင့် တစ်ကိုယ်တော်တိမ်စိုင်က လုံးဝ အဆင့်မမီပေ။

အတိအကျပြောရင်လျှင်.. သူတို့နှစ်ယောက်ကို နဂါးမျိုးနွယ်၏ အနိမ့်ကျဆုံး မျိုးဆက်များအဖြစ်ပင် သတ်မှတ်၍ မရနိုင်ပေ။

မွေးနီတစ္ဆေက တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အတန်ကြာပြီးနောက်.. သူသည် သွေးနီရောင်ဝတ်လူကို ကြည့်​ပြီး မေးလိုက်လေသည်။

“ငါ မင်းကို ဘာလို့ ဒီနေရာကို ခေါ်လိုက်လဲ မင်းသိလား”

“ကျုပ် မသိပါဘူး”

သွေးနီရောင်ဝတ်လူက ရိုသေလေးစားသော အမူအရာတစ်ခု ရှိနေလေသည်။

မွေးနီတစ္ဆေက ဆူဇီမိုကို လက်ညိုးထိုးပြီး တစ်လုံးချင်းပြောလိုက်လေသည်။

“ဒီနေ့ကစပြီး.. မင်းက.. သူ့ကို.. ငါ့မျိုးဆက်သွေးရဲ့ တစ်စိတ်တစ်ပိုင်း….. ငါ့သားအဖြစ် ရှုမြင်ရလိမ့်မယ်”

“အား.. “

သွေးနီရောင်ဝတ်လူ၏ အမူအရာက ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်လေသည်။

ဆူဇီမိုလည်း တုန်လှုပ်သွားရလေသည်။

သူသည် မွေးနီတစ္ဆေနှင့် မကြာခဏ အတိုက်အခံပြု၍ ငြင်းခုန်ခဲ့လေသည်။ ယခု သူသည် ထိုသူ၏ နှလုံးသားထဲမှာ ဤမျှအထိ နေရာယူထားနိုင်သည်ဆိုတော့..။

မွေးနီတစ္ဆေက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ငါ့ကလေးက ကမ္ဘာဦး ဂမ္ဘီရစိမ့်စမ်းမှာ ပြန်လည်အားဖြည့်ဖို့အတွက် အဆင့်မမီဘူးလား”

“မီတာပေါ့”

သွေးနီရောင်ဝတ်လူက တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်လိုက်လေသည်။

မွေးနီတစ္ဆေက ဆက်ပြောလိုက်လေသည်။

“မီးပဒေသာ နဂါးမျိုးဆက်က အဲဒီအဘိုးကြီးတွေကို သွားပြန်ပြောလိုက်.. ငါက ဒီနေ့ကစပြီး မီးပဒေသာဘွဲ့ကို မခံယူတော့ဘူး.. လူငယ်မျိုးဆက်တွေက အဲဒါအတွက် ယှဉ်ပြိုင်ကြပါစေ”

“ကလန်ခေါင်းဆောင်.. “

သွေးနီရောင်ဝတ်လူ၏ အမူအရာက ပြောင်းလဲသွားလေသည်။

ဆူဇီမိုသည် ထိုစကားကို ကြားသောအခါ တွေဝေရှုပ်ထွေးသွားလေသည်။ သူသည် မွေးနီတစ္ဆေပြောသည့် မီးပဒေသာဘွဲ့က ဘယ်လောက်အထိ အရေးပါလဲ သူနားမလည်ပေ။

မွေးနီတစ္ဆေက သူ့မျက်လုံး အနက်ပိုင်းထဲရှိ မပြေလည်နိုင်သော ဝမ်းနည်းပူဆွေးမှုများနှင့်အတူ အဝေးတစ်နေရာသို့ ငေးကြည့်နေလေသည်။

ခဏနေပြီးနောက်.. သူ၏အကြည့်ကို ပြန်ရုတ်သိမ်းပြီး သူ့ဘေးတွင်ရှိသော ဆူဇီမိုကို ကြည့်လိုက်လေသည်။ သူ၏ မျက်လုံးထဲတွင် မလိုတမာ မုန်းတီးစိတ်များ သို့မဟုတ် သတ်ဖြတ်လိုစိတ်တို့ ရှိမနေတော့ပေ။ ထိုအစား သူ၏အကြည့်က ရှားရှားပါးပါး အကြင်နာမေတ္တာဖြင့် ပြည့်နှက်လာခဲ့လေသည်။

“ယန်အာသာ အခုနေရှိနေဦးမယ်ဆို သူကလည်း မင်းလိုပဲနေမှာ.. ရဲရင့်တယ်.. အကြောက်အလန့် ကင်းမဲ့တယ်.. ခေါင်းမာတယ်.. တဇွတ်ထိုးလုပ်တတ်တယ်.. တကယ့်ကို..”

ထိုစကားကို ကြားသောအခါ သွေးနီရောင်ဝတ်လူသည် နာကျင်ခံစားရသော ပုံစံပေါက်လာပြီး သူ၏မျက်လုံးများက မျက်ရည်များဖြင့် စိုစွတ်လာခဲ့လေသည်။

ဘုန်းကြီးအိုလည်း လေးတွဲ့စွာ သက်ပြင်းချ၍ သူ၏ခေါင်းကို ခါယမ်းလိုက်လေသည်။

All Chapters