← Chapters

မွန်မြတ်သောမြို့တော်

Vol. 36 Ch. 499

မွန်မြတ်သောမြို့တော်

Vol. 36 Ch. 499

ဘာသာပြန်_ The Fate

ဝမ်ဖုန်၏ဘေးနားတွင် ထွက်ပေါ်လာကြသူများမှာ ရှန်ရှန်ကျုံဂိုဏ်း၏ လက်ရွေးစင်တပည့်များဖြစ်သော လီချင်း၊ ယန်ရှန်း၊ ကုချိုး၊ ကုကန်းချိုးနှင့် တိုက်ရိုက်တပည့်ဖြစ်သော ဝမ်ရွှယ်လေးတို့ ဖြစ်ကြသည်။

ဝမ်ဖုန်း၏ပထမဆုံးသော တိုက်ရိုက်တပည့်ဖြစ်သည့်အတွက် ဝမ်ရွှယ်ကလေးကို ရှန်ရှန်ကျုံတစ်ဂိုဏ်းလုံးက ချစ်ခင်မြတ်နိုးကြသည်။ ကုညီအကိုနှစ်ယောက်ကတောင် သူတို့ဇနီးများနှင့် အတိုက်အခံလုပ်၍ ဝမ်ရွှယ်လေးကို ရတနာပစ္စည်းများ ပေးအပ်လေ့ရှိသည်။

ဝမ်ဖုန်းဟာ ဝမ်ရွှယ်လေးကို တစ်ရက်တောင် မသင်ပြပေးရသော်လည်း ကမ္ဘာဘောလုံးလေးအထဲ၌ ကျန်းစန်ဖုန်း၊ ဖောင့်ပန်း၊ နဲ့ဖုန်းနှင့်အခြားသော အကြီးအကဲတို့က သူမကို သင်ကြားပို့ချခဲ့သည်။

ဝမ်ရွှယ်ကလေးဟာ မျှော်လင့်ချက်များနဲ့ ကိုက်ညီအောင် နေထိုင်ခဲ့ပါသည်။အချိန်တိုအတောအတွင်း၌ သူမဟာ ဗုဒ္ဓနဲ့ နတ်ဆိုးခန္ဓာကိုယ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ရုံမက ချန်ခွမ်းအထွတ်အမြတ်ဘုံသို့လည်း ရောက်ရှိသွားခဲ့သည်။ဒါက ရှန်ရှန်ကျုံတစ်ဂိုဏ်းလုံးကို အံ့သြသွားစေခဲ့သည်။

ဝမ်ဖုန်းကတောင် ထိတ်လန့်သွားမိသည်။ဤကဲ့သို့ မြန်ဆန်လှသည့် ကျင့်ကြံမှုအရှိန်အဟုန်ကြောင့် ဝမ်ဖုန်းနှင့် ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများသည် ရှောင်းဝမ်ရွှယ်ကို ပိုမို၍ နှစ်လိုလာခဲ့ကြသည်(း။

(ရှောင်းဝမ်ရွှယ် _ ဝမ်ရွှယ်လေး တူတူပါပဲ။နာမည်အပြည့်အစုံကတော့ စုဝမ်ရွှယ်ပါ)

ဝမ်ဖုန်းဟာ ဝမ်ရွှယ်လေး၏ခန္ဓာကိုယ်ကို ဂရုတစိုက် စစ်ဆေးကြည့်ရှူလိုက်သည်။ သူမ၏ အခြေခံက မတည်ငြိမ်မှာကို စိုးရိမ်နေခဲ့သော်လည်း အံ့သြသင့်စွာဖြင့် စုဝမ်ရွှယ်၏ အခြေခံမှာ သူတွေးထင်ထားတာထက် ပိုမိုသန်မာနေခဲ့သည်။

ကျင့်ကြံမှုအဆင့်တိုးတက်လာသည်နှင့်အမျှ စုဝမ်ရွှယ်၏ခန္ဓာကိုယ်ဟာ အားနည်းသော မိန်းမငယ်လေးအဖြစ်မှ ပိန်သွယ်သော အမျိုးသမီးလေးတစ်ယောက်အဖြစ် ဖွံ့ဖြိုးလာခဲ့သည်။သူမဟာ ဖွံ့ဖြိုးစအရွယ်တွင် ရှိနေသေးသော်လည်း သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းအလှက အင်မတန်မှ လှပကာ အနာဂတ်တွင် အလှနတ်မိမယ်လေးတစ်ယောက်ဖြစ်လာမှာ အသေအချာပင်။

လက်ရှိ၌ သူဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို ဖျက်စီးရန် ပြင်ဆင်ထားလေရာ လီချင်းနှင့် ဝမ်ရွှယ်လေးတို့ကို အပြင်လောကအား တွေ့မြင်စေလိုသည်။

" ဒါတွေက ငါတို့ရဲ့ ဂိုဏ်းသားတွေပေါ့။ ဒီလေးယောက်ကတော့ မင်းရဲ့ ဂိုဏ်းတူအကိုကြီးတွေ။ ဒီတစ်ယောက်ကတော့ မင်းရဲ့ဂိုဏ်းတူ ညီမငယ်လေး။ "

" ဒါကတော့ ချင်အာရဲ့တပည့် မင်းတို့ရဲ့ ဂိုဏ်းတူညီမလေးပေါ့ ..ပြီးလို့ရှိရင် ဝမ်ရွှယ်လေးရဲ့ ဂိုဏ်းတူအမပေါ့။ "

ဝမ်ဖုန်းက လီချင်းနှင့် အခြားသူများကို ညွှန်ပြလိုက်ပြီး မင်းသမီးလန်လင်းအား ပြောဆိုလိုက်သည်။ ထို့နောက်မှ လီချင်းတို့အား ပြန်လည်၍ ပြောဆိုခဲ့သည်။

" ဂိုဏ်းတူအကိုကြီးလေးယောက်နဲ့ ဂိုဏ်းတူညီမငယ်လေးကို တွေ့ဆုံပါတယ် "

မင်းသမီးလန်လင်းက လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး ယဥ်ကျေးစွာ ပြောဆိုလိုက်သည်။

" ဂိုဏ်းတူညီမငယ်လေး "

လီချင်းတို့တတွေကလည်း ပြုံးပြလိုက်ပြီး မင်းသမီးလန်လင်းကို ပြန်လည်၍ ဂါရဝပြုလိုက်သည်။

" မမ..မမက အရမ်းလှတာပဲ "

ဝမ်ရွှယ်လေးသည် မင်းသမီးလန်လင်း၏ ဘေးဖက်ကို ရောက်ရှိလာကာ သူမ၏လက်မောင်းကို ဖက်တွယ်လိုက်ပြီး ချစ်စဖွယ်ကောင်းစွာ ပြောဆိုလိုက်သည်။ ၎င်းအမူအရာကလေးက လန်လင်းကို ရယ်မောမိစေခဲ့သည်။

သူမဟာ ဝမ်ရွှယ်လေး၏ဦးခေါင်းကို ပွတ်သတ်ပေးလိုက်ပြီး ရယ်ကာမောကာ ပြောဆိုလိုက်သည်။

" ဂိုဏ်းတူညီမလေးကလည်း အရမ်းကို လှတာပါပဲကွယ် "

" အကျင့်ပုတ်တဲ့ဆရာက အခုအချိန်မှ အပြင်ခေါ်ထုတ်ဖို့ သတိရတယ်လေ "

ဝမ်ရွှယ်လေးက ဝမ်ဖုန်းကို ပြန်လည်၍လှမ်းကြည့်လိုက်ပြီး သူမ၏သေးငယ်သောပါးစပ်ကလေးကို ဖွင့်ဟလျက် ပြောဆိုခဲ့သည်။အဆိုပါဒေါသထွက်နေသော အမူအရာကလေးက ပိုမို၍တောင် ချစ်ဖို့ကောင်းနေခဲ့သည်။

ဝမ်ဖုန်းဟာ ကိုးရိုးကားယားပြုံးလိုက်မိသည်။သူဟာ ဝမ်ရွှယ်လေး၏ဦးခေါင်းကို ပွတ်သတ်ပြီး ပြောဆိုလိုက်သည်။

 " ဆရာက မင်းကို အပြင်ခေါ်မထုတ်ခဲ့ဘူးတဲ့လား..အခုအချိန်မှာ မင်းရဲ့ဂိုဏ်းတူအမကြီး လန်လင်းက မင်းနဲ့အတူ ဆော့ကစားပေးလိမ့်မယ်။အဆင်ပြေရဲ့လား..."

" ကောင်းပြီ! "

ဝမ်ဖုန်း၏စကားလုံးများက ဝမ်ရွှယ်လေး၏စိတ်ခံစားချက်များကို အလျှင်အမြန်ပြောင်းလဲသွားစေခဲ့သည်။ သူမဟာ မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်ပြုလျက် မင်းသမီးလန်လင်းကို သနားစဖွယ်စိုက်ကြည့်နေခဲ့သည်။သူမသည် မိန်းမငယ်လေးအဖြစ် ကြီးပြင်းလာခဲ့သော်လည်း သူမ၏ စိတ်နေသဘောထားက ကလေးဆန်နေဆဲသာ။

မင်းသမီးလန်လင်းဟာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ဝမ်ရွှယ်လေး၏လက်ကို ဆုပ်ကိုင်လိုက်ကာ နုညံ့စွာ ပြောဆိုလိုက်သည်။

" ဂိုဏ်းတူအမကြီးက မင်းနဲ့ ကစားပေးပါ့မယ်။ "

" ကျေးဇူးတင်ပါတယ် အမ"

ဝမ်ရွှယ်လေး၏မျက်ဝန်းများမှာ လခြမ်း‌ေကွး သဏ္ဍာန်ကျဥ်းမြောင်းသွားခဲ့ပြီး နှစ်လိုဖွယ်ကောင်းစွာ ပြုံးရယ်လိုက်သည်။

" မင်းက သူတို့ကို စန်းရိအင်ပါယာဆီ အရင်ဆုံး ခေါ်ဆောင်သွားခဲ့ပါ။ ဒီဂိုဏ်းချုပ်ကိစ္စတွေ ပြီးစီးသွားတဲ့အခါ စန်းရိအင်ပါယာကို ရောက်လာပြီး မင်းကိုရှာဖွေမယ် " ဝမ်ဖုန်းဟာ မင်းသမီးလန်လင်းကို ကြည့်လိုက်ပြီး တိုးညှင်းစွာ ပြောဆိုလိုက်သည်။

လန်လင်း၏စိတ်အာရုံဟာ တောင့်တင်းသွားခဲ့သည်။ဆရာက သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဂိုဏ်းခွဲများကို ဖျက်စီးရန် ဆုံးဖြတ်ပြီးပြီဆိုတာကို သူမ သိရှိလိုက်သည်။

ဒါကို တွေးမိတော့ သူမ၏နှလုံးသားက နွေးထွေးသွားခဲ့ရသည်။ဆရာဟာ သူမအတွက် တရားမျှတမှုကို ရှာဖွေပေးနေခြင်း ဖြစ်သည်။ သူဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမလို စွမ်းအားကြီးအင်အားစုတစ်စုကို ရန်စမိလိုက်မှာကိုတောင် မစိုးရိမ်ခဲ့ပါ။သူမက ခေါင်းညိတ်လျက် ပြောဆိုလိုက်သည်။

 " ဆရာ မစိုးရိမ်ပါနဲ့...လန်လင်းက သူတို့ကို ကောင်းကောင်းဂရုစိုက်လိုက်ပါ့မယ် "

" လီပိုင် သူတို့ကို လိုက်ပါစောင့်ရှောက်လိုက်ပါ "

ဝမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး လီပိုင်ကို ပြောဆိုလိုက်သည်။လက်ရှိအချိန်၌ လီရှောင်းယောင်နှင့် သူ့အပြင် လီပိုင်တစ်ယောက်တည်းကသာ ချန်ခွမ်းဘုရင်အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ ထို့အတွက်ကြောင့် လီပိုင်ဟာ လန်လင်းတို့ကို လိုက်ပါစောင့်ရှောက်ရန် သင့်တော်ပါသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဂိုဏ်းခွဲအနည်းငယ်အတွက်တော့ လီရှောင်းယောင်တစ်ယောက်တည်းကတောင် လုံလောက်နေပြီ ဖြစ်သည်။

လီပိုင်က ခေါင်းညိတ်လိုက်ပြီး ဘာကိုမှ ထပ်မံမပြောဆိုခဲ့ပါ။ သူဟာ မွန်မြတ်ဘုံလောက၏ ကောင်းမွန်သော ယမကာများကို သုံးဆောင်ချင်နေခဲ့သည်။သူဟာ ရှန်ရှန်ကျုံးဂိုဏ်း၏ အစောင့်အရှောက်အကြီးအကဲ ဖြစ်ပါ၏။ သို့အတွက်ကြောင့် လန်လင်းတို့လို လူငယ်မျိုးဆက်တွေကို ဝိုင်တချို့တောင်းဆိုတာက ပြဿနာကြီး မဟုတ်လောက်ပါဘူး။

လန်လင်းဟာ အရက်စွဲနေသူတစ်ယောက်၏ အကြံအစည်များကို မသိရှိခဲ့ပါ။ သူမဟာ လက်ကိုဆန့်တန်းလိုက်ပြီး ဝင်ရိုးကိုးခုရထားလုံးကို ပြန်လည်ဆင့်ခေါ်လိုက်သည်။

ဝင်ရိုးကိုးခုရထားလုံးသည် အပြင်းအထန်ထိခိုက်သွားခဲ့ပြီး တိုက်ခိုက်မှုများကို မပြုလုပ်နိုင်တော့သော်လည်း လျှင်မြန်သောနှုန်းထားဖြင့် ခရီးနှင်နိုင်သေးသည်။

" အကြီးအကဲလီပိုင်၊ ဂိုဏ်းတူအကိုကြီးများ၊ ဂိုဏ်းတူညီမငယ်လေး ဝမ်ရွှယ် အထဲဝင်ပါ "

လန်လင်းက လက်ကို ဆန့်တန်းလိုက်ပြီး ပြောဆိုလိုက်သည်။

" ကျေးဇူးတင်ပါတယ်...ဂိုဏ်းတူညီမငယ်လေး "

" ကျေးဇူးပါ မမ "

လီချင်းနှင့် ဝမ်ရွှယ်လေးတို့သည် လက်သီးဆုပ်ဂါရဝပြုလိုက်ကာ ကျေးဇူးတင်လိုက်ကြပြီး လီပိုင်နှင့်အတူ ရထားလုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။သူတို့ရထားလုံးအတွင်း ဝင်ရောက်လိုက်ပြီးသည်နှင့် တပြိုင်နက် ရထားလုံးဟာ သူတို့တွေးထင်ထားသလို သေးငယ်ခြင်းမရှိဘဲ အတော်လေးကျယ်ဝန်းကြောင်း တွေ့ရှိလိုက်ရသည်။ ဝမ်ရွှယ်လေးဟာ ရထားလုံး၏အတွင်းပိုင်းကို စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှူနေခဲ့သည်။

" ဆရာ ဒါဆို လန်လင်းသွားပါတော့မယ် "

လန်လင်းက ဝမ်ဖုန်းကို ဂါရဝပြုလိုက်သည်။

ဝမ်ဖုန်းဟာ ဘာစကားမှမပြောတော့ဘဲ လက်ကို ဝှေ့ရမ်းပြလိုက်သည်။

လန်လင်းသည် ဝင်ရိုးကိုးခုရထားလုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ အသက်ရှင်ကျန်ရစ်နေသေးသော ဆရာသခင်များသည် ဝမ်ဖုန်းကို လေးလေးစားစား ဂါရဝပြုလိုက်ကြသည်။ ဝမ်ဖုန်းကြောင့်သာမဟုတ်ပါက သူတို့အားလုံးသေဆုံးနှင့်ပြီးသား ဖြစ်နေလိမ့်မည်။ဝမ်ဖုန်းဟာ မင်းသမီးလန်လင်း၏ ဆရာဖြစ်သည်။ထို့အတွက်ကြောင့် သူတို့ဟာ လေးစားမှုပြသရပေလိမ့်မည်။

ဆရာသခင်ဆယ်ယောက်တို့ ဂါရဝပြုလိုက်ပြီးနောက် သူတို့ဟာ ဝင်ရိုးကိုးခုရထားလုံးကို ဝန်းရံလျက် အရပ်မျက်နှာတစ်ခုစီသို့ ပျံသန်းထွက်ခွာသွားခဲ့သည်။

ဝမ်ဖုန်းဟာ မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး ရထားလုံးထွက်ခွာသွားတာကို စောင့်ကြည့်နေခဲ့သည်။ရထားလုံးအပြည့်အဝပျောက်ကွယ်သွားပြီးသည့်အခါမှာ သူဟာ တိုးတိတ်စွာ မေးမြန်းခဲ့သည်။

" စနစ်...ဂိုဏ်းနှင့်စနစ်ကို အဆင့် (14) ကို မြှင့်တင်ဖို့အတွက် လိုအပ်ချက်တွေက ဘာတွေလဲ "

" ဒင် .....ဂိုဏ်းနဲ့စနစ်ကို အဆင့်မြှင့်တင်ဖို့အတွက် အနည်းဆုံး သန်မာတဲ့ချန်ခွမ်းဘုံအဆင့်စွမ်းအားရှင်(10) ယောက်ကို သတ်ဖြတ်ပြီး သူတို့ရဲ့ ကံတရားတွေကို ရယူဖို့ လိုအပ်ပါတယ်။ဒါ့အပြင် ရှန်ရှန်ကျုံဂိုဏ်းရဲ့ အမည်နာမဟာ နိုင်ငံတစ်နိုင်ငံမှာ ကျော်ကြားရပါမယ် "

စနစ်၏အသံကြောင့် ဝမ်ဖုန်း၏မျက်ဝန်းများဟာ မှေးကျဥ်းသွားခဲ့သည်။ ချန်ခွမ်းဘုံအဆင့်စွမ်းအားရှင်ဆယ်ယောက်ကို သတ်ဖြတ်ခြင်းက သူ့အတွက် လွယ်ကူပါသည်။

သို့သော်လည်း ကျန်လိုအပ်ချက်တစ်ခုကတော့ ခက်ခဲနေသေးသည်။

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမဟာ လျို့ဝှက်သောအဆင့်အတန်းရှိနေခဲ့သည်။ဒီလိုမှမဟုတ်ပါက သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ဂိုဏ်းခွဲတချို့ကို ဖျက်စီးလိုက်ခြင်းက ကမ္ဘာလောကတစ်ခုလုံးကို တုန်ဟီးစေလိမ့်မည် မဟုတ်ပါလော့။

၎င်းမှာ ခုနှစ်ပြည်ထောင်နှင့် ကောင်းကင်တာအိုမျိုးနွယ်စုကတောင် ကြောက်လန့်ရသော အစွမ်းထက်သည့် အင်အားစုကြီး ဖြစ်ပါ၏။

" ရှောင်းယောင် သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ ဂိုဏ်းခွဲကို ဖျက်စီးဖို့အတွက် မင်းလမ်းပြပါ "

တခဏကြာတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက လီရှောင်းယောင်ကို ပြောဆိုလိုက်သည်။စနစ်ကို အဆင့်မြှင့်တင်ရန် နည်းလမ်းများကို နောင်အခါတွင် စဥ်းစားနိုင်ပါသေးသည်။ယခုအချိန်တွင် သူ့ဇနီး၏တပည့်ကို ထိတွေ့ရဲသူများအား သင်ခန်းစာပေးရမည်။

ဒါ့အပြင် သာမာန်လူများဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမအကြောင်းကို သိရှိခွင့်မရကြပါ။သို့သော်လည်း အဆင့်အတန်းမြင့်မားသည့် ပုဂ္ဂိုလ်များကတော့ ၎င်းသတင်းကို ကြားသိရပါလိမ့်မည်။ထို့အတွက်ကြောင့် သူဟာ ဂိုဏ်းနဲ့စနစ်ကို အဆင့်မြှင့်တင်ရန် အခွင့်အလမ်းများကို ဖန်တီးနိုင်ကောင်းသည်။

လီရှောင်းယောင်၏ ဦးဆောင်မှုအောက်တွင် ဝမ်ဖုန်းတို့အဖွဲ့သည် အနီးဆုံးနေရာရှိ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ ဂိုဏ်းခွဲကို ဦးတည်သွားလာခဲ့ကြသည်။သူတို့ဟာ ပျက်စီးနေသော တောင်တန်းများနှင့် တောအုပ်များကို ချန်ရစ်ခဲ့လေသည်။

တခြားတစ်ဖက်၌ ရထားလုံးအတွင်းတွင် လန်လင်းဟာ မွန်မြတ်ဘုံလောကအတွင်းရှိ အခြေအနေများကို လီချင်းနှင့် အခြားသူများအား ပြောပြနေခဲ့သည်။သူမဟာ မြင့်မြတ်သောစန်းရိအင်ပါယာအကြောင်းကိုတောင် ပြောပြခဲ့သည်။

" စန်းရိအင်ပါယာရဲ့မြို့တော်က မြင့်မြတ်သောစန်းရိမြို့တော်ပဲ။ အဲ့တာက အရှေ့ဖက်မှာရှိတဲ့ မြင့်မြတ်မြို့တော် ခုနှစ်မြို့ထဲက တစ်ခုပေါ့ ။ အဲ့ဒီနေရာမှာ စန်းရိအင်ပါယာရဲ့ ထိပ်တန်းစွမ်းအားရှင်တွေအားလုံး စုရုံးနေကြပြီး အင်ပါယာကြီးတစ်ခုလုံးရဲ့ အချက်အချာလို့တောင် ပြောဆိုလို့ရတယ်။

All Chapters