← Chapters

ကြီးမြတ်သောဧကရာဇ်၏ ပုံရိပ်ယောင်

Vol. 36 Ch. 494

ကြီးမြတ်သောဧကရာဇ်၏ ပုံရိပ်ယောင်

Vol. 36 Ch. 494

ဘာသာပြန်_ The Fate

"ကောင်းတယ်!"

"သူမက ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့်ပဲ ရှိပေမယ့် ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်နဲ့ နှိုင်းယှဥ်နိုင်တဲ့ခွန်အားကို ထုတ်ဖော်နိုင်တယ်!"

အဝေးတစ်နေရာတွင်ရှိနေသော ဝမ်ဖုန်းသည် မင်းသမီးလန်လင်း၏ စွမ်းအားထုတ်ဖော်မှုကို တွေ့မြင်လိုက်ရသည့်အခါ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ချန်ခွမ်းကပ်ဘေးအဆင့်တွင် သူမဟာ အဆင့်ကြီးတစ်ဆင့် ဖြတ်ကျော်၍ တိုက်ခိုက်နိုင်စွမ်းရှိနေသည်။

ကုကန်းချိုးတို့ ညီကိုနှစ်ယောက်ထက်တောင် သူမက ပို၍သန်မာနေသည်။

ဒါပေမယ့် ဝမ်ဖုန်းဟာသတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်ကို လှည့်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ခေါင်းခါယမ်းလိုက်သည်။

မင်းသမီးလန်လင်းက သန်မာသော်လည်း သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်လောက်တော့ မသန်မာပါ။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမအတွင်းကို ဝင်ရောက်နိုင်သူဟူသမျှသည် ထူးချွန်သော ပါရမီစွမ်းအားကို ပိုင်ဆိုင်ထားသည့် လူငယ်ပါရမီရှင်များဖြစ်ကြသည်။ ချန်ခွမ်းဘုရင်အထွတ်အထိပ်အဆင့်နှင့် ထိုသူ၏ ကျွမ်းကျင်မှုများဖြင့်ဆိုပါက မင်းသမီးလန်လင်းကို ထမင်းစားရေသောက်အနိုင်ယူနိုင်သည်!။

ဒါ့အပြင် ပျက်သုန်းခြင်းဧကရာဇ်အဆင့်ရှိသော သတ်ဖြတ်ခြင်းနတ်ဘုရားဓါး၏ ပုံရိပ်ယောင်နှင့်ပေါင်းစပ်လိုက်သည့်အခါ မင်းသမီးလန်လင်းဟာ တကယ့်ကိုမယှဥ်သာတော့ပါ!!

"ဘုန်း..."

ဝမ်ဖုန်း၏ ခန့်မှန်းချက်ကို တုံ့ပြန်လိုက်သည့်အလား အဝေးတစ်နေရာရှိ တိုက်ပွဲမြေပြင်တွင် တိုက်ခိုက်မှုကြီးနှစ်ခုသည် ပြင်းထန်စွာပွတ်တိုက်မိသွားကာ ကမ္ဘာကြီးကိုဖျက်ဆီးနိုင်သော ပြင်းစွာသော အရှိန်အဟုန်ကို ဖော်ထုတ်ခဲ့သည်။ ထူထပ်များပြားသော မီးတောက်မီးလျှံဓါးစွမ်းအားများသည် အနက်ရောင်ဓါးစွမ်းအားများနှင့် ထိတွေ့လိုက်သည့်အခါ တစ်စစီဆုတ်ပြဲသွားလျက် မီးလျှံငယ်လေးများအဖြစ် ပြိုကွဲသွားကာကမ္ဘာလောကကြီးအတွင်းမှ ထွက်ခွာသွားခဲ့သည်။

စွမ်းအားကြီးသော ဓါးစွမ်းအားများသည် ဖိနှိပ်ခံလိုက်ရပြီး သက်ဆင်းလာခဲ့ကာ မင်းသမီးလန်လင်းသည် ရုတ်ချည်းဆိုသလို လွင့်စင်ထွက်သွားသည်။ သူမ၏ လှပသော ချောမောသော မျက်နှာကလေးမှာ စက္ကူဖြူတစ်ရွက်အလား ဖြူဖျော့လာခဲ့ပြီး သူမ၏ ပန်းရောင်နှုတ်ခမ်းထောင့်မှ သွေးများယိုစီးကျလာခဲ့သည်။ လက်ရှိ သူမ၏ ပုံသဏ္ဍာန်ကို လူတိုင်းသည် သနားကြင်နားခြင်းမရှိဘဲ မနေနိုင်ကြတော့။

"တောက်...တောက်.."

ဓါးကို ကိုင်ဆောင်ထားသော မင်းသမီးလန်လင်း၏ လက်မှ သွေးစက်များကျဆင်းလျက်ရှိသည်။ သူမဟာ ခန္ဓာကိုယ်ကို ကြံ့ကြံ့ခံ မတ်တတ်ရပ်လျက် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်ကို စူးစိုက်ကြည့်နေခဲ့သည်။ သူမ၏ လှပသောမျက်နှာကလေးပေါ်တွင် အကြောက်တရားဟူ၍ စိုးစဥ်းမျှမရှိပါ။

ရေခဲတမျှ အေးစက်သော အနက်ရောင်ဓါးစွမ်းအားသည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ပြီး သူမ၏အမူအရာကို ပျက်ယွင်းလာစေခဲ့သည်။ သို့ပါသော်လည်း သူမဟာ အံကိုတင်းတင်းကြိတ်လျက် လက်ထဲရှိ ဓါးရှည်ကိုဝှေ့ယမ်းကာ ကျဆင်းလာသော အနက်ရောင်ဓါးများကို ခုခံတားဆီးခဲ့သည်။ 

"ရုန်းကန်နေတာကို တော်လိုက်စမ်းပါ... ဇာမဏီပုတီးစေ့ကို နာနာခံခံနဲ့ လက်လွှဲပေးလိုက်"

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်များ၏ ခေါင်းဆောင်သည် မင်းသမီးလန်လင်းကို စူးစိုက်ကြည့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောဆိုလိုက်သည်။

မင်းသမီးလန်လင်းဟာ မြင့်မြတ်သောစန်းရိအင်ပါယာ၏ မင်းသမီးလေးတစ်ပါးဖြစ်ရုံသာမက စန်းရိဧကရာဇ်ချစ်မြတ်နိုးရသော သမီးတော်လေးလည်း ဖြစ်သည်။ သူ၏ စိတ်နေစိတ်ထားဖြင့်ဆိုပါက မင်းသမီးလန်လင်းကို အစောကတည်းသတ်ဖြတ်လိုက်ပြီးပြီဖြစ်သည်။ ဘာလို့များ အရည်မရအဖတ်မရ ပြောနေရဦးမှာလဲ။

သို့ပါသော်လည်း မင်းသမီးလန်လင်း၏ အဆင့်အတန်းကြောင့် သူဟာ မလှုပ်ရှားဝံ့ဖြစ်နေခဲ့သည်။ 

မင်းသမီးလန်လင်းအပေါ် ထားရှိသော ဧကရာဇ်စန်းရိ၏ ချစ်ခြင်းမေတ္တာဖြင့်ဆိုပါက သူတို့သာ မင်းသမီးလန်လင်းကို သတ်ဖြတ်လိုက်လျှင် ဧကရာဇ်စန်းယိတစ်ယောက် အဘယ်မျှလောက် ရူးသွပ်သွားမည်ကို ပြောစရာတောင်မလိုတော့ပါ။ ထိုရူးသွပ်နေသော ဧကရာဇ်စန်းရိဟာ ကြွင်းကျန်နေသော အင်ပါယာများနှင့်ပူးပေါင်း၍ သူတို့၏ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကိုတောင် ဖျက်ဆီးရန် လုပ်ဆောင်လာနိုင်သည်။

မင်းသမီးလန်လင်းဟာ စန်ဂိဧကရာဇ်၏ ချစ်မြတ်နိုးရသော သမီးတော်လေးဖြစ်ရုံသာမက စန်းရိအင်ပါယာတစ်ခုလုံး၏ မြတ်နိုးရသော မင်းသမီးကလေးဖြစ်သည်။ စန်းရိတော်ဝင်မျိုးနွယ်စုတစ်ခုလုံးသည် ရှေးယခင်အချိန်မှစ၍ မင်းသမီးလန်လင်းကို အချစ်မြတ်နိုးဆုံးဖြစ်ပါ၏ ။သူမဟာစန်းရိအင်ပါယာ သမိုင်း၌ ထွက်ပေါ်လာခဲ့သော အသန်မာဆုံးပါရမီရှင်လည်းဖြစ်၏။

ထိုကဲ့သို့ လူတစ်ယောက်သာ သေဆုံးသွားပါက စန်းရိအင်ပါယာကြီးတစ်ခုလုံး ရူးသွပ်သွားလိမ့်မည်။ မင်းသမီးလန်လင်းကို ချစ်မြတ်နိုးကြသော လူငယ်ပါရမီရှင်များကလည်း သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို တိုက်ခိုက်လာလိမ့်မည်။

လှပသော အမျိုးသမီးတစ်ယောက်၏ စွမ်းအားကို အထင်မသေးပါလေနှင့်!!

"စဥ်းတောင်မစဥ်းစားနဲ့!"

မင်းသမီးလန်လင်းသည် အံကြိတ်လိုက်ပြီး စိတ်ပိုင်းဖြတ်ထားသော အမူအရာဖြင့် ပြောဆိုလိုက်သည်။

ထိုစကားလုံးများကို ပြောဆိုလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်ဝန်းများအတွင်း၌ ကြမ်းတမ်းခက်ထန်မှုများ ပေါ်ထွက်လာခဲ့သည်။ သူမဟာ အနက်ရောင်ဓါးစွမ်းအားများကို မြန်ဆန်စွာ ရှောင်ရှားလိုက်ပြီး အဝေးတစ်နေရာတွင် မတ်တတ်ရပ်လိုက်သည်။

များမကြာမီတွင် သူမ၏လက်ကို ဆန့်တန်း၍ ဝှေ့ယမ်းလိုက်သည့်အခါ ကျောက်စိမ်းအဆောင်လက်ဖွဲ့တစ်ခုသည် သူမ၏လက်ဖဝါးအတွင်း၌ ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။ သူမဟာ လက်ချောင်းများကို သွေးထွက်စေလျက် ကျောက်စိမ်းအဆောင်လက်ဖွဲ့အပေါ် သွေးများဖြင့် ပက်ဖြန်းပေးလိုက်သည်။

"ဘုန်း!"

မင်းသမီးလန်လင်း၏သွေးဟာ ကျောက်စိမ်းအဆောင်လက်ဖွဲ့နှင့် ပေါင်းစပ်သွားသည်နှင့်တစ်ပြိုင်နက် ကျောက်စိမ်းအဆောင်လက်ဖွဲ့တစ်ခုလုံးသည် ကြီးမားသော အလင်းတန်းကြီးတစ်ခုအဖြစ် ပေါက်ကွဲထွက်သွားပြီး ၎င်းအဆောင်မှ ခမ်းနားကြီးကျယ်သော စွမ်းအားများကို ထုတ်လွှတ်လျက်ရှိသည်။ ကျောက်စိမ်းအဆောင်လက်ဖွဲ့ဟာ ကောင်းကင်ယံထိတိုင် ပျံတက်သွားခဲ့ပြီး အရပ်လေးမျက်နှာကို ချောက်ချားတုန်လှုပ်စေသော စွမ်းအားများထုတ်လွှတ်လျက်ရှိသည်။

ရှိနေကြသော လူများအားလုံး၏ အကြည့်များမှာ မှိုင်းညို့သွားခဲ့သည်။ ဧရာမတောင်စဥ်တောင်တန်းကြီးက သူတို့ကို ဖိနှိပ်ထားသလိုမျိုး ပြင်းထန်သော လေထုက ဖိနှိပ်ထားခဲ့ကာ အသက်ရှုရခဲယဥ်းလာစေခဲ့သည်။

ကျောက်စိမ်းပေလွှာမှတစ်ဆင့် ကြီးကျယ်ခမ်းနားသော ပုံရိပ်ကြီးတစ်ခုသည် ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ ခမ်းနားသော စွမ်းအားကြီးက ထို ပုံရိပ်ထံမှ ပျံ့လွင့်ထွက်ပေါ်လာခဲ့သည်။

တလက်လက်တောက်ပနေသော ရောင်စဥ်ရောင်တန်းများသည် ၎င်းပုံရိပ်ကြီး၏ ဘေးနား၌ ကွန့်မြူးလျက်ရှိကာ ထိုသူ၏ မျက်နှာကို တွေ့မြင်ရန် ခဲယဥ်းစေသည်။ အလင်းတန်းများကြားတွင် သိုဝှက်ထားသော ခမ်းနားကြီးကျယ်သည့်ပုံရိပ်ဟာ ရှုမြင်မိသူမှန်သမျှကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။

ထိုပုံရိပ်ကြီး၏ ရှေ့မှောက်၌ သက်ရှိသတ္တဝါများအားလုံးသည် ပုရွက်ဆိတ်များအလားဖြစ်နေခဲ့ပြီး ၎င်းပုံရိပ်ကြီးကို မော်၍မကြည့်ရဲကြပါ။ ယင်းက သူတို့အထက်ရှိ ဧကရာဇ်မင်းမြတ်တစ်ပါးနှင့် တွေ့မြင်နေရသည့်အလားပင်။

"စန်းရိဧကရာဇ်.!"

ထိုပုံရိပ်ကို တွေ့မြင်လိုက်ရသည့်အခါ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်ခေါင်းဆောင်၏ မျက်နှာသည် ထိတ်လန့်သွားကာ ချောက်ချားစွာ ရေရွတ်လိုက်သည်။ သူ၏မျက်ဝန်းများက ၎င်းပုံရိပ်ကို စွဲမြဲစွာစိုက်ကြည့်လိုက်ပြီး တခဏကြာမှသာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

"ကံကောင်းတာက အဲ့ဒါက ပုံရိပ်ယောင်တစ်ခုပဲ..."

"မင်းသမီးလေးက ဧကရာဇ်စန်းရိရဲ့ ချစ်မြတ်နိုးရတဲ့ သမီးတော်လေးဆိုတာကို ငါဝန်ခံရမှာပါပဲ.. သူက မင်းကိုကာကွယ်ပေးဖို့ ပုံရိပ်ယောင်တစ်ခုတောင် ချန်ထားပေးခဲ့တယ်"

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်သည် မင်းသမီးလန်လင်းကို စူးစိုက်ကြည့်လျက် ခပ်ဖွဖွပြုံးရယ်လိုက်ကာ သူ၏အမူအရာက သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။ 

"ဒါက ငါ့ဖခမည်းတော်ရဲ့ ပုံရိပ်ယောင်မှန်းသိတာတောင် ရှင်တို့တွေ ပြန်မဆုတ်ခွာသေးဘူးလား?"

"သတ်ဖြတ်ခြင်းနတ်ဘုရားဓါးရဲ့ ပုံရိပ်ယောင်က တကယ့်ကိုအစွမ်းထက်ပါတယ်။ ဒါပေမယ့် ကျွန်မဖခမည်းတော်ရဲ့ ပုံရိပ်ယောင်ကိုတော့ ရှင်တို့သတ်ဖြတ်ခြင်းဓါးပုံရိပ်ယောင်က ယှဥ်ပြိုင်နိုင်မှာမဟုတ်ဘူး"

မင်းသမီးလန်လင်းက တိုးညင်းစွာအော်ဟစ်လိုက်သည်။ သူမ၏ စကားလုံးများက ဧကရာဇ်စန်းရိကို ယုံကြည်ကြောင်းထင်ရှားသည်။

မြင့်မြတ်သောစန်းရိအင်ပါယာ၏ ဧကရာဇ်မင်းမြတ်ဖြစ်သည့်အလျောက် ဧကရာဇ်စန်းရိသည် မယှဥ်သာနိုင်လောက်သော ခွန်အားကို ပိုင်ဆိုင်ထားသည်။ ခုနှစ်ပြည်ထောင်၏ ခေါင်းဆောင်များနှင့် ကောင်းကင်တာအိုမျိုးနွယ်စု ခေါင်းဆောင်များအားလုံးဟာ ချန်ခွမ်းအထွတ်အမြတ်ဘုံအဆင့်ကို ကျော်ဖြတ်၍ ဒဏ္ဍာရီလာ ပျက်သုန်းခြင်းဧကရာဇ်အဆင့်ကို ရောက်ရှိနေပြီဟုတောင် ဆိုကြသည်။ ၎င်းက မွန်မြတ်ဘုံလောကတစ်ခုလုံးကို ဖိနှိပ်ထားရန် လုံလောက်လေသည်။

ခမ်းနားသော ပုံရိပ်ယောင်မှာ ဧကရာဇ်စန်းယိ၏ ပုံရိပ်ယောင်မျှသာဖြစ်သော်လည်း အနှိုင်းမဲ့သော ခွန်အားများကို ပိုင်ဆိုင်ထားဆဲသာ။ ၎င်းက ပျက်သုန်းခြင်းဧကရာဇ်လက်နက်တစ်ခု နှိုင်းယှဥ်နိုင်တာထက် အများကြီးပိုပါသည်!!

"ဟီးဟီး.. အဲ့ဒါကို ငါတကယ်ပဲမယှဥ်ပြိုင်နိုင်ပါဘူး!"

"ဒါပေမယ့် မင်းကိုလာရောက်မတိုက်ခိုက်ခင် ငါက အပြည့်အဝပြင်ဆင်မထားဘူးလို့ ထင်နေတာလား?"

"ဖြစ်နိုင်ချေအနည်းငယ်ရှိရင်တောင်မှ ငါတို့ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက အသေချာပြင်ဆင်ထားမှာ!!"

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်သည် လှောင်ရယ်လိုက်ပြီး သူ၏လက်ကိုဆန့်တန်းလိုက်သည့်အခါ နက်မှောင်သော ကျောက်စိမ်းပေလွှာလေးတစ်ခုသည် လက်အတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။ သူဟာလည်း ကျောက်စိမ်းပေလွှာလေးအတွင်းသို့ သွေးစက်ချလိုက်သည်။

"ဘုန်း!"

အေးစက်သော သတ်ဖြတ်မှုစိတ်ဆန္ဒများမှာ ကမ္ဘာလောကတစ်ခွင် ပြည့်နှက်သွားခဲ့ပြီး နက်ရှိုင်းသောလေပြင်းတစ်ခု အရပ်လေးမျက်နှာသို့ တိုက်ခတ်သွားခဲ့သည်။ အနက်ရောင်ကျောက်စိမ်းပေလွှယလေး၏ ပတ်လည်၌ မီးခိုးငွေ့များထွက်ပေါ်လာခဲ့ကာ ဧကရာဇ်စန်းရိ၏ ပုံရိပ်ယောင်မျှ ကြီးမားသော ပုံရိပ်ယောင်ကြီးတစ်ခုသည် ထွက်ပေါ်လာခဲ့လေသည်။

"ဘုန်း.."

ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသွားကာ ချောက်ချားဖွယ်ကောင်းသော မုန်တိုင်းကြီးကို အစပျိုးလိုက်သည်။ လေထုဟာ ၎င်းပုံရိပ်နှစ်ခုကို ဗဟိုပြု၍ တစ်စစီ ဆုတ်ပြဲလာခဲ့လေသည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများ လွင့်ပျံ့သွားသည့်အခါတိုင်း ကောင်းကင်းနှင့် ကမ္ဘာမြေပြင်ဟာ ပြိုပျက်လုမတက် ဖြစ်နေခဲ့သည်။

"သတ်ဖြတ်ခြင်းနတ်ဘုရားရဲ့ ပုံရိပ်ယောင်!!"

မင်းသမီးလန်လင်း၏ မျက်ဝန်းသူငယ်အိမ်များမှာ လှုပ်ခါသွားခဲ့ပြီး အံ့အားတသင့် ရေရွတ်လိုက်သည်။

ကောလဟာလများအရ သတ်ဖြတ်ခြင်းနတ်ဘုရားသည် ချန်ခွမ်းနယ်ပယ်ကို ကျော်လွန်၍ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေခဲ့သည်။ သူမဟာ ၎င်းကို ကောလဟာလဟုသာ ထင်ခဲ့သော်လည်း အစစ်အမှန်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။

မင်းသမီးလန်လင်း၏ အမူအရာမှာ အရုပ်ဆိုးလာခဲ့သည်။ သူမဟာ နှလုံးသားအတွင်းမှ မသက်မသာခံစားလိုက်ရသည်။ သူမအဖေထားရစ်ခဲ့သော ဝှက်ဖဲဖြင့်ဆိုပါက သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမမှ စွမ်းအားရှင်များကို အလွယ်တကူတားဆီးနိုင်လိမ့်မည်ဟု သူမတွေးခဲ့မိသည်။ သို့ပါသော်လည်း တစ်ဖက်လူများမှာ စေ့စေ့စပ်စပ်တွေးတောထားလိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

All Chapters