စိတ်ဝိညာဥ်ရုပ်သေး
Vol. 36 Ch. 503
ဘာသာပြန်_ The Fate
" လာကြစမ်း...သွားကြည့်ကြရအောင် !"
စစ်ထူမင်က လက်ကို ဝှေ့ရမ်းလိုက်ပြီး လှောင်ပြောင်လိုက်သည်။
ပဏ္ဍိတအနည်းငယ်မှာ ဘယ်လိုစွမ်းဆောင်ရည်မျိုး ရှိမှာမလို့လဲ။
အသက်အရွယ်အရ ဆန်းစစ်ကြည့်ရပါလျှင် သူတို့က (20) ဝန်းကျင်မျှ ရှိလိမ့်မည်။ထိုအသက်အရွယ်ဖြင့် ပဏ္ဍိတနယ်ပယ်ကို ရောက်ရှိခြင်းက ရိုးရှင်းစွာဖြင့် အသုံးမကျပါချေ။
လက်ရှိတွင် စစ်ထူမင်ကို မပြောဦးနှင့်။ ကျန်ရစ်သောအဓိကအင်အားစုလေးစု၏ သခင််လေးများကတောင် ချန်ခွမ်းကပ်ဘေးအဆင့်သို့ ရောက်ရှိနေကြသည်။ လက်ရှိ၊ ရှိနေသော လူငယ်မျိုးဆက်များတွင် အားအနည်းဆုံးလူများက ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေကြသည်။သူတို့အားလုံးဟာလည်း အသက်နှစ်ဆယ်ဝန်းကျင်၌ ဖြစ်ကြပါသည်။
အားအနည်းဆုံးလူငယ်ပါရမီရှင်ကိုတောင် သူတို့က မယှဥ်ပြိုင်နိုင်ကြဘူး။ သူ စစ်ထူမင်က သူတို့တွေ ကိုယ့်ကိုကိုယ်ဘယ်လိုအရူးလုပ်မလဲဆိုတာ ကြည့်ရဦးမှာပေါ့ကွာ !
" လူကြီးမင်းယဲ့ ကျေးဇူးပြုပြီး စတင်ပါ "
မွန်မြတ်မှုခုနှစ်ပါးစေတီ၏အောက်တွင် လန်လင်းက ဘေးနားရှိယဲ့ဝူကို လှမ်းကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။
" ကောင်းပြီ "
ယဲ့ဝူက တုန့်ပြန်လိုက်ပြီး လျစ်လျူမရှုရဲဘဲ ရိုးရှင်းသောတံဆိပ်ပြားလေးကို ထုတ်ယူလိုက်ကာ မွန်မြတ်ခုနှစ်ပါးစေတီ ဂိတ်တံခါးပေါ်ရှိ မြောင်းကလေးထဲသို့ ထည့်သွင်းလိုက်သည်။
" ဘုန်း....! "
ရုတ်တရက်ဆိုသလို မြေကြီးဟာ တုန်ခါသွားခဲ့ပြီး တောင်တန်းများဟာ လှုပ်ယိမ်းသွားခဲ့သည်။မွန်မြတ်မှုခုနှစ်ပါးစေတီ၏ တံခါးပေါက်သည် အလိုအလျောက်ပွင့်ဟသွားခဲ့သည်။အတွင်းပိုင်း၌ ပိန်းပိတ်အောင်နှက်မှောင်နေခဲ့ပြီး အခြေအနေကို တွေ့မြင်နိုင်စွမ်းမရှိပါ။
ဤအချိန်၌ လူတိုင်းသည် အသက်ရှူအောင့်လိုက်မိကြသည်။သူတို့ဟာ အသက်တောင် ဖြောင့်ဖြောင့်မရှူရဲကြဘဲ အမူအရာများက လေးနက်နေကြသည်။ရှေးဆန်သောတစ်စုံတစ်ခုက စေတီအတွင်းရှိနေခဲ့သည့်အလား ခံစားခဲ့ရတာကြောင့် အနည်းငယ်တောင်သတိမလွတ်ရဲပါချေ။
" အကိုကြီးတို့ ဘယ်သူအရင် သွားကြမလဲ "
လန်လင်းက ပွင့်ဟနေသောမွန်မြတ်မှုခုနှစ်ပါးစေတီကို စိုက်ကြည့်ကာ လီချင်းနဲ့အခြားသူများကို မျှော်လင့်စောင့်စားနေသောအမူအရာဖြင့် မေးမြန်းလိုက်သည်။
ထိုသို့ပြောလိုက်သည့်အခါ ရှိနေကြသောလူတိုင်းသည် လီချင်းတို့ကို တစ်ယောက်ပြီးတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။လန်အောင်း၊ ယဲ့ဝူတို့သာမက အခြားသော လူငယ်ပါရမီရှင်များ၏ မျက်ဝန်းများအတွင်း၌လည်း သိလိုစိတ်ပြင်းပြသောအမူအရာများ ရှိနေကြ၏။စစ်ထူမင်တို့ကတော့ အထင်အမြင်သေးသော အကြည့်များဖြင့် လှောင်ပြောင်နေခဲ့ကြသည်။ သူတို့ဟာ လီချင်းတို့ မိမိဘာသာအရူးလုပ်မည့်ဖြစ်စဥ်အား တွေ့ရှိလိုကြ၏။
" ငါအရင်သွားမယ် ! "
ကုချိုးဟာ ဦးစွာပထမပြောဆိုလိုက်ပြီး မွန်မြတ်မှုခုနှစ်ပါးစေတီအတွင်းသို့ ကြောက်လန့်ခြင်းမရှိဘဲ ဝင်ရောက်သွားခဲ့သည်။မျက်တောင်တစ်ခတ်အတွင်း၌ သူ၏ခန္ဓာကိုယ်ဟာ အမှောင်ထု၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး အပြည့်အဝ ပျောက်ကွယ်သွားခဲ့သည်။
မွန်မြတ်မှုခုနှစ်ပါးစေတီ၏ ဂိတ်တံခါး အလိုအလျောက်ပိတ်သွားသည်နဲ့တပြိုင်နက် စေတီ၏ပထမအလွှာသည် ရုတ်တရက် လင်းလက်လာခဲ့သည်။ယင်းက ကုချိုးတစ်ယောက် ပထမအလွှာကို ကျော်လွှားရန် ကြိုးစားနေသည်ဟု ဆိုလိုသည်။
လီချင်းဟာ ပထမဆုံးသွားရောက်ပြီး မွန်မြတ်မှုခုနှစ်ပါးစေတီကို ညီအကိုများအတွက် ကြိုးပမ်းပေးလိုသည်။သို့ပါသော်လည်း ဂိုဏ်းတူညီငယ်လေးကုချိုးက အင်မတန်မှ စိတ်ဓာတ်တက်ကြွနေလိမ့်မည်ဟု ထင်မထားခဲ့ပါ !
"တစ်ကြိမ်မှာ လူတစ်ယောက်ပဲ ဝင်ခွင့်ရတာလား?"
ဒါကိုကြားတော့ စစ်ထူမင်နှင့်အခြားသူများက ရယ်မောတာကို အတောမသတ်နိုင်ကြတော့ပါ။သူတို့က လီချင်းတို့ကို လှောင်ပြောင်လျက် ကြည့်ရှူလိုက်ကြသည်။အဲ့ဒီလူတွေက ကမ္ဘာကြီးကို မတွေ့မြင်ဖူးကြတဲ့ ရေတွင်းအောက်က ဖားသူငယ်လေးတွေပါလား။
" ကျိန်းသေပေါက် မဟုတ်ဘူးပေါ့ !"
" မွန်မြတ်မှုခုနှစ်ပါးစေတီ ဖွင့်လှစ်လိုက်တဲ့အချိန်တိုင်းမှာ များပြားတဲ့ အရင်းအမြစ်ပမာဏကို စားသုံးတယ်။လူတစ်ယောက်ပဲ ဝင်ရောက်မယ်ဆိုရင် စားသုံးတဲ့အရင်းအမြစ်က လျော့နည်းလိမ့်မယ်။ဒါကြောင့်မလို့ လူတွေအများကြီးဝင်ရောက်ဖို့အတွက်ဆိုရင် စေတီကို တစ်နှစ်မှာ တစ်ကြိမ်ပဲဖွင့်လှစ်တာပေါ့။ "
လန်လင်းက သူမ၏ဦးခေါင်းကို ခါရမ်းလိုက်ပြီး စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
လီချင်းတို့ဟာ ကြောင်အသွားကြပြီး မေးခွန်းများမေးမြန်းခြင်းကို ရပ်တန့်လိုက်ကြသည်။သူတို့ဟာ မွန်မြတ်ဘုံခုနှစ်ပါးစေတီ၏ ရှေ့မှောက်၌ မတ်တပ်ရပ်နေကြပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် စေတီကို စူးစိုက်ကြည့်နေခဲ့ကြသည်။
" အကိုကြီးကုချိုး ကြိုးစားထား ! "
လန်လင်း၏ခေါ်ဆောင်လာခြင်းကို ခံခဲ့ရသောဝမ်ရွှယ်ကလေးသည် မွန်မြတ်မှုခုနှစ်ပါးစေတီကို အရည်လဲ့နေသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး ကုချိုးအတွက် တိတ်ဆိတ်စွာ အားပေးနေမိသည်။သူမ၏ကိုယ်ပိုင်အတွေ့အကြုံကြောင့် ထင်၏။သူမ၏စိတ်နှလုံးက ထိလွယ်ရှလွယ်ဖြစ်နေပြီး စစ်ထူမင်တို့ထံမှ ထွက်ပေါ်နေသော ရန်လိုမှုများကို အလွယ်တကူ ထောက်လှမ်းသိရှိနိုင်ခဲ့သည်။ထိုလူတစ်စုက သူတို့ကို အဘယ့်ကြောင့်အထင်သေးနေမှန်း သူမလည်း မသိတော့ပါ။
ဂိုဏ်းတူအကိုကြီးကုချိုးက ထိုသူများ၏မျက်နှာကို ပြင်းပြင်းထန်ထန်ဖြတ်ရိုက်လိမ့်မည်ဟု ဝမ်ရွှယ်ကလေးက မျှော်လင့်နေမိသည်။ထိုအခါမှသာ ရှန်ရှန်ကျုံဂိုဏ်း၏တပည့်များက အထင်သေး၍မရနိုင်ကြောင်း ထိုလူများ သိရှိသွားရလိမ့်မည် !
မွန်မြတ်မှုခုနှစ်ပါးစေတီအတွင်းပိုင်း၊ မဲမှောင်နေသောအာကာပြင်အတွင်း၌ အသံတစ်သံသည် ကုချိုး၏နားစည်များအတွင်းသို့ ရိုက်ခတ်သွားခဲ့သည်။
" မွန်မြတ်မှုခုနှစ်ပါးစေတီရဲ့ ပထမအလွှာ !"
နားစည်အတွင်းရိုက်ခတ်နေသောအသံကို နားထောင်နေရင်းကုချိုးဟာ သတိကြီးစွာဖြင့် မဲမှောင်နေသောလေဟာပြင်ကို စိုက်ကြည့်နေခဲ့သည်။၎င်းအသံဟာ အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာပုံပေါ်ပြီး သူ၏စိတ်အာရုံကို တိုက်ရိုက်ထိခတ်ခဲ့ကာ စိတ်ဝိညာဥ်ကို တုန်လှုပ်သွားစေခဲ့သည်။
ရုတ်တရက်ဆိုသလို တောက်ပသောအလင်းရောင်တစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး မြင့်မားသောပုံရိပ်တစ်ခုသည် ကုချိုး၏အမြင်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ အဆုံးအစမဲ့သော အမှောင်ထုကြီးသည် ရုတ်ချည်းရှင်းလင်းသွားခဲ့ပြီး စေတီ၏အတွင်းပိုင်းအခြေအနေကို လှစ်ဟပြလိုက်သည်။
၎င်းမှာ သိုင်းပြိုင်ပွဲကွင်းပြင်နှင့် အလားသဏ္ဍာန်တူသော နေရာလွတ်တစ်ခုဖြစ်သည်။ ကုချိုးမှတပါး မနီးမဝေးတွင် ကျောက်တုံးစင်မြင့်တစ်ခုရှိနေပြီး ၎င်းနေရာ၌ မြင့်မားသောပုံရိပ်လည်း ထွက်ပေါ်လာခဲ့သည်။
ကုချိုးဟာ ၎င်းမြင့်မားသောပုံရိပ်ကို စူးစိုက်ကြည့်နေခဲ့ပြီး မျက်ဝန်းများအတွင်း၌ ထူးဆန်းသောအကြည့်တစ်ခုရှိနေခဲ့သည်။၎င်းမှာ သုံးမီတာမြင့်သော လေးလံသည့်သံချပ်ဝတ်ဆင်ထားသည့် ဧရာမအရုပ်ကြီးဖြစ်သည်။ထိုအရာက အင်မတန်မှ ခမ်းနားကြီးကျယ်ပြီး ပဏ္ဍိတနယ်ပယ်အထွတ်အထိပ်၌ ရှိနေခဲ့သည်။
ကုချိုးက တိုးညှင်းစွာ ပြောဆိုလိုက်သည်။ "ကြည့်ရတာ မွန်မြတ်မှုခုနှစ်ပါးစေတီက ဝင်ရောက်လာတဲ့လူတွေရဲ့ ကျင့်ကြံမှုအလျောက် စစ်ဆေးပုံပဲ "
" ငါ့ကိုအနိုင်ယူနိုင်ရင် ဒုတိယအလွှာကို ဝင်ရောက်ခွင့်ရမယ် "
" အနိုင်မယူနိုင်ဘူးဆိုရင် ရှုံးနိမ့်တာကို ဝန်ခံနိုင်တယ်။ ဝန်ခံပြီးတာနဲ့တပြိုင်နက် အပြင်ဖက်ကို ပြန်ပို့ပေးမယ် "
" အကယ်၍ ရှုံးနိမ့်ခြင်းကို ဝန်မခံဘူးဆိုရင် ငါက ဆက်လက်တိုက်ခိုက်နေမှာ ဖြစ်တာကြောင့် မတော်တဆ သတ်ဖြတ်မိမှာကို ခွင့်လွှတ်ပေးပါ ! "
" ဟေး...မင်းက အတော်လေးရယ်စရာကောင်းတာပဲ"
ရုပ်ထုကြီး၏ပြောစကားကို နားထောင်လိုက်ရင်း ကုချိုးက စိတ်ပါဝင်စားစွာ ပြုံးရယ်လိုက်သည်။
ထိုစကားများဆုံးသည်နှင့် တပြိုင်နက် သူ၏ကိုယ်လုံးသည် အရိပ်တစ်ခုလိုမျိုး ရုပ်တုကြီး၏အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ လက်သီးတစ်ချက် ချက်ချင်းပစ်သွင်းလိုက်သည်။
" ဘုန်း....! "
ကျယ်လောင်သောပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သော်လည်း ဧရာမရုပ်တုကြီးက အမူအရာမဲ့စွာ တည်ရှိနေသေးသည်။
" လူသားတွေရဲ့ ပြောစကားအရဆိုရင် ဒါက ခြုံခိုတိုက်ခိုက်တာလား "
ရုပ်ထုကြီး၏ အသံကြီးသည် လေဟာပြင်အတွင်း၌ ထွက်ပေါ်လာခဲ့သည်။
" မဟုတ်ဘူး....ဒါကို စပရိုက်တိုက်တယ်လို့ ခေါ်တယ်"
ကုချိုးရဲ့ပုံရိပ်ဟာ ရုတ်တရက်ဝေဝါးသွားခဲ့ပြီး ရုပ်တုကြီး၏ရိုက်ချက်ကို ရှောင်ဖယ်လိုက်သည်။ခပ်လှမ်းလှမ်းတစ်နေရာ၌ မတ်တပ်ရပ်နေလိုက်ပြီး သူဟာ နှုတ်ခမ်းများကိို တွန့်ကွေးလျက် ပြောဆိုလိုက်သည်။
" ဒါဆို အဲ့ဒီလိုကို...ငါသိပြီ ! "
ထိုသို့ပြောဆိုလိုက်ပြီးသည်နဲ့ တပြိုင်နက် ဧရာမရုပ်ထုကြီးသည် ကုချိုး၏အနောက်ဖက်၌ ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ လက်သီးတစ်ချက် ပစ်သွင်းခဲ့သည်။ထိတ်လန့်ဖွယ်ကောင်းသော လက်သီး၏အားအင်သည် လေပြင်းကို တိုက်ခတ်သွားစေလျက် ကုချိုး၏ဝတ်ရုံကို တဖျပ်ဖျပ် လွင့်ခါစေခဲ့သည်။
" သောက်ကျိုးနည်း...မင်းက ခြုံခိုတိုက်လိုက်တာပေါ့လေ "
ကုချိုးက လက်နောက်ပစ်လျက် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူ၏လက်သီးသည် ရုပ်တုကြီး၏လက်သီးနဲ့ ထိတွေ့မိသွားပြီး ကျယ်လောင်သောပေါက်ကွဲသံကြီးကို ဖြစ်ပေါ်စေလျက် စွမ်းအားလှိုင်းလုံးများ ထသွားစေခဲ့သည်။
" မဟုတ်ဘူး...ဒါကို စပရိုက်တိုက်တယ်လို့ ခေါ်တယ်!"
" စိတ်ဝင်စားစရာပဲ! "
ရုပ်တုကြီး၏စကားကို ကြားလိုက်ရသည့်အခါ ကုချိုးက ခပ်ဖွဖွ ရယ်မောလိုက်သည်။ရုပ်တုအပေါ် သူ၏စိတ်ဝင်စားမှုများမှာ ပို၍ ပြင်းထန်လာခဲ့သည်။
" ဒါပေမဲ့ ဝမ်းနည်းစရာပဲကွာ။ ငါက အလျင်လိုနေတာ။အပြင်ဖက်ကလူတွေကို ရှန်ရှန်ကျုံဂိုဏ်းရဲ့ တပည့်တွေကို အထင်မသေးစေချင်ဘူး။ဒါကြောင့်မလို့ မင်းနဲ့ထပ်ပြီး မကစားနိုင်တော့ဘူး။ "
ကုချိုးက ခေါင်းကိုခါရမ်းလိုက်ပြီး နောင်တကြီးစွာ ပြောဆိုလိုက်သည်။
ယင်းသို့ပြောဆိုလိုက်ပြီးနောက် ကုချိုးက လက်နှစ်ဖက်ကို လက်သီးတင်းတင်းဆုပ်လိုက်သည်။တောက်ပသည့်အလင်းတန်းကြီးများသည် သူ၏ လက်သီးလုံးထံမှ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ နေတစ်စင်းကဲ့သို့ တည်ရှိနေခဲ့သည်။ထိတ်လန့်ဖွယ်စွမ်းအားသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ပြီး အာကာပြင်တစ်ခုလုံးကို ယိမ်းထိုးသွားစေခဲ့၏။
" ငါရှုံးပြီ ! "
ကုချိုးတစ်ယောက်စတင်မတိုက်ခိုက်ရသေးခင်မှာပင် ကျယ်လောင်သောအော်သံကြီး ထွက်ပေါ်လာခဲ့ကာ ၎င်းက ကုချိုး၏အမူအရာများကို ခဲတောင့်သွားစေခဲ့သည်။သူက ရုပ်တုကြီးကို တစ္ဆေသရဲတစ်ကောင်ကို ကြည့်သလိုမျိုး စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။
" မင်း...မင်းကလည်း အရှုံးကို ဝန်ခံနိုင်သေးတယ်ပေါ့ "
" ဘာလဲ...ရုပ်သေးရုပ်ကလည်း သက်ရှိတစ်ကောင် မဟုတ်ဘူးလား။ငါအနိုင်မတိုက်နိုင်မှန်းသိမှတော့ ရူးနှမ်းနေပြီး မင်းနဲ့ ဘာဖြစ်လို့ တိုက်ခိုက်နေရဦးမှာလဲ။ "
ရုပ်တု၏ ရန်လိုသောအသံက ထွက်ပေါ်လာခဲ့သည်။
" ခရက် ! "
ကုချိုးဟာ ကြောင်အသွားပြီး လက်နှစ်ဖက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ရုပ်တုကြီးထံသို့လမ်းလျှောက်လာကာ အထက်အောက်အပြန်ပြန်အလှန်လှန် စိုက်ကြည့်နေခဲ့သည်။
ဒီရုပ်သေးရုပ်က လူသားနဲ့ တူလှချည်လား။
ကုချိုးက မျက်လုံးလှန့်လိုက်ပြီး ရုပ်သေးရုပ်ကို ပခုံးပုတ်ပေးလျက် ပြောဆိုလိုက်သည်။
" ညီအကို မင်းက ဒီအမှောင်ထဲမှာပဲ နေနေရတာလား။မင်းငါနဲ့အတူ အရှုပ်အထွေးတွေ မလုပ်ချင်ဘူးလား။"
" ငါဆိုတဲ့ကုချိုးက အပိုစကားတွေကို မပြောတတ်ဘူး။ မင်းငါရဲ့ သစ္စာရှိ ညီအစ်ကိုလုပ်ပါလား! "
" ထွက်သွားစမ်း ! "
ရုပ်တုက ကုချိုး၏လက်ကို ပုတ်ခါပစ်ကာ မာန်မဲလိုက်ပြီး ရုပ်ချည်းပျောက်ကွယ်သွားခဲ့သည်။
" ကျောက်တုံးစင်မြင့်ပေါ်မှာ ဆုလဒ်တစ်ခုရှိတယ် ....မင်းဘာသာ သွားယူလိုက်ချေ။ "
" အမှိုက်ကောင် ရုပ်သေးရုပ်...မင်း ငါ့နောက်ကို မလိုက်ဘူးဆိုရင် အကြီးအကျယ် ဆုံးရှုံးရမှာနော် ! "
ကုချိုးက ဒေါ်သတကြီးပြောဆိုလိုက်ပြီး ကျောက်တုံးစင်မြင့်ထံသို့ ပျော်ရွှင်စွာ ပြေးလွှားသွားခဲ့သည်။သူဟာ စင်မြင့်ပေါ်၌ ပဏ္ဍိတအဆင့်ဆေးရည်တစ်ပုလင်းကို တွေ့မြင်လိုက်ရသည့်အခါ ချက်ချင်းကို အထင်အမြင်သေးသွားခဲ့တော့သည်။ " ခမ်းနားကြီးကျယ်ပြီး မြင့်မြတ်တဲ့ စန်းရိအင်ပါယာက ဒီလို ဆုလာဒ်သေးသေးလေးပဲ ပေးနိုင်တာလား။ ရှက်စရာကောင်းလိုက်တာ "
မနှစ်မြို့ဖွယ်အသံကြီးကို ချန်ရစ်ခဲ့လျက် ကုချိုးဟာ ဒုတိယအလွှာအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားခဲ့တော့သည် !