ချန်ခွမ်းဧကရာဇ်ကိုသုတ်သင်ခြင်း
Vol. 36 Ch. 506
"ဘုန်း...!"
အင်မတန်ပြင်းထန်သော ဓါးများသည် သက်တန့်တစ်စင်းကဲ့သို့ ပြေးထွက်သွားခဲ့သည်။ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ချန်ခွမ်ဘုရင်အဆင့် စွမ်းအားရှင်များမှာ ၎င်းပြင်းထန်သော ဓါး စွမ်းအား၏ မျက်မှောက်၌ ထက်ပိုင်းဖြတ်ခံလိုက်ရပြီး စွေးစွေးနီသော သွေးများ ယိုစီးလျက် ရှိနေခဲ့သည်။
"မင်း.....!"
အဆိုပါ ချန်ခွမ်းဘုရင်အဆင့် စွမ်းအားရှင်များသည် ချန်ခွမ်းဧကရာဇ်အဆင့်ထွက်ပေါ်လာပြီးနောက် ဝမ်ဖုန်းက သူတို့ကို သတ်ဖြတ်ရဲလိမ့်ဦးမည်ဟု ထင်မထားမိခဲ့ကြပါ!!
(ယခင်အပိုင်းမှာ ရောက်လာတဲ့လူက ချန်ခွမ်းဘုရင်လို့သုံးထားခဲ့ပြီး ခုအပိုင်းမှာ ချန်ခွမ်းဧကရာဇ်ဖြစ်သွားပါတယ်။ E tran မှာကိုက အဲ့လိုဖြစ်နေတာပါ။ဖြည့်တွေးကြပါကုန်)
ထိုသူ၏ သတ္တိမှာ အကန့်အသတ်မဲ့လှလေတကား။
ထိုသူက ချန်ခွမ်းဧကရာဇ်ရဲ့ သတ်ဖြတ်ခြင်းကို မကြောက်ရွံ့လေတော့သလား။
သို့ပါသော်လည်း သူတို့ဟာ ထိုမေးခွန်း၏ အဖြေကို ဘယ်တော့မှ မရရှိနိုင်ကြတော့ပါ!!
"သေချင်နေတာပဲ...!"
ဒေါသတကြီးရေရွတ်သံကြီးသည် ရွာငယ်လေးအတွင်း၌ ပဲ့တင်ထပ်သွားခဲ့ပြီး ငရဲမှ ပျံ့လွင့်ထွက်ပေါ်လာသကဲ့သို့ ပြင်းထန်သော စွမ်းအားအရှိန်အဝါသည် ကမ္ဘာလောကတစ်ခုလုံးကို တုန်ယင်စေခဲ့၏။ လေထုဟာ၎င်းစွမ်းကြီးကို ကြောက်လန့်နေသည့်အလား အဆက်မပြတ် ယိမ်းထိုးနေခဲ့သည်။
"ချွင်!"
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်သည် လေဟာပြင်အတွင်း၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုသူ၏ အေးစက်သော မျက်လုံးများက လေဟာပြင်ကို ပိုင်းဖြတ်လုမတက် ဖြစ်နေခဲ့ကာ ထက်မြသော ဓါးရှည်ကို ဓားအိမ်မှ ဆွဲထုတ်ခဲ့သည်။ ခမ်းနားကြီးကျယ်သော ဓားဆန္ဒသည် ထွက်ပေါ်လာခဲ့ပြီး ပြင်းပြသော ဓါးစွမ်းအားများက အလင်းတန်းတစ်ခုနှင့်အတူ တောက်ပလာခဲ့ကာ ဝမ်ဖုန်းထံသို့ ထိုးစိုက်ပြေးဝင်လာခဲ့သည်။
သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ၏ ချန်ခွမ်းဧကရာဇ်အဆင့် စွမ်းအားရှင်သည် အရည်မရအဖတ်မရများတောင် မပြောချင်တော့ဘဲ တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ဓါးသက်ဆင်းလာသည့်အခါ ကောင်းကင်နှင့် ကမ္ဘာမြေဟာ တုန်လှုပ်ကြရလိမ့်မည်။
ထိတ်လန့်ဖွယ်ကောင်းသော ဓါးအလင်းတန်းသည် မိုးကောင်ကင်ကို ထိုးဖောက်သွားခဲ့ပြီး ဥက္ကာခဲတစ်ခုပြုတ်ကျသကဲ့သို့ ဝမ်ဖုန်းထံသို့ နက်ရှိုင်းသော အားအဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။ ၎င်းရောက်ရှိမလာခင်ကတည်းက ဝမ်ဖုန်းအနီးဝန်းကျင်ရှိ လေထုသည် တွ့န်လိမ်လာခဲ့ရလေသည်။
"ဇီဝဓာတ်များကို ခွဲဖြတ်သည့်ဓါး...!"
ပြင်းထန်သောတိုက်ကွက်နှင့်ရင်ဆိုင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏ မျက်ဝန်းများမှာမှေးကျဥ်းသွားခဲ့သည်။ သူဟာ လီရှောင်းယောင်ကို တိုက်ခိုက်ခွင့်မပြုပဲ သူ၏ အထူးစွမ်းအားများကို အသုံးပြုလျက် ချန်ခွမ်းဧကရာဇ်အဆင့် စွမ်းအားရှင်ရဲ့တိုက်ကွက်ကို ခုခံခဲ့သည်!!
"ဘုန်း!"
တလက်လက်တောက်ပနေသော ရောင်စဥ်တန်းသည် ဟွာကွမ်းဖေးရှန်းဓါးမှ ထွက်ပေါ်လာခဲ့ပြီး အရပ်လေးမျက်နှာကို တုန်လှုပ်စေခဲ့၏။
၎င်းခမ်းနားသောစွမ်းအားသည် ဟွာကွမ်းဖေးရှန်းဓါးအတွင်း၌ မြန်ဆန်သောနှုန်းဖြင့် စုရုန်းလာခဲ့ရသည်။ ဧရာမဓါးအလင်းတန်းကြီး ကောင်းကင်ယံထက်၌ ဖြန့်ကျက်လျက်ရှိပြီး ကမ္ဘာမြေထုကို အုပ်မိုးထားခဲ့ပုံပေါ်သည်။ ဝမ်ဖုန်း ဓါးတစ်ချောင်းဖြင့် ဖြတ်တောက်လိုက်ခဲ့သည့်အခါ ၎င်းဧရာမဓါးအလင်းတန်းသည် ကမ္ဘာမြေပြင်ကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်တော့မည့်အလား ဖြစ်နေခဲ့၏။ ၎င်းဟာ ပြင်းထန်သောအရှိန်အဟုန်ဖြင့် ရုတ်ချည်းပြေးထွက်သွားခဲ့သည်။
အနှီဓါး ထွက်ပေါ်လာခဲ့သည့်အခါ ကမ္ဘာလောကကြီးတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။ တစ်လောကလုံးသည် ၎င်းဓါးချက်ကြောင့် မှေးမှိန်သွားခဲ့ကာ မြေထုသည် အဆက်မပြတ် ယိမ်းထိုးနေခဲ့သည်။
"ဘုန်း!...'"
ထိတ်လန့်ဖွယ်ကောင်းသော ဓါးအလင်းတန်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသွားကာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ မိုးခြိမ်သံကဲ့သို့ အသံကြီး ထွက်ပေါ်လာခဲ့ပြီး ၎င်းနှင့်အတူ ပြင်းထန်သော စွမ်းအားဖိအားလည်း အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။ ၎င်းဖိအား ဖြတ်သန်းသွားလာကာ လမ်းတစ်လျှောက်ရှိ အရာအားလုံး ဖျက်ဆီးခံလိုက်ရသည်။
ရွာငယ်လေးတစ်ခုလုံးသည် အဆိုပါပြင်းထန်သည့် ဖိအားအောက်တွင် တိုက်ရိုက်ပျက်စီးသွားခဲ့ကာ မြေပြင်ပေါ်၌ ဧရာမတွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရွာငယ်လေးအတွင်း၌ ပုန်းကွယ်နေခဲ့သော သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမး၏ စွမ်းအားရှင်များသည် လွတ်မြောက်ရန်အခွင့်အရေးတောင်မရှိတော့ဘဲ ပြင်းထန်သော စွမ်းအားလှိုင်းလုံး၏ မျက်မှောက်၌ တိုက်ရိုက်သေဆုံးသွားခဲ့ရတော့သည်။
"ဒါ... ဘယ်လို... ဘယ်လိုလုပ် ဖြစ်... ဖြစ်နိုင်မှာလဲ"
ရုတ်တရက်ဆိုသလို ချန်ခွမ်းဧကရာဇ်အဆင့်စွမ်းအားရှင်သည် မယုံကြည်နိုင်စွာရေရွတ်လိုက်မိသည်။ သူ၏ မျက်လုံးများမှာ ပြူးကျယ်နေခဲ့ပြီး အဆိုပါမြင်ကွင်းကို ထိတ်လန့်ချောက်ချားစွာ ကြည့်ရှုနေခဲ့သည်။
သူခွန်အားအကုန်သုံး၍ ထုတ်ဖော်ခဲ့သောဓါးမှာ ဝမ်ဖုန်း၏ ဓါးကို မခုခံနိုင်ခဲ့ရုံသာမက အလွယ်တကူဖျက်ဆီးခံလိုက်ရသည်။ အဆုံးအစမဲ့သော ထက်မြမှုများ ကိန်းဝပ်နေသည့် ၎င်းဓါးသည် သူ့ထံသို့ ဆက်လက်ပြေးဝင်လာခဲ့လေသည်။
"သေစမ်း!..."
ထက်မြသော ဓါးအလင်းတန်း၏ တိုးဝင်လာမှုက သူ့ကို ထိတ်လန့်နေရာမှ ဆွဲထုတ်ခဲ့သည်။ သူဟာ တရွေ့ရွေ့နီးကပ်လာသော ထိတ်လန့်ဖွယ်ဓါးအလင်းတန်းကို စူးစိုက်ကြည့်လျက် အမူအရာမှာ လေးနက်လာခဲ့သည်။ သူကိုယ်တွင်းရှိ စွမ်းအားများမှာ အရိုင်းဆန်စွာ လှည့်ပတ်နေခဲ့ပြီး ချန်ခွမ်းဧကရာဇ်အဆင့် စွမ်းအင်ဖိအားသည် ပြင်းပြသောအဟုန်ဖြင့် ထွက်ပေါ်လာခဲ့သည်။
ခမ်းနားကြီးကျယ်သော စွမ်းအားသည် ဒိုင်းကာကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သူ့အရှေ့၌ မြဲမြံစွာ ကာကွယ်ပေးခဲ့သည်။
"ဘုန်း!"
ဓါးအလင်းတန်းသည် ဖြတ်တောက်ပြေးဝင်လာခဲ့သည်။ သူပြုလုပ်ထားခဲ့သော ဒိုင်းကာကြီးမှာ အစိတ်စိတ်အမွှာမွှာဖြတ်တောက်ခြင်းခံခဲ့ရသည်။ သူ၏ ထိတ်လန့်နေသော အကြည့်အောက်တွက် ထက်မြသော ဓါးအလင်းတန်းက သက်ဆင်းလာခဲ့ချေ ပြီ။
"မဖြစ်.... မဖြစ် နိုင်ဘူး..."
မယုံကြည်နိုင်သော တုန်ယင်နေသည့်အသံကြီးသည် သူ၏ နှုတ်ဖျားမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ စိတ်အာရုံတစ်ခုလုံးမှာ အမှောင်ထုကြီးစိုးသွားခဲ့ရသည်။ သူဟာ ဟင်းလင်းပြင်အတွင်း၌ ဝဲလွင့်နေသကဲ့သို့ ခံစားခဲ့ရချေသည်။
ဧရာမခေါင်းကြီးသည် ဓါးတစ်လက်၏ ဖြတ်တောက်ခြင်းကို ခံခဲ့ရပြီး အဝေးသို့လွင့်စင်ထွက်သွားခဲ့သည်။ သူသေဆုံးသည့်အချိန်ထိတိုင်အောင် သူ၏မျက်နှာ၌ မယုံကြည်နိုင်မှုများ ပြည့်နှက်နေသေးသည်။ ဦးခေါင်းမဲ့သော ခန္ဓာကိုယ်ကြီးသည် လေဟာပြင်းအတွင်းမှ ပြုတ်ကျလာခဲ့ပြီး ဖုန်မှုန့်များထသွားစေခဲ့သည်။
သူဟာ ချန်ခွန်းဧကရာဇ်စွမ်းအားရှင်ဖြစ်သည်။ သူဟာ.အလယ်အလတ်အဆင့်၌သာ ရှိသေးသော်လည်း ချန်ခွမ်းဧကရာဇ်ဖြစ်ပါ၏။ ခွေးတစ်ကောင် ကြောင်တစ်ကောင် မဟုတ်ပါချေ။
ဝမ်ဖုန်းက ချန်ခွမ်းဧကရာဇ်တစ်ပါးဆိုလျှင်လည်း ထားပါတော့.. သို့ပါသော်လည်း ထိုသူဟာ ချန်ခွမ်းဘုရင်အဆင့်၌သာ ရှိသေးပြီးသူ့ကို အဆင့်ကြီးတစ်ဆင့် ဖြတ်ကျော်၍ ခေါင်းဖြတ်သတ်ဖြတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ တိုက်ပွဲဝင်စွမ်းအားမှာ အင်မတန်မှ ထိတ်လန့်ဖို့ကောင်းပါသည်။
"ဒင်~ သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမရဲ့ ဂိုဏ်းခွဲကို ဖျက်ဆီးခဲ့တဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ၊ ချန်ခွမ်းဧကရာဇ်အဆင့်နဲ့ အခြားသော စွမ်းအားရှင်တွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ဂိုဏ်းအမှတ် ၈၀၀ ဘီလီယံနဲ့ ချန်ခွမ်းနယ်ပယ် ဆင့်ခေါ်ခွင့် ၈ ကြိမ်ကို ဆုချလိုက်ပါတယ်"
စနစ်၏ အေးစက်သောအသံသည် ဝမ်ဖုန်း၏ စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။
ဝမ်ဖုန်းဟာ စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူဟာ ကံတရား၏ စိတ်ဝိညာဥ်နှင့် တစ်ဖက်လောကလျှို့ယင်းရုပ်ခန္ဓာ ၊ တစ်ဖက်လောကလျှို့ယင်းနှလုံးသားတို့ကို ထုတ်ဖော်ခဲ့သည်။ ထို့အတွက်ကြောင့် သူ၏ခွန်အားမှာ ယုံကြည်နိုင်ဖွယ်မကောင်းလောက်အောင် မြင့်တက်လာခဲ့ရသည်။ သူ၏ ကျင့်ကြံမှုမှာ ချန်ခွမ်းဘုရင်အထွတ်အထိပ်၌သာ ရှိသေးသော်လည်း ချန်ခွမ်းဧကရာဇ်အဆင့် စွမ်းအားရှင်တစ်ယောက်ကို ဝက်တစ်ကောင်ကဲ့ သတ်ဖြတ်နိုင်စွမ်းရှိခဲ့သည်။
ဤသည်မှာ သူဖွဲ့တည်ခဲ့သော ကံတရား၏စိတ်ဝိညာဥ် ၊ တစ်ဖက်လောကလျှို့ယင်းရုပ်ခန္ဓာနဲ့ တစ်ဖက်လောကလျှို့ယင်းနှလုံးသားတို့ကြောင့် ဖြစ်ပါသည်။ သူ၏ ကျင့်ကြံမှု မြင့်မားလာပြီး ကံတရား၏စိတ်ဝိညာဥ်ပို၍ နက်ရှိုင်းလာသည်နှင့်အမျှ သူ၏ တိုက်ပွဲဝင်စွမ်းအားကလည်း ပို၍သန်မာလာလိမ်မည်။
သာမန်အခြေအနေအောက်တွင် အဆင့်ကြီးတစ်ဆင့်ဖြတ်ကျော်၍ သတ်ဖြတ်နိုင်စွမ်းရှိပါသည်။ သို့ပါသော်လည်း ချန်ခွမ်ဘုရင်အဆင့်၌မူ အဆင့်ကြီးတစ်ဆင့် ဖြတ်ကျော်၍တိုက်ခိုက်နိုင်သူမှာ မရှိသလောက်နည်းပါးသည်။
ကျင့်ကြံမှုပို၍မြင့်မားလေလေ အဆင့်ဖြတ်ကျော်တိုက်ခိုက်ရန် ပိုမိုခက်ခဲလေလေဖြစ်၏။
သင်၏ ပါရမီစွမ်းအား ပို၍ပို၍ သန်မာလာမှသာ အဆင့်ကြီးများဖြတ်ကျော်တိုက်ခိုက်နိုင်သည့် တိုက်ပွဲဝင်စွမ်းအားကို ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်သည်!!
ဝမ်ဖုန်းတွင် ကံတရား၏ စိတ်ဝိညာဥ် ၊ တစ်ဖက်လောကလျှို့ယင်းရုပ်ခန္ဓာနှင့် တစ်ဖက်လောကလျှို့ယင်းနှလုံးသားတို့ကို ပိုင်ဆိုင်ထားပြီး အဆုံးအစမဲ့သော အလားအလာများလည်း ကိန်းဝပ်နေခဲ့သည်။ သူသာ ဆက်လက်နားလည်သဘောပေါက်နေသေးသရွေ့ ၊ သူ၏ကျင့်ကြံမှုက ဆက်လက်တိုးမြင့်နေသေးသရွေ့ သူ၏ တိုက်ပွဲဝင်စွမ်းအားကလည်း ပို၍ပို၍ သန်မာလာမှာဖြစ်ကာ လုံးဝအားနည်းသွားမှာမဟုတ်ချေ။
"စနစ်~ ချန်ခွမ်းနယ်ပယ်ကျပန်းဆင့်ခေါ်ခွင့် ၈ ကြိမ်ကို ပူးပေါင်းပြီး အန္တိမဆင့်ခေါ်ခွင့်နှစ်ကြိမ်အဖြစ်ပေါင်းစပ်လိုက်ပါ"
ဝမ်ဖုန်းက ရှောငစန်ရှောင်းကို သတ်ဖြတ်ခြင်းနတ်ဘုရားခန်းမ ဂိုဏ်းခွဲ၏ ရတနာပစ္စည်းများကို သိမ်းယူရန်ပြောဆိုလိုက်ပြီးနောက် စနစ်ကို လျှို့ဝှက်စွာပြောဆိုခဲ့သည်။
"ဒင်~ အကန့်အသတ်မရှိတဲ့ချန်ခွမ်းနယ်ပယ် ဆင့်ခေါ်ခွင့်နှစ်ကြိမ်ရရှိတဲ့အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် "
"ဆင့်ခေါ်မယ်!..."
ဝမ်ဖုန်း၏ မျက်လုံးများအတွင်း၌ အလင်းတန်းတစ်ခုတေက်ပသွားခဲ့ပြီး မျှော်လင့်စောင့်စားစွာဖြင့် ပြောဆိုခဲ့သည်။
"ဒင်~ လျန်ချန်းကျီကို ဆင့်ခေါ်မိသည့်အတွက် ပိုင်ရှင်ကိုဂုဏ်ပြုပါတယ် ၊ သူ့ရဲ့စွမ်းရည်ဇယားကို.စစ်ဆေးကြည့်ပါမည်လား?"
စနစ်၏ အသံထွက်ပေါ်လာသည့်အခါ ဝမ်ဖုန်းက တုံ့ဆိုင်းခြင်းမရှိပဲ ခေါင်းညိတ်ခဲ့သည်။
နောက်ဆုံးသော ခေါင်းဆောင်ကြီးပါ ထွက်ပေါ်လာခဲ့လေသည်။ သူဟာ အသန်မာဆုံးအခြေအနေ၌ ရှိနေခဲ့ပြီး ကမ္ဘာလောကအတွင်း၌ အမည်မဲ့ဓါးသမားအသိအမှတ်ပြုရသော မှန်းဆ၍မရနိုင်သည့် ပြိုင်ဘက်ကင်း စွမ်းအားရှင်ဖြစ်ပါသည်။
"ဒင်~ လျန်ချန်းကျီရဲ့ စွမ်းရည်ဇယားက အောက်ပါအတိုင်းဖြစ်ပါတယ်
အမည် - လျန်ချန်းကျီ
ဘွဲ့ - ပြိုင်ဘက်ကင်းသန်မာသူ
ကျင့်ကြံမှု - ချန်ခွမ်းကပ်ဘေးနှောင်းပိုင်းအဆင့်
ချန်ခွမ်းအဆင့်အထူးစွမ်းအားများ - ချီဟောင်မြင့်မြတ်သိုင်းပညာ ၊ နတ်ဘုရားက အာကာပြင် ၇ ပါးကို ပြုကြင်စီရင်ခြင်း ၊ အကြွင်းမဲ့လေဘာပျက်သုန်းခြင်း ၊ သံသယမဲ့လျှို့ဝှက်ချက်များ ။
ဇီဝ၏(အသက်ဓာတ်) ၏လျှို့ဝှက်သိုင်းကွက်များ - အပြောင်းအလဲမရှိသည့်မီးတောက် ၊ သန့်စင်ခြင်းအဆီအနှစ်(ရန်သူ့ရဲ့ကျင့်ကြံမှုကို စုပ်ယူပြီး မိမိကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်ပါတယ် ၊ သတိပေးချက်- ရန်သူ့စိတ်ဆန္ဒများ၏ လွှမ်းမိုးမှုမှ ရှောင်ဖယ်ရန် ၊ ယင်နှင့်ယန်၏ သဟဇာတဖြစ်မှုကို အာရုံစိုက်ထားရန်လိုအပ်ပါတယ်)
ချန်ခွမ်းဘုံအဆင့်လက်နက် - နတ်ဘုရားသျို ၊ နဂါးကြိုးမျှင်ဓါး ၊ ချင်းချိုးဓါး !! "
လျန်ချန်းကျီ၏ စွမ်းဆောင်ရည်ဇယားကို ကြည့်ရှုလိုက်ပြီးနောက် ဝမ်ဖုန်းက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ လျန်ချန်းကျီ၏ ကျင့်ကြံမှုမှာ ချန်ခွမ်းကပ်ဘေးနှောင်းပိုင်းအဆင့်၌သာ ရှိနေသေးသည်။
ရှောင်းစန်ရှောင်း လို လျှို့ဝှက်ဆန်းကြယ်သည့်ပုဂ္ဂိုလ်ကတောင် ချန်ခွမ်းကပ်အထွတ်အထိပ်မှာပဲ ရှိနေသေးတာလေ။ လျန်ချန်းကျီဆိုရင်တော့ ပြောမနေပါနဲ့တော့...သူက အမှန်တကယ်သန်မာသော်လည်း ရှောင်းစန်ရှောင်းနဲ့ နှိုင်းယှဥ်ရင်တော့ အနည်းငယ်နောက်ကျနေသေးသည်။