← Chapters

ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် တိုက်ကွက်တစ်ကွက်

Vol. 36 Ch. 495

ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် တိုက်ကွက်တစ်ကွက်

Vol. 36 Ch. 495

ဘာသာပြန်- The Fate

" ပေးသာပေးလိုက်စမ်းပါ..ငါအရမ်းစိတ်မရှည်ဘူးနော်."

တစ်ခုနဲ့တစ်ခု အားပြိုင်နေသော ထိတ်လန့်ဖွယ်ပုံရိပ်ယောင်ကြီးနှစ်ခုကို စူးစိုက်ကြည့်လိုက်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်သည် နက်ရှိုင်းသောအသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ အေးစက်သောသတ်ဖြတ်မှု အရှိန်အဝါများသည် သူ၏အသံနှင့်အတူ အရပ်လေးမျက်နှာသို့ အရှိန်အဟုန်ဖြင့် ပျံ့လွင့်သွားခဲ့သည် !

မင်းသမီးလန်လင်းကို သူဟာ ထပ်ခါထပ်ခါ ပြောကြားခဲ့ပြီးပြီ ဖြစ်သည်။ မင်းသမီးလန်လင်းသာ မဏီပုတီးစေ့ကို လက်လွှဲမပေးသေးပါက သူမကို သတ်ဖြတ်ရုံသာ ကျန်တော့သည် !

သတ်ဖြတ်ခြင်းနတ်ဘုရား အလိုရှိနေသည့်အရာကို ဘယ်သူကမှ မတားဆီးနိုင်ပါ !

" အဲ့တာကို ငါ အသုံးမပြုချင်ခဲ့ပေမဲ့ သိုဝှက်ထားလို့ မရတော့ဘူးပဲ ! "

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်၏ ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်မှုစိတ်ဆန္ဒများကို အာရုံခံမိလိုက်သည့်အခါ မင်းသမီးလန်လင်းက တိုးညှင်းစွာ သက်ပြင်းချလိုက်သည်။

ထိုသို့ပြောဆိုလိုက်ပြီးနောက် သူမက ကျောက်စိမ်းပေလွှာလေးတစ်ရွက်ကို ထပ်မံ၍ ဆွဲထုတ်လိုက်ပြန်သည်။သို့ပါသော်လည်း ဤကျောက်စိမ်းပေလွှာလေးသည် ကြီးမြတ်သောဧကရာဇ်၏ ပုံရိပ်ယောင်ကို သယ်ဆောင်ထားသော ကျောက်စိမ်းပေလွှာလေးနဲ့ ကွာခြားမှုရှိပါသည်။ ကျောက်စိမ်းပေလွှာကလေးထက်မှ အဆုံးအစမဲ့သော ထက်မြက်မှုအရှိန်အဝါများ ပျံ့လွင့်ထွက်ပေါ်လာပုံပေါ်ပြီး ၎င်းက စိတ်ဝိညာဥ်ကိုတောင် တောင့်တင်းသွားစေနိုင်သည် !

" ဘုန်း..."

ကျောက်စိမ်းပေလွှာလေးကို ထုတ်ယူလိုက်ပြီးနောက် မင်းသမီးလန်လင်းက တုံ့ဆိုင်းနေခြင်းမရှိဘဲ ချန်ခွမ်းကပ်ဘေးအထွတ်အထိပ်အဆင့်ရှိသော ကျင့်ကြံမှုအရှိန်အဝါများကို တိုက်ရိုက်ထုတ်ဖော်လိုက်ကာ ခမ်းနားသောစွမ်းအားများကို ကျောက်စိမ်းပေလွှာလေးအတွင်းသို့ ထည့်သွင်းလိုက်သည်။

ဤတစ်ကြိမ်တွင် မင်းသမီးလန်လင်းဟာ အနည်းငယ်တောင်ထိန်ချန်ထားခြင်းမရှိဘဲ စွမ်းအားများအကုန်လုံးကို လှည့်ပတ်ခဲ့သည်။ သူမဟာ စွမ်းအင်ကုန်ခမ်းသွားမှာကိုတောင် စိုးရိမ်ပူပင်နေခဲ့ပုံမပေါ်ပါ !

" ဘုန်း...! "

မင်းသမီးလန်လင်း၏စွမ်းအားများ ကျောက်စိမ်းပေလွှာလေးအတွင်း ဝင်ရောက်သွားသည့်အခါ ကျောက်စိမ်းပေလွှာတစ်ခုလုံးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ ပေလွှာရွက်ကလေးထံမှ အင်မတန်ထက်မြက်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

ဓားရှည်ထံမှ ထုတ်လွှတ်နေသော ထက်မြက်မှုအရှိန်အဝါများနှင့် သိပ်သည်းသောဓားစွမ်းအားများသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို ဓားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲခဲ့လေသည်။

ကောင်းကင်ယံအထက်တွင်ရှိနေသော သတ်ဖြတ်ခြင်းနတ်ဘုရားနှင့် မြင့်မြတ်သောစန်းရိအင်ပါယာတို့၏ ပုံရိပ်ယောင်များကတောင် အံ့သြနေသောအမူအရာများ ထုတ်ဖော်ပြသလာကြသည်။

၎င်းတို့ဟာ ပင်မခန္ဓာကိုယ်၏ ပုံရိပ်ယောင်များသာ ဖြစ်သော်လည်း အသိညဏ်ကိုတော့ ပိုင်ဆိုင်ထားကြသည်။ဓားရှည်မှ ထုတ်လွှတ်နေသော အရှိန်အဝါများသည် သူတို့ကိုတောင် အနည်းငယ် မသက်မသာခံစားလာစေခဲ့သည်။

ထိုကျောက်စိမ်းပေလွှာကို ဖန်တီးခဲ့သူမှာ အနည်းဆုံးတော့ သူတို့နဲ့အဆင့်တူ သို့တည်းမဟုတ် သူတို့ထက်ပို၍ သန်မာရမည် !

စန်းရိဧကရာဇ်၏ပုံရိပ်ယောင်သည် မင်းသမီးလန်လင်းကို စိတ်သက်သာရာရစွာ လှမ်းကြည့်လိုက်သည်။မင်းသမီးလန်လင်းတွင် ဆရာသခင်တစ်ယောက်ရှိကြောင်း သူသိထားသော်လည်း မင်းသမီးလန်လင်း၏ လျို့ဝှက်ဆန်းကြယ်သော ဆရာမှာ ဤမျှအထိ သန်မာနေလိမ့်မည်ဟုတော့ သူထင်မထားခဲ့ပါ !

" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်တစ်ယောက်ရဲ့ တိုက်ခိုက်မှုလား ? "

ဓားရှည်ထံမှ ထုတ်လွှတ်နေသော ထက်မြက်မှုအရှိန်အဝါများကို အာရုံခံမိလိုက်သည့်အခါ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်၏ အမူအရာများမှာ ရုတ်တရက်ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်သည်။

မင်းသမီးလန်လင်းတွင် ဤကဲ့သို့ဝှက်ဖဲတစ်ခု ရှိနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ သတ်ဖြတ်ခြင်းနတ်ဘုရားကသာ သူ့ကို ဝှက်ဖဲတစ်ခု မပေးအပ်ခဲ့ပါက သူဟာ ထွက်ပြေးသွားပြီးပြီ ဖြစ်သည် !

" ဒါ...ဒါက...."

အဝေးတစ်နေရာရှိ တောင်တန်းတောအုပ်ထဲတွင် ဝမ်ဖုန်းဟာ ဓားရှည်၏ ထက်မြက်မှုအရှိန်အဝါများကို ခံစားလိုက်ရကာ သူ၏ မျက်ဝန်းသူငယ်အိမ်များက လှုပ်ခါသွားခဲ့သည်။ အံ့အားသင့်နေသော အကြည့်တစ်ခုသည် သူ့မျက်နှာထက်၌ ထွက်ပေါ်လာခဲ့ပြီး တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

သူဟာ သူမကို အချိန်အတော်ကလေးကြာအောင် မတွေ့မြင်ခဲ့ရသော်လည်း ဓားရှည်ထံမှတဆင့် သူမ၏အရှိန်အဝါကို အာရုံခံနိုင်ခဲ့သည်။၎င်းမှာ ယဲ့မုချင်ဖြစ်ပါ၏ !

အဲ့ဒီမင်းသမီးလန်လင်းက တကယ်ပဲ ယဲ့မုချင်ရဲ့ တပည့်လား..?

ဝမ်ဖုန်းဟာ အပျော်လွန်ကဲသွားခဲ့သည်။နောက်ဆုံးမှာတော့ သူဟာ ယဲ့မုချင်၏ သတင်းကို လက်ခံရရှိခဲ့လေပြီ။ သူဟာ ယဲ့မုချင် ဘယ်နေရာမှာရှိနေလဲဆိုတာကို မင်းသမီးလန်လင်းအား မေးမြန်းရန် မစောင့်ဆိုင်းနိုင်တော့ပါ !

" ဝုန်း..! "

ဝမ်ဖုန်းတစ်ယောက်ကျေနပ်ပျော်ရွှင်နေစဥ်တွင် ကျောက်စိမ်းပေလွှာမှ အသွင်ပြောင်းဖြစ်တည်လာသော ဓားရှည်ကြီးသည် ပြီးပြည့်စုံသွားခဲ့သည်။ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းအားများသည် ဓားရှည်ထံမှ ပျံ့လွင့်ထွက်ပေါ်နေခဲ့ပြီး ကြီးမားသောဓားအလင်းတန်းကြီးတစ်ခုသည် ကမ္ဘာလောကကြီးအတွင်း ထွန်းလင်းတောက်ပနေခဲ့သည်။ ၎င်းဟာ အင်မတန်မှ သိပ်သည်းထူထပ်ပြီး ၎င်းကိုယ်ထည်တွင် သိသာထင်ရှားသော မျဥ်းကြောင်းများကို ရေးထွင်းထားခဲ့သည်။ယင်းက အစစ်အမှန်ဧရာမ ဓားတစ်ချောင်းကဲ့သို့ ဖြစ်နေခဲ့သည်။

ဓားအလင်းတန်းထွက်ပေါ်လာပြီးသည်နှင့် တပြိုင်နက် လေပြင်းများနှင့် မိုးခြိမ်းသံကြီးများ အဆက်မပြတ် မြည်ဟီးလာခဲ့ကာ မိုးကောင်းကင်ကြီးသည် အရောင်အဝါပြောင်းလဲသွားခဲ့ရသည်။ အင်မတန်မှ ထက်မြသောအရှိန်အဝါများက လေထုကို ကြီးမားသောအက်ကွဲကြောင်းကြီးများအဖြစ် ဆုတ်ဖြဲခဲ့သည် !

" ဆရာသခင် သတ်ဖြတ်ခြင်းနတ်ဘုရား ကျေးဇူးပြုပြီး ကျွန့်တော့ကို ကူညီပေးပါ "

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမစွမ်းအားရှင်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး သူဟာလည်း နက်မှောင်နေသော ကျောက်စိမ်းပေလွှာလေးတစ်ခုကို အလျင်စလို ထုတ်ယူလိုက်ကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။

ဤကျောက်စိမ်းပေလွှာကလေးသည် သတ်ဖြတ်ခြင်းနတ်ဘုရားက သူ့ကို ပေးအပ်ခဲ့သော နောက်ဆုံးဝှက်ဖဲဖြစ်ပါသည်။၎င်းအထဲတွင် သတ်ဖြတ်ခြင်းနတ်ဘုရား၏ လူသတ်တိုက်ကွက်ပါဝင်နေခဲ့သည် !

ဤကျောက်စိမ်းပေလွှာကလေးကိုသာ မပိုင်ဆိုင်ထားပါက သူဟာ ယခင်ကတည်းက ထွက်ပြေးခဲ့ပြီးပြီဖြစ်သည်။ ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ် စွမ်းအားရှင်တစ်ယောက်ချန်ရစ်ခဲ့သော တိုက်ကွက်တစ်ကွက်မှာ သူရင်ဆိုင်နိုင်မည့်အရာ လုံးဝမဟုတ်ပါ။၎င်းက ကြွင်းကျန်ရစ်သော ဓားစွမ်းအားတစ်ခု ဆိုလျှင်တောင် သူ့ကို အလွယ်တကူ အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်နိုင်သည် !

" ဘုန်း..."

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမစွမ်းအားရှင်၏ စကားများဆုံးသွားသည့်အခါ ကျောက်စိမ်းပေလွှာလေးအတွင်းမှ အနက်ရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ကျောက်စိမ်းပေလွှာကလေး၏ အထက်တွင် ချိပ်ပိတ်ထားသော အစီအရင်ကြီးတစ်ခုနဲ့တူညီသည့် စက်ဝိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိတ်လန့်ဖွယ်ကောင်းသော ဓားဆန္ဒသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ ကောင်းကင်နှင့် ကမ္ဘာမြေမတွင်း၌ မိုးကြိုးများနှင့် လျှပ်စီးများ ပြည့်နှက်လာခဲ့ကာ မရေမတွက်နိုင်သော အနက်ရောင်ဓားအလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ဧရာမဓားအလင်းတန်းကြီးထံသို့ လျှင်မြန်စွာ ပြေးထွက်သွားခဲ့သည်။

" ဘုန်း....! "

ခြောက်ခြားဖွယ်ကောင်းသော တိုက်ခိုက်မှုကြီးနှစ်ခုသည် အတူတကွ ပွတ်တိုက်မိသွားကာ မြင်ကွင်းက အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။ နားကွဲလုမတတ်ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် မြည်ဟီးထွက်ပေါ်လာခဲ့ပြီး ကမ္ဘာကြီးအဆုံးသတ်တော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။

အဆိုပါတိုက်ကွက်နှစ်ကွက်မှတဆင့် ပျက်သုန်းခြင်းဧကရာဇ်နယ်ပယ်စွမ်းအားရှင်များ၏ ထိတ်လန့်ဖွယ်ကောင်းပုံကို ရှင်းလင်းစွာ သိမြင်နိုင်ပါ၏ !

ဓားချီများနှင့် တာအိုချီများသည် ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ မိုင်တစ်သောင်းပတ်ပတ်လည်ရှိ မြေနေရာကြီးကို ဖျက်စီးပစ်လိုက်သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားအရှိန်အဝါများသည် မြေပြင်ကို တိုက်ရိုက်အက်ကွဲစေခဲ့ပြီး ကမ္ဘာလောကအတွင်းရှိ အလင်းရောင်များကိုတောင် မှေးမှိန်သွားစေခဲ့သည်။

ရှိနေကြသောလူများသည် ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါကြီးကြောင့် လွင့်စင်ထွက်သွားခဲ့ကာ ကောင်းကင်ယံအထက်၌ တည်ရှိသော ပုံရိပ်ယောင်နှစ်ခုသည်လည်း ထိတ်လန့်ဖွယ်ကောင်းသောဖိအားကြောင့် တစစီကြေကွဲသွားခဲ့ရသည် !

နောက်ဆုံးမှာတော့ ပုံရိပ်ယောင်ဟာ ပုံရိပ်ယောင်သာ ဖြစ်သည်။ ပင်မခန္ဓာကိုယ်၏ စစ်မှန်သောတိုက်ခိုက်မှုကို အဘယ်မှာ ရင်ဆိုင်နိုင်ပါအံ့နည်း။၎င်းက သာမန်တိုက်ကွက်တစ်ခု ဆိုရင်တောင်မှ ပုံရိပ်ယောင်တစ်ခု ရင်ဆိုင်တားဆီးနိုင်မှာ မဟုတ်ပါ !

ကောင်းကင်နှင့်မြေပြင်သည် အပိုင်းပိုင်းအစစပြတ်တောက်သွားပုံပေါ်ပြီး မိုးကောင်းကင်၌ ဓားအလင်းတန်းများနှင့် ဓားစွမ်းအားများ ပြည့်နှက်နေခဲ့ကာ အရာအားလုံးဟာ ဖြတ်တောက်ခံလိုက်ရသည်။

" အဟွတ်...အဟွတ် ...! "

အချိန်ဘယ်လောက်ကြာသွားသလဲမသိ ။သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်၏ပုံရိပ်သည် ဖုန်မှုန့်များအတွင်းမှ ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်နှာဟာ ဖြူဖျော့နေပြီး သူ့နှာခေါင်းနှင့် ပါးစပ်များထံမှ သွေးများယိုစီးကျနေခဲ့သည်။ သူဟာ ထပ်တူထပ်မျှ သနားစဖွယ်ဖြစ်နေသော မင်းသမီးလန်လင်းကို စူးစိုက်ကြည့်နေခဲ့သည် !

" အထွတ်အမြတ်တိုက်ကွက်က တကယ့်ကို အံ့ဖွယ်ပါတကား "

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်သည် လှောင်ရယ်လိုက်ပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်ဟာ တုန်ခါနေခဲ့သော်လည်း မင်းသမီးလန်လင်းထံသို့ ဆက်လက်လမ်းလျှောက်သွားခဲ့သည်။

သူဟာ ထိတ်လန့်ခြောက်ခြားမှုကို ခံစားခဲ့ရသည်။သတ်ဖြတ်ခြင်းနတ်ဘုရား၏တိုက်ကွက်သည် မင်းသမီးလန်လင်းထုတ်ဖော်ခဲ့သော လျို့ဝှက်ဆန်းကြယ်သည့် စွမ်အားရှင်၏တိုက်ကွက်အား မယှဥ်ပြိုင်နိုင်ဖြစ်နေလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပါ။

သတ်ဖြတ်ခြင်းနတ်ဘုရားဓား၏ ပုံရိပ်ယောင်ကို ဖောက်ခွဲခဲ့ပြီး ၎င်းမှ ရရှိသောစွမ်းအားများဖြင့် ဓားအလင်းတန်းကို ခုခံခဲ့၍မဟုတ်ပါက သူဟာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားရုံသာမက ချက်ချင်းသေဆုံးသွားမှာကိုတောင် ကြောက်လန့်မိသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏စွမ်းအားရှင် လမ်းလျှောက်လာနေစဥ်တွင် တိုက်ပွဲအရှိန်အဝါများမှ လွှတ်မြောက်လာခဲ့သော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်များသည်လည်း သူတို့၏ဒဏ်ရာရနေသော ခန္ဓာကိုယ်များကို သယ်မလျက် စွမ်းအားရှင်ခေါင်းဆောင်၏ပတ်လည်၌ ထွက်ပေါ်လာခဲ့ကြသည်။ မျက်တောင်တစ်ခတ်အတွင်း၌ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်ခေါင်းဆောင်၏ ပတ်လည်၌ စွမ်းအားရှင် (13) ယောက် စုစည်းမိသွားကြသည် !

ကျန်သူများဟာတော့ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီး၏အောက်တွင် သေဆုံးသွားခဲ့လေပြီ !

တချိန်တည်းမှာပင် မင်းသမီးလန်လင်း၏ဘေးဖက်၌ ဆရာသခင်(10)ယောက်သာ ကျန်ရစ်တော့သည်။ သို့ပေသော်ငြားလည်း ၎င်းဆရာသခင်ဆယ်ယောက်သည် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်များထက် ပို၍သနားစဖွယ်ကောင်းနေခဲ့သည်။ သူတို့ခန္ဓာကိုယ်၌ ထူထပ်သိပ်သည်းသော အမာရွတ်များ ရှိနေခဲ့သည်။ ဤအချိန်တွင်တောင် အမာရွတ်များမှ သွေးများစီးဆင်းလျက်ရှိပြီး လူတစ်ကိုယ်လုံးက သွေးလူသားများကဲ့သို့ ထင်မှတ်ရ၏။ ထိုကဲ့သို့ပြင်းထန်သော ဒဏ်ရာများဖြင့် သူတို့ဘယ်လိုလုပ် ထပ်မံတိုက်ခိုက်နိုင်ဦးမှာလဲ။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်များဟာလည်း ဒဏ်ရာရခဲ့သည်မှာ မှန်ကန်သော်ငြား သူတို့ဟာ ဆက်လက်တိုက်ခိုက်နိုင်သေးသည်။ အနည်းဆုံးတော့ သူတို့ဟာ မင်းသမီးလန်လင်းတို့ကို သတ်ဖြတ်နိုင်စွမ်း ရှိပါသေးသည်။

All Chapters