← Chapters

ကမ္ဘာလောကကြီးကို လုယက်ချင်တယ်ဆိုရင် မင်းဟာ အသန်မာဆုံး ဖြစ်လာလိမ့်မယ်။

Vol. 36 Ch. 505

ကမ္ဘာလောကကြီးကို လုယက်ချင်တယ်ဆိုရင် မင်းဟာ အသန်မာဆုံး ဖြစ်လာလိမ့်မယ်။

Vol. 36 Ch. 505

ဘာသာပြန်- The Fate

တစ်ဖက်တွင်ရှိနေသော လန်လင်း၏ လှပသော မျက်နှာကလေးကတော့ လုံးဝပြောင်းလဲမှု မရှိခဲ့ပါ။ ကုချိုး အလွှာဘယ်လောက်များများ ဖြတ်ကျော်နိုင်မလဲဆိုတာကို သူမ မသိသော်လည်း ထိုသူဟာ ဆရာချစ်ခင်ရသော တပည့်တစ်ယောက်ပင် မဟုတ်ပါလော။ ပထမငါးလွှာအတွင်း၌ ဘယ်ဖိအားကိုမှ ခံစားရမှာမဟုတ်ပါ!

အစစ်အမှန်ဖိအားသည် ဆဋ္ဌမအလွှာမှ စတင်သည်!

ဆဋ္ဌမအလွှာနှင့်အထက်သည် အစစ်အမှန် ထိပ်တန်းပါရမီရှင်များကို စစ်ဆေးဆုံးဖြတ်ခြင်းဖြစ်၏။

အမွှေးတိုင်နှစ်တိုင် ကုန်စာခန့်တွင် ကုချိုးဟာ ဆဋ္ဌမအလွှာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

"ဆဋ္ဌမအလွှာက ကြိုဆိုပါတယ်!"

"ငါတို့ကို အနိုင်ယူနိုင်ရင် သတ္တမအလွှာကို ဝင်ရောက်ခွင့်ရမယ်။"

ခမ်းနားသော အသံကြီးသည် ကုချိုး၏ နားအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ သူဟာ ရှေ့မှောက်၌ ရှိနေသော မြင့်မားသည့် ပုံရိပ်ကြီးကို ကြောင်အလျက် ငေးစိုက်ကြည့်နေမိသည်။

၎င်းရုပ်သေးရုပ်မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် ချန်ခွမ်းယွမ်အထွတ်အထိပ်အဆင့်သို့တောင် ရောက်ရှိနေခဲ့သည်။

"အဆင့်ကြီးတစ်ဆင့် ကျော်ဖြတ်တိုက်ခိုက်တာလား။"

ကုချိုးက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

သူတွေးထင်ထားခဲ့သလိုမျိုး ရာကျော်သော ပဏ္ဍိတရုပ်သေးရုပ်များ ထွက်ပေါ်မလာတော့ပါ။

"အတိအကျပဲပေါ့!"

ရုပ်သေးရုပ်က တုန့်ပြန်လိုက်ပြီး ဧရာမလက်ဖဝါးကြီးများကို ဆွဲစုလိုက်သည်။ ၎င်း၏ လက်အတွင်း၌ ကြီးမားပြီး ထူထဲသော ဓားကြီးတစ်လက်သည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းဓားကြီး၏ အရှိန်အဝါကတောင် ဗိုလ်ကျခြယ်လှယ်လွန်းပြီး ပြိုင်ဘက်ကင်းလှ၏။

"ညီအစ်ကို မင်းမှာ လက်နက်တောင် ရှိနေသေးတာလား။"

ကုချိုးက အံအားတသင့် ရေရွတ်လိုက်သည်။ သူဟာ မမျှတဘူးဟု ဟစ်ကြွေးပြောဆိုချင်နေမိသည်။ အဆင့်ကြီးတစ်ဆင့် ဖြတ်ကျော်တိုက်ခိုက်တာကတော့ ထားပါတော့။ ဘာကိစ္စ လက်နက်တောင် ကိုင်ထားရတာလဲကွ။

"ဘုန်း"

သို့ပါသော်လည်း ရုပ်သေးရုပ်ဟာ သူ့ကို ဆက်လက် အဖြေမပေးတော့ဘဲ ဓားကို ပင့်မြှောက်လျက် သတ်ဖြတ်ရန် ပြင်ဆင်ခဲ့သည်။

ကုချိုးဟာ ရွေးချယ်စရာမရှိတော့ဘဲ သူ၏လက်များကို ဝေ့ယမ်းလျက် ချန်ခွမ်းယွမ်အထွတ်အထိပ်၌ ရှိနေသော အနှီရုပ်သေးရုပ်ကို တိုက်ခိုက်ရတော့သည်။

"ဘန်း ဘန်း"

ပြင်းထန်သော တိုက်ခိုက်မှုကြီးများသည် လေဟာပြင်အတွင်း၌ ထွက်ပေါ်လာခဲ့ပြီး နားကွဲလုမတတ် ကျယ်လောင်သော ပွတ်တိုက်သံကြီးများ မြည်ဟီးလာခဲ့သည်။ ချန်ခွမ်းယွမ်အထွတ်အထိပ်၌ ရှိနေသော ရုပ်သေးရုပ်ကို ရင်ဆိုင်နေရတာကြောင့် ကုချိုးကတောင် ဖိအားအနည်းငယ်ကို ခံစားနေရသည်။

"မေ့လိုက်တော့။ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြတာပေါ့!"

"မင်း မလုယက်နိုင်ဘူးဆိုရင် တစ်ခြားသူရဲ့ လုယက်ခြင်းကို ခံရလိမ့်မယ်!"

"ကမ္ဘာလောကကြီးကို လုယက်ချင်တဲ့သူက အသန်မာဆုံးဖြစ်လာမှ ရလိမ့်မယ်!"

ကုချိုးဟာ ဟစ်ကြွေးခဲ့သည်။ သူ၏ မျက်ဝန်းများဟာ စူးစူးရဲရဲ တောက်ပနေခဲ့ပြီး ခန္တာကိုယ်အတွင်း၌ တိုက်ပွဲဝင်စွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။

စစ်ပွဲ၏ နတ်ဘုရားတစ်ပါးလိုမျိုး သူဟာ လက်သီးလုံးများကို ဝေ့ယမ်းကာဖြင့် အရူးအမူးတိုက်ခိုက်နေခဲ့သည်။

ဤအချိန်၌ ကုချိုးဟာ အရာအာလုံးကို စွန့်လွှတ်ခဲ့လေသည်။ သူ၏ မျက်ဝန်းများအတွင်း၌ ရှေ့မှောက်ရှိ ချန်ခွမ်းယွမ်အထွတ်အထိပ် ရုပ်သေးရုပ်သာ ရှိနေတော့သည်။

...

မြင့်မြတ်သော စန်းရိအင်ပါယာ၏ အစွန်အဖျား ရွာငယ်လေးတစ်ခုအတွင်း၌ ဝမ်ဖုန်းနှင့် သူ့အဖွဲ့သည် ခြောက်ကပ်နေသော ရွာအတွင်းသို့ လမ်းလျှောက်လာနေကြသည်။ ဘေးဘီဝဲယာ၌ လေပြင်းများ တိုက်ခိုက်လျက်ရှိ၏။

"ဒါက သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ ဂိုဏ်းခွဲဆိုတာ သေချာရဲ့လား။ ဝမ်ဖုန်းသည် ဗလာဖြစ်နေသော ရွာကလေးကို စိုက်ကြည့်လိုက်ပြီး အံအားသင့်နေသော အမူအယာဖြင့် ဘေးဘက်တွင်ရှိသော လီရှောင်းယောင်ကို မေးမြန်းခဲ့သည်။"

"လုံးဝကို သေချာပါတယ်!"

"ဒါတွေအားလုံးက သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမက စီစဥ်ထားတဲ့ ပုံရိပ်ယောင်တွေပါ။"

လီရှောင်းယောင်က ခေါင်းငြိမ့်လိုက်ပြီး ကျိန်းသေပေါက်သေချာသည်ဟူသော လေသံဖြင့် ပြောဆိုခဲ့သည်။ 

"ဒါဆို ဒီမှာ လှည့်ကွက်တွေရှိနေတာပေါ့။"

ဝမ်ဖုန်းက လှောင်ပြောင်လိုက်သည်။ သူဟာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမနှင့် တူတူပုန်းတမ်းကစားရန် စိတ်အခြေနေ ရှိမနေခဲ့ပါ။

"ဘုန်း!"

သူ၏ မြင့်မားဖြောင့်တန်းသော ကိုယ်ခန္တာမှ ခမ်းနားသော အရှိန်အဟုန်များ ထွက်ပေါ်လာခဲ့ပြီး ရွာတစ်ခုလုံးသို့ ပျံ့လွင့်သွားခဲ့သည်။ ရွာငယ်လေးတစ်ခုလုံးဟာ အဆက်မပြတ် ယိမ်းခါလာခဲ့ပြီး လေဟာပြင်ဟာ ဖျော့တော့စွာ အက်ကွဲလာခဲ့သည်။

"မင်းတို့ ပုန်းကွယ်နိုင်သေးတယ်ပေါ့လေ!"

"ဒီတစ်ကြိမ်မှာ မင်းတို့ ဖုန်းကွယ်နိုင်သေးရဲ့လားဆိုတာ ကြည့်ရသေးတာပေါ့။"

တစ်ခဏကြာသည်အထိ ရွာငယ်လေးအတွင်း၌ တုန့်ပြန်မှု မရှိခဲ့ခြင်းကြောင့် ဝမ်ဖုန်းဟာ လှောင်ရယ်လိုက်မိသည်။

"ဝှစ်!"

သူဟာ လက်ကိုဆန့်တန်းပြီး ဖမ်းဆုပ်လိုက်သည့်အခါ ဟွာကွမ်းဖေးရှန်းဓားသည် သူ၏လက်အတွင်း၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ အေးစက်သော ဓားဆန္ဒသည် ကောင်းကင်ယံကို ထက်ပိုင်းဖြတ်တော့မတတ် ပျံလွင့်သွားခဲ့သည်။ ခမ်းနားကြီးကျယ်သော ဓားစွမ်းအားများသည် ဟွာကွမ်းဖေးရှန်းဓား၏ အထက်၌ စုရုံးလာခဲ့သည်!

"ပျံသန်းနေသော အမတအရှင်!"

ဝမ်ဖုန်းဟာ လေအတွင်းသို့ ပျံဝဲလိုက်ပြီး ဟွာကွမ်းဖေးရှန်းဓားကို လက်ထဲ၌ မြင့်မြင့်ပင့်မြှောက်လိုက်သည်။ ခမ်းနားကြီးကျယ်သော စွမ်းအင်များ၏ ဖိအားသည် ကမ္ဘာလောကကြီးကို တုန်လှုပ်စေခဲ့၏။

"ဖြတ်တောက်စေ!"

ဝမ်ဖုန်း၏ ဟစ်ကြွေးသံနှင့်အတူ အလွန်အမင်းတောက်ပသော ဓားအလင်းတန်းတစ်ခုသည် ကမ္ဘာ့အပြင်ဘက်မှ အလင်းတန်းတစ်ခုအလား မိုးကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ ၎င်းကို အေးစက်ပြီး ထက်မြသော ဓားအစွန်းများက ယှက်နွယ်ထားခဲ့သည်။ ၎င်းဓားအလင်းတန်းဟာ ရွာတစ်ခုလုံးကို တိုက်ရိုက်ဖြတ်ပိုင်းခဲ့၏။

ဤဓားချက်တွင် ဝမ်ဖုန်းဟာ ခွန်အားအပြည့်မသုံးခဲ့သော်လည်း သာမန်ချန်ခွမ်းဘုရင်အဆင့် စွမ်းအားရှင်များ ရင်ဆိုင်နိုင်တာထက်ကို ပိုနေပါပြီ!

"ဘုန်း!"

ခမ်းနားသော ဓားစွမ်းအားသည် ကောင်းကင်ကို တိုက်ရိုက်ဖြတ်ပိုင်းလိုက်ပြီး ကျယ်လောင်သော မြည်ဟီးသံကြီးကို ဖြစ်ပေါ်စေခဲ့သည်။ အဆက်မပြတ် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့၏။

သို့ပေသော်ငြားလည်း ထိုကဲ့သို့ စွမ်းအားကြီးသည့်ဓားဟာ ရွာငယ်လေးကို ဘယ်သို့သော ထိခိုက်မှုမှ မဖြစ်စေခဲ့ပါ။ 

ရုတ်တရက်ဆိုသလို အနက်ရောင်ဝတ်ဆင်ထားသော လူများစွာသည် ရွာကလေး၏ အထက်ဘက်၌ ထွက်ပေါ်လာကြပြီး ဝမ်ဖုန်းကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ ဝမ်ဖုန်း၏ ဓားကို တားဆီးလိုက်သူမှာ အနက်ရောင်ဝတ်ဆင်ထားသော လူများ၏ ခေါင်းဆောင်ဖြစ်သည်။ သူဟာ ဤရွာ၏ ခေါင်းဆောင်ဖြစ်ပြီး သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမဂိုဏ်းခွဲ၏ ခေါင်းဆောင်လည်းဖြစ်သည်။ ထိုသူမှာ ရှဝူရှန်းဖြစ်၏။

"အရှင် ဒီနေရာက ဘယ်နေရာလဲဆိုတာ သိရဲ့လား။"

ရှဝူရှန်းက ဝမ်ဖုန်းကို ထူးမခြားနားစွာ စိုက်ကြည့်ခဲ့ပြီး ခံစားချက်တစ်ခုမှမပါဝင်ဘဲ မေးမြန်းခဲ့သည်။

"သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ ဂိုဏ်းခွဲ!"

ဝမ်ဖုန်းက လှောင်ရယ်လိုက်ပြီး ရှဝူရှန်းကို ရန်စသည့်နှယ် စိုက်ကြည့်လိုက်သည်။

"ဒါဆို အရှင်က သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမကို ပြဿနာရှာဖို့ ရောက်လာခဲ့တာလား။"

"ဒီလိုမှမဟုတ်ရင် ဘာရှိဦးမှာလဲ။"

ဝမ်ဖုန်းက ဟွာကွမ်းဖေးရှန်းဓားကို ဝေ့ယမ်းလိုက်ပြီး ပြန်လည်၍ မေးမြန်းလိုက်သည်။

"မင်း နောင်တမရဘူးလို့ မျှော်လင့်ပါတယ်လေ!"

ရှဝူရှန်း၏ အမူအယာမှာ ပြောင်းလဲသွားခဲ့ပြီး ဝမ်ဖုန်း၏ နောက်ကျောဘက်၌ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ သူဟာ ထက်မြသောဓားကို ကိုင်ဆောင်လျက် ကြမ်းကြုတ်စွာ ထိုးသွင်းခဲ့သည်။ အေးစက်ပြီး ထက်မြသော ဓားအစွန်းသည် လေဟာနယ်ကို ဖြတ်ပိုင်းလျက် ထိတ်လန့်ဖွယ် ရှိလှချေ၏။

"နည်းစနစ်က ကောင်းပါတယ်။ ဒါပေမယ့် ငါ့ကို သတ်ဖို့ဆိုရင်တော့ လိုအပ်နေသေးတယ်။"

ဝမ်ဖုန်းက မျက်ဝန်းကို မှေးကျဥ်းလိုက်ပြီး လက်နောက်ပြန်ပစ်လျက် တားဆီးခဲ့သည်။

"ချွန်!"

ရွှေနှင့်သတ္ထုတို့၏ ပွတ်တိုက်သံသည် ထွက်ပေါ်လာခဲ့သည်။ ဓားကို တားဆီးလိုက်ပြီးနောက် ဝမ်ဖုန်း၏ ဓားရှည်သည် ဝေ့ယမ်းသွားခဲ့ပြီး ဓားအရိပ်များစွာအဖြစ် ခွဲဖြာသွားခဲ့သည်။ ၎င်းဓားမှာ အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်နေခဲ့ပြီး အရှိန်အဟုန်မှာ မြန်ဆန်လွန်းတာကြောင့် ပုံရိပ်ယောင်များကိုသာ တွေ့မြင်ခဲ့ရ၏။

၎င်းထိတ်လန့်ဖွယ်ကောင်းသည့် တိုက်ခိုက်မှုသည် ရှဝူရှန်း၏ အမူအယာကို အနည်းငယ်ပြောင်းလဲသွားစေခဲ့ကာ သူဟာ အလျှင်အမြန် တုံ့ပြန်ခဲ့ရသည်။ 

သူသည် ဝမ်ဖုန်း၏ ခွန်အားကို မှားယွင်းစွာ ကောက်ချက်ချခဲ့သည်။

"ပျံသန်းနေသော အမတအရှင်!"

ဝမ်ဖုန်း၏ ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး ရှဝူရှန်း၏ နောက်ဘက်၌ ထွက်ပေါ်လာခဲ့ကာ သူ၏ကျောပြင်ကို အညာအတာကင်းမဲ့စွာဖြင့် ခုတ်ပိုင်းလိုက်သည်။ သူဟာ ရှဝူရှန်းကို တုံ့ပြန်ရန်အချိန်တောင် မပေးအပ်ခဲ့ပါချေ။

"ဘုန်း!"

ရှဝူရှန်းသည် ခုခံရန် ဓားကို ပင့်မြှောက်လိုက်သော်လည်း အင်မတန်ထက်မြက်သည့် အရှိန်အဝါများသည် သူ၏ ဓားရှည်ကို ဖြတ်တောက်သွားခဲ့ကာ သူ၏ခန္တာကိုယ်ပေါ်သို့ပါ ကျရောက်လာခဲ့သည်။ သူ၏ခန္တာကိုယ်တစ်ခုလုံးမှာ ၎င်းဓားကြောင့် ထက်ပိုင်းဖြတ်ခံလိုက်ရသည်။

ဤမြင်ကွင်းများမှာ အလွန်မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်ရာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်များမှာ လုံးဝမတုံ့ပြန်နိုင်ခဲ့ပါ။ ရှဝူရှန်းသည် ဝမ်ဖုန်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရလေသည်။ ရှဝူရှန်းကိုယ်တိုင်ကတောင် တုံ့ပြန်နိုင်ခဲ့ခြင်းမရှိချေ။

"ဘုန်း!"

ထက်ပိုင်းပြတ်သွားခဲ့သော ရှဝူရှန်း၏ ရုပ်အလောင်းသည် လေဟာပြင်အတွင်းသို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့ပြီး မြေပြင်နှင့်မိတ်ဆက်သွားခဲ့ကာ ဖုန်မှုန့်များနှင့် မြူခိုးမြူငွေ့များကို ဖြစ်တည်စေလျက် သွေးစီးကြောင်းကြီးတစ်ခုကိုလည်း ယိုစီးစေခဲ့သည်။

၎င်းပြုတ်ကျသည့်အသံမှာ မိုးချိန်းသံကြီးကဲ့သို့ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမစွမ်းအားရှင်များ၏ နှလုံးသားအတွင်း ပေါက်ကွဲထွက်သွားခဲ့ကာ တစ်ကိုယ်လုံးကို ဆတ်ဆတ်တုန်ခါလာစေခဲ့သည်။

သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ စွမ်းအားရှင်ဖြစ်လေရာ ရှဝူရှန်း၏ခွန်အားမှာ သံသယဖြစ်စရာမလိုအောင်ကို သန်မာလှပါသည်။ သာမန်ချန်ခွမ်းဘုရင် အထွတ်အထိပ်များသည် သူ၏ ပြိုင်ဘက် လုံးဝမဟုတ်နိုင်ပါ။ ထိုသူကို သူစိမ်းတစ်ယောက်ဖြစ်သော ဝမ်ဖုန်းက အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မည်ဟု ဘယ်သူကများ တွေးထင်ထားလိမ့်မလဲ။

ရှဝူရှန်းလို ချန်ခွမ်းဘုရင်အထွတ်အထိပ် စွမ်းအားရှင်ကတောင် ဝမ်ဖုန်း၏ လက်အတွင်း၌ လွယ်လင့်တကူ ကြွေလွင့်သွားခဲ့ရသည်။ သူတို့က ချန်ခွမ်းဘုရင် အစောပိုင်းအဆင့်၌သာ ရှိသေးသည်။ ဘယ်လိုလုပ် ဝမ်ဖုန်းရဲ့ ပြိုင်ဘက်တွေဖြစ်နိုင်မှာလဲ။

"ဟေ့!"

ဝမ်ဖုန်းက သွားဖြီးလျက် ပြုံးရယ်လိုက်သည်။ သူ၏ အပြုံးမှာ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်များအတွက်တော့ နတ်ဆိုးတစ်ကောင် ပြုံးရယ်သည့်အလား ဖြစ်နေခဲ့၏။ သူတို့ဟာ ဝမ်ဖုန်းကို အစစ်အမှန် သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်မှားလိုက်ရချေသည်။

သူတို့ကို ပို၍ ထိတ်လန့်သွားစေခဲ့သည်က ဝမ်ဖုန်းဟာ ပြုံးရယ်လိုက်ပြီးနောက် ထိုသူ၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြန်သည်။

"လုံလောက်ပြီ!"

ဝမ်ဖုန်းက သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ စွမ်းအားရှင်များ၏ နောက်ကျောဘက်၌ ရုတ်တရက်ထွက်ပေါ်လာသည့်အခါ ဒေါသထွက်နေသော အသံကလေးသည် ရွာငယ်လေးအတွင်း၌ ပျံလွင့်လာခဲ့သည်။

၎င်းအော်ဟစ်သံကြီးနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါဖိအားတစ်ရပ်သည်လည်း ထွက်ပေါ်လာခဲ့သည်။ 

၎င်းအရှိန်အဝါဖိအားသည် ဝမ်ဖုန်းထံသို့ ဧရာမတောင်တန်းကြီးကဲ့သို့ ဖိနှိပ်နေခဲ့ပြီး သူ့ဘေးနားရှိ လေဟာပြင်ကိုတောင် တွန့်လိန်သွားစေခဲ့သည်။

"ချန်ခွမ်းဘုရင် စွမ်းအားရှင်!"

ဝမ်ဖုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး တိုးဖွစွာ ရေရွတ်ခဲ့သည်။

နောက်တစ်ခဏအကြာတွင် သူဟာ ဖိအားများကို လျစ်လျူရှုလျက် ဟွာကွမ်းဖေးရှန်းဓားကို ပြင်းထန်စွာ ထိုးစိုက်ခဲ့သည်။

All Chapters