← Chapters

ပြိုင်ဘက်ကင်းဓားနတ်ဘုရား၊ နံပါတ်တစ်ဓားသမား ယိဖျင်(လီရှောင်းယောင်)။

Vol. 35 Ch. 480

ပြိုင်ဘက်ကင်းဓားနတ်ဘုရား၊ နံပါတ်တစ်ဓားသမား ယိဖျင်(လီရှောင်းယောင်)။

Vol. 35 Ch. 480

Translator - Hsue Htet 

ကောင်းရော! ဒါက လုံးဝ ကံအပေါ်မှာမူတည်နေတာပဲ!

ငါဝမ်ဖုန်းရဲ့ကံက.. ကောင်းလောက်တယ်မလား?

ဝမ်ဖုန်း စိတ်ထဲမှရေရွတ်လိုက်ပြီးနောက် ဆက်လက်မေးမြန်းသည်။

“ဂိုဏ်းအဆင့်မြှင့်တင်ပြီး လုပ်ဆောင်ချက်တွေကရော?”

“ဒင်! ဂိုဏ်းအဆင့်၁၃ကို မြှင့်တင်ပြီးပါပြီ။ ဂိုဏ်းတပည့်တွေကို ဘေးထွက်ဆိုးကျိုးမရှိဘဲ နယ်ပယ်တစ်ဆင့်မြှင့်တင်ပေးနိုင်ပါတယ်။ ထို့ပြင် ကမ္ဘာဝန်းရဲ့ ပိုကျယ်ဝန်းမှုနဲ့အတူ ကမ္ဘာဝန်းအတွင်း ကောင်းကင်ဘုံနဲ့ပထိဝီမြေကြီးရဲ့စွမ်းအင်တွေ ပို‌အားကောင်းလာပါမယ်”

“ဂိုဏ်းတပည့်ခေါ်ယူခြင်းနဲ့ အကြီးအကဲအရေအတွက် မပြောင်းလဲပါ”

ဝမ်ဖုန်းခေါင်းညိတ်လိုက်သည်။ ဤဆုလာဘ်သည်လည်း လက်ရှိရှန်ရှန့်ကျုံဂိုဏ်းအတွက် အတော်ကောင်းမွန်နေပြီးဖြစ်၏။

စမ်းကြည့်မှပဲ.. စက်ဘီးက ဆိုင်ကယ်ဖြစ်လာနိုင်မလား ကြည့်ကြတာပေါ့!

ဝမ်ဖုန်း ခဏမျှစဉ်းစားပြီးနောက် အံကြိတ်၍ပြောလိုက်သည်။

“စနစ် အန္တိမအဆင့်ကျပန်းဆင့်ခေါ်ခွင့်၃၀ကို ချန်ခွမ်းအထွတ်အမြတ်ဘုံ ပဏ္ဍိတအဆင့်ကျပန်းဆင့်ခါ်ခွင့်၁၀ခုနဲ့ လဲလှယ်မယ်”

ကောင်းကင်ပြုပြင်ဂိုဏ်းကို ဖျက်ဆီး၍ မရဏမျိုးနွယ်စုကို သတ်ဖြတ်ခဲ့ခြင်း၌ ထျန်းကျင်းအဆင့် အန္တိမအဆင့်ကျပန်းဆင့်ခေါ်ခွင့်၂၅ခုကို ရရှိထားခဲ့သည်။ ယွမ်ဟွားကောင်းကင်နယ်မြေ၏ အရှင်သခင်ဖြစ်လာခြင်းအတွက် ဆုလာဘ်ဖြင့် ပေါင်းလိုက်သောအခါ ဝမ်ဖုန်းရရှိထားသည့် ထျန်းကျင်းအဆင့် အန္တိမကျပန်းဆင့်ခေါ်ခွင့်မှာ ၄၀နီးပါး ရှိလာခဲ့သည်။

ယခု၌ စနစ်အဆင့်မြှင့်တင်ပြီးဖြစ်သောကြောင့် မွန်မြတ်ဘုံလောကကို ဝင်ရောက်ရန်အတွက် ပြင်ဆင်ရန် အချိန်ကျရောက်လေပြီ။

“ဒင်! ပဏ္ဍိတအဆင့်ကျပန်းဆင့်ခေါ်ခွင့်၁၀ခု ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

စနစ်၏အချက်ပေးသံကြားသည်နှင့် ဝမ်ဖုန်း အမြန်‌ထပ်ပြောလိုက်သည်။

“ပဏ္ဍိတအဆင့်ကျပန်းဆင့်ခေါ်ခွင့်၈ခုကို အကန့်အသတ်မဲ့ ချန်ခွမ်းအထွတ်အမြတ်ဘုံဆင့်ခေါ်ခွင့်၂ခုနဲ့ လဲလှယ်မယ်”

“ကျန်တဲ့ပဏ္ဍိတအဆင့်ကျပန်းဆင့်ခေါ်ခွင့်၂ကို ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့် တိုက်ရိုက်ဆင့်ခေါ်ခွင့်တစ်ခုနဲ့ လဲလှယ်မယ်”

“ဒင်! အကန့်အသတ်မဲ့ ချန်ခွမ်းအထွတ်အမြတ်ဘုံဆင့်ခေါ်ခွင့်၂ခု၊ ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့် တိုက်ရိုက်ဆင့်ခေါ်ခွင့်တစ်ခု ရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

ဝမ်ဖုန်း၏အသံနှင့်တစ်ပြိုင်နက် စနစ်၏အသံလည်း ထွက်ပေါ်လာသည်။

“စနစ် လဲလှယ်ထားတဲ့ ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့် တိုက်ရိုက်ဆင့်ခေါ်ခွင့်နဲ့ ဆင့်ခေါ်မယ်”

ဝမ်ဖုန်း တောက်ပသောမျက်လုံးအစုံဖြင့် ရေရွတ်လိုက်သည်။

“ဒင်! မုယင်ရှုန်းကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမလား?”

စနစ်၏အချက်ပေးသံကြောင့် ဝမ်ဖုန်း လန့်ဖျပ်သွား၍ အလျင်စလို ခေါင်းညိတ်လိုက်သည်။

“စစ်ဆေးမယ်!”

မုယင်ရှုန်းကို အမည်မဲ့ဓားသမားနှင့်တွဲဖက်၍ ‌ဓားနတ်ဘုရားများဟု ကျော်ကြားကြသည်။ ဓားနတ်ဘုရားတစ်ပါးမှာ နတ်ဘုရား၏အလိုဆန္ဒဟု ကျော်ကြားပြီး ကျန်ဓားနတ်ဘုရားတစ်ပါးမှာ ကောင်းကင်ဘုံထက်မြင့်မားသည်။ ဓားနှစ်လက်ထွက်ပေါ်လာလျှင် လောကသားအားလုံး ‌ဦး‌ညွှတ်ကြရ၏။

ထျန်းကျန်းကျွယ့်ကျန်းတိုက်ပွဲအတွင်း၌ လောကသူ‌ရဲကောင်းများမှာ ဘေးမှကြည့်ရှုသင်ယူရန်သာ တတ်နိုင်ခဲ့ကြလေသည်။

“ဒင်! မုယင်ရှုန်း၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည်: မုယင်ရှုန်း

ဂုဏ်ပုဒ်: ဓားဘုရင်

ကျင့်ကြံဆင့်: ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့်

မှော်စွမ်းအင်: ရှင်းပြရန်နက်နဲသော ဓားသိုင်းပညာ၊ မုမျိုးနွယ်ဓားသိုင်း။

လျှို့ဝှက်စွမ်းရည်: ကောင်းကင်မဲ့ဓား

လက်နက်: နှလုံးအိမ်ဓား”

“မှတ်ချက်: ယခုဆင့်ခေါ်ထားသည့် မုယင်ရှုန်းသည် သူ၏အထွတ်အထိပ်အဆင့်ဖြစ်သည်”

မုယင်ရှုန်း၏ စွမ်းရည်ဇယားကိုကြည့်၍ ဝမ်ဖုန်း မျက်လုံးအနည်းငယ် မှေးကျဉ်းသွားသည်။ ကြည့်ရသည်မှာ အမည်မဲ့ဓားသမား၏ အထွတ်အထိပ်သည်လည်း မုယင်ရှုန်းနှင့် အတူတူဖြစ်နိုင်သည်။ ပုကျင်းယွင်နှင့် အခြားသူများသည်တော့ တူညီသည့်အခြေအနေ ဖြစ်နိုင်ပေသည်။

ထိုသို့တွေးတောပြီးနောက် ဝမ်ဖုန်း ဆက်ပြောသည်။

“စနစ် အကန့်အသတ်မဲ့ ချန်ခွမ်းအထွတ်အမြတ်ဘုံဆင့်ခေါ်ခွင့်ကို သုံးမယ်”

ဝမ်ဖုန်း၏မျက်နှာမှာ အာရုံစူးစိုက်နေကြောင်း ထင်ရှားသည်။ သူ၏ကံနှင့် တိုက်ခိုက်ရမည့်အချိန် ကျရောက်လာခဲ့လေပြီ။ မွန်မြတ်ဘုံလောက၌ သူ၏အောင်မြင်မှုသည် ဆင့်ခေါ်မှုများအပေါ်တွင် မူတည်ပေသည်။

“ဒင်! ရှောင်းစန်ရှောင်းကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမလား?”

“စစ်ဆေးမယ်”

ဝမ်ဖုန်း တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။

“ဒင်! ရှောင်းစန်ရှောင်း၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည်: ရှောက်စန်းရှောက်

ဂုဏ်ပုဒ်: ကြောက်ရွံ့ခြင်း၁၂ပါး

ကျင့်ကြံဆင့်: ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့်

မှော်စွမ်းအင်များ: ဝမ့်တောက်စန်းလော်၊ ဟွမ်ထျန်းစစ်ကျွယ့်

လျှို့ဝှက်စွမ်းရည်: သိပ်သည်းစာလိပ် (လျှို့ဝှက်ချက်များကို ကျိုးကြောင်းဆင်ခြင်‌ ကောက်ချက်ချနိုင်ပြီး အကောင်းအဆိုးကို သိမြင်သည်)

လက်နက်: စိတ်အခြေအနေအရ”

“မှတ်ချက်: ယခုဆင့်ခေါ်ထားသည့် ရှောင်းစန်ရှောင်းသည် သူ၏အထွတ်အထိပ်အဆင့်ဖြစ်သည်။ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် ချန်ခွမ်းဘုရင်အဆင့်နှင့် ညီမျှသည်။”

ရှောင်းစန်ရှောင်း၏စွမ်းရည်ဇယားကိုကြည့်ပြီးနောက် ဝမ်ဖုန်း ပြုံးလိုက်သည်။ ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်ကို မဆင့်ခေါ်နိုင်ခဲ့သော်ငြား ချန်ခွမ်းဥပေက္ခာ၏အထက်အဆင့်ကို ဆင့်ခေါ်နိုင်ခဲ့၏။ သို့ဖြစ်ရာ မိမိမှာ ကံကောင်းပေသည်။

“စနစ် အကန့်အသတ်မဲ့ ချန်ခွမ်းအထွတ်အမြတ်ဘုံဆင့်ခေါ်ခွင့်ကို ထပ်သုံးမယ်”

“ဒင်! လီရှောင်းယောင်ကိုဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမလား?’

စနစ်၏အသံတွင် ဝမ်ဖုန်းအံ့အားသင့်သွား၍ မျက်နှာပင် နီမြန်းသွား၏။ ထို့နောက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“စစ်ဆေးမယ်”

လီရှောင်းယောင်၏ဓားသိုင်းစွမ်းရည်မှာ အကြွင်းမဲ့အထွတ်အထိပ်ဟု သတ်မှတ်နိုင်ပေသည်။ လီရှောင်းယောင်သည် သူ၏မျက်မှောက်ခေတ် သိုင်းလောကတွင် နံပါတ်တစ်ဓားသမားဖြစ်သည်။ ရှုရှန်းဂိုဏ်း၏ဂိုဏ်းချုပ်လည်း ဖြစ်သည်။ သူ၏အင်အားမှာ အလွန်တရာ နက်နဲ၏။

“ဒင်! လီရှောင်းယောင်၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

“အမည်: လီရှောင်းယောင်

ဂုဏ်ပုဒ်: ယိဖျင်

ကျင့်ကြံဆင့်: ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်

မှော်စွမ်းအင်များ: ယွမ်လင်ကွေ့ရှင်း၊ ထျန်ကန်းဓားချီ၊ ပင့်ရှင်းဓားသိုင်း၊ ဝမ့်ကျန်းဓားသိုင်း၊ တော်ဝင်ဓားသိုင်း၊ ရှန်းဖုန်းဓားခန္ဓာ။

လျှို့ဝှက်စွမ်းရည်: နတ်ဓား၄လက်

(အရက်မူးဓား၊ မိုးကြိုးသွားဓား၊ နတ်ဓား၊ တောင်ဓား)၊ ကွေးကျုံးထျန်းကျန့်ဓား၊ လွတ်လပ်ပေါ့ပါးသောမှော်ဓား။

လက်နက်: လုံချွမ်ဓား”

လီရှောင်းယောင်၏ စွမ်းရည်ဇယားကို ကြည့်ရှုပြီးနောက် ဝမ်ဖုန်းမှာ မထိန်းချုပ်နိုင်စွာ စိတ်လှုပ်ရှားမိရပြန်သည်။ မိမိ၏ကံကောင်းမှုအား‌လုံး ပေါက်ကွဲသွားသည့်အလား ချန်ခွမ်းသူတော်စင်အဆင့်ကို ဆင့်ခေါ်နိုင်ခဲ့၏။

ထိုအဆင့်သည် ချန်ခွမ်းအထွတ်အမြတ်ဘုံ၏ ထိပ်ဆုံးအဆင့်ဖြစ်သည်။ 

လီရှောင်းယောင်ရှိနေပြီဖြစ်ရာ မွန်မြတ်ဘုံလောကသို့ အခြေချရာတွင် စိုးရိမ်ပူပန်ရန် မလိုအပ်တော့ပေ။

လီရှောင်းယောင်သည် ချန်ခွမ်းသူတော်စင်အထွတ်အထိပ်အဆင့်ဖြစ်ပြီး ဂိုဏ်းချုပ်ဖြစ်သူ မိမိသည်လည်း ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်ဖြစ်သည်။ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့် ရှောင်းစန်ရှောင်းကိုပါ ပေါင်းလိုက်လျှင် ရှန်ရှန့်ကျုံဂိုဏ်းမှာ မွန်မြတ်ဘုံလောကသို့ ရောက်ရှိလျှင်သော်မှ အင်အားကြီးမားသည့်ဂိုဏ်းကြီးဟု သတ်မှတ်နိုင်ပေသည်။

“စနစ် ဂိုဏ်းအမှတ်တစ်ထရီလီယံနဲ့ ထီလက်မှတ်နဲ့ လဲလှယ်မယ်။ ရတဲ့ကျင့်ကြံမှုအခြေခံတွေကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတွေကို မျှဝေလိုက်ပါ”

ဆင့်ခေါ်မှုပြီးနောက် ဝမ်ဖုန်း စိတ်ထဲမှပြောလိုက်သည်။

“‌ဒင်! မုယင်ရှုန်း၏ကျင့်ကြံမှု ဆယ်ပုံတစ်ပုံကိုရရှိခြင်းအတွက် ဂုဏ်ပြုပါတယ်”

“ဒင်!....”

“ထီလက်မှတ်ခွဲဝေမှု ပြီးဆုံးသွားပါပြီ။ ရရှိတဲ့ကျင့်ကြံမှုအခြေခံတွေကို ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို မျှဝေပေးခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါပြီ”

“ဂိုဏ်း၏ကျင့်ကြံဆင့်အမြင့်ဆုံးမှာ ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့်ဖြစ်သောကြောင့် ရှန်ရှန့်ကျုံဂိုဏ်းအစောင့်အရှောက်၁ လိီပိုင်သည် ချန်ခွမ်း‌ကပ်ဘေးအထွတ်အထိပ်အဆင့်သို့ အလိုအလျောက် ရောက်ရှိသွားပါပြီ။ အစောင့်အရှောက်၂ ရှီကန်းတန်သည် ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားပါပြီ”

“ရှန်ရှန့်ကျုံဂိုဏ်း အစောင့်အရှောက်နတ်သားရဲ၁ အမြီးကိုးချောင်းမြေခွေး၏ ကျင့်ကြံဆင့်သည် ချန်ခွမ်းဥပေက္ခာအထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါပြီ။ အစောင့်အရှောက်နတ်သားရဲ၂ တောက်တျဲ၏ ကျင့်ကြံဆင့်သည် ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားပါပြီ”

စနစ်၏အချက်ပေးသံများ တစ်ခုပြီးတစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။ ဝမ်ဖုန်း သက်ပြင်းခပ်ဖွဖွချလိုက်၏။ တစ်ထရီလီယံသုံးစွဲလိုက်ရခြင်းမှာ ထိုက်တန်ပေသည်။ ထီလက်နမှတ်မျာစွာ လဲလှယ်ရရှိခဲ့၏။ သို့သော် ရရှိသည့်ကျင့်ကြံမှုအ‌ေခြခံမှာမူ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို ချန်ခွမ်းယွမ်အထွတ်အထိပ်သို့သာ ရောက်ရှိစေနိုင်သည်။ ချန်ခွမ်းဥပေက္ခာအထိပင် မရောက်နိုင်ချေ။

ကျင့်ကြံမှုအခြေခံမြင့်မားလာသည်နှင့်အမျှ ဂိုဏ်းအမှတ်တန်ဖိုးသည် လျော့နည်းလာ၏။

အပြင်လူများမှ ဝမ်ဖုန်း၏ ထိုညည်းညူခြင်းကို ကြားသိပါလျှင် ဝမ်ဖုန်းကို သတ်ပစ်ချင်လောက်၏။ မိနစ်အနည်းငယ်အတွင်း၌ ထျန်းကျွင်းအထွတ်အထိပ်အဆင့်မှ ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်သို့ ခုန်တက်သွားခြင်းအပြင် ခုန်တက်သွားသည့်အရေအတွက်မှာလည်း ဆယ်ယောက်မကပေ။ ထိုမျှ‌ အံ့ချီးဖွယ်တိုးတက်မှုကြီးကို သူက စိတ်မကျေနပ်သေးဘူးတဲ့လား?

များစွာသောကျင့်ကြံသူများမှာ ကြိုးကြိုးစားစား ကျင့်ကြံပါသော်ငြား ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့်သို့ မရောက်ရှိနိုင်ဘဲ ထျန်းကျွင်းအဆင့်၌သာ တစ်သက်တာလုံး ရှိနေကြရတတ်သည်လေ။

“ရွှမ်ရှ အားလုံးကိုစုဝေးလိုက်။ ဒီဂိုဏ်းချုပ်နဲ့အတူ မွန်မြတ်ဘုံလောကကိုသွားဖို့ ပြင်ဆင်မယ်”

တိုးတက်ပြောင်းလဲမှုအချို့ ပြီးစီးသွားသည့်နောက်၌ ဝမ်ဖုန်းသည် တုံ့ဆိုင်းတွေဝေမှုမရှိ မဟာနတ်ဆိုးရွှမ်ရှသို့ အသံပို့ဆောင်လိုက်သည်။

All Chapters