← Chapters

ဇာမဏီပုတီးစေ့

Vol. 35 Ch. 490

ဇာမဏီပုတီးစေ့

Vol. 35 Ch. 490

ဘာသာပြန်- The Fate

" အဲ့ဒီရထားလုံးက သာမန်ချန်ခွမ်းအဆင့် တော်ဝင်လက်နက် မဟုတ်ဘူး။ ဝင်ရိုးကိုးခုပါတဲ့ ချန်ခွမ်းထူးမြတ်မှုအဆင့် တော်ဝင်လက်နက်ကြီးဗျ။ အနီရောင်နဂါးမြင်းကြီး (8) ကောင်က ချန်ခွမ်းယွမ်အဆင့်ကို ရောက်နေကြပေမဲ့ သူတို့က ရထားလုံးကို အလှဆင်ဖို့ သုံးထားတာသက်သက်ပဲ ! "

" ရထားလုံးထဲမှာရှိတဲ့ မြင့်မြတ်ကျောက်တုံးကိုးခုကို စတင်အသုံးပြုလိုက်ရင် ဇာမဏိအရိပ်ကြီးကိုးခုထွက်ပေါ်လာပြီး ရန်သူတွေကို လောင်ကျွမ်းပစ်လိုက်လိမ့်မယ်။ အဲ့တာကို ရင်ဆိုင်တွေ့လိုက်ရရင် ချန်ခွမ်းဘုရင်တွေတောင်မှ ထိတ်လန့်တုန်လှုပ်ရလိမ့်မယ်။ အဲ့ဒီအရာရဲ့ အလျှင်နှုန်းကအရမ်းကို မြန်ဆန်တာကြောင့် ချန်ခွမ်းဘုရင်တွေတောင် မလွတ်မြောက်နိုင်ဘူး ! "

ယန်ယဲ့၏အသံက ဆက်လက်ထွက်ပေါ်လာခဲ့ပြီး ဝမ်ဖုန်းဟာ သက်ပြင်းမချဘဲ မနေနိုင်တော့ပါ။ ဤသည်မှာ ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာဖြစ်၏။ သာမန်ပုဂ္ဂိုလ်များဟာ ထိုကဲ့သို့ရတနာမျိုးကို သူတစ်ပါးအား အဘယ်မှာ ပေးအပ်နိုင်မည်နည်း။

၎င်းက မွန်မြတ်ဘုံလောကအတွင်းရှိ ခုနှစ်ပြည်ထောင်အနက် အင်ပါယာကြီးတစ်ခုဖြစ်ရန် ထိုက်တန်ပါပေသည်။ ၎င်း၏ ကျောထောက်နောက်ခံက အင်မတန်မှ နက်ရှိုင်းလွန်းလှသည်။

ချန်ခွမ်းလက်နက်များသည် စကြာဝဠာအတွင်းရှိ ချန်ခွမ်းအဆင့်နဲ့သက်ဆိုင်သော မှော်ဝင်ရတာနာပစ္စည်းများ ဖြစ်ကြသည်။ အဆင့်တစ်ဆင့်စီတိုင်းတွင် သက်ဆိုင်ရာ မှော်ဝင်ရတနာပစ္စည်းများ ရှိ၏။ ချန်ခွမ်းအဆင့်လက်နက်များဟာလည်း တစ်ခုအပါအဝင်ဖြစ်၏။ ချန်ခွမ်းအဆင့်မှော်ဝင်လက်နက်များကိုလည်း သာမန်ချန်ခွမ်းလက်နက်များနှင့် ချန်ခွမ်းထူးမြတ်မှုလက်နက်များဟူ၍ ခွဲခြားထားမှုရှိသည်။

ချန်ခွမ်းထူးမြတ်မှုလက်နက်များသည် ချန်ခွမ်းအဆင့်လက်နက်များအနက် အသာလွန်အထူးမြတ်ဆုံးဖြစ်၏။ ၎င်းတို့၏စွမ်းအားများမှာ သာမန်ချန်ခွမ်းအဆင့်လက်နက်များထက် များစွာသာလွန်နေသည်။ သာမန်ချန်ခွမ်းအဆင့်လက်နက်ဆယ်ခုဟာ ချန်ခွမ်းထူးမြတ်မှုအဆင့်လက်နက်တစ်ခုကို မရင်ဆိုင်နိုင်ကြပါ။

"မင်းသမီး လန်လင်းက အရမ်းကို ပါရမီရှိတယ်။သူမက မွေးလာကတည်းက ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့်ကို ရောက်ရှိနေခဲ့တာ။ အသက်(9)နှစ်အရွယ်မှာ ချန်ခွမ်းယွမ်အဆင့်ကို ရောက်ရှိသွားပြီ။အခုအသက်(25) နှစ်အရွယ်မှာတော့ သူမရဲ့ကျင့်ကြံမှုက ချန်ခွမ်းကပ်ဘေးအဆင့်ကိုတောင် ရောက်ရှိခဲ့တယ်။ သူမက ပါရမီရှင်တွေထဲမှာမှ အထူးချွန်ဆုံးပဲ ! "

" တချိန်တည်းမှာပဲ သူမက မြင့်မြတ်သောစန်းရိမင်းဆက်ရဲ့ နံပါတ်တစ်အလှနတ်မိမယ်ပဲ။သူမကို မြင့်မြတ်သောစန်းရိမင်းဆက်ထဲက မရေမတွက်နိုင်တဲ့လူငယ်ပါရမီရှင်လေးတွေက နှစ်လိုကြတယ်။ တခြားသောအင်ပါယာကြီးတွေရဲ့ လူငယ်ပါရမီရှင်တွေကတောင် သူမကို ရူးသွပ်နေကြတာ ! "

ယန်ယဲ့ဟာ ဆက်လက်၍ ရှင်းပြလိုက်သည်။ သူ၏လေသံ၌ ခံစားချက်မျိုးစုံ ရောပြွန်းနေခဲ့သည်။

ဝမ်ဖုန်းဟာ ခေါင်းညိတ်လိုက်သည်။ ထိုနေရာတွင် စီရင်ထားသော ချိပ်ပိတ်ခြင်းအစီအရင်ကြီးကြောင့်သာမဟုတ်ပါက ဝင်ရိုးကိုးခုပါသော ရထားလုံး၏စွမ်းအားဖြင့်ဆိုပါလျှင် အသန်မာဆုံးချန်ခွမ်းဘုရင်အဆင့် အနက်ဝတ်လူအယောက်(20)ကတောင် မင်းသမီးလန်လင်းထွက်ပြေးမှာကို မတားဆီးနိုင်လောက်ပါ။

" တခြားတစ်ဖက်ကရော ဘယ်လိုလဲ "

ဝမ်ဖုန်းက ထပ်မံမေးမြန်းလိုက်သည်။ ထိုအနက်ဝတ်လူအယောက်(20)ဟာ အင်မတန်မှ လျို့ဝှက်ဆန်းကြယ်လွန်းတာကြောင့် ဝမ်ဖုန်းကတောင် ထွင်းဖောက်မမြင်နိုင်ခဲ့ပါ။သူတို့ဝတ်ဆင်ထားသော အနက်ရောင်ဝတ်ရုံကြီးများမှာ သာမန်မဟုတ်ချေ။

" ဒါက...ဒါက သူတို့က သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကလား !? " ယန်ယဲ့ဟာ အနက်ဝတ်လူများကို စူးစမ်းကြည့်ရှုလိုက်ပြီး သူ၏မျက်ဝန်းများဟာ လှုပ်ရှားသွားခဲ့ကာ အံ့သြတသင့် ပြောဆိုခဲ့သည်။

" သတ်ဖြတ်ခြင်းနတ်ဘုရား ခန်းမလား "

ဝမ်ဖုန်း၏သံဿယဝင်မှုကို ကြားသိလိုက်ရသည့်အခါ ယန်ယဲ့ဟာ လျင်မြန်စွာရှင်းပြလိုက်သည်။

 " သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက...မွန်မြတ်ဘုံလောကထဲမှာ အင်အားအကြီးဆုံးဂိုဏ်းတစ်ဂိုဏ်းပဲ။ သူတို့ရဲ့ခွန်အားက မွန်မြတ်ဘုံလောကတစ်ခုလုံးကိုတောင် လွှမ်းမိုးထားတယ်။ လူတချို့ကပဲ သူတို့အကြောင်းကို သိကြတယ်။ လုံလောက်တဲ့အဆင့်အတန်းမရောက်ရှိသေးတဲ့ လူတွေဆိုရင် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ တည်ရှိမှုကိုတောင် မသိကြဘူး ! "

" စိတ်ဝင်စားစရာဘဲ ဆက်ပြောစမ်းပါဦး ။"

ဝမ်ဖုန်းဟာ ရုတ်တရက်ဆိုသလို စိတ်ဝင်စားလာခဲ့သည်။ မွန်မြတ်ဘုံလောကအတွင်း၌ ထိုကဲ့သို့စွမ်းအားကြီးဂိုဏ်းတစ်ဂိုဏ်း ဖုံးကွယ်နေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။

" အဲ့ဒီနေရာမှာ လူသားမျိုးနွယ်နဲ့ ကောင်းကင်တာအိုမျိုးနွယ်စုတွေက ကွာခြားမှုမရှိဘူးလို့ ပြောဆိုကြတယ်။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမထဲမှာ သန်မာတဲ့လူသားကျင့်ကြံသူတွေနဲ့ ကောင်းကင်တာအိုမျိုးနွယ်စုက ကျင့်ကြံသူတွေ ရှိကြတယ်။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမထဲကို ဝင်ရောက်နိုင်တဲ့သူမှန်သမျှက လုပ်ကြံသတ်ဖြတ်တဲ့အရာမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ လူတွေချည်းပဲ။ "

" သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမအကြောင်းကို သိရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာ သာမန်မဟုတ်ကြဘူး။ အဲ့ဒီလိုပုဂ္ဂိုလ်ကြီးတွေကပဲ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို ဌားရမ်းဖို့ ထိုက်တန်တဲ့အဖိုးအခကို ပေးချေနိုင်ကြတယ်။ "

" အဲ့ဒီအချိန်တုန်းက ကျုပ်သာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ လူတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ထွက်ပြေးမလွှတ်မြောက်နိုင်ခဲ့ဘူးဆိုရင် အဲ့ဒီလိုကြောက်စရာကောင်းတဲ့ အင်အားစုကြီးဖုံးကွယ်နေတာကို သိရှိထားမှာ မဟုတ်ဘူး "

ယန်ယဲ့ဟာ အကြောက်တရားများ ဖုံးလွှမ်းနေသော လေသံဖြင့် ပြောဆိုလိုက်သည်။ သူဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမမှ လူသတ်သမားများနဲ့ ရင်ဆိုင်ခဲ့ရသည့်အချိန်ကို ပြန်ပြောင်းတွေးမိလိုက်သည့်အခါ ထိတ်လန့်တုန်ယင်သွားသည်။

" ပြောရမယ်ဆိုရင်...ကောင်းကင်တာအိုမျိုးနွယ်စုက သူတို့ကို ဖိတ်ခေါ်ခဲ့ပြီး လုံလောက်တဲ့တန်ကြေးပေးသရွေ့ သူတို့က လူသားမျိုးနွယ်စုတွေကိုတောင် သတ်ဖြတ်ပေးမှာလား။ " ဝမ်ဖုန်းက မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုခဲ့သည်။

" ဟုတ်တယ် ! ဒါပေမဲ့ သာမန်အခြေအနေတွေအောက်မှာတော့ မျိုးနွယ်စုနှစ်စုတိုက်ခိုက်ကြတဲ့အချိန်မှာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက လူတွေကို ငှားရမ်းကြမှာ မဟုတ်ပါဘူး။" ယန်ယဲ့က ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်သည်။

ဝမ်ဖုန်းဟာ ခေါင်းညိတ်ခဲ့ပြီး သူ၏မျက်ဝန်းများအတွင်း၌ မရှင်းလင်းနိုင်သော အလင်းတန်းတစ်ခု ရှိနေခဲ့သည်။ သူဟာ ဘယ်အရာကို တွေးတောရမှန်းတောင် မသိတော့ပါ။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမမှာ စည်းမျဥ်းစည်းကမ်းများကို စောင့်ထိန်းခြင်းမရှိသော်လည်း သူ၏ရှန်ရှန်ကျုံဂိုဏ်းမှာ ယခုမှ မွန်မြတ်ဘုံလောကကို ရောက်ရှိလာခဲ့တာကြောင့် ပြဿနာဖြစ်စေဖို့ မသင့်လျော်ပါ။ ထို့ကြောင့် မင်းသမီးလန်လင်းနဲ့ကိစ္စမှာ သူတို့နဲ့ သက်ဆိုင်မှုမရှိပါချေ။ အဘယ့်ကြောင့်များ သူရဲကောင်းက မိန်းမလှလေးကို ကယ်တင်သည့်ပြဇာတ်မျိုး သရုပ်ဖော်ရမည်နည်း။

ဝမ်ဖုန်းဟာ လက်ကို ဝေ့ရမ်းလိုက်ပြီး လီပိုင်နှင့်အခြားသူများကို ခေါ်ဆောင်၍ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။ သို့ပါသော်လည်း အနက်ဝတ်လူတစ်ယောက်ပြောဆိုခဲ့သည့်စကားကြောင့် သူဟာ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး အနောက်ကို ပြန်လှည့်ကြည့်လိုက်မိသည်။

" မင်းသမီးလေးလန်လင်း မင်းသာ ဇာမဏီပုတီးစေ့ကို လက်လွှဲပေးသရွေ့ မင်းကို လုံလုံခြုံခြုံ ထွက်ခွာခွင့်ပြုမယ်။" ချန်ခွမ်းဘုရင်အထွတ်အထိပ်၌ ရှိနေသော အနက်ဝတ်လူခေါင်းဆောင်သည် ရထားလုံးကို စူးစိုက်ကြည့်လိုက်ပြီး ကြမ်းတမ်းအက်ရှသောအသံဖြင့် ပြောဆိုခဲ့သည်။

" ဇာမဏီပုတီးစေ့လား "

ဝမ်ဖုန်းဟာ တစ်စုံတစ်ခုကို ပြန်ပြောင်းစဥ်းစားမိလိုက်သည့်အလား တိုးညှင်းစွာ ရေရွတ်လိုက်ပြီး သူ၏မျက်ဝန်းများဟာ တောက်ပလာခဲ့သည်။

သူ ရှေးဟောင်းကမ္ဘာကြီးမှ မထွက်ခွာလာသေးခင်တွင် ယဲ့မုချင်ဟာ သူ့ကို အကာအကွယ်ပေးရန် ဇာမဏီပုတီးစေ့ကို ပေးအပ်ခဲ့သည်။ သို့ပါသော်လည်း ထိုအချိန်တွင် ယဲ့မုချင်ဟာ ဇာမဏီပုတီးစေ့ကို သူ့ထက်ပို၍ လိုအပ်နေပါသည်။ ထို့အတွက်ကြောင့် သူဟာ ၎င်းကို လက်မခံခဲ့ပါ။ ထိုအချိန်ကာလတုန်းက ဇာမဏီပုတီးစေ့ဟာ ဘာကိုဆိုလိုကြောင်းကိုလည်း သူဟာ နားမလည်ခဲ့ပါ။

ဇာမဏီပုတီးစေ့များ လောက၌ ဘယ်လောက်များများရှိနေကြောင်းကို ဝမ်ဖုန်းမသိပါ။ သို့ပါသော်လည်း ယဲ့မုချင်ဟာ ရှေးဟောင်းကမ္ဘာအတွင်းရှိ ရှန်ရှန်ကျုံဂိုဏ်းမှ မွန်မြတ်ဘုံလောကကို ဦးစွာသွားရောက်ခဲ့လေသည်ဖြစ်ရာ ဤဇာမဏီပုတီးစေ့မှာ ယဲ့မုချင်နဲ့ ဆက်စပ်နေနိုင်သည်။

၎င်းက ဖြစ်နိုင်ခြေတစ်ခုသာ ဖြစ်သော်လည်း သူ၏အာရုံစိုက်မှုနဲ့ ထိုက်တန်လေသည်။

ဇာမဏီပုတီးစေ့သည် ကောင်းကင်နှင့်ကမ္ဘာမြေမှ မွေးဖွားပေးလိုက်သော စိတ်ဝိညာဥ်ပစ္စည်းတစ်ခု ဖြစ်၏။ ၎င်းဟာ ဇာမဏီငှက်၏ ပြန်လည်ထမြောက်ခြင်းပြာမှုန့်များကြားထဲမှ သိပ်သည်းဖြစ်တည်လာသော အမြုတေ ဖြစ်၏။ ကျင့်ကြံသူများဟာ ထိုအရာမှတဆင့် ဇာမဏီငှက်၏အမွေအနှစ်ကို ရရှိနိုင်ရုံသာမက ဇာမဏီငှက်၏ ပြန်လည်ထမြောက်ခြင်းစွမ်းအားကိုလည်း ရရှိနိုင်သည်။

ယင်းမှာ ဇာမဏီငှက်၏ ပြန်လည်ထမြောက်ခြင်းစွမ်းအားဖြစ်၏! ကောလဟာလများအရ ဇာမဏီငှက်သည် မသေဆုံးနိုင်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူပြန်လည်ထမြောက်သည့်အခါတိုင်းတွင် ၎င်း၏ ကျင့်ကြံမှုဟာ ကောင်းကင်ယံထိတိုင် မြောက်တက်သွားလေ့ရှိသည်။

" ဒီမင်းသမီးမှာ ဇာမဏီပုတီးစေ့ရှိနေတယ်ဆိုတာ ရှင်ဘယ်လိုလုပ် သိတာလဲ။ ရှင်တို့သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက ကောလဟာလတွေအတွက်နဲ့ လှုပ်ရှားခဲ့တာလား။ ဇာမဏီပုတီးစေ့ဆိုတာ ဘယ်လိုရတနာမျိုးလဲ။ဒါကို ရှင်လည်း သိလိမ့်မယ်ထင်ပါတယ်။ ကျမသာ အဲ့ဒီအရာကို ပိုင်ဆိုင်ထားရင် ကျမရဲ့ တော်ဝင်ဖခမည်းတော်လည်း သိရှိရမှာ မဟုတ်လား။ "

သိမ့်မွေ့ပြီး နူးညံချောမွေ့သောအသံကလေးသည် ရထားလုံးအတွင်းမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့ကာ ကြားယောင်မိသူမှန်သမျှ၏ စိတ်နှလုံးကို အေးချမ်းသွားစေခဲ့သည်။ မင်းသမီးလန်လင်း၏ လှပသောအသံလေးကို ကြားယောင်ခဲ့ရသူမှန်သမျှဟာ သူမကို ချစ်လိုနှစ်သက်မှာဖြစ်ကြောင်းကို ဝမ်ဖုန်းကတောင်မှ ဝန်ခံရမှဖြစ်သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမမှ လူများနဲ့ ရင်ဆိုင်နေရပြီး ချိပ်ပိတ်ခြင်းအစီအရင်ကြီးအတွင်း၌ ပိတ်မိနေခဲ့သော်လည်း မင်းသမီးလန်လင်းဟာ တုန်လှုပ်ခြောက်ခြားသွားခြင်းမရှိပါ။ သူမ၏အသံက အင်မတန်မှ တည်ငြိမ်နေခဲ့ပြီး မိတ်ဆွေများနှင့် စကားပြောဆိုနေသည့်အလား ဖြစ်နေခဲ့သည်။

" ကောလဟာလတွေချည်းပဲဆိုရင် ကျုပ်တို့ရဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက လက်လွှတ်စပယ် လှုပ်ရှားမှာမဟုတ်ဘူး။ ကျုပ်တို့ကလည်း မင်းသမီးလေးနဲ့ ရန်သူမဖြစ်ချင်ပါဘူး။ မင်းသမီးကလေးက မြင့်မြတ်တဲ့စန်းရိအင်ပါယာကြီးရဲ့ ချစ်ခင်မြတ်နိုးရတဲ့ သမီးတော်လေးပဲလေ။ "

" ဒါပေမဲ့ ဒီကိစ္စက ကောလဟာလသက်သက်မဟုတ်ဘူးဆိုတာ ဒီအရှင်က သိရှိထားတယ်။ မင်းမှာ ဇာမဏီပုတီးစေ့ကို ကျိန်းသေပေါက်ပိုင်ဆိုင်ထားတယ်။ ယုံကြည်ရတဲ့ သတင်းမဟုတ်ဘူးဆိုရင် ကျုပ်တို့သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက မြင့်မြတ်တဲ့စန်းရိမင်းဆက်နဲ့ ရန်သူလုပ်ပြီး မင်းသမီးကို တားဆီးရဲပါ့မလား။"

အနက်ဝတ်ခေါင်းဆောင်သည် ရယ်မောပြောဆိုခဲ့ကာ သူ၏မျက်ဝန်းများက ရထားလုံးကိုသာ စူးစိုက်ကြည့်နေခဲ့သည်။ သူ၏လေသံက အင်မတန်မှ ခိုင်မာနေခဲ့သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမသည် သတင်းအတိအကျရရှိထားခြင်းမရှိဘဲ ခုနှစ်ပြည်ထောင်မှ တစ်ခုအပါအဝင်ဖြစ်သော မြင့်မြတ်သောစန်းရီအင်ပါယာကို ရန်သူလုပ်မှာ မဟုတ်ပါ။

All Chapters